ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒုဥကၠ႒တို႕ လႊတ္ေတာ္ အစည္းအေ၀းခန္းမွ ထြက္ခြာသြားျခင္းမွာ မဟုတ္မွန္


နိရဥၥရာ၊ မတ္လ ၂၈

မတ္လ ၂၈ ရက္ ယေန႕ နံနက္က က်င္းပခဲ့ေသာ လႊတ္ေတာ္တြင္ ANP မွ ျဖစ္ၾကသည့္ လႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒု လႊတ္ေတာ္ ဥကၠ႒တို႕ပါ သပိတ္ေမွာက္ ထြက္ခြာသြားသည္ဟု သတင္းမ်ားေရးသား ေဖာ္ျပေနျခင္းမွာ မဟုတ္မွန္ေၾကာင္း ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွက နိရဥၥရာသို႕ ေျပာၾကားသည္။

“ ကၽြန္ေတာ္တို႕ ထြက္သြားရင္ ဒီကေန႕ ျပည္နယ္ လႊတ္ေတာ္က ဘယ္လို လုပ္က်င္းပလို႕ရမွာလဲ။ ကၽြန္ေတာ္တုိ႕က အစကေန အဆံုးထိ ရွိေနပါတယ္။ လႊတ္ေတာ္မွာ အဆိုတင္သြင္း တာေတြ၊ ေဆြးေႏြး တာေတြလည္း ကၽြန္ေတာ္တို႕ ကိုယ္တိုင္ ေဆာင္ရြက္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႕ လႊတ္ေတာ္ ဥကၠ႒ေတြက ထြက္ခြာ သြားတယ္ဆိုတာ မဟုတ္မွန္ပါဘူး” ဟု ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွ က ေျပာသည္။

ယေန႕ ထြက္ခြာသြားေသာ လႊတ္္ေတာ္္ကိုယ္စားလွယ္မွာ စုစုေပါင္း ၁၉ ဦးရွိျပီး အားလံုးမွာ ရခိုင္အမ်ိဳးသား ပါတီမွ ျဖစ္ေၾကာင္း၊ တစ္ျခား ၾကံ႕ခိုင္ေရးႏွင့္ တပ္မေတာ္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား မပါ၀င္ေၾကာင္း သိရသည္။

“ လႊတ္ေတာ္ကို နံနက္ ၁၀ နာရီခြဲက စျပီး က စတင္ပါတယ္။ ဟုိဘက္က ဦးညီပုတို႕နဲ႕ လိုအပ္တာေတြကို ေဆြးေႏြးခဲ့တာေတြရွိပါတယ္။ လႊတ္ေတာ္မွာ ဦးညီပုကို ၀န္ၾကီးခ်ဳပ္ အျဖစ္ အဆိုတင္တာကို ကန္႕ကြက္လိုရင္ မနက္ျဖန္ ညေန ၄ နာရီ ေနာက္ဆံုးထားျပီး ကန္႕ကြက္ဖို႕ ေျပာထားပါတယ္။ ဒါေတြကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္” ဟု ေျပာဆိုသည္။

ရခိုင္ျပည္နယ္ လႊတ္ေတာ္အား မနက္ျဖန္တြင္ နားမည္ ျဖစ္ျပီး ၃၀ ရက္ေန႕တြင္ ျပန္စမည္ဟု သိရွိရပါသည္။

(ဓာတ္ပံု- ရခိုင္ျပည္နယ္ ဂ်ာနယ္)
Arakan State
https://www.facebook.com/NarinjaraNews

..................................................


နိရဥ္စရာ၊ မတ်လ ၂၈

မတ်လ ၂၈ ရက် ယနေ့ နံနက်က ကျင်းပခဲ့သော လွှတ်တော်တွင် ANP မှ ဖြစ်ကြသည့် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒု လွှတ်တော် ဥက္ကဋ္ဌတို့ပါ သပိတ်မှောက် ထွက်ခွာသွားသည်ဟု သတင်းများရေးသား ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဥ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ ထွက်သွားရင် ဒီကနေ့ ပြည်နယ် လွှတ်တော်က ဘယ်လို လုပ်ကျင်းပလို့ရမှာလဲ။ ကျွန်တော်တို့က အစကနေ အဆုံးထိ ရှိနေပါတယ်။ လွှတ်တော်မှာ အဆိုတင်သွင်း တာတွေ၊ ဆွေးနွေး တာတွေလည်း ကျွန်တော်တို့ ကိုယ်တိုင် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ဥက္ကဋ္ဌတွေက ထွက်ခွာ သွားတယ်ဆိုတာ မဟုတ်မှန်ပါဘူး” ဟု ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က ပြောသည်။

ယနေ့ ထွက်ခွာသွားသော လွှတ််တော််ကိုယ်စားလှယ်မှာ စုစုပေါင်း ၁၉ ဦးရှိပြီး အားလုံးမှာ ရခိုင်အမျိုးသား ပါတီမှ ဖြစ်ကြောင်း၊ တစ်ခြား ကြံ့ခိုင်ရေးနှင့် တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များ မပါ၀င်ကြောင်း သိရသည်။

“ လွှတ်တော်ကို နံနက် ၁၀ နာရီခွဲက စပြီး က စတင်ပါတယ်။ ဟိုဘက်က ဦးညီပုတို့နဲ့ လိုအပ်တာတွေကို ဆွေးနွေးခဲ့တာတွေရှိပါတယ်။ လွှတ်တော်မှာ ဦးညီပုကို ၀န်ကြီးချုပ် အဖြစ် အဆိုတင်တာကို ကန့်ကွက်လိုရင် မနက်ဖြန် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ကန့်ကွက်ဖို့ ပြောထားပါတယ်။ ဒါတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်အား မနက်ဖြန်တွင် နားမည် ဖြစ်ပြီး ၃၀ ရက်နေ့တွင် ပြန်စမည်ဟု သိရှိရပါသည်။

(ဓာတ်ပုံ- ရခိုင်ပြည်နယ် ဂျာနယ်)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)