Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

အစိုးရသစ္ ဝန္ႀကီးေတြကို လႊဲေျပာင္းဖို႔ အတြင္းဝန္ေတြ ျပင္ေန

လက္ပံေတာင္းေတာင္ စီမံကိန္းကို ေဒသခံေတြ ကန္႔ကြက္မွု ရွိေနဆဲ
လာမယ့္ အစိုးရသစ္ ဝန္ႀကီးေတြကို သက္ဆိုင္ရာ ဝန္ႀကီးဌာနက အျမဲတန္းအတြင္းဝန္ ေတြက ဝန္ႀကီးဌာနနဲ႔ ပတ္သက္ၿပီး ရွင္းလင္း ေျပာျပဖို႔ ျပင္ဆင္ေနၾကပါတယ္။

အဓိက အားျဖင့္ ဝန္ထမ္း ေရးရာ၊ ဝန္ႀကီးဌာန ေတြရဲ့ ပိုင္ဆိုင္မွု၊ ေျမနဲ႔ အေဆာက္အဦးေတြ၊ လက္ရွိ ေဆာင္ရြက္ေနတဲ့ စီမံကိန္းႀကီးေတြနဲ႔ လုပ္ေဆာင္ၿပီး စီမံကိန္းေတြ အေၾကာင္း သက္ဆိုင္ရာ ဝန္ႀကီးဌာန အလိုက္ ရွင္းျပမွာ ျဖစ္တယ္လို႔ လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ ေဒါက္တာ တင္ထြဋ္က ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ ဝန္ထမ္း ဦးေရ၊ ဖြဲ႕စည္းပုံ၊ ဘတ္ဂ်က္ ေငြေၾကး သုံးစြဲမွု၊ ေခ်းေငြ၊ ေထာက္ပံ့ေငြ ကိစၥေတြ အေၾကာင္း ေတြကို စာမ်က္ႏွာ ၂၅၀ ပါတဲ့ စာအုပ္မွာ အက်ဥ္းခ်ဳပ္ ေရးထားတယ္လို႔ သူက ေျပာပါတယ္။

လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန အေနနဲ႔ ဌာန ၇ ခုမွာ ရွိတဲ့ ညႊန္ၾကားေရးမွူးခ်ဳပ္ေတြက သက္ဆိုင္ရာ ဌာန အသီးသီး အလိုက္ တာဝန္ခံၿပီး စနစ္တက် ဆက္လက္ လႊဲေျပာင္း ေပးဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ေဒါက္တာ တင္ထြဋ္က ေျပာပါတယ္။

သူတို႔ ဝန္ႀကီးဌာန အေနနဲ႔ ေခ်းေငြေတြ ထုတ္ေခ်းထားတဲ့ ပမာဏနဲ႔ ျပန္လည္ ရရွိမွု အပိုင္းမွာ အေႂကြးနဲ႔ ဆုံးရွုံးမွု ပိုင္းမွာ ၉၀ ရာခိုင္ႏွုန္းေလာက္က ရည္မွန္းခ်က္ေတြ ျပည့္မီၿပီး အေႂကြး မက်န္ဘူးလို႔ သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၅ ႏွစ္ ကာလ သက္တမ္း အတြင္းမွာ အစိုးရဲ့ လုပ္ေဆာင္မွုေတြကို ျပည္သူေတြ သိလိမ့္မယ္ ထင္ေပမဲ့ အမ်ားစုက မသိခဲ့တဲ့ အတြက္ ျပည္သူ လူထု သိေအာင္ လုပ္ေဆာင္တဲ့ အပိုင္းမွာ အဓိက အခက္ အခဲ ျဖစ္ခဲ့တယ္လို႔ ေဒါက္တာ တင္ထြဋ္က ေျပာပါတယ္။

လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနအေနနဲ႔ အေရးတႀကီး လုပ္ေဆာင္ရမယ့္ အပိုင္းေတြ ရွိေနၿပီး တိုးျမႇင့္ေဆာင္ရြက္ဖို႔နဲ႔ ခ်ဲ႕ထြင္ လုပ္ေဆာင္ဖို႔ေတြ လိုအပ္ ေနတယ္လို႔ သူက ေျပာပါတယ္။

လယ္သမားေတြ အတြက္ နည္းပညာ၊ ရင္းႏွီး ျမႇုပ္ႏွံမွုနဲ႔ ေစ်းကြက္ တို႔ အမွန္တကယ္လိုအပ္ေနၿပီး ပညာေပး ဌာနကို ေတာင့္တင္းေအာင္လုပ္ေဆာင္ဖို႔လည္း လိုအပ္တယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............
 လက်ပံတောင်းတောင် စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်မှု ရှိနေဆဲ
လာမယ့် အစိုးရသစ် ဝန်ကြီးတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် တွေက ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြဖို့ ပြင်ဆင်နေကြပါတယ်။

အဓိက အားဖြင့် ဝန်ထမ်း ရေးရာ၊ ဝန်ကြီးဌာန တွေရဲ့ ပိုင်ဆိုင်မှု၊ မြေနဲ့ အဆောက်အဦးတွေ၊ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေနဲ့ လုပ်ဆောင်ပြီး စီမံကိန်းတွေ အကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ရှင်းပြမှာ ဖြစ်တယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်း ဦးရေ၊ ဖွဲ့စည်းပုံ၊ ဘတ်ဂျက် ငွေကြေး သုံးစွဲမှု၊ ချေးငွေ၊ ထောက်ပံ့ငွေ ကိစ္စတွေ အကြောင်း တွေကို စာမျက်နှာ ၂၅၀ ပါတဲ့ စာအုပ်မှာ အကျဉ်းချုပ် ရေးထားတယ်လို့ သူက ပြောပါတယ်။

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ ဌာန ရ ခုမှာ ရှိတဲ့ ညွှန်ကြားရေးမှူးချုပ်တွေက သက်ဆိုင်ရာ ဌာန အသီးသီး အလိုက် တာဝန်ခံပြီး စနစ်တကျ ဆက်လက် လွှဲပြောင်း ပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဒေါက်တာ တင်ထွဋ်က ပြောပါတယ်။

သူတို့ ဝန်ကြီးဌာန အနေနဲ့ ချေးငွေတွေ ထုတ်ချေးထားတဲ့ ပမာဏနဲ့ ပြန်လည် ရရှိမှု အပိုင်းမှာ အကြွေးနဲ့ ဆုံးရှုံးမှု ပိုင်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ရည်မှန်းချက်တွေ ပြည့်မီပြီး အကြွေး မကျန်ဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ် ကာလ သက်တမ်း အတွင်းမှာ အစိုးရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေ သိလိမ့်မယ် ထင်ပေမဲ့ အများစုက မသိခဲ့တဲ့ အတွက် ပြည်သူ လူထု သိအောင် လုပ်ဆောင်တဲ့ အပိုင်းမှာ အဓိက အခက် အခဲ ဖြစ်ခဲ့တယ်လို့ ဒေါက်တာ တင်ထွဋ်က ပြောပါတယ်။

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေပြီး တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ချဲ့ထွင် လုပ်ဆောင်ဖို့တွေ လိုအပ် နေတယ်လို့ သူက ပြောပါတယ်။

လယ်သမားတွေ အတွက် နည်းပညာ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ စျေးကွက် တို့ အမှန်တကယ်လိုအပ်နေပြီး ပညာပေး ဌာနကို တောင့်တင်းအောင်လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment