Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 11, 2016

အရပ္ထဲမွထူးခၽြန္သူ......

ကြယ္လြန္သြားၿပီၿဖစ္တဲ့ NLD မွ အန္ကယ္ဦးၾကည္ေမာင္ ေၿပာဖူးတဲ့ စကားတစ္ခြန္းသြားသတိရမိ
သည္…
“ငါ့ညီ…ဒီဟာက လက္ရံုးရည္ မဟုတ္ဘူးကြ….ႏွလံုးရည္ ႏွလံုးရည္….”
ဟုတ္လည္းဟုတ္သည္…ဒီလူေတြ ႏွလံုးရည္ ဘယ္ေလာက္ညံ့သလဲဆို ၂၅ % နဲ႕ ၇၅ % ဘယ္ဟာက မ်ားၿပီး အခ်ိန္စီးလဲ အခုထက္ထိ နားမလည္ေသးတာကိုသာၾကည့္ေပေတာ့….
“ငါ့ညီ လက္ရံုးရည္မဟုတ္ဘူးကြ….ႏွလံုးရည္ ႏွလံုးရည္…”
သူတို႕ေတြက သူတို႕ကိုသူတို႕ ဘာမဆိုသိ ဘာမဆိုတတ္ ေနရာတကာမွာ သူတို႕ပါလိုက္ရမွေက်နပ္တာကလား…
ပါေတာ့လည္း အေကာင္းပါတာမို႕ဘူး “ဘို” လုပ္လိုက္ရမွေက်နပ္္တဲ့ လူစားေတြ….
ငယ္ငယ္ကေန ဆယ္တန္းအထိ အတူတြဲၿပီး လည္ပင္းဖက္ေပါင္းခဲ့တဲ့သူငယ္ခ်င္းေတာင္ ဘို သင္တန္းေလးတက္ ပထမႏွစ္သင္တန္း ဆင္းၿပီးၿပန္လာပါတယ္ …
ေလသံက ခ်က္ၿခင္းကိုေၿပာင္းတာ….
အရင္ဆယ္တန္းေအာင္စာရင္းမထြက္ခင္ ၿမိဳ႕ကိုပတ္ၿပီး စက္ဘီး နင္းေနက်…
သူငယ္ခ်င္းေတြ စက္ဘီးေလးနင္းလိုက္ သီခ်င္းေလးညည္းလိုက္ ဒီလိုပဲသြားေနလာေနက်ကို ….
အဲ့ ဘို ဗိုင္းရပ္စ္လည္းကိုက္ေရာ ဘာၿဖစ္လဲသိလား… အရင္ကလိုမ်ိဳး သူငယ္ခ်င္းေတြနဲ႕ၿပန္ဆံုေတာ့ ေပ်ာ္ေတာ့ ဘိုေပါက္ေလးလည္း စက္ဘီးနင္းရင္း သီခ်င္းဆိုမိတာေပါ့… ၿပီးေတာ့မွ ခ်က္ၿခင္းခ်ည္းဆိုတာကိုရပ္ၿပီး
ကိုယ္ေတာ္ေခ်ာက ဘာေၿပာတယ္မွတ္တုန္း…
“ငါတို႕ေတြက အရာရွိၿဖစ္မဲ့ေကာင္ေတြ ဒီလိုဆိုလို႕မၿဖစ္ဘူးဆိုပဲ….”
……………………………………………
သူတို႕တစ္ေတြက သူတိုု႕ကို သူတို႕ စည္းကမ္းက်တယ္ ေသ၀ပ္တယ္ ေယာက်ာ္းေကာင္းေတြ အဲ့ဒီလိုထင္တာကလား…
အရပ္သားေတြဆို သူတို႕ေလာက္ မေတာ္ သူတို႕ေလာက္မတတ္ ဗရမ္းဗတာေတြ ဒီလိုပဲမွတ္ယူထားၾကတာ…
သူတို႕တာ၀န္ၿဖစ္တဲ့ ႏိုင္ငံေတာ္ကာကြယ္ေရး အလုပ္မွာ သူတို႕ထူးခၽြန္တယ္ထက္ၿမက္တယ္ဆိုတာ ကိုလက္ခံပါတယ္…မၿငင္းပါဘူး…
ဒါေပမဲ့ဗ်ာ…သူတို႕မကၽြမ္းက်င္တဲ့ အုပ္ခ်ဳပ္ေရးထဲကို ေသနတ္ၾကီးတကားကားနဲ႕ ၀င္ပါေတာ့ တိုင္းၿပည္လဲပ်က္ကေရာ…
ေခ်ာက္ထဲက်မယ္ခ်ညး္လွိမ့္လွိမ့္ေအာ္ၿပီး ေခ်ာက္ကမ္းပါးအစြန္းကလြတ္ေအာင္က်ေတာ့ဆြဲမေခၚဘူး…
ေခ်ာက္ကိုခ်ညး္ လက္ညွိဳး တထိုးထိုးနဲ႕....
"ေတြ႕လား... ေတြ႕လား... ေၿခာက္ၾကီး... ေၿခာက္ၾကီး..."
ဆိုၿပီး ေတာ့…
လူတစ္ေယာက္ဟာ ေနရာစံုေတာ္တယ္ဆိုတာက ရွားသားလားဗ်ာ…
က်န္မာေရး၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်….
ပညာေရး၀န္ၾကီးဌာန ဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်…..
သတၳဳတြင္း၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်….
ယဥ္ေက်းမႈ၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမ် စိတ္ခ်….
အားကစား၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်...
ေဆာက္လုပ္ေရး၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်...
ဘ႑ာေရး၀န္ၾကီးဌာနဆိုလည္း သူတို႕လူေတြ ဦးစီးလိုက္ရမွ စိတ္ခ်….
သူ႕က႑ အလုိက္ သီးသန္႕ေတာ္တဲ့ ခၽြန္တဲ့ ထက္တဲ့ ပါရမီရွင္ေတြ ရွိတယ္ဆိုတာ
ဒီလူေတြ လက္မခံႏိုင္ဘူးဗ်…
စစ္တကၠသိုလ္ေလးဆင္းတာနဲ႕ အဌာရသ လိုင္းစံု တတ္ေၿမာက္ကၽြမ္းက်င္ၿပီး အရပ္သူ အရပ္သားေတြကို သူတို႕ထက္ တစ္ဆင့္နိမ့္သူေတြလို႕ ထင္တဲ့အထိ စိတ္ၾကီး၀င္ၿပီး ေနရတကာ “ဘို” လုပ္ခ်င္ေနတာ အရပ္သားေတြ ညံ့လို႕ေတာ့ မဟုတ္တန္ရာဘူး…..
…………………………………………..
အရပ္သားေတြဆိုတာ လူညံ့ေတြ မဟုတ္ဘူးဗ်….
အရပ္သားေတြ မညံ့တဲ့အေၾကာင္း ေခသူေတြမဟုတ္တဲ့အေၾကာင္း ကို ကၽြန္ေတာ္တို႕ က်ံဳေပ်ာ္ၿမိဳ႕ေအာင္ဆန္းရပ္ကြက္က သက္ေသၿပခဲ့ပါေရာလားဗ်ာ…
ကၽြန္ေတာ္ ငယ္ငယ္ သံုးတန္း ေလးတန္းအရြယ္က ကၽြန္ေတာ္တို႕ၿမိဳ႕မွာ ရပ္ကြက္အလိုက္ ေဘာ္လိီေဘာပုတ္ၿပိဳင္ပြဲက်င္းပေလ့ရွိတယ္….
အဲ့ဒီၿပိဳင္ပြဲကိုု ကၽြန္ေတ္ာတို႕ၿမိဳ႕အေၿခစိုက္ ေၿခၿမန္တပ္ရင္း ခ.လ.ရ (၃၆) က တစ္သင္းအေနနဲ႕ ၀င္ၿပိဳင္တယ္…
အဲ့ဒီမွာ ေအာင္ဆန္းရပ္ကြက္ အသင္းနဲ႕ ခ.လ.ရ (၃၆) အသင္း ေနာက္ဆံုးဗိုလ္လုပြဲမွာ ေတြ႕ပါေလေရာဗ်ိဳး…
သိတဲ့အတိုင္း....ခ.လ.ရ (၃၆) ဆိုတဲ့အသင္းက တစ္ကယ့္ကို စနစ္တက်နဲ႕ အခ်ိန္ေပးၿပီး ေလ့က်င့္ထားတဲ့အသင္း..အရပ္အေမာင္း အလံုးအထည္ သက္လံု အစစအရာ အသာစီးဆုိေတာ့ အားလံုးက ဒီအသင္းပဲ ဖလားရမယ္ဆိုၿပီး ထင္ထားၾကတာကလား…
ဒီ့ဖက္က ေအာင္ဆန္းရပ္ကြက္အသင္းကိုၾကည့္လိုက္ေတာ့ လူပံုေတြက တစ္ေယာက္တစ္ေပါက္နဲ႕ အထင္ၾကီးစရာတစ္ကြက္မွကိုမရွိတာ…
ၾကည့္ေလ….
လမ္းေလွ်ာက္ရင္ လိမ္က်စ္လိမ္က်စ္နဲ႕ေလွ်ာက္တတ္တဲ့ ေနာ္တင္၀င္း…
အသားၿဖဴၿဖဴ အားနာတတ္သလိုလိုပံုစံနဲ႕ စမိုးၿမင့္လြင္…
အရပ္ပုပ်တ္ပ်တ္ နဲ႕ ဥာဏ္မင္း….
အရပ္ကလန္ကလား နဲ႕ အရွည္ၾကီး
ေက်ာၿပင္က်ယ္က်ယ္ ပခံုးေလးတစ္ဖက္ ေစာင္းေစာင္း ေစာငး္ေစာင္း နဲ႕ မန္းအေစာ…
စား၀တ္ေနေရးအတြက္ ရုန္းကန္ေနၾကရေတာ့ အလုပ္သိမ္း ညေန အခ်ိန္ေလး အလုအယက္လူစုၿပီး ရသေလာက္ေလ့က်င့္ထားရတဲ့အသင္း နဲ႕ တစ္ဖက္အသင္း အကြာၾကီး ကြာေနေတာ့တာေပါ့….
…………………………………
မထင္ပါနဲ႕ကို႕လူ …..
သူတို႕ထင္ထားတာက အလြယ္ကေလး ႏိုင္မယ္ထင္ထားတာ…
ဘတ္စ္ေအာ့ပ္သရီး မွာ သူတို႕က ဒီရပ္ကြက္အသင္းေလးကို ႏွစ္ပြဲၿပတ္နဲ႕အနိုင္ယူၿပီး ဖလားရမယ္မွတ္ထားတာ…
ပထပြဲ သူတို႕ရွံး….ဒုတိယပြဲ ရပ္ကြက္အသင္းက ပြိဳင့္ေရာက္ေနၿပီ…ဒီတစ္ပြဲဆက္ရွံုးရင္ ပြဲၿပီးၿပီးကို ကံေကာင္းလို႕ဂ်ဴ းစ္တက္ၿပီး တတိယပြဲဆက္ကစားခြင့္ရသြားတာ….
ေနာက္ဆံုးပြဲကေတာ့ ၾကည့္လို႕ေကာင္းသလားမေမးနဲ႕ဗ်ိဳး…
သစ္စက္ကေန အလုပ္လုပ္ရင္း ကမန္းကတမ္း ထလာတဲ့ မန္းအေစာက ေနာက္စည္းကေန စာဗင္ကို လက္၀ါးေစာင္းေလးနဲ႕ရိုက္ရိုက္ထိုးတာမ်ားဗ်ာ…ဟိုဖက္ကလူေတြ ဖမ္းတာ ေဘာလံုးေတြ စင္စင္ထြက္ကုန္ေရာပဲ…
ေနာ္တင္၀င္းကလည္း လက္ဖ်ားေလးနဲ႕ ပစ္တင္ေပး အဲ့ဒါကို စမိုးၿမင့္လြင္က ဟိုက္ေရာင္ဆို အေရာင္ၿပခုန္တဲ့အခ်ိန္ အရွည္ၾကီးကေနာက္ကေန ပိုက္ကပ္ေလးရိုက္ခ်လိုက္တာဗ်ာ …ေကာင္းမွေကာင္းပဲ….
ဟို႕ဖက္ကရိုက္လိုက္တဲ့ ေဘာေတြဆိုလည္း ဥာဏ္မင္းက လွမး္လွမ္းဆယ္တာမ်ားဗ်ာ... ေအာခ်ေလာက္တယ္…
အဲ့ဒီလိုနဲ႕ ကၽြန္ေတာ္တို႕ရပ္ကြက္အသင္းက ခ.လ.ရ (၃၆) ကို ႏိုင္ခဲ့တာေပါ့ဗ်ာ…
ေနာက္ပိုင္းၿပန္ၾကားတာက မင္းတို႕ေကာင္ေတြ ဒီေလာက္ ေသေသခ်ာခ်ာ စည္းစနစ္တက် ေလ့က်င့္ထားရက္နဲ႕ ဟိုဖက္က ဆိုက္ကားနင္း သစ္ခြဲ လူးလဲထၿပီး လာေဆာ့တဲ့ လူေတြကိုမႏိုင္ရ ေကာင္းလားဆိုၿပီး ဒဏ္ေပးခံရတယ္ဆိုလားပဲ…..
…………………………….
သိသင့္ပါၿပီေလ….
မသိခ်င္ေယာင္ေဆာင္လို႕ အသိခက္ေနတာ….
ၿပည္သူေတြက ေတာ့ ေၿပာကုန္ၾကၿပီ….
သမတၱလား
ဘယ္ႏွစ္ေယာက္လိုခ်င္လဲတဲ့…ရွာရခက္မွာေပါ့တဲ့….သူတို႕ေတြက သူတို႕လူနဲနဲေလးထဲကေန မရမကၿခစ္ကုတ္ၿပီး ကို႕အဖြဲ႕ထဲကေနပဲ ၿပဴ းၿပဲရွာေနတာကိုးတဲ့…
အခုထိနားမလည္ၾကေသးဘူးတဲ့…..သင္ခ်ာလည္း ညံ့ၾကတယ္တဲ့….၂၅ နဲ႕ ၇၅ ဘယ္ဟာမ်ားမွန္းလည္း အခုထိ မသိၾကေသးဘူးတဲ့….
သန္းေၿခာက္ဆယ္ထဲက တတ္သိပညာရွင္ ထူးခၽြန္သူေတြရွာတာနဲ႕ သူတို႕အဖြဲထဲကခ်ည္းတတ္တယ္ ထင္သူေတြခ်ည္းတင္ေနတာ မတူဘူးဆိုတာ “ဦးထင္ေက်ာ္” ကိုသာ ၾကည့္ပါတဲ့……
ၿပီးေတာ့လည္းဆက္ေၿပာေသးတယ္….
"မရွက္ၾကေသးဘူးလား မသိဘူးတဲ့…………"
ဇာနည္ေမာင္ေမာင္ေက်ာ္
ဓါတ္ပံု။ ။ကမာရြတ္မီဒီယာ.....
........................

ကွယ်လွန်သွားပြီဖြစ်တဲ့ NLD မှ အန်ကယ်ဦးကြည်မောင် ပြောဖူးတဲ့ စကားတစ်ခွန်းသွားသတိရမိ
သည်…
“ငါ့ညီ…ဒီဟာက လက်ရုံးရည် မဟုတ်ဘူးကွ….နှလုံးရည် နှလုံးရည်….”
ဟုတ်လည်းဟုတ်သည်…ဒီလူတွေ နှလုံးရည် ဘယ်လောက်ညံ့သလဲဆို ၂၅ % နဲ့ ရ၅ % ဘယ်ဟာက များပြီး အချိန်စီးလဲ အခုထက်ထိ နားမလည်သေးတာကိုသာကြည့်ပေတော့….
“ငါ့ညီ လက်ရုံးရည်မဟုတ်ဘူးကွ….နှလုံးရည် နှလုံးရည်…”
သူတို့တွေက သူတို့ကိုသူတို့ ဘာမဆိုသိ ဘာမဆိုတတ် နေရာတကာမှာ သူတို့ပါလိုက်ရမှကျေနပ်တာကလား…
ပါတော့လည်း အကောင်းပါတာမို့ဘူး “ဘို” လုပ်လိုက်ရမှကျေနပ််တဲ့ လူစားတွေ….
ငယ်ငယ်ကနေ ဆယ်တန်းအထိ အတူတွဲပြီး လည်ပင်းဖက်ပေါင်းခဲ့တဲ့သူငယ်ချင်းတောင် ဘို သင်တန်းလေးတက် ပထမနှစ်သင်တန်း ဆင်းပြီးပြန်လာပါတယ် …
လေသံက ချက်ခြင်းကိုပြောင်းတာ….
အရင်ဆယ်တန်းအောင်စာရင်းမထွက်ခင် မြို့ကိုပတ်ပြီး စက်ဘီး နင်းနေကျ…
သူငယ်ချင်းတွေ စက်ဘီးလေးနင်းလိုက် သီချင်းလေးညည်းလိုက် ဒီလိုပဲသွားနေလာနေကျကို ….
အဲ့ ဘို ဗိုင်းရပ်စ်လည်းကိုက်ရော ဘာဖြစ်လဲသိလား… အရင်ကလိုမျိုး သူငယ်ချင်းတွေနဲ့ပြန်ဆုံတော့ ပျော်တော့ ဘိုပေါက်လေးလည်း စက်ဘီးနင်းရင်း သီချင်းဆိုမိတာပေါ့… ပြီးတော့မှ ချက်ခြင်းချည်းဆိုတာကိုရပ်ပြီး
ကိုယ်တော်ချောက ဘာပြောတယ်မှတ်တုန်း…
“ငါတို့တွေက အရာရှိဖြစ်မဲ့ကောင်တွေ ဒီလိုဆိုလို့မဖြစ်ဘူးဆိုပဲ….”
……………………………………………
သူတို့တစ်တွေက သူတိုု့ကို သူတို့ စည်းကမ်းကျတယ် သေဝပ်တယ် ယောကျာ်းကောင်းတွေ အဲ့ဒီလိုထင်တာကလား…
အရပ်သားတွေဆို သူတို့လောက် မတော် သူတို့လောက်မတတ် ဗရမ်းဗတာတွေ ဒီလိုပဲမှတ်ယူထားကြတာ…
သူတို့တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး အလုပ်မှာ သူတို့ထူးချွန်တယ်ထက်မြက်တယ်ဆိုတာ ကိုလက်ခံပါတယ်…မငြင်းပါဘူး…
ဒါပေမဲ့ဗျာ…သူတို့မကျွမ်းကျင်တဲ့ အုပ်ချုပ်ရေးထဲကို သေနတ်ကြီးတကားကားနဲ့ ၀င်ပါတော့ တိုင်းပြည်လဲပျက်ကရော…
ချောက်ထဲကျမယ်ချညး်လှိမ့်လှိမ့်အော်ပြီး ချောက်ကမ်းပါးအစွန်းကလွတ်အောင်ကျတော့ဆွဲမခေါ်ဘူး…
ချောက်ကိုချညး် လက်ညှိုး တထိုးထိုးနဲ့....
"တွေ့လား... တွေ့လား... ခြောက်ကြီး... ခြောက်ကြီး..."
ဆိုပြီး တော့…
လူတစ်ယောက်ဟာ နေရာစုံတော်တယ်ဆိုတာက ရှားသားလားဗျာ…
ကျန်မာရေးဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ….
ပညာရေးဝန်ကြီးဌာန ဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ…..
သတ္ထုတွင်းဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ….
ယဉ်ကျေးမှုဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမျ စိတ်ချ….
အားကစားဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ...
ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ...
ဘဏ္ဍာရေးဝန်ကြီးဌာနဆိုလည်း သူတို့လူတွေ ဦးစီးလိုက်ရမှ စိတ်ချ….
သူ့ကဏ္ဍ အလိုက် သီးသန့်တော်တဲ့ ချွန်တဲ့ ထက်တဲ့ ပါရမီရှင်တွေ ရှိတယ်ဆိုတာ
ဒီလူတွေ လက်မခံနိုင်ဘူးဗျ…
စစ်တက္ကသိုလ်လေးဆင်းတာနဲ့ အဌာရသ လိုင်းစုံ တတ်မြောက်ကျွမ်းကျင်ပြီး အရပ်သူ အရပ်သားတွေကို သူတို့ထက် တစ်ဆင့်နိမ့်သူတွေလို့ ထင်တဲ့အထိ စိတ်ကြီးဝင်ပြီး နေရတကာ “ဘို” လုပ်ချင်နေတာ အရပ်သားတွေ ညံ့လို့တော့ မဟုတ်တန်ရာဘူး…..
…………………………………………..
အရပ်သားတွေဆိုတာ လူညံ့တွေ မဟုတ်ဘူးဗျ….
အရပ်သားတွေ မညံ့တဲ့အကြောင်း ခေသူတွေမဟုတ်တဲ့အကြောင်း ကို ကျွန်တော်တို့ ကျုံပျော်မြို့အောင်ဆန်းရပ်ကွက်က သက်သေပြခဲ့ပါရောလားဗျာ…
ကျွန်တော် ငယ်ငယ် သုံးတန်း လေးတန်းအရွယ်က ကျွန်တော်တို့မြို့မှာ ရပ်ကွက်အလိုက် ဘော်လိီဘောပုတ်ပြိုင်ပွဲကျင်းပလေ့ရှိတယ်….
အဲ့ဒီပြိုင်ပွဲကိုု ကျွန်တေ်ာတို့မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခ.လ.ရ (၃၆) က တစ်သင်းအနေနဲ့ ၀င်ပြိုင်တယ်…
အဲ့ဒီမှာ အောင်ဆန်းရပ်ကွက် အသင်းနဲ့ ခ.လ.ရ (၃၆) အသင်း နောက်ဆုံးဗိုလ်လုပွဲမှာ တွေ့ပါလေရောဗျိုး…
သိတဲ့အတိုင်း....ခ.လ.ရ (၃၆) ဆိုတဲ့အသင်းက တစ်ကယ့်ကို စနစ်တကျနဲ့ အချိန်ပေးပြီး လေ့ကျင့်ထားတဲ့အသင်း..အရပ်အမောင်း အလုံးအထည် သက်လုံ အစစအရာ အသာစီးဆိုတော့ အားလုံးက ဒီအသင်းပဲ ဖလားရမယ်ဆိုပြီး ထင်ထားကြတာကလား…
ဒီ့ဖက်က အောင်ဆန်းရပ်ကွက်အသင်းကိုကြည့်လိုက်တော့ လူပုံတွေက တစ်ယောက်တစ်ပေါက်နဲ့ အထင်ကြီးစရာတစ်ကွက်မှကိုမရှိတာ…
ကြည့်လေ….
လမ်းလျှောက်ရင် လိမ်ကျစ်လိမ်ကျစ်နဲ့လျှောက်တတ်တဲ့ နော်တင်ဝင်း…
အသားဖြူဖြူ အားနာတတ်သလိုလိုပုံစံနဲ့ စမိုးမြင့်လွင်…
အရပ်ပုပျတ်ပျတ် နဲ့ ဉာဏ်မင်း….
အရပ်ကလန်ကလား နဲ့ အရှည်ကြီး
ကျောပြင်ကျယ်ကျယ် ပခုံးလေးတစ်ဖက် စောင်းစောင်း စောငး်စောင်း နဲ့ မန်းအစော…
စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့ အလုပ်သိမ်း ညနေ အချိန်လေး အလုအယက်လူစုပြီး ရသလောက်လေ့ကျင့်ထားရတဲ့အသင်း နဲ့ တစ်ဖက်အသင်း အကွာကြီး ကွာနေတော့တာပေါ့….
…………………………………
မထင်ပါနဲ့ကို့လူ …..
သူတို့ထင်ထားတာက အလွယ်ကလေး နိုင်မယ်ထင်ထားတာ…
ဘတ်စ်အော့ပ်သရီး မှာ သူတို့က ဒီရပ်ကွက်အသင်းလေးကို နှစ်ပွဲပြတ်နဲ့အနိုင်ယူပြီး ဖလားရမယ်မှတ်ထားတာ…
ပထပွဲ သူတို့ရှံး….ဒုတိယပွဲ ရပ်ကွက်အသင်းက ပွိုင့်ရောက်နေပြီ…ဒီတစ်ပွဲဆက်ရှံုးရင် ပွဲပြီးပြီးကို ကံကောင်းလို့ဂျူ းစ်တက်ပြီး တတိယပွဲဆက်ကစားခွင့်ရသွားတာ….
နောက်ဆုံးပွဲကတော့ ကြည့်လို့ကောင်းသလားမမေးနဲ့ဗျိုး…
သစ်စက်ကနေ အလုပ်လုပ်ရင်း ကမန်းကတမ်း ထလာတဲ့ မန်းအစောက နောက်စည်းကနေ စာဗင်ကို လက်ဝါးစောင်းလေးနဲ့ရိုက်ရိုက်ထိုးတာများဗျာ…ဟိုဖက်ကလူတွေ ဖမ်းတာ ဘောလုံးတွေ စင်စင်ထွက်ကုန်ရောပဲ…
နော်တင်ဝင်းကလည်း လက်ဖျားလေးနဲ့ ပစ်တင်ပေး အဲ့ဒါကို စမိုးမြင့်လွင်က ဟိုက်ရောင်ဆို အရောင်ပြခုန်တဲ့အချိန် အရှည်ကြီးကနောက်ကနေ ပိုက်ကပ်လေးရိုက်ချလိုက်တာဗျာ …ကောင်းမှကောင်းပဲ….
ဟို့ဖက်ကရိုက်လိုက်တဲ့ ဘောတွေဆိုလည်း ဉာဏ်မင်းက လှမး်လှမ်းဆယ်တာများဗျာ... အောချလောက်တယ်…
အဲ့ဒီလိုနဲ့ ကျွန်တော်တို့ရပ်ကွက်အသင်းက ခ.လ.ရ (၃၆) ကို နိုင်ခဲ့တာပေါ့ဗျာ…
နောက်ပိုင်းပြန်ကြားတာက မင်းတို့ကောင်တွေ ဒီလောက် သေသေချာချာ စည်းစနစ်တကျ လေ့ကျင့်ထားရက်နဲ့ ဟိုဖက်က ဆိုက်ကားနင်း သစ်ခွဲ လူးလဲထပြီး လာဆော့တဲ့ လူတွေကိုမနိုင်ရ ကောင်းလားဆိုပြီး ဒဏ်ပေးခံရတယ်ဆိုလားပဲ…..
…………………………….
သိသင့်ပါပြီလေ….
မသိချင်ယောင်ဆောင်လို့ အသိခက်နေတာ….
ပြည်သူတွေက တော့ ပြောကုန်ကြပြီ….
သမတ္တလား
ဘယ်နှစ်ယောက်လိုချင်လဲတဲ့…ရှာရခက်မှာပေါ့တဲ့….သူတို့တွေက သူတို့လူနဲနဲလေးထဲကနေ မရမကခြစ်ကုတ်ပြီး ကို့အဖွဲ့ထဲကနေပဲ ပြူ းပြဲရှာနေတာကိုးတဲ့…
အခုထိနားမလည်ကြသေးဘူးတဲ့…..သင်ချာလည်း ညံ့ကြတယ်တဲ့….၂၅ နဲ့ ရ၅ ဘယ်ဟာများမှန်းလည်း အခုထိ မသိကြသေးဘူးတဲ့….
သန်းခြောက်ဆယ်ထဲက တတ်သိပညာရှင် ထူးချွန်သူတွေရှာတာနဲ့ သူတို့အဖွဲထဲကချည်းတတ်တယ် ထင်သူတွေချည်းတင်နေတာ မတူဘူးဆိုတာ “ဦးထင်ကျော်” ကိုသာ ကြည့်ပါတဲ့……
ပြီးတော့လည်းဆက်ပြောသေးတယ်….
"မရှက်ကြသေးဘူးလား မသိဘူးတဲ့…………"
ဇာနည်မောင်မောင်ကျော်
ဓါတ်ပုံ။ ။ကမာရွတ်မီဒီယာ.....

*******အရပ္ထဲမွထူးခၽြန္သူ......********* ကြယ္လြန္သြားၿပီၿဖစ္တဲ့ NLD မွ အန္ကယ္ဦးၾကည္ေမာင္ ေၿပာဖူးတဲ့ စကားတစ္ခြန္းသြားသ...
Posted by The Melting Pot 4 U on Friday, 11 March 2016

No comments:

Post a Comment