Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 11, 2016

ဒု - သမၼတ သံုးဦး ေရြးခ်ယ္ (ဒု - သမ္မတ သုံးဦး ရွေးချယ် )

ျပည္သူ႔လႊတ္ေတာ္ မဲေပးေရြးခ်ယ္ေနၾကစဥ္။ သတင္းဓာတ္ပံု- ျပန္ၾကားေရးဝန္ႀကီးဌာန MOI။
လႊတ္ေတာ္ ၂ရပ္ သမၼတေရြးခ်ယ္ေရး အစုအဖဲြ႔ေတြမွာ ဒုသမၼတေတြကို မဲေပးေရြးခ်ယ္ ရာမွာ၊ NLD ပါတီက အဆိုျပဳထားသူႏွစ္ဦးပဲ အျပတ္အသတ္ အႏိုင္ရခဲ့ပါတယ္။ သမၼတေရြးခ်ယ္ေရး တပ္မေတာ္အစုအဖဲြ႔ဘက္ကေတာ့ လက္ရိွ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြကို ဒု သမၼတ အျဖစ္ ေရြးခ်ယ္လိုက္တာေၾကာင့္၊ ဒု သမၼတ သံုးဦး ထြက္ေပၚလာပါၿပီ။ ဒီအထဲကေနမွ တဦးကို ႏိုင္ငံေတာ္သမၼတအျဖစ္ ေနာက္လာမယ့္ သီတင္းပတ္ ထဲ ျပည္ေထာင္စု လႊတ္ေတာ္မွာ ေရြးခ်ယ္ဖို႔ရိွပါတယ္။ သမၼတေရြးခ်ယ္မႈ ဆိုင္ရာ အတြက္ သတင္းယူဖို႔ ေနျပည္ေတာ္ေရာက္ေနတဲ့ ဗီြအိုေအ သတင္းေထာက္ မေမခ သတင္းေပးပို႔ထားပါတယ္။

 ဒုသမၼတအသီးသီးကို သမၼတေရြးခ်ယ္ေရးဆိုင္ရာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္ အစုအဖဲြ႔ေတြက ဒီကေန႔မွာ မဲခြဲေရြးခ်ယ္ခဲ့ တာျဖစ္ပါတယ္။ မေန႔က လႊတ္ေတာ္ ၂ရပ္မွာ ဒုတိယ သမၼတေလာင္း အမည္စာရင္း တင္သြင္းတာမွာ အႏိုင္ရ NLD ပါတီအျပင္ ႀကံ႕ခိုင္ေရးပါတီကပါ ဒုသမၼတေလာင္းအမည္စာရင္းေတြ တင္သြင္း ခဲ့တာ ေၾကာင့္ အခုလို မဲခြဲဆံုးျဖတ္လိုက္တာျဖစ္ပါတယ္။

ဒီလို မဲခြဲတာမွာ ျပည္သူ႔လႊတ္ေတာ္ ဆႏၵမဲေပးႏိုင္သူ အေရအတြက္ ၃၁၇ ေယာက္မွာ NLD ပါတီက တင္သြင္းတဲ႔ ဦးထင္ေက်ာ္က ၂၇၄ မဲ ရခဲ႔ၿပီး ႀကံ႕ခိုင္ေရးပါတီက တင္သြင္းတဲ့ လက္ရွိ ဒုသမၼတ ေဒါက္တာစိုင္းေမာက္ခမ္းက ၂၉မဲရခဲ႔ပါတယ္။ ပယ္မဲကေတာ့ ၁၄မဲ ထြက္ခဲ႔ပါတယ္။

ဒီလို NLDပါတီက မဲအျပတ္အသတ္နဲ႔ အႏိုင္ရရွိထားတဲံအေပၚ ႀကံ႕ခိုင္ေရးပါတီ က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးကိုကိုႏိုင္ ကေတာ့ ေရြးခ်ယ္မႈအေပၚ အခုလို ေျပာျပပါတယ္။

" ဒါကေတာ့ ပါတီအေနနဲ႔ ေရြးခ်ယ္တင္ေျမႇာက္တယ္ဆိုတာထက္ က်ေနာ္တို႔ လႊတ္ေတာ္ထဲမွာ ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြက ျပည္သူေတြက ေရြးခ်ယ္ ထားတဲ့ ကိုယ္စားလွယ္ေတြပဲ။ ျပည္သူေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ အမ်ားစုကေန  ေရြးခ်ယ္လိုက္တဲ့ ပုဂၢိဳလ္ကို အားလံုးကေန လက္ခံၾကရမွာပါ။ ဒီပုဂၢိဳလ္ကိုပဲ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုက ေရြးခ်ယ္တင္ေျမႇာက္လိုက္တာျဖစ္တဲ့အတြက္ သူအေကာင္းဆံုး ႏုိင္ငံ့အတြက္ အေကာင္းဆံုး ဦးေဆာင္ႏုိင္လိမ့္မယ္ လို႔ ယံုၾကည္ပါတယ္။"

သမၼတေရြးခ်ယ္ေရးဆိုင္ရာ အမ်ိဳးသားလႊတ္ေတာ္အစုအဖဲြ႔မွာေတာ့ ဆႏၵမဲေပးႏိုင္သူ အေရအတြက္ ၁၆၇ေယာက္မွာ NLD ပါတီက တင္သြင္းတဲ႔ NLD အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဟင္နရီဗန္တီးယူက ၁၄၈ မဲရရွိခဲ႔ၿပီး ႀကံ႕ခိုင္ေရးပါတီ က တင္သြင္းတဲ႔ အရင္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ေဟာင္းလည္းျဖစ္၊ လက္ရိွ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေအာင္ျမင့္ က ၁၃မဲ ရခဲ႔ပါတယ္။ ပယ္မဲ ၆မဲ ထြက္ခဲ႔ပါတယ္။ မဲအေရအတြက္ အသာနဲ႔ အမ်ိဳးသားလႊတ္ေတာ္အစုအဖဲြ႔က တင္သြင္းတဲ့ ဒုသမၼတ အျဖစ္ ဦးဟင္နရီဗန္တီးယူ ကိုေရြးခ်ယ္ခဲ႔တာ ျဖစ္ပါတယ္။

လက္ရွိ သမၼတအရည္အခ်င္းစိစစ္ေရးအဖြဲ႔မွာ လႊတ္ေတာ္ ၂ရပ္လံုးက ဥကၠ႒၊ ဒုဥကၠ႒ ေတြ၊ ေနာက္ လႊတ္ေတာ္ ၂ရပ္က ေရြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္ စားလွယ္ ၂ဦး ၊ တပ္မေတာ္သားဘက္က ေရြးခ်ယ္ထားတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္တဦး စုစုေပါင္း ၇ဦးက စိစစ္ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ဒီစိစစ္ေရးအဖြဲ႔မွာ ပါဝင္တဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဘမ်ိဳးသိန္း က ေရြးခ်ယ္မယ့္ စည္းမ်ဥ္းေတြနဲ႔ပတ္သတ္ၿပီး ခုလိုေျပာျပပါတယ္။

" အထူးသျဖင့္ ႏုိင္ငံသားျဖစ္မႈေပါ့ ႏုိင္ငံသားျဖစ္မႈမွာ ကာယကံရွင္ရဲ႕ ႏုိင္ငံသားျဖစ္မႈ၊ သူ႔ရဲ႕ပညာအရည္အခ်င္း၊ မွတ္ပံုတင္နံပတ္၊ သူ႔ရဲ႕အလုပ္အကိုင္ပါမယ္။ ဒါေတြကို စစ္ေဆးမယ္။ ေနာက္ သူ႔ရဲ႕ မိသားစု၊ ဇနီးခင္ပြန္း၊ ေနာက္တခါ သားသမီးေတြ သူတို႔ဟာ နည္းဥပေဒ မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြနဲ႔ ကိုက္ညီျခင္း ရွိမရွိ စစ္ေဆးသြားမယ္။ ဒါဟာ ပထမဆံုးအခ်က္ေပါ့ေနာ္။

ဒုတိယသမၼတက်ေတာ့ ထပ္ၿပီးေတာ့ ပိုၿပီးေတာ့ နည္းနည္းေလး အေသးစိတ္ ပိုၿပီးေတာ့ စစ္ေဆးတဲ့သေဘာပဲ ျဖစ္မွာပါ။ သူတို႔ ဥပေဒေတြ နည္းဥပေဒေတြ ေဖာ္ျပ ထားတဲ့ အတိုင္းပဲ ပုဒ္မ ၂၆ ၊ ပုဒ္မ ၂၇၊ ပုဒ္မ ၂၈ တို႔ ေဖာ္ျပထားပါတယ္။ ဒီအတိုင္းစစ္ေဆးရမွာပါ။ လိုအပ္လို႔ရွိရင္ ကာယကံရွင္ကို ေမးရမွာေပါ့။ ေနာက္လိုအပ္လို႔ရွိရင္ သက္ဆုိင္ရာ ဌာန အဖြဲ႔အစည္းေတြကိုလည္း ေမးဖို႔လိုတယ္။ ဒီဟာကေတာ့ ဒီလိုစစ္ေဆးမယ့္ပံုစံေတြ ရွိပါတယ္။ အဲ့ဒီ့အတိုင္းပဲ က်ေနာ္တို႔ စစ္ေဆးသြားဖို႔ရွိပါတယ္။"

လက္ရွိခ်ိန္မွာ တပ္မေတာ္အစုအဖြဲ႔က သူတို႔ဘက္ကေရြးတဲ့ ဒုသမၼတအျဖစ္ လက္ရွိ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေဆြကို ဒီကေန႔ဘဲေရြးခ်ယ္လိုက္ပါတယ္။ ဒီလိုေရြးခ်ယ္ လိုက္တဲ့ အေပၚမွာ ေဝဖန္မႈေတြထြက္ေပၚေနတာေတြလည္းရွိပါတယ္။

တပ္မေတာ္ဘက္က ေရြးခ်ယ္လိုက္တဲ့ ဒုသမၼတနဲ႔ ပတ္သတ္ၿပီး ျမန္မာ့ႏိုင္ငံေရးေလ့ လာ သံုးသပ္သူ ဦးစည္သူေအာင္ျမင့္က ခုလိုသံုးသပ္လိုက္ပါတယ္။

" တကယ္က အခု အာဏာအလႊဲအေျပာင္းမွာဆိုရင္ အက်ိဳးစီးပြားဆိုင္ရာ ကိစၥေတြ ေတာ္ေတာ္မ်ားမ်ားက သမၼတနဲ႔ ဒီ NLD အစိုးရ လက္ထဲ ကို ေရာက္လာလိမ့္မယ္လို႔ ဆိုတဲ့အခါက်ေတာ့ အရင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းႀကီးေတြ ေနာက္ သူတို႔က်န္ရစ္သြားတဲ့ အက်ိဳးစီးပြားကိစၥေတြက အမ်ားႀကီး က်န္ရစ္တယ္။ ဆိုေတာ့ ဒီဟာေတြကို ျပန္ၿပီးေတာ့ ကာကြယ္ဖို႔ ျပန္ၿပီးေတာ့ ကိုယ္တြယ္ဖို႔ ဆိုရင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ၊ တုိင္းဝန္ႀကီးခ်ဳပ္ အဆင့္ေလာက္ေတြ ရာထူးရထားရင္လည္း ကိုင္တြယ္လို႔ရတယ္။ ဒါေပမဲ့ အဲ့တာေတြနဲ႔ ပတ္သက္လို႔ ညိႇႏိႈင္းလို႔မရဘူးနဲ႔ တူပါတယ္။ ညိႇႏိႈင္းလို႔မရေတာ့ ဒါေတြကို ကိုင္တြယ္ႏုိင္တဲ့ ေနရာဟာ ဒုသမၼတ (၁) ရဲ႕ ေနရာပဲ ျဖစ္တယ္။ ဒုသမၼတ (၁)က ကိုင္တြယ္ႏုိင္တဲ့အခါက်ေတာ့ ဗိုလ္ခ်ဳပ္ျမင့္ေဆြ က အရင္စစ္အစိုးရ လက္ထက္ကတည္းက တာဝန္ေတြလည္း ႀကီးႀကီးမားမား ယူခဲ့တယ္။ လက္ရွိ အခ်ိန္အထိလည္း အက်ိဳးစီးပြားေတြနဲ႔ပတ္သက္ၿပီးေတာ့မွ အမ်ားႀကီး ကိုယ္တြယ္ ထားတဲ့ဟာေတြ ရွိတဲ့အခါက်ေတာ့ သူ႔ကို အဓိက ထားၿပီးေတာ့ ကာကြယ္ေစာင့္ေရွာက္ဖို႔ သူ႔ကို ဒုသမၼတ ခန္႔လိုက္တယ္လို႔ ထင္ပါတယ္။"

ခုခ်ိန္မွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ နဲ႔တပ္မေတာ္အစုအဖြဲ႔တို႔ကေန ဒုသမၼတတဦးစီ ေရြးခ်ယ္ေပးလိုက္တာေၾကာင့္ မၾကာခင္မွာ ဒီဒုသမၼတ ေတြကို သမၼတအရည္အခ်င္းနဲ႔ျပည္႔မွီျခင္း ရွိမရွိစိစစ္သြားမွာပါ။ ဒီလိုစစ္ေဆးၿပီးရင္ မဲခြဲကာ မဲအမ်ားဆံုးရသူကို ႏိုင္ငံေတာ္သမၼတေရြးခ်ယ္သြားမွာ ျဖစ္တာေၾကာင့္ လာမယ့္ မတ္ ၁၅မွာ ျပည္ေထာင္စု လႊတ္ေတာ္ က်င္းပကာ ႏိုင္ငံေတာ္ သမၼတေရြးခ်ယ္သြားဖို႔ရွိပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................
 ပြည်သူ့လွှတ်တော် မဲပေးရွေးချယ်နေကြစဉ်။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI။
လွှတ်တော် ၂ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ၊ NLD ပါတီက အဆိုပြုထားသူနှစ်ဦးပဲ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ သမ္မတရွေးချယ်ရေး တပ်မတော်အစုအဖွဲ့ဘက်ကတော့ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတ အဖြစ် ရွေးချယ်လိုက်တာကြောင့်၊ ဒု သမ္မတ သုံးဦး ထွက်ပေါ်လာပါပြီ။ ဒီအထဲကနေမှ တဦးကို နိုင်ငံတော်သမ္မတအဖြစ် နောက်လာမယ့် သီတင်းပတ် ထဲ ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ်ဖို့ရှိပါတယ်။ သမ္မတရွေးချယ်မှု ဆိုင်ရာ အတွက် သတင်းယူဖို့ နေပြည်တော်ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

 ဒုသမ္မတအသီးသီးကို သမ္မတရွေးချယ်ရေးဆိုင်ရာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစုအဖွဲ့တွေက ဒီကနေ့မှာ မဲခွဲရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ မနေ့က လွှတ်တော် ၂ရပ်မှာ ဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းတာမှာ အနိုင်ရ NLD ပါတီအပြင် ကြံ့ခိုင်ရေးပါတီကပါ ဒုသမ္မတလောင်းအမည်စာရင်းတွေ တင်သွင်း ခဲ့တာ ကြောင့် အခုလို မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီလို မဲခွဲတာမှာ ပြည်သူ့လွှတ်တော် ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၃၁၇ ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ ဦးထင်ကျော်က ၂၇၄ မဲ ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉မဲရခဲ့ပါတယ်။ ပယ်မဲကတော့ ၁၄မဲ ထွက်ခဲ့ပါတယ်။

ဒီလို NLDပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားတဲံအပေါ် ကြံ့ခိုင်ရေးပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကတော့ ရွေးချယ်မှုအပေါ် အခုလို ပြောပြပါတယ်။

" ဒါကတော့ ပါတီအနေနဲ့ ရွေးချယ်တင်မြှောက်တယ်ဆိုတာထက် ကျနော်တို့ လွှတ်တော်ထဲမှာ ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေက ရွေးချယ် ထားတဲ့ ကိုယ်စားလှယ်တွေပဲ။ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အများစုကနေ  ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်ကို အားလုံးကနေ လက်ခံကြရမှာပါ။ ဒီပုဂ္ဂိုလ်ကိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ရွေးချယ်တင်မြှောက်လိုက်တာဖြစ်တဲ့အတွက် သူအကောင်းဆုံး နိုင်ငံ့အတွက် အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။"

သမ္မတရွေးချယ်ရေးဆိုင်ရာ အမျိုးသားလွှတ်တော်အစုအဖွဲ့မှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၆၇ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်တီးယူက ၁၄၈ မဲရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ က တင်သွင်းတဲ့ အရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့် က ၁၃မဲ ရခဲ့ပါတယ်။ ပယ်မဲ ၆မဲ ထွက်ခဲ့ပါတယ်။ မဲအရေအတွက် အသာနဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်သွင်းတဲ့ ဒုသမ္မတ အဖြစ် ဦးဟင်နရီဗန်တီးယူ ကိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့မှာ လွှတ်တော် ၂ရပ်လုံးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေ၊ နောက် လွှတ်တော် ၂ရပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ် ၂ဦး ၊ တပ်မတော်သားဘက်က ရွေးချယ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တဦး စုစုပေါင်း ရဦးက စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒီစိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း က ရွေးချယ်မယ့် စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။

" အထူးသဖြင့် နိုင်ငံသားဖြစ်မှုပေါ့ နိုင်ငံသားဖြစ်မှုမှာ ကာယကံရှင်ရဲ့ နိုင်ငံသားဖြစ်မှု၊ သူ့ရဲ့ပညာအရည်အချင်း၊ မှတ်ပုံတင်နံပတ်၊ သူ့ရဲ့အလုပ်အကိုင်ပါမယ်။ ဒါတွေကို စစ်ဆေးမယ်။ နောက် သူ့ရဲ့ မိသားစု၊ ဇနီးခင်ပွန်း၊ နောက်တခါ သားသမီးတွေ သူတို့ဟာ နည်းဥပဒေ မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စစ်ဆေးသွားမယ်။ ဒါဟာ ပထမဆုံးအချက်ပေါ့နော်။

ဒုတိယသမ္မတကျတော့ ထပ်ပြီးတော့ ပိုပြီးတော့ နည်းနည်းလေး အသေးစိတ် ပိုပြီးတော့ စစ်ဆေးတဲ့သဘောပဲ ဖြစ်မှာပါ။ သူတို့ ဥပဒေတွေ နည်းဥပဒေတွေ ဖော်ပြ ထားတဲ့ အတိုင်းပဲ ပုဒ်မ ၂၆ ၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈ တို့ ဖော်ပြထားပါတယ်။ ဒီအတိုင်းစစ်ဆေးရမှာပါ။ လိုအပ်လို့ရှိရင် ကာယကံရှင်ကို မေးရမှာပေါ့။ နောက်လိုအပ်လို့ရှိရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေကိုလည်း မေးဖို့လိုတယ်။ ဒီဟာကတော့ ဒီလိုစစ်ဆေးမယ့်ပုံစံတွေ ရှိပါတယ်။ အဲ့ဒီ့အတိုင်းပဲ ကျနော်တို့ စစ်ဆေးသွားဖို့ရှိပါတယ်။"

လက်ရှိချိန်မှာ တပ်မတော်အစုအဖွဲ့က သူတို့ဘက်ကရွေးတဲ့ ဒုသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒီကနေ့ဘဲရွေးချယ်လိုက်ပါတယ်။ ဒီလိုရွေးချယ် လိုက်တဲ့ အပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်နေတာတွေလည်းရှိပါတယ်။

တပ်မတော်ဘက်က ရွေးချယ်လိုက်တဲ့ ဒုသမ္မတနဲ့ ပတ်သတ်ပြီး မြန်မာ့နိုင်ငံရေးလေ့ လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်က ခုလိုသုံးသပ်လိုက်ပါတယ်။

" တကယ်က အခု အာဏာအလွှဲအပြောင်းမှာဆိုရင် အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ တော်တော်များများက သမ္မတနဲ့ ဒီ NLD အစိုးရ လက်ထဲ ကို ရောက်လာလိမ့်မယ်လို့ ဆိုတဲ့အခါကျတော့ အရင် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ နောက် သူတို့ကျန်ရစ်သွားတဲ့ အကျိုးစီးပွားကိစ္စတွေက အများကြီး ကျန်ရစ်တယ်။ ဆိုတော့ ဒီဟာတွေကို ပြန်ပြီးတော့ ကာကွယ်ဖို့ ပြန်ပြီးတော့ ကိုယ်တွယ်ဖို့ ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းဝန်ကြီးချုပ် အဆင့်လောက်တွေ ရာထူးရထားရင်လည်း ကိုင်တွယ်လို့ရတယ်။ ဒါပေမဲ့ အဲ့တာတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းလို့မရဘူးနဲ့ တူပါတယ်။ ညှိနှိုင်းလို့မရတော့ ဒါတွေကို ကိုင်တွယ်နိုင်တဲ့ နေရာဟာ ဒုသမ္မတ (၁) ရဲ့ နေရာပဲ ဖြစ်တယ်။ ဒုသမ္မတ (၁)က ကိုင်တွယ်နိုင်တဲ့အခါကျတော့ ဗိုလ်ချုပ်မြင့်ဆွေ က အရင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်တွေလည်း ကြီးကြီးမားမား ယူခဲ့တယ်။ လက်ရှိ အချိန်အထိလည်း အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မှ အများကြီး ကိုယ်တွယ် ထားတဲ့ဟာတွေ ရှိတဲ့အခါကျတော့ သူ့ကို အဓိက ထားပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ သူ့ကို ဒုသမ္မတ ခန့်လိုက်တယ်လို့ ထင်ပါတယ်။"

ခုချိန်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့တပ်မတော်အစုအဖွဲ့တို့ကနေ ဒုသမ္မတတဦးစီ ရွေးချယ်ပေးလိုက်တာကြောင့် မကြာခင်မှာ ဒီဒုသမ္မတ တွေကို သမ္မတအရည်အချင်းနဲ့ပြည့်မှီခြင်း ရှိမရှိစိစစ်သွားမှာပါ။ ဒီလိုစစ်ဆေးပြီးရင် မဲခွဲကာ မဲအများဆုံးရသူကို နိုင်ငံတော်သမ္မတရွေးချယ်သွားမှာ ဖြစ်တာကြောင့် လာမယ့် မတ် ၁၅မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပကာ နိုင်ငံတော် သမ္မတရွေးချယ်သွားဖို့ရှိပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment