Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

ျမစ္ဆံုစီမံကိန္း ရပ္ဆိုင္းေပးဖို႔ ေတာင္းဆို

အျပည္ျပည္ဆိုင္ရာ ျမစ္ေခ်ာင္းမ်ားေန႔ အခမ္းအနားကို မတ္လ ၁၄ ရက္ေန႔က ေမခနဲ႔ မလိခ ေပါင္းဆံုတဲ့ ဧရာဝတီျမစ္ဆံုေဒသမွာ က်င္းပျပဳလုပ္စဥ္။ Photo: Kyaw Myo Min/RFA
 ဒီကေန႔ က်ေရာက္တဲ႔ အျပည္ျပည္ဆိုင္ရာ ျမစ္ေခ်ာင္းမ်ားေန႔ အခမ္းအနားမွာ ဧရာဝတီျမစ္ဆံုနားက တရုတ္ အစိုးရရဲ႕ ေရအားလ်ပ္စစ္စီမံကိန္းကို လံုးဝရပ္ဆိုင္းေပးဖို႔ ေဒသခံေတြက လာမယ့္ အစိုးရသစ္ထံ ေတာင္းဆို လိုက္ပါတယ္။

အခမ္းအနားကို ေမခနဲ႔ မလိခ ေပါင္းဆံုတဲ့ ဧရာဝတီျမစ္ဆံုမွာ စီမံကိန္းေၾကာင့္ ေျပာင္းေရႊ႕ခဲ့ၾကရတဲ့ ေဒသခံေတြနဲ႔ အရပ္ဘက္လူမႈအဖဲြ႔အစည္းေတြ စုေပါင္းၿပီး က်င္းပခဲ့တာျဖစ္ပါတယ္။

လွ်ပ္စစ္ဓါတ္အားမဂၢါဝပ္ ၆ဝဝဝ ထြက္ရွိမယ့္ ျမစ္ဆံုစီမံကိန္းကို ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္က သူ႔ရဲ႕ အစိုးရသက္တမ္းကာလမွာ ယာယီဆိုင္းငံ့ထားခဲ့တာျဖစ္ပါတယ္။

တရုတ္ကုမၼဏီ CPI စီမံကိန္းေၾကာင့္ ျမစ္ဆံု၊ တန္ဖရဲ၊ လဖ်ဲ႕ကေထာင္၊ မလိယန္စတဲ့ ေက်းရြာက ေက်းရြာသား ၂ဝဝဝ ေထာင္ေလာက္ဟာ ေအာင္ျမင္သာရြာမွာ ေျပာင္းေရႊ႕ေနထိုင္ေနရတာ အခုဆိုရင္ ၄ ႏွစ္ေက်ာ္ လာၿပီ ျဖစ္ပါတယ္။

အလားတူ အျပည္ျပည္ဆုိင္ရာ ျမစ္ေခ်ာင္းမ်ားေန႔မွာ ေရအားလ်ပ္စစ္ စီမံကိန္းေတြ တည္ေဆာက္မယ့္ သံလြင္ျမစ္ကို ကာကြယ္ၾကဖို႔ ရည္ရြယ္ခ်က္နဲ႔ အခမ္းအနားေတြ က်င္းပတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့က မေခနဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ကျင်းပပြုလုပ်စဉ်။ Photo: Kyaw Myo Min/RFA
 ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားမှာ ဧရာဝတီမြစ်ဆုံနားက တရုတ် အစိုးရရဲ့ ရေအားလျပ်စစ်စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးဖို့ ဒေသခံတွေက လာမယ့် အစိုးရသစ်ထံ တောင်းဆို လိုက်ပါတယ်။

အခမ်းအနားကို မေခနဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ကြရတဲ့ ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် ၆ဝဝဝ ထွက်ရှိမယ့် မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အစိုးရသက်တမ်းကာလမှာ ယာယီဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။

တရုတ်ကုမ္မဏီ CPI စီမံကိန်းကြောင့် မြစ်ဆုံ၊ တန်ဖရဲ၊ လဖျဲ့ကထောင်၊ မလိယန်စတဲ့ ကျေးရွာက ကျေးရွာသား ၂ဝဝဝ ထောင်လောက်ဟာ အောင်မြင်သာရွာမှာ ပြောင်းရွှေ့နေထိုင်နေရတာ အခုဆိုရင် ၄ နှစ်ကျော် လာပြီ ဖြစ်ပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ ရေအားလျပ်စစ် စီမံကိန်းတွေ တည်ဆောက်မယ့် သံလွင်မြစ်ကို ကာကွယ်ကြဖို့ ရည်ရွယ်ချက်နဲ့ အခမ်းအနားတွေ ကျင်းပတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment