Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 28, 2016

ခ်ာတိတ္ ၀န္ၾကီးခ်ဳပ္သစ္မ်ား








ခက္တာက ကၽြန္ေတာ္စာေရးရင္ ဒီတစ္ခါေတာ့ ခပ္တိုတိုေလးေရးမယ္ဆိုၿပီး စဥ္းစားၿပီးေရးတာပဲ…
အ့ဲဒီလို…အဲ့ဒီလိုနဲ႕ပဲ ေရးရင္းေရးရင္း ရွည္ရွည္သြားေရာ ၿဖစ္ၿဖစ္ေနတာ….
ဒီလိုဗ်..ေရးရေကာင္းမလား မေရးရေကာင္းမလားခ်ီတံုခ်တံု ၿဖစ္ေနတာ…
ကိုယ္ ၀င္ေရးလိုက္မွ လတ္တေလာ လူေတြ စိတ္ထဲခံစားေနရတဲ့ အရသာေလးပ်က္သြားမွာလည္း ထည့္တြက္ရေသးတယ္…
ေၿပာရရင္ေတာ့…၀န္ၾကီးခ်ဳပ္အသစ္ေတြ အေတြ႕အၾကံဳမရွိတဲ့ အေၾကာင္းေပါ့ဗ်ာ…....
…………………………………………………
ဒီေန႕ေန႕လည္က Mizzima သတင္းဌာနက ဧရာ၀တီတိုင္း၀န္ၾကီးခ်ဳပ္အသစ္ ဦးမန္းေဂ်ာ္နီနဲ႕ အင္တာဗ်ဴ းကို ၾကည့္လိုက္ရသဗ်…
အဲ့ဒီ အင္တာဗ်ဴ းထဲမွာ ေမးတဲ့ေမးခြန္းတစ္ခုက
“၀န္ၾကီးခ်ဳပ္တစ္ေယာက္အေနနဲ႕ အုပ္ခ်ဳပ္ေရးအပိုင္းကို ဘယ္ေလာက္ထိ ေလ့လာထားၿပီးၿပီလဲ အုပ္ခ်ဳပ္ေရးကိစၥေတြကိုဘယ္လိုေဆာင္ရြက္ဖို႕ရည္ရြယ္ထားပါသလဲ ဆိုတာပါသဗ်….”
ဘိုးေတာ္ကၿပန္ေၿဖတာက
“အုပ္ခ်ဳပ္ေရးဆိုတာလဲ ဥပေဒပဲကြ…တစ္ၿခားဘာမွမလိုဘူး...ဘယ္သူေတြကို အုပ္ခ်ဳပ္ရမလဲဆို ၀န္ထမ္းေတြကိုေလ ….၀န္ထမ္းေတြမွာလဲ ၀န္ထမ္းဥပေဒရွိတာပဲ….ဥပေဒအတိုင္း သြားလိုက္ရင္ အုပ္ခ်ဳပ္ေရးဆိုတာ အလုိုလို ၿဖစ္သြားမွာပဲ….”
ပိုင္သကြာ ဘိုးေတာ္တို႕ ေတာ္ခ်က္က ႏိုင္းေလာက္ရွိတယ္….
ေနာက္တစ္ခုက ဧရာ၀တီတိုင္းေဒသၾကီးဖြံ႕ၿဖိဳးတိုးတက္ဖို႕ဘယ္လိုအခန္းက႑ေတြကို ဦးစားေပးလုပ္ေဆာင္မလဲ ဆိုတဲ့ေမးခြန္း တစ္ခုလည္းပါသဗ်….
သူၿပန္ေၿဖတာက…..
“ဒို႕ကေတာ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာေခါင္းေဆာင္ၿဖစ္လာၿပီေပါ့…
ပညာရွင္ေတြဆိုတာအမ်ားၾကီးရွိတယ္…လႊတ္ေတာ္ကိုယ္စားလွယ္ထဲမွာတင္မကဘူး ႏိုင္ငံသားထဲမွာလည္း ပညာရွင္ေတြ အမ်ားၾကီးရွိတယ္….
ပညာရွင္ေတြနဲ႕ပူးေပါင္းၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအပါအ၀င္ ၿပည္သူၿပည္သားေတြအပါအ၀င္ အားလံုးခ်ၿပၿပီးေတာ့ ပြင့္ပြင့္လင္းလင္းေဆာင္ရြက္မယ္ဆိုရင္ မတိုးတက္စရာဘာအေၾကာင္းမွ မရွိဘူး တိုးကိုတိုးတက္တယ္” လို႕ေၿဖသြားတယ္ဗ်ာ….
ေၿဖတတ္လိုက္ပံုမ်ား…ဒါ့ေၾကာင့္လည္း သံုးထပ္ကြမ္း အမတ္ၾကီးၿဖစ္ေနတာ ေနမွာ…..
…………………………………………………………………………….
အခုေနာက္ပိုင္းၾကားၾကားေနရတဲ့ စကားတစ္ခြန္းက ….
“အုပ္ခ်ဳပ္ေရးအေတြ႕အၾကံဳမရွိဘူး..အုပ္ခ်ဳပ္ေရးအေတြ႕အၾကံဳမရွိဘူး…”
ဆိုၿပီး ႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္လာတယ္ဆိုတဲ့ ဆိုသူမ်ားက လက္ညွိဳးတထိုးထိုးနဲ႕ေမးေငါ့ေနတဲ့ စကားပဲ….
ေၿပာင္းၿပန္ ၿပန္ေကာက္ရင္ သူတို႕ကအေတြ႕အၾကံဳရွိတယ္ေပါ့ဗ်ာ….
အေတြ႕အၾကံဳရွိရင္ ေအာင္ၿမင္ရမွာေပါ့ ဘာလို႕မေအာင္ၿမင္လဲလို႕ထပ္ေမးေတာ့….
“အဲ့လူေတြ အေတြ႕အၾကံဳမရွိဘူး အဲ့လူေတြအေတြ႕အၾကံဳမရွိဘူးဆိုၿပီး…”
ၿပန္ထပ္ေအာ္ေနၿပန္ပါေရာလား….
အဲ့ဒီေတာ့ အဲ့ဒီလူေတြကို ၿပန္ေမးခ်င္တာက ခင္ဗ်ားတို႕ခံယူထား နားလည္ထားတဲ့ အုပ္ခ်ဳပ္ေရး ဆိုတဲ့ အဓိပၸါယ္က ဘာလဲေပါ့….
What is the definition of အုပ္ခ်ဳပ္ေရး…????????
ရဲရဲေၿဖလိုက္စမ္းပါ အိတ္စပီးယီးယန္႕ ရွိသူမ်ားခင္ဗ်ား….ခင္ဗ်ားတို႕ ဆိုလိုခ်င္တဲ့ အုပ္ခ်ဳပ္ေရးဆိုတာ ဘာလဲ….
What is the definition of အုပ္ခ်ဳပ္ေရး…????????
ဖင္ကုတ္သလိုလို ေခါင္းကုတ္သလိုလုိ ေခ်ာင္းဟန္႕သလိုလို နဲ႕အခုမွလာလုပ္ၿပမေနနဲ႕……..
သံုးမတ္ၾကီးကေတာ့ ေဆာ္ထည့္လိုက္တယ္ တစ္ခြန္းထဲပဲ
“ဥပေဒ” တဲ့….
……………………………………………………………………
Cambridge အဘိဓါန္ထဲရွာၾကည့္ေတာ့ အုပ္ခ်ဳပ္ေရး Govern ကို ဒီလိုအဓိပၸါယ္ဖြင့္ဆိုသဗ်…
Govern = to control and direct the public business of a country, city, group of people, etc.:
လူတစ္စု ၿမိဳ႕တစ္ၿမိဳ႕ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ၿပည္သူ႕စီးပြားကို လမ္းညႊန္ထိန္းေက်ာင္းတယ္ စသည္ၿဖင့္ေပါ့ဗ်ာ….
အဲ့ဒီေတာ့ အုပ္ခ်ဳပ္ေရးအေတြ႕အၾကံဳရွိတယ္ဆိုသူမ်ားက ၿပည္သူ႕စီးပြားကိုဘယ္လို လမ္းညြန္ထိန္းေက်ာင္းခဲ့ပါသလဲ…
သံုးမတ္ၾကီးကေတာ့ ေၿပာေနၿပီ ပညာရွင္ေတြနဲ႕ပူးေပါင္းမယ္ အေၿဖရွာမယ္ အစည္းေ၀းထုိင္မယ္ ၿပည္သူကိုခ်ၿပမယ္…
ၿပီးရင္အက်ိဳးရွိတာက်ိန္းေသရင္ ဆက္လုပ္မယ္….အဲ့ဒါဆိုတိုးတက္မယ္….
ဒါပဲမို႕လား….လြယ္လြယ္ေလးကိုး…အုပ္ခ်ဳပ္ေရး ဆိုတာ….
……………………………………………………………..
ရွင္းရွင္းေလးဗ်ာ…သူေၿပာတာက ဦးေဏွာက္ေဖာက္စားပစ္မယ္ ဆိုတဲ့အဓိပၸါယ္ပဲ….
ကုမၸဏီပိုင္ရွင္က ဘာတတ္လို႕လဲ….ဘာမွမတတ္ဘူး….သူတတ္တာ တစ္ခုပဲရွိတယ္…
သူၿဖစ္ခ်င္တာ တစ္ခုပဲရွိတယ္…အဲ့ဒါက သူ႕ကုမၸဏီတိုးတက္ေအာင္ၿမင္ရမယ္.ဒီစိတ္တစ္ခုပဲ….
ဒီလုပ္ငန္းက ….ၿမတ္မလား မၿမတ္ဘူးလား…အက်ိဳးရွိမလား အရႈံးေပၚႏိုင္လား….
အေတြ႕အၾကံဳရွိထားသူ ပညာရွင္ေတြနဲ႕ အစည္းအေ၀းေတြထိုင္…အၿပန္ၿပန္အလွန္လွန္ သံုးသပ္ၾက…ေဆြးေႏႊးၾက…
ေနာက္ဆံုး ဒီအတိုင္းသြားမယ္လို႕ ဆံုးၿဖတ္ခ်က္ခ်ၿပီးသြားတဲ့အခါက်မွ အဲ့ဆံုးၿဖတ္ခ်က္ကို သူခန္႕ထားတဲ့ကုမၸဏီ၀န္ထမ္းဆိုသူမ်ားက လိုက္လုပ္ေပးၾကရတာမို႕လား….
သူ႕ကုမၸဏီက သူ႕၀န္ထမ္း အလုပ္လုပ္လား မလုပ္ဘူးလား ခိုလားကပ္လားဆိုတာ ကုမၸဏီပိုင္ရွင္အလုပ္မွမို႕တာ….
သူ႕အထက္က စူပါဗိုက္ဇာက ခန္႕ခြဲလိမ့္မေပါ့….
ကုမဏီပိုင္ရွင္ရဲ႕အဓိကအလုပ္က ဆံုးၿဖတ္ခ်က္ေပးရတာပဲ….
ဒါ ၿမတ္မွာကြ….ခ်ေပေတာ့….ဒီလိုမို႕လား…
……………………………………………………………………..
အဲ့ဒီ ၀န္ထမ္းအဆင့္ဆင့္ေတြ ကုမဏီပိုင္ရွင္ကို ဘတ္ခီးမက်ဖို႕အတြက္ ဒီလိုလုပ္ရင္ ဒါၿဖစ္မယ္ ဟိုလိုလုပ္ရင္ ဒါၿဖစ္မယ္ ဆိုတဲ့ ၀န္ထမ္းစည္းမ်ဥ္း စည္းကမ္းေတြ ထုတ္ထားရတယ္မို႕လား…
၀န္ထမ္းေတြ ဘယ္ေလာက္ပဲ ၾကိဳးစားၿပီးအလုပ္လုပ္ အထက္က ဆံုးၿဖတ္ခ်က္ခ်ထားတဲ့လုပ္ငန္းက တလြဲဆို ကုမၸဏီေဒ၀ါလီ ခံရၿပီေပါ့….
အဲ့ေတာ့ အုပ္ခ်ဳပ္ေရးအုပ္ခ်ဳပ္ေရး ေအာ္ေနသူမ်ား….
၀န္ၾကီးခ်ဳပ္အလုပ္က ေပၚလစီခ်တာ ဆံုးၿဖတ္တာ…
ေဒါက္တာဘြဲ႕ရစရာမလိုဘူး…မာစတာဘြဲ႕ရစရာမလိုဘူး….
သူ႕မွာလိုတာ တိုင္းၿပည္အတြက္ဒီဟာက အက်ိဳးရွိတယ္…ခ်ကြာဆိုၿပီး final decision ဆံုးၿဖတ္ခ်က္ခ်ေပးရမွာ
အဲ့ဒါသူ႕အလုပ္…
အဲ့ဆံုးၿဖတ္ခ်က္ကို သက္ဆိုင္ရာ ဌာနအလိုက္ တိုင္း ၿမိဳ႕နယ္ ရပ္ကြက္ ေက်းရြာ အဆင့္ဆင့္က သူ႕တာ၀န္သူ ဆက္ယူၾကရမွာ….
စည္းကမ္းေဖာက္သလား လာဘ္စားသလား တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း အေရးယူ…
ေသးတဲ့အမႈဆို ေအာက္ေၿခအဆင့္မွာၿပီးလိမ့္မယ္….သူပါစရာမလိုဘူး…
ေအာက္ေၿခမွာ ရွင္းလို႕မရတဲ့အမႈမ်ိဳးထိ ၾကီးက်ယ္လာရင္ သူ ၀င္ပါလိမ့္မယ္….
ဒါပဲေလ…ဟုတ္တယ္မို႕လား….အုပ္ခ်ဳပ္ေရးအေတြ႕အၾကံဳမရွိဘူး မရွိဘူးဆိုၿပီး ေမးေမးေနသူမ်ား….
………………………………….
ေနာက္တစ္ခုက NLD အစိုးရဆိုတာနဲ႕ ပင္နီတိုက္ပံု၀တ္ထားၿပီး ခြပ္ေဒါင္း ရင္ထိုးေလးတပ္ထားေသာ ေရြးေကာက္ခံ ကိုယ္စားလွယ္တစ္စုကိုပဲ ကြက္ၿမင္လို႕မရေတာ့ဘူး…
အဲ့ဒါက ပါတီအဆင့္တုန္းက မွန္တယ္…
အခုက NLD ပါတီမို႕ဘူူး…NLD အစိုးရ….
အစိုးရၿဖစ္သြားၿပီၿဖစ္တဲ့အတြက္ သူေဖာ္ေဆာင္ခ်င္တဲ့လုပ္ငန္းေတြမွာ ေတာ္တဲ့ခၽြန္တဲ့ ထက္တဲ့ အမ်ားအက်ိဳးလုပ္မဲ့သူဆို ေခၚသံုးမွာပဲ….
ကိုယ္စားလွယ္ဆိုတာ အစိုးရၿဖစ္ဖို႕ၿပိဳင္တဲ့ ေရြးေကာက္ပြဲ အခ်ိန္မွာသံုုးတာ….
အစိုးရအဖြဲ႕ရာထူးခန္႕တဲ့ေနရာမယ္ ဒီလိုေတြးလို႕မရဘူး…
NLD အစိုးရအဖြဲ႕ထဲမယ္ NLD အမတ္ေလာင္းလည္းပါခ်င္ပါမယ္ …ၾကံ့ခိုင္ေရးအဖြဲ႕ကလည္းပါခ်င္ပါမယ္…
တိုင္းရင္းသားေတြထဲကလည္း ပါခ်င္ပါမယ္…အရပ္သားေတြထဲကလည္း ပါခ်င္ပါမယ္…စစ္ဗို္လ္ခ်ဳပ္ေတြလည္း ပါခ်င္ပါမယ္….
NLD သည္အစိုးရၿဖစ္သည့္အတြက္ သူခန္႕ခ်င္သည့္လူကိုခန္႕ပိုင္ခြင့္…သူၿဖဳတ္ခ်င္သည့္ ၀န္ၾကီးဌာနေတြကို ၿဖဳတ္ပိုင္ခြင့္ …ေပါင္းခ်င္သည့္ ဌာနေတြကို ေပါင္းပိုင္ခြင့္ဆိုသည့္ အာဏာၾကီးကို သူ႕လက္ထဲကိုင္ထားေပၿပီ….
ထို အာဏာ ကိုအသံုးခ်ၿပီး ၀န္ၾကီးခ်ဳပ္အသစ္မ်ား လည္းခန္႕အပ္လိုက္ေလၿပီ….
ထို၀န္ၾကီးခ်ဳပ္သစ္ဆိုသူမ်ားသည္ ပညာရွင္မ်ားအဆိုၿပဳတင္ၿပလာမည့္ စီမံကိန္းမ်ားသည္ တိုင္းၿပည္အတြက္ အက်ိဳးအၿမတ္ရွိမရွိ သင့္မသင့္ ေတာ္မေတာ္ကိုေတာ့ ဆံုးၿဖတ္ခ်က္ေပးႏုိင္သည့္ လူမ်ားၿဖစ္မည္ဆိုတာကေတာ့ အေသအခ်ာပင္ၿဖစ္သည္….
ဇာနည္ေမာင္ေမာင္ေက်ာ္

..............................................


“ချာတိတ် ၀န်ကြီးချုပ်သစ်များ……..”
============။===========
ခက်တာက ကျွန်တော်စာရေးရင် ဒီတစ်ခါတော့ ခပ်တိုတိုလေးရေးမယ်ဆိုပြီး စဉ်းစားပြီးရေးတာပဲ…
အဲ့ဒီလို…အဲ့ဒီလိုနဲ့ပဲ ရေးရင်းရေးရင်း ရှည်ရှည်သွားရော ဖြစ်ဖြစ်နေတာ….
ဒီလိုဗျ..ရေးရကောင်းမလား မရေးရကောင်းမလားချီတုံချတုံ ဖြစ်နေတာ…
ကိုယ် ၀င်ရေးလိုက်မှ လတ်တလော လူတွေ စိတ်ထဲခံစားနေရတဲ့ အရသာလေးပျက်သွားမှာလည်း ထည့်တွက်ရသေးတယ်…
ပြောရရင်တော့…၀န်ကြီးချုပ်အသစ်တွေ အတွေ့အကြုံမရှိတဲ့ အကြောင်းပေါ့ဗျာ…....
…………………………………………………
ဒီနေ့နေ့လည်က Mizzima သတင်းဌာနက ဧရာဝတီတိုင်းဝန်ကြီးချုပ်အသစ် ဦးမန်းဂျော်နီနဲ့ အင်တာဗျူ းကို ကြည့်လိုက်ရသဗျ…
အဲ့ဒီ အင်တာဗျူ းထဲမှာ မေးတဲ့မေးခွန်းတစ်ခုက
“၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ အုပ်ချုပ်ရေးအပိုင်းကို ဘယ်လောက်ထိ လေ့လာထားပြီးပြီလဲ အုပ်ချုပ်ရေးကိစ္စတွေကိုဘယ်လိုဆောင်ရွက်ဖို့ရည်ရွယ်ထားပါသလဲ ဆိုတာပါသဗျ….”
ဘိုးတော်ကပြန်ဖြေတာက
“အုပ်ချုပ်ရေးဆိုတာလဲ ဥပဒေပဲကွ…တစ်ခြားဘာမှမလိုဘူး...ဘယ်သူတွေကို အုပ်ချုပ်ရမလဲဆို ၀န်ထမ်းတွေကိုလေ ….၀န်ထမ်းတွေမှာလဲ ၀န်ထမ်းဥပဒေရှိတာပဲ….ဥပဒေအတိုင်း သွားလိုက်ရင် အုပ်ချုပ်ရေးဆိုတာ အလိုုလို ဖြစ်သွားမှာပဲ….”
ပိုင်သကွာ ဘိုးတော်တို့ တော်ချက်က နိုင်းလောက်ရှိတယ်….
နောက်တစ်ခုက ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ဖို့ဘယ်လိုအခန်းကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်မလဲ ဆိုတဲ့မေးခွန်း တစ်ခုလည်းပါသဗျ….
သူပြန်ဖြေတာက…..
“ဒို့ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာခေါင်းဆောင်ဖြစ်လာပြီပေါ့…
ပညာရှင်တွေဆိုတာအများကြီးရှိတယ်…လွှတ်တော်ကိုယ်စားလှယ်ထဲမှာတင်မကဘူး နိုင်ငံသားထဲမှာလည်း ပညာရှင်တွေ အများကြီးရှိတယ်….
ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူပြည်သားတွေအပါအဝင် အားလုံးချပြပြီးတော့ ပွင့်ပွင့်လင်းလင်းဆောင်ရွက်မယ်ဆိုရင် မတိုးတက်စရာဘာအကြောင်းမှ မရှိဘူး တိုးကိုတိုးတက်တယ်” လို့ဖြေသွားတယ်ဗျာ….
ဖြေတတ်လိုက်ပုံများ…ဒါ့ကြောင့်လည်း သုံးထပ်ကွမ်း အမတ်ကြီးဖြစ်နေတာ နေမှာ…..
…………………………………………………………………………….
အခုနောက်ပိုင်းကြားကြားနေရတဲ့ စကားတစ်ခွန်းက ….
“အုပ်ချုပ်ရေးအတွေ့အကြံုမရှိဘူး..အုပ်ချုပ်ရေးအတွေ့အကြံုမရှိဘူး…”
ဆိုပြီး နှစ်ပေါင်းများစွာအုပ်ချုပ်လာတယ်ဆိုတဲ့ ဆိုသူများက လက်ညှိုးတထိုးထိုးနဲ့မေးငေါ့နေတဲ့ စကားပဲ….
ပြောင်းပြန် ပြန်ကောက်ရင် သူတို့ကအတွေ့အကြံုရှိတယ်ပေါ့ဗျာ….
အတွေ့အကြံုရှိရင် အောင်မြင်ရမှာပေါ့ ဘာလို့မအောင်မြင်လဲလို့ထပ်မေးတော့….
“အဲ့လူတွေ အတွေ့အကြံုမရှိဘူး အဲ့လူတွေအတွေ့အကြံုမရှိဘူးဆိုပြီး…”
ပြန်ထပ်အော်နေပြန်ပါရောလား….
အဲ့ဒီတော့ အဲ့ဒီလူတွေကို ပြန်မေးချင်တာက ခင်ဗျားတို့ခံယူထား နားလည်ထားတဲ့ အုပ်ချုပ်ရေး ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲပေါ့….
What is the definition of အုပ်ချုပ်ရေး…????????
ရဲရဲဖြေလိုက်စမ်းပါ အိတ်စပီးယီးယန့် ရှိသူများခင်ဗျား….ခင်ဗျားတို့ ဆိုလိုချင်တဲ့ အုပ်ချုပ်ရေးဆိုတာ ဘာလဲ….
What is the definition of အုပ်ချုပ်ရေး…????????
ဖင်ကုတ်သလိုလို ခေါင်းကုတ်သလိုလို ချောင်းဟန့်သလိုလို နဲ့အခုမှလာလုပ်ပြမနေနဲ့……..
သုံးမတ်ကြီးကတော့ ဆော်ထည့်လိုက်တယ် တစ်ခွန်းထဲပဲ
“ဥပဒေ” တဲ့….
……………………………………………………………………
Cambridge အဘိဓါန်ထဲရှာကြည့်တော့ အုပ်ချုပ်ရေး Govern ကို ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုသဗျ…
Govern = to control and direct the public business of a country, city, group of people, etc.:
လူတစ်စု မြို့တစ်မြို့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူ့စီးပွားကို လမ်းညွှန်ထိန်းကျောင်းတယ် စသည်ဖြင့်ပေါ့ဗျာ….
အဲ့ဒီတော့ အုပ်ချုပ်ရေးအတွေ့အကြံုရှိတယ်ဆိုသူများက ပြည်သူ့စီးပွားကိုဘယ်လို လမ်းညွန်ထိန်းကျောင်းခဲ့ပါသလဲ…
သုံးမတ်ကြီးကတော့ ပြောနေပြီ ပညာရှင်တွေနဲ့ပူးပေါင်းမယ် အဖြေရှာမယ် အစည်းဝေးထိုင်မယ် ပြည်သူကိုချပြမယ်…
ပြီးရင်အကျိုးရှိတာကျိန်းသေရင် ဆက်လုပ်မယ်….အဲ့ဒါဆိုတိုးတက်မယ်….
ဒါပဲမို့လား….လွယ်လွယ်လေးကိုး…အုပ်ချုပ်ရေး ဆိုတာ….
……………………………………………………………..
ရှင်းရှင်းလေးဗျာ…သူပြောတာက ဦးဏှောက်ဖောက်စားပစ်မယ် ဆိုတဲ့အဓိပ္ပါယ်ပဲ….
ကုမ္ပဏီပိုင်ရှင်က ဘာတတ်လို့လဲ….ဘာမှမတတ်ဘူး….သူတတ်တာ တစ်ခုပဲရှိတယ်…
သူဖြစ်ချင်တာ တစ်ခုပဲရှိတယ်…အဲ့ဒါက သူ့ကုမ္ပဏီတိုးတက်အောင်မြင်ရမယ်.ဒီစိတ်တစ်ခုပဲ….
ဒီလုပ်ငန်းက ….မြတ်မလား မမြတ်ဘူးလား…အကျိုးရှိမလား အရှုံးပေါ်နိုင်လား….
အတွေ့အကြံုရှိထားသူ ပညာရှင်တွေနဲ့ အစည်းအဝေးတွေထိုင်…အပြန်ပြန်အလှန်လှန် သုံးသပ်ကြ…ဆွေးနွှေးကြ…
နောက်ဆုံး ဒီအတိုင်းသွားမယ်လို့ ဆုံးဖြတ်ချက်ချပြီးသွားတဲ့အခါကျမှ အဲ့ဆုံးဖြတ်ချက်ကို သူခန့်ထားတဲ့ကုမ္ပဏီဝန်ထမ်းဆိုသူများက လိုက်လုပ်ပေးကြရတာမို့လား….
သူ့ကုမ္ပဏီက သူ့ဝန်ထမ်း အလုပ်လုပ်လား မလုပ်ဘူးလား ခိုလားကပ်လားဆိုတာ ကုမ္ပဏီပိုင်ရှင်အလုပ်မှမို့တာ….
သူ့အထက်က စူပါဗိုက်ဇာက ခန့်ခွဲလိမ့်မပေါ့….
ကုမဏီပိုင်ရှင်ရဲ့အဓိကအလုပ်က ဆုံးဖြတ်ချက်ပေးရတာပဲ….
ဒါ မြတ်မှာကွ….ချပေတော့….ဒီလိုမို့လား…
……………………………………………………………………..
အဲ့ဒီ ၀န်ထမ်းအဆင့်ဆင့်တွေ ကုမဏီပိုင်ရှင်ကို ဘတ်ခီးမကျဖို့အတွက် ဒီလိုလုပ်ရင် ဒါဖြစ်မယ် ဟိုလိုလုပ်ရင် ဒါဖြစ်မယ် ဆိုတဲ့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ ထုတ်ထားရတယ်မို့လား…
၀န်ထမ်းတွေ ဘယ်လောက်ပဲ ကြိုးစားပြီးအလုပ်လုပ် အထက်က ဆုံးဖြတ်ချက်ချထားတဲ့လုပ်ငန်းက တလွဲဆို ကုမ္ပဏီဒေဝါလီ ခံရပြီပေါ့….
အဲ့တော့ အုပ်ချုပ်ရေးအုပ်ချုပ်ရေး အော်နေသူများ….
၀န်ကြီးချုပ်အလုပ်က ပေါ်လစီချတာ ဆုံးဖြတ်တာ…
ဒေါက်တာဘွဲ့ရစရာမလိုဘူး…မာစတာဘွဲ့ရစရာမလိုဘူး….
သူ့မှာလိုတာ တိုင်းပြည်အတွက်ဒီဟာက အကျိုးရှိတယ်…ချကွာဆိုပြီး final decision ဆုံးဖြတ်ချက်ချပေးရမှာ
အဲ့ဒါသူ့အလုပ်…
အဲ့ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ဌာနအလိုက် တိုင်း မြို့နယ် ရပ်ကွက် ကျေးရွာ အဆင့်ဆင့်က သူ့တာဝန်သူ ဆက်ယူကြရမှာ….
စည်းကမ်းဖောက်သလား လာဘ်စားသလား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရေးယူ…
သေးတဲ့အမှုဆို အောက်ခြေအဆင့်မှာပြီးလိမ့်မယ်….သူပါစရာမလိုဘူး…
အောက်ခြေမှာ ရှင်းလို့မရတဲ့အမှုမျိုးထိ ကြီးကျယ်လာရင် သူ ၀င်ပါလိမ့်မယ်….
ဒါပဲလေ…ဟုတ်တယ်မို့လား….အုပ်ချုပ်ရေးအတွေ့အကြံုမရှိဘူး မရှိဘူးဆိုပြီး မေးမေးနေသူများ….
………………………………….
နောက်တစ်ခုက NLD အစိုးရဆိုတာနဲ့ ပင်နီတိုက်ပုံဝတ်ထားပြီး ခွပ်ဒေါင်း ရင်ထိုးလေးတပ်ထားသော ရွေးကောက်ခံ ကိုယ်စားလှယ်တစ်စုကိုပဲ ကွက်မြင်လို့မရတော့ဘူး…
အဲ့ဒါက ပါတီအဆင့်တုန်းက မှန်တယ်…
အခုက NLD ပါတီမို့ဘူူး…NLD အစိုးရ….
အစိုးရဖြစ်သွားပြီဖြစ်တဲ့အတွက် သူဖော်ဆောင်ချင်တဲ့လုပ်ငန်းတွေမှာ တော်တဲ့ချွန်တဲ့ ထက်တဲ့ အများအကျိုးလုပ်မဲ့သူဆို ခေါ်သုံးမှာပဲ….
ကိုယ်စားလှယ်ဆိုတာ အစိုးရဖြစ်ဖို့ပြိုင်တဲ့ ရွေးကောက်ပွဲ အချိန်မှာသုံုးတာ….
အစိုးရအဖွဲ့ရာထူးခန့်တဲ့နေရာမယ် ဒီလိုတွေးလို့မရဘူး…
NLD အစိုးရအဖွဲ့ထဲမယ် NLD အမတ်လောင်းလည်းပါချင်ပါမယ် …ကြံ့ခိုင်ရေးအဖွဲ့ကလည်းပါချင်ပါမယ်…
တိုင်းရင်းသားတွေထဲကလည်း ပါချင်ပါမယ်…အရပ်သားတွေထဲကလည်း ပါချင်ပါမယ်…စစ်ဗို်လ်ချုပ်တွေလည်း ပါချင်ပါမယ်….
NLD သည်အစိုးရဖြစ်သည့်အတွက် သူခန့်ချင်သည့်လူကိုခန့်ပိုင်ခွင့်…သူဖြုတ်ချင်သည့် ၀န်ကြီးဌာနတွေကို ဖြုတ်ပိုင်ခွင့် …ပေါင်းချင်သည့် ဌာနတွေကို ပေါင်းပိုင်ခွင့်ဆိုသည့် အာဏာကြီးကို သူ့လက်ထဲကိုင်ထားပေပြီ….
ထို အာဏာ ကိုအသုံးချပြီး ၀န်ကြီးချုပ်အသစ်များ လည်းခန့်အပ်လိုက်လေပြီ….
ထိုဝန်ကြီးချုပ်သစ်ဆိုသူများသည် ပညာရှင်များအဆိုပြုတင်ပြလာမည့် စီမံကိန်းများသည် တိုင်းပြည်အတွက် အကျိုးအမြတ်ရှိမရှိ သင့်မသင့် တော်မတော်ကိုတော့ ဆုံးဖြတ်ချက်ပေးနိုင်သည့် လူများဖြစ်မည်ဆိုတာကတော့ အသေအချာပင်ဖြစ်သည်….
ဇာနည်မောင်မောင်ကျော်

No comments:

Post a Comment