Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္သည္ ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံထားရိွမႈ အမ်ားဆံုးႏွစ္ျဖစ္

ရန္ကုန္ၿမိဳ႕တြင္း သြားလာေနေသာ ကားမ်ားကို ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္၊ မတ္ ၁၄ ရက္ (ဆင္ဟြာ)

    သံုးႏွစ္တာ ကာလအတြင္း ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္သည္ ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံထားရိွမႈ အမ်ားဆံုး ျဖစ္ခဲ့ၿပီး အာမခံ ေလ်ာ္ေၾကးေငြ အမ်ားဆံုး ေပးအပ္ခဲ့ ရသည့္ ႏွစ္တစ္ႏွစ္ ျဖစ္ေၾကာင္း ျမန္မာ့အာမခံ လုပ္ငန္းမွ တာဝန္ရိွသူ တစ္ဦးကေျပာသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံ ထားရိွေသာ ယာဥ္မ်ားတြင္ ကားအေဟာင္းမ်ားထက္ ကားအသစ္ မ်ားႏွင့္ အငွားယာဥ္မ်ား အာမခံထားရိွမႈ အမ်ားဆံုး ျဖစ္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕ အတြင္း ေမာ္ေတာ္ယာဥ္ အစီးေရ တိုးပြား လာသည္ႏွင့္အမွ် ယာဥ္မေတာ္တဆမႈ မ်ားသည္လည္း အမ်ားဆံုး ျဖစ္ပြားလ်က္ ရိွေသာေၾကာင့္ အာမခံ ထားရိွမႈသည္လည္း မ်ားျပား လာရျခင္း ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံ ထားရွိသည့္ ယာဥ္မ်ားအနက္ ထိခိုက္ပ်က္စီး ခဲ့သည့္ ယာဥ္ ၄၂၉ စီးအတြက္ ေလ်ာ္ေၾကးေငြ စုစုေပါင္း ေငြက်ပ္ ၅ဝ၁.၆၇ သန္း ျပန္လည္ ေပးေလ်ာ္ခဲ့ ရေၾကာင္း၊ ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံ ထားရိွမႈ မ်ားလာေစရန္ ယာဥ္ပိုင္ရွင္ မ်ားကို တိုက္တြန္း ႏိႈးေဆာ္ေနၿပီး အာမခံလုပ္ငန္း တိုးတက္ လာေရးအတြက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

ယင္း ေမာ္ေတာ္ယာဥ္ အလံုးစံု အာမခံ စတင္ေဆာင္ရြက္သည့္ ႏွစ္ကစၿပီး ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ အတြင္း အလံုးစံု ေမာ္ေတာ္ယာဥ္ အာမခံေၾကးေငြ ေပးအပ္မႈမ်ား ခဲ့ေၾကာင္း၊ ျမန္မာ့အာမခံ လုပ္ငန္းသည္ ျပည္တြင္း အာမခံ ထားရိွမႈ တိုးတက္ေရး အတြက္ ၂ဝ၁၃ ခုႏွစ္ကစတင္၍ ပုဂၢလိက အသြင္ ကူးေျပာင္းေရး လုပ္ေဆာင္ခဲ့ရာ ယခုေနာက္ပိုင္း ႏွစ္မ်ားတြင္ တိုးတက္မႈ ရိွလာခဲ့ေၾကာင္း၊ အမ်ားျပည္သူ အေနျဖင့္ ယခင္က အာမခံ ထားရိွႏိုင္ရန္ သိရိွမႈ နည္းပါးသည့္ အတြက္ ထိေရာက္ေသာ တိုးတက္မႈ မရိွခဲ့ေၾကာင္း၊ ထို႔အတြက္ ႏိုင္ငံတကာ နည္းတူ အာမခံ လုပ္ငန္းမ်ား တိုးတက္ေစရန္ ေဆာင္ရြက္ေနၿပီး လက္ရိွတြင္ ထားရိွႏိုင္ေသာ အာမခံ အမ်ဳိးအစား မ်ားကိုလည္း တိုးျမႇင့္ထားရိွခြင့္ ေပးခဲ့ေၾကာင္း သိရသည္။

အလံုးစံု ေမာ္ေတာ္ယာဥ္ အာမခံ ထားရိွသည့္ ေမာ္ေတာ္ယာဥ္မ်ား အေနျဖင့္ သဘာဝ ေဘးအႏၲရာယ္ ေၾကာင့္ေသာ္ လည္းေကာင္း၊ ယာဥ္မေတာ္တဆ ထိခိုက္မႈေၾကာင့္ ေသာ္လည္းေကာင္း အေထာက္အထား ခိုင္လံုမႈ ရိွသည္ႏွင့္ ေလ်ာ္ေၾကးေငြ ေပးအပ္လ်က္ ရိွေၾကာင္း၊ ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ အတြင္း ယခု မတ္လ ဒုတိယပတ္ အထိ အလံုးစံု ေမာ္ေတာ္ယာဥ္ အာမခံ ထားရွိေသာ ေမာ္ေတာ္ယာဥ္ စုစုေပါင္း ငါးေထာင္ေက်ာ္ ရိွသည့္အနက္ အာမခံ ေလ်ာ္ေၾကးေငြ ရရိွေသာ ယာဥ္အစီးေရ ေလးရာေက်ာ္ ရိွေၾကာင္း ျမဝတီ သတင္းတြင္ ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
.................
 ရန်ကုန်မြို့တွင်း သွားလာနေသော ကားများကို တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    သုံးနှစ်တာ ကာလအတွင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သည် မော်တော်ယာဉ် အလုံးစုံ အာမခံထားရှိမှု အများဆုံး ဖြစ်ခဲ့ပြီး အာမခံ လျော်ကြေးငွေ အများဆုံး ပေးအပ်ခဲ့ ရသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသော ယာဉ်များတွင် ကားအဟောင်းများထက် ကားအသစ် များနှင့် အငှားယာဉ်များ အာမခံထားရှိမှု အများဆုံး ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အတွင်း မော်တော်ယာဉ် အစီးရေ တိုးပွား လာသည်နှင့်အမျှ ယာဉ်မတော်တဆမှု များသည်လည်း အများဆုံး ဖြစ်ပွားလျက် ရှိသောကြောင့် အာမခံ ထားရှိမှုသည်လည်း များပြား လာရခြင်း ဖြစ်ကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်များအနက် ထိခိုက်ပျက်စီး ခဲ့သည့် ယာဉ် ၄၂၉ စီးအတွက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၅ဝ၁.၆၇ သန်း ပြန်လည် ပေးလျော်ခဲ့ ရကြောင်း၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ထားရှိမှု များလာစေရန် ယာဉ်ပိုင်ရှင် များကို တိုက်တွန်း နှိုးဆော်နေပြီး အာမခံလုပ်ငန်း တိုးတက် လာရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်း မော်တော်ယာဉ် အလုံးစုံ အာမခံ စတင်ဆောင်ရွက်သည့် နှစ်ကစပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း အလုံးစုံ မော်တော်ယာဉ် အာမခံကြေးငွေ ပေးအပ်မှုများ ခဲ့ကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းသည် ပြည်တွင်း အာမခံ ထားရှိမှု တိုးတက်ရေး အတွက် ၂ဝ၁၃ ခုနှစ်ကစတင်၍ ပုဂ္ဂလိက အသွင် ကူးပြောင်းရေး လုပ်ဆောင်ခဲ့ရာ ယခုနောက်ပိုင်း နှစ်များတွင် တိုးတက်မှု ရှိလာခဲ့ကြောင်း၊ အများပြည်သူ အနေဖြင့် ယခင်က အာမခံ ထားရှိနိုင်ရန် သိရှိမှု နည်းပါးသည့် အတွက် ထိရောက်သော တိုးတက်မှု မရှိခဲ့ကြောင်း၊ ထို့အတွက် နိုင်ငံတကာ နည်းတူ အာမခံ လုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ထားရှိနိုင်သော အာမခံ အမျိုးအစား များကိုလည်း တိုးမြှင့်ထားရှိခွင့် ပေးခဲ့ကြောင်း သိရသည်။

အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသည့် မော်တော်ယာဉ်များ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကြောင့်သော် လည်းကောင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သော်လည်းကောင်း အထောက်အထား ခိုင်လုံမှု ရှိသည်နှင့် လျော်ကြေးငွေ ပေးအပ်လျက် ရှိကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ယခု မတ်လ ဒုတိယပတ် အထိ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသော မော်တော်ယာဉ် စုစုပေါင်း ငါးထောင်ကျော် ရှိသည့်အနက် အာမခံ လျော်ကြေးငွေ ရရှိသော ယာဉ်အစီးရေ လေးရာကျော် ရှိကြောင်း မြဝတီ သတင်းတွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment