အစုိးရတပ္၏ လက္ကုိင္ဒုတ္အျဖစ္ ဖဲြ႕စည္းတည္ေထာင္ ထားသည့္ ျပည္သူ႕စစ္ လက္နက္ကုိင္အဖဲြ႕မ်ားကပါ လူ႕အခြင့္အေရး ခ်ိဳးေဖာက္


ျမန္မာတပ္မေတာ္သည္ ျမန္မာႏုိင္ငံ၏ စီးပြားေရး၊ ႏုိင္ငံေရးအေပၚ လႊမ္းမုိးမႈမွာ ပံုစံမ်ဳိးစံုျဖင့္ ဆက္လက္တည္ရွိေနသည္ကုိ အမ်ားက လက္ခံထားၾကသည္။ ေက်းလက္ေဒသမ်ားအား ထိန္းခ်ဳပ္ရန္ အျခားအာဏာရွင္မ်ားကဲ့သုိ႔ပင္ အစုိးရသည္ ျပည္သူ႕စစ္တပ္ဖြဲ႕မ်ား ဖြဲ႕စည္း၍ ထိန္းခ်ဳပ္ျခင္းအား ႏွစ္ေပါင္းမ်ားစြာကပင္ ျပဳလုပ္ခဲ့သည္။

ျမန္မာႏုိင္ငံတြင္ ျပည္သူ႕စစ္မ်ားအား ၁၉၅၀ ျပည့္လြန္ႏွစ္မ်ားကတည္းက စတင္ဖြဲ႕စည္း ခဲ့ျခင္းျဖစ္ၿပီး အဓိကအားျဖင့္ တုိင္းရင္းသား လူမ်ဳိးစုေဒသမ်ားတြင္ လူထုအား ထိန္းခ်ဳပ္ရန္ႏွင့္ နယ္စပ္အား ကာကြယ္ရန္ ရည္ရြယ္ခဲ့သည္။

တုိင္းရင္းသားလူမ်ဳိးစုေလ့လာေရးစင္တာ၏ အဆုိအရ ျပည္သူ႕စစ္တပ္ဖြဲ႕မ်ားမွာ ေဒသခံ လူထုအေပၚ ဆက္ေၾကးေကာက္ျခင္း၊ မူးယစ္ေဆးေရာင္း၀ယ္မႈႏွင့္ တရားမ၀င္ေလာင္းကစား လုပ္ငန္းမ်ား လုပ္ကုိင္မႈ၊ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈတုိ႔ျဖင့္ ေက်ာ္ၾကားသည္ဟုဆုိသည္။ စစ္တပ္ မွ အရာရွိမ်ား က ျပည္သူ႕စစ္မ်ားထံမွ ေ၀စုမ်ားမ်ားရထားသျဖင့္ ၄င္းတုိ႔၏ လုပ္ေဆာင္ မႈမ်ားအား ေထာက္ခံေပးေနသည္ဟုဆုိသည္။

ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီေရး ျပဳျပင္ေျပာင္းလဲ မႈမ်ားက ျပည္သူ႕စစ္မ်ား၏ လႊမ္းမုိးမႈအား ပယ္ေပ်ာက္သြားေစသည္ဟု အခ်ဳိ႕က ထင္မွတ္ ထားေသာ္လည္း အေျခခံဥပေဒပုဒ္မ ၃၄၀ တြင္ တပ္မေတာ္အား ျပည္သူ႕စစ္မ်ား ဖြဲ႕စည္းခြင့္ တရား၀င္ေပးအပ္ထားသည္။

ဆယ္စုႏွစ္မ်ားစြာ ျပည္တြင္းစစ္ျဖစ္ပြားခဲ့ေသာ ျမန္မာႏုိင္ငံတြင္ အခ်ဳိ႕ေဒသမ်ား ၌ ျပည္သူ႕စစ္ မ်ားမွာ အစုိးရထက္ပင္ ၾသဇာႀကီးမားၿပီး သီးျခားလြတ္လပ္သည့္ အာဏာပုိင္ အဖြဲ႕အစည္း တစ္ခုသဖြယ္ လႈပ္ရွားရပ္တည္လ်က္ရွိသည္။ လူမ်ဳိးစုအုပ္စု ၉ ခုရွိၿပီး တ႐ုတ္ႏွင့္ နယ္နိမိတ္ ထိစပ္ေနသည့္ ရွမ္းျပည္နယ္တြင္ ျပည္သူ႕စစ္တပ္ဖြဲ႕မ်ား လႈပ္ရွားမႈအား အမ်ားအျပားေတြ႕ႏုိင္ သည္။

ရွမ္းျပည္နယ္သည္ ဆယ္စုႏွစ္မ်ားစြာ မူးယစ္ေဆးေရာင္း၀ယ္မႈ၀င္ေငြ ရရွိေနခဲ့ၿပီး အစုိးရသစ္ လက္ထက္ ဒီမုိကေရစီေရး ျပဳျပင္ေျပာင္းလဲမႈကာလ တြင္လည္း ထုိ အေျခအေနအတုိင္း ဆက္လက္တည္ရွိေနသည္။

မူးယစ္ေဆး၀ါးမွ ၀င္ေငြမ်ားစြာ ရရွိျခင္း မရွိသည့္ ေဒသမ်ားတြင္ ျပည္သူ႕စစ္ေခါင္းေဆာင္မ်ား က ေဒသခံလူထုထံမွ ဆက္ေၾကးေကာက္ျခင္း၊ ေငြညွစ္ျခင္း၊ အတင္းအဓမ ၼခုိင္းေစျခင္းႏွင့္ လယ္ယာေျမမ်ား သိမ္းယူျခင္းတုိ႔ျဖင့္ ၀င္ေငြရွာေဖြလ်က္ရွိသည္ဟုဆုိသည္။ လယ္သမားမ်ားမွာ လယ္ေျမသိမ္းခံရျခင္းအတြက္ ေလ်ာ္ေၾကး မရသည့္အျပင္ ျပည္သူ႕ စစ္အဖြဲ႕၀င္မ်ားအတြက္ ၀တ္စံုႏွင့္ ေထာက္ပံ့ေငြေပးရျခင္းမွာ မထူးဆန္းေတာ့သည့္ အေျခအေနျဖစ္သည္။

ျပည္သူ႕စစ္တပ္ဖြဲ႕မ်ား တည္ရွိမႈႏွင့္ လႊမ္းမုိးႏုိင္မႈအား ဆက္လက္ ထိန္းသိမ္း ထားသည့္ ရည္ရြယ္ ခ်က္ တစ္ခုမွာ အစုိးရဆန္႔က်င္ေရး ႏုိင္ငံေရး အင္အားစုမ်ားအား စုစည္းမသြားေစရန္ ျဖစ္သည္ ဟု ျမန္မာ့ႏုိင္ငံေရး ကြ်မ္းက်င္သူမ်ားက သုံးသပ္ၾကသည္။ ျပည္သူ႕စစ္မ်ား ဖြဲ႕စည္းျခင္းျဖင့္ အေရးပါသည့္ တုိင္းရင္းသားအဖြဲ႕မ်ားမွာ ႏုိင္ငံေရးလုပ္ငန္းစဥ္မွ လံုး၀ ဖယ္ခြာသြားေစခဲ့သည္ဟု ဆုိသည္။

ဒီမုိကေရစီေရး ျပဳျပင္ေျပာင္းလဲမႈ၏ ရည္ရြယ္ခ်က္မွာ ျမန္မာႏုိင္ငံတြင္း ရွိ ျပည္သူအားလံုး ၄င္း တုိ႔၏ အနာဂတ္အတြက္ ဆံုးျဖတ္ခြင့္ ရရန္ျဖစ္ေသာ္ လည္း လက္ရွိအေျခအေနမွာ လြန္ခဲ့ေသာ ၅ ႏွစ္ (သုိ႔) ႏွစ္ ၅၀ ႏွင့္ ကြာျခားျခင္း မရွိေပ။

အစုိးရ၏ ထိေရာက္ေသာ အုပ္ခ်ဳပ္မႈမရွိျခင္းႏွင့္ ျပည္သူ႕စစ္မ်ား၏ လူ႕အခြင့္အေရး ခ်ဳိးေဖာက္ မႈမ်ား အေပၚ ဂ႐ုျပဳမႈ မရွိျခင္းတုိ႔က စုိးရိမ္ စရာျဖစ္လာေနၿပီး ဒီမုိကေရစီျပဳျပင္ေျပာင္းလဲေရး မည္မွ် အက်ဳိး သက္ေရာက္မႈ ရွိေၾကာင္း ျပသရာေရာက္မည္ဟုဆုိသည္။ ျပည္သူ႕စစ္မ်ား ဆယ္စုႏွစ္မ်ားစြာ က်င့္သံုးခဲ့သည့္ အေလ့အထအား ေျပာင္းလဲရန္ ခက္ခဲၿပီး အစုိးရ၏ ခုိင္မာ အားေကာင္းသည့္ ေခါင္းေဆာင္မႈျဖင့္ လုပ္ေဆာင္ရန္ လုိအပ္သည္။

အစုိးရ အေနျဖင့္ ႏုိင္ငံႏွင့္ ျပည္သူမ်ားအေပၚ အမွန္တကယ္ ဂ႐ုစုိက္ ပါက ေက်းလက္ေဒသမ်ား တြင္ ျပည္သူ႕စစ္မ်ား၏ လူ႕အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားအား ရပ္တန္႔ရ န္ ေဆာင္ရြက္ရမည္ျဖစ္ သည္ဟု ဆုိသည္။ ထုိသုိ႔ မေဆာင္ရြက္ပါက စစ္တပ္က ထိန္းခ်ဳပ္ထားသည့္ ႐ုပ္ေသး အစုိးရ အျဖစ္သာ ကမၻာက မွတ္ယူျခင္းခံရမည္ဟု တုိင္းရင္းသား လူမ်ဳိးစုေလ့လာေရး စင္တာက အစီရင္ခံစာ တစ္ရပ္တြင္ ေဖာ္ျပခဲ့သည္။

The Ladies News
https://www.facebook.com/News.TheLadies
.............


မြန်မာတပ်မတော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအပေါ် လွှမ်းမိုးမှုမှာ ပုံစံမျိုးစုံဖြင့် ဆက်လက်တည်ရှိနေသည်ကို အများက လက်ခံထားကြသည်။ ကျေးလက်ဒေသများအား ထိန်းချုပ်ရန် အခြားအာဏာရှင်များကဲ့သို့ပင် အစိုးရသည် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်း၍ ထိန်းချုပ်ခြင်းအား နှစ်ပေါင်းများစွာကပင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်များအား ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် တိုင်းရင်းသား လူမျိုးစုဒေသများတွင် လူထုအား ထိန်းချုပ်ရန်နှင့် နယ်စပ်အား ကာကွယ်ရန် ရည်ရွယ်ခဲ့သည်။

တိုင်းရင်းသားလူမျိုးစုလေ့လာရေးစင်တာ၏ အဆိုအရ ပြည်သူ့စစ်တပ်ဖွဲ့များမှာ ဒေသခံ လူထုအပေါ် ဆက်ကြေးကောက်ခြင်း၊ မူးယစ်ဆေးရောင်းဝယ်မှုနှင့် တရားမဝင်လောင်းကစား လုပ်ငန်းများ လုပ်ကိုင်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့ဖြင့် ကျော်ကြားသည်ဟုဆိုသည်။ စစ်တပ် မှ အရာရှိများ က ပြည်သူ့စစ်များထံမှ ဝေစုများများရထားသဖြင့် ၄င်းတို့၏ လုပ်ဆောင် မှုများအား ထောက်ခံပေးနေသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ မှုများက ပြည်သူ့စစ်များ၏ လွှမ်းမိုးမှုအား ပယ်ပျောက်သွားစေသည်ဟု အချို့က ထင်မှတ် ထားသော်လည်း အခြေခံဥပဒေပုဒ်မ ၃၄၀ တွင် တပ်မတော်အား ပြည်သူ့စစ်များ ဖွဲ့စည်းခွင့် တရားဝင်ပေးအပ်ထားသည်။

ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတွင် အချို့ဒေသများ ၌ ပြည်သူ့စစ် များမှာ အစိုးရထက်ပင် သြဇာကြီးမားပြီး သီးခြားလွတ်လပ်သည့် အာဏာပိုင် အဖွဲ့အစည်း တစ်ခုသဖွယ် လှုပ်ရှားရပ်တည်လျက်ရှိသည်။ လူမျိုးစုအုပ်စု ၉ ခုရှိပြီး တရုတ်နှင့် နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားမှုအား အများအပြားတွေ့နိုင် သည်။

ရှမ်းပြည်နယ်သည် ဆယ်စုနှစ်များစွာ မူးယစ်ဆေးရောင်းဝယ်မှုဝင်ငွေ ရရှိနေခဲ့ပြီး အစိုးရသစ် လက်ထက် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကာလ တွင်လည်း ထို အခြေအနေအတိုင်း ဆက်လက်တည်ရှိနေသည်။

မူးယစ်ဆေးဝါးမှ ၀င်ငွေများစွာ ရရှိခြင်း မရှိသည့် ဒေသများတွင် ပြည်သူ့စစ်ခေါင်းဆောင်များ က ဒေသခံလူထုထံမှ ဆက်ကြေးကောက်ခြင်း၊ ငွေညှစ်ခြင်း၊ အတင်းအဓမ ္မခိုင်းစေခြင်းနှင့် လယ်ယာမြေများ သိမ်းယူခြင်းတို့ဖြင့် ၀င်ငွေရှာဖွေလျက်ရှိသည်ဟုဆိုသည်။ လယ်သမားများမှာ လယ်မြေသိမ်းခံရခြင်းအတွက် လျော်ကြေး မရသည့်အပြင် ပြည်သူ့ စစ်အဖွဲ့ဝင်များအတွက် ၀တ်စုံနှင့် ထောက်ပံ့ငွေပေးရခြင်းမှာ မထူးဆန်းတော့သည့် အခြေအနေဖြစ်သည်။

ပြည်သူ့စစ်တပ်ဖွဲ့များ တည်ရှိမှုနှင့် လွှမ်းမိုးနိုင်မှုအား ဆက်လက် ထိန်းသိမ်း ထားသည့် ရည်ရွယ် ချက် တစ်ခုမှာ အစိုးရဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုများအား စုစည်းမသွားစေရန် ဖြစ်သည် ဟု မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ပြည်သူ့စစ်များ ဖွဲ့စည်းခြင်းဖြင့် အရေးပါသည့် တိုင်းရင်းသားအဖွဲ့များမှာ နိုင်ငံရေးလုပ်ငန်းစဉ်မှ လုံးဝ ဖယ်ခွာသွားစေခဲ့သည်ဟု ဆိုသည်။

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်း ရှိ ပြည်သူအားလုံး ၄င်း တို့၏ အနာဂတ်အတွက် ဆုံးဖြတ်ခွင့် ရရန်ဖြစ်သော် လည်း လက်ရှိအခြေအနေမှာ လွန်ခဲ့သော ၅ နှစ် (သို့) နှစ် ၅၀ နှင့် ကွာခြားခြင်း မရှိပေ။

အစိုးရ၏ ထိရောက်သော အုပ်ချုပ်မှုမရှိခြင်းနှင့် ပြည်သူ့စစ်များ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများ အပေါ် ဂရုပြုမှု မရှိခြင်းတို့က စိုးရိမ် စရာဖြစ်လာနေပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မည်မျှ အကျိုး သက်ရောက်မှု ရှိကြောင်း ပြသရာရောက်မည်ဟုဆိုသည်။ ပြည်သူ့စစ်များ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် အလေ့အထအား ပြောင်းလဲရန် ခက်ခဲပြီး အစိုးရ၏ ခိုင်မာ အားကောင်းသည့် ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်ရန် လိုအပ်သည်။

အစိုးရ အနေဖြင့် နိုင်ငံနှင့် ပြည်သူများအပေါ် အမှန်တကယ် ဂရုစိုက် ပါက ကျေးလက်ဒေသများ တွင် ပြည်သူ့စစ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ရပ်တန့်ရ န် ဆောင်ရွက်ရမည်ဖြစ် သည်ဟု ဆိုသည်။ ထိုသို့ မဆောင်ရွက်ပါက စစ်တပ်က ထိန်းချုပ်ထားသည့် ရုပ်သေး အစိုးရ အဖြစ်သာ ကမ္ဘာက မှတ်ယူခြင်းခံရမည်ဟု တိုင်းရင်းသား လူမျိုးစုလေ့လာရေး စင်တာက အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြခဲ့သည်။

The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)