အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ျပည္ပႏိုင္ငံသားခံယူထားသည့္ ျမန္မာႏိုင္ငံ
သားမ်ား ႏိုင္ငံသားအျဖစ္ ျပန္လည္ ေလွ်ာက္ထားသူ ၁၉၄ ဦးတြင္
ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေဆြ၏ သမက္ေတာ္စပ္သူ
အပါအဝင္ ၁၉ ဦးကိုျမန္မာႏိုင္ငံသားအျဖစ္ လက္ခံလိုက္ေၾကာင္း
လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသား မွတ္ပုံတင္ေရး ဦးစီးဌာနမွ
တာဝန္ရွိသူတဦးက ေျပာၾကားသည္။
ျပန္လည္ ေလွ်ာက္ထားသူ ၁၅၄ ဦးအနက္ ခြင့္ျပဳခဲ့သူမွာ အေယာက္
၉၀ ဝန္းက်င္ခန္႔ ရွိေသာ္လည္း အခ်ဳိ႕ျပန္လည္ ေလွ်ာက္ထားသူမ်ားမွာ
တရားဝင္ ေနထိုင္ရန္ လုပ္ထုံးလုပ္နည္း အခ်ဳိ႕ကို လာေရာက္
လုပ္ေဆာင္ျခင္း မရွိသည့္အတြက္ ၁၉ ဦးသာ ႏိုင္ငံသားအျဖစ္
ျပန္လည္ ခြင့္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။
ႏိုင္ငံသားခံယူခြင့္ ရရွိသူမ်ားမွာ သက္ဆိုင္ရာႏိုင္ငံတြင္ ႏိုင္ငံသား
ခံယူထားမႈ စြန္႔လႊတ္ရသည့္ အေထာက္အထားကို တင္ျပရမည္ျဖစ္ကာ
ႏိုင္ငံေတာ္သစၥာ ခံယူကာ ႏိုင္ငံေတာ္ဥပေဒကို လိုက္နာရမည္ ျဖစ္ေၾကာင္း
က်မ္းက်ိန္လႊာကို ပူးတြဲတင္ျပမွ ႏိုင္ငံသားအျဖစ္ ျပန္လည္ အသိ
အမွတ္ျပဳမည္ ျဖစ္ေၾကာင္း ၎က ထပ္ေလာင္းရွင္းျပသည္။
“ကာယကံရွင္ ကိုယ္တိုင္က လာမလုပ္ဘူး။ ျပည္ပမွာ ရွိတဲ့သူက
ခုနစ္ေယာက္၊ ရွစ္ေယာက္ေလာက္ပဲ ရွိတယ္။ ေတာ္ေတာ္မ်ားမ်ားက
ျပည္တြင္းမွာရွိတယ္။ သြားအေၾကာင္းၾကားရင္ ေနရပ္လိပ္စာလြဲတာ၊
ခရီးလြန္ေနတာမ်ဳိးေတြ ရွိေနတယ္။ ရွင္းျပဖို႔အတြက္ ေဆြးေႏြးပြဲေတြ
ေခၚေပမယ့္ လာမတက္ၾကဘူး” ဟု အဆိုပါ တာဝန္ရွိသူတစ္ဦးက
ဆက္လက္ဆိုသည္။
ျပန္လည္ ေလွ်ာက္ထားသူမ်ားကို ျပည္ထဲေရး ဝန္ႀကီးဌာနက
ျပစ္မႈဆိုင္ရာ အခ်က္မ်ားႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား
ဦးစီးဌာနက ယခင္ႏိုင္ငံတြင္ ေနထိုင္ခဲ့သည့္ အဆင့္အတန္းႏွင့္ စိစစ္ကာ
ပူးတြဲ၍ သမၼတ႐ုံးကို တင္ျပရေၾကာင္း ယင္းဌာနထံမွ သိရွိရသည္။
Credit : The Voice Weekly
...................
ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏သမက် အပါအဝင် ၁၉ ဦးကို
မြန်မာနိုင်ငံသားအဖြစ် လက်ခံ
-------------------------------------
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံ
သားများ နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားသူ ၁၉၄ ဦးတွင်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်တော်စပ်သူ
အပါအဝင် ၁၉ ဦးကိုမြန်မာနိုင်ငံသားအဖြစ် လက်ခံလိုက်ကြောင်း
လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ
တာဝန်ရှိသူတဦးက ပြောကြားသည်။
ပြန်လည် လျှောက်ထားသူ ၁၅၄ ဦးအနက် ခွင့်ပြုခဲ့သူမှာ အယောက်
၉၀ ဝန်းကျင်ခန့် ရှိသော်လည်း အချို့ပြန်လည် လျှောက်ထားသူများမှာ
တရားဝင် နေထိုင်ရန် လုပ်ထုံးလုပ်နည်း အချို့ကို လာရောက်
လုပ်ဆောင်ခြင်း မရှိသည့်အတွက် ၁၉ ဦးသာ နိုင်ငံသားအဖြစ်
ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံသားခံယူခွင့် ရရှိသူများမှာ သက်ဆိုင်ရာနိုင်ငံတွင် နိုင်ငံသား
ခံယူထားမှု စွန့်လွှတ်ရသည့် အထောက်အထားကို တင်ပြရမည်ဖြစ်ကာ
နိုင်ငံတော်သစ္စာ ခံယူကာ နိုင်ငံတော်ဥပဒေကို လိုက်နာရမည် ဖြစ်ကြောင်း
ကျမ်းကျိန်လွှာကို ပူးတွဲတင်ပြမှ နိုင်ငံသားအဖြစ် ပြန်လည် အသိ
အမှတ်ပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။
“ကာယကံရှင် ကိုယ်တိုင်က လာမလုပ်ဘူး။ ပြည်ပမှာ ရှိတဲ့သူက
ခုနစ်ယောက်၊ ရှစ်ယောက်လောက်ပဲ ရှိတယ်။ တော်တော်များများက
ပြည်တွင်းမှာရှိတယ်။ သွားအကြောင်းကြားရင် နေရပ်လိပ်စာလွဲတာ၊
ခရီးလွန်နေတာမျိုးတွေ ရှိနေတယ်။ ရှင်းပြဖို့အတွက် ဆွေးနွေးပွဲတွေ
ခေါ်ပေမယ့် လာမတက်ကြဘူး” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက
ဆက်လက်ဆိုသည်။
ပြန်လည် လျှောက်ထားသူများကို ပြည်ထဲရေး ဝန်ကြီးဌာနက
ပြစ်မှုဆိုင်ရာ အချက်များနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာနက ယခင်နိုင်ငံတွင် နေထိုင်ခဲ့သည့် အဆင့်အတန်းနှင့် စိစစ်ကာ
ပူးတွဲ၍ သမ္မတရုံးကို တင်ပြရကြောင်း ယင်းဌာနထံမှ သိရှိရသည်။
Credit : The Voice Weekly
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, March 13, 2016
ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေဆြ၏သမက္ အပါအဝင္ ၁၉ ဦးကို ျမန္မာႏိုင္ငံသားအျဖစ္ လက္ခံ
ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေဆြ၏သမက္ အပါအဝင္ ၁၉ ဦးကို ျမန္မာႏိုင္ငံသားအျဖစ္ လက္ခံ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 13, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 13, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment