Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 19, 2016

လူ႔အခြင့္အေရး ဦးစားေပးဖို႔ အစိုးရသစ္ကို Yanghee Lee တိုက္တြန္း

ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Yanghee Lee။
ျမန္မာႏိုင္ငံဟာ မၾကာေသးခင္ႏွစ္ေတြနဲ႔ ယွဥ္ရင္ အေတာ္ကိုေျပာင္းလဲ လာတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္လာေနေပမဲ့ နက္နက္ရွဳိင္းရွိဳင္း ျဖစ္ပြားေနတဲ့ လူ႔အခြင့္အေရးဆိုင္ရာျပႆနာေတြကိုေတာ့ အေရးတႀကီးပဲ ေျဖရွင္းဖို႔ လိုေနေသးတယ္လို႔ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Yanghee Lee ကသတိေပးပါတယ္။

၂၀၁၅ ႏို၀င္ဘာလ ေရြးေကာက္ပဲြဟာ ျမန္မာႏိုင္ငံအတြက္ အေျပာင္းအလဲကာလလို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းတဲ့ ဒုတိယ အစီရင္ခံစာ မွာ ေဖၚျပထားပါတယ္။ ဒါအျပင္ ျမန္မာႏိုင္ငံတြင္း ျဖစ္ပြားေနတဲ့ လူ႔အခြင့္အေရးျပႆနာေတြနဲ႔ ပါတ္သက္ၿပီး ျပည္သူေတြရဲ႕ တင္ျပခ်က္ေတြကို အစိုးရသစ္အဖဲြ႕က ခိုင္ခိုင္မာမာလုပ္ေဆာင္ဖို႔လည္း မစၥ Yanghee Lee က တိုက္တြန္းထားပါတယ္။

ဒါေပမဲ့လည္း လႊတ္ေတာ္ထဲမွာ အမတ္ေနရာ (၂၅%)ကို စစ္တပ္က ရယူထားတာမို႔ ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးဟာ မလြယ္လွသလို လက္ရွိဖဲြ႕စည္းပံု အေနအထားအရ အစိုးရသစ္အေနနဲ႔ ကိုင္တြယ္လုပ္ေဆာင္ရာမွာ ခက္ခဲမႈေတာ့ရွိႏိုင္တယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ လူ႔အခြင့္အေရးအေျခအေနတိုးတက္ေစဖို႔အတြက္ လိုအပ္တဲ့ အဓိကဌာနႀကီးေတြျဖစ္တဲ့ ျပည္ထဲေရး၊ နယ္စပ္ေရးရာနဲ႔ ကာကြယ္ေရး၀န္ႀကီးဌာနႀကီး (၃)ခုအတြက္ တာ၀န္ယူမယ့္၀န္ႀကီးေတြကို စစ္ဦးစီးခ်ဳပ္က ခန္႔အပ္ရမွာ ျဖစ္ေနတယ္လို႔ေျပာပါတယ္။

လက္ရွိသမၼတ ဦးသိန္းစိန္အေနနဲ႔လည္း သူ႔တာ၀န္ေတြ လဲႊေျပာင္း မေပးခင္မွာ ျမန္မာႏိုင္ငံအက်ဥ္းေထာင္ေတြထဲက ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို လႊတ္ေပးဖို႔ ဒီအထဲမွာ ေက်ာင္းသားေတြ၊ ေျမယာသိမ္းဆည္းမႈအတြက္ တက္ၾကြလႈပ္ရွားသူေတြနဲ႔ လူ႔အခြင့္အေရး ေရွ႕ေနေတြ၊ လႈပ္ရွားသူေတြပါ၀င္ၿပီး သူတို႔အေပၚ စဲြခ်က္တင္ထားတာေတြ အားလံုးကို ဖယ္ရွားေပးဖို႔ပါ တာင္းဆိုခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee။
မြန်မာနိုင်ငံဟာ မကြာသေးခင်နှစ်တွေနဲ့ ယှဉ်ရင် အတော်ကိုပြောင်းလဲ လာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေပေမဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကိုတော့ အရေးတကြီးပဲ ဖြေရှင်းဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ကသတိပေးပါတယ်။

၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကာလလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ ဒုတိယ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးပြဿနာတွေနဲ့ ပါတ်သက်ပြီး ပြည်သူတွေရဲ့ တင်ပြချက်တွေကို အစိုးရသစ်အဖွဲ့က ခိုင်ခိုင်မာမာလုပ်ဆောင်ဖို့လည်း မစ္စ Yanghee Lee က တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း လွှတ်တော်ထဲမှာ အမတ်နေရာ (၂၅%)ကို စစ်တပ်က ရယူထားတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ မလွယ်လှသလို လက်ရှိဖွဲ့စည်းပုံ အနေအထားအရ အစိုးရသစ်အနေနဲ့ ကိုင်တွယ်လုပ်ဆောင်ရာမှာ ခက်ခဲမှုတော့ရှိနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးအခြေအနေတိုးတက်စေဖို့အတွက် လိုအပ်တဲ့ အဓိကဌာနကြီးတွေဖြစ်တဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြီး (၃)ခုအတွက် တာဝန်ယူမယ့်ဝန်ကြီးတွေကို စစ်ဦးစီးချုပ်က ခန့်အပ်ရမှာ ဖြစ်နေတယ်လို့ပြောပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်အနေနဲ့လည်း သူ့တာဝန်တွေ လွှဲပြောင်း မပေးခင်မှာ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဒီအထဲမှာ ကျောင်းသားတွေ၊ မြေယာသိမ်းဆည်းမှုအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေ၊ လှုပ်ရှားသူတွေပါ၀င်ပြီး သူတို့အပေါ် စွဲချက်တင်ထားတာတွေ အားလုံးကို ဖယ်ရှားပေးဖို့ပါ တာင်းဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment