Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ဥပေဒေရးရာနဲ႔ အထူးကိစၥ ရပ္မ်ား ေကာ္မရွင္ တိုးခ်ဲ႔ ဖဲြ႔စည္း

ျပည္သူ႔လႊတ္ေတာ္၊ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္အစည္းအေ၀းကို ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔က က်င္းပခဲ့စဥ္။ Photo: Thura U Shwe Mann(Facebook)
ျပည္သူ႔လႊတ္ေတာ္မွာ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို  အဖဲြ႔၀င္ ၃၅ ဦး နဲ႔ ဖဲြ႔စည္းၿပီးၿပီ ျဖစ္တဲ့့အတြက္ မူလက ဖဲြ႔စည္းခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္အဆင့္ ေကာ္မရွင္ကို ျပည္သူ႔လႊတ္ေတာ္က ဒီေန႔ ရုပ္သိမ္းလိုက္ပါတယ္။

ေစာေစာပိုင္းက ျပည္သူ႔လႊတ္ေတာ္မွာ ဖဲြ႔စည္းခဲ့တဲ့ ၂၃ ဦးပါ ေကာ္မရွင္ေဟာင္းကို ရုပ္သိမ္းေၾကာင္း ျပည္သူ႔ လႊတ္ေတာ္ ဥကၠဌ ဦး၀င္းျမင့္က ဒီေန႔ အစည္းအေဝးမွာ ေၾကညာခဲ့တာပါ။

"အဖြဲ႕ဝင္ ၂၅ ဦးပါဝင္ေသာ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မ ရွင္ ျပည္ေထာင္စုလႊတ္ေတာ္၏ အမိန္႔ေၾကညာစာအမွတ္ ၃ဝ/၂ဝ၁၆ ျဖင့္ ဖြဲ႕စည္းခဲ့ပါတယ္၊ ဒါ့ေၾကာင့္ ျပည္သူ႔ လႊတ္ေတာ္က ဖြဲ႕စည္းခဲ့တဲ့ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကို ၁.၃.၂၀၁၆ ရက္ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္ရံုး၏ အမိန္႔ေၾကညာစာအမွတ္ ၃၇/၂ဝ၁၆ ျဖင့္ ရုပ္သိမ္းေၾကာင္း လႊတ္ေတာ္သို႔ အသိေပးတင္ျပအပ္ပါသည္"

ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ႔လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္ဟာ တည္ဆဲဥပေဒေတြကုိ ေလ့လာ သုံးသပ္ၿပီး ျပင္ဆင္၊ ပယ္ဖ်က္၊ အသစ္ျပဌာန္းႏုိင္ဖုိ႔အတြက္ လႊတ္ေတာ္အသီးသီးကုိ အႀကံျပဳတင္ျပဖို႔နဲ႔ အထူးကိစၥ ရပ္ေတြ ေပၚေပါက္လာတဲ့အခါ ဥပေဒေရးရာရႈေထာင့္ကေန ေလ႔လာသုံးသပ္ၿပီး လႊတ္ေတာ္ဥကၠဌေတြထံ တင္ျပဖို႔ တာဝန္ရွိေၾကာင္း သိရပါတယ္။

အဲဒီေကာ္မရွင္ကုိ ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းမွာ ျပည္သူ႔လႊတ္ေတာ္ တစ္ခုတည္းအတြက္သာ ဖြဲ႔စည္းခဲ့တာျဖစ္ ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္တုိ႔ အားလံုးအတြက္ သက္ဆုိင္မႈရွိမွာျဖစ္ပါတယ္။

ေကာ္မရွင္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးဦးနဲ႔ သူရဦးေရႊမန္းအျပင္ ဦးေဇာ္ျမင့္ေဖ၊ ဦးေမာင္တုိး၊ ဦးၾကည္သာ၊ ဦးေအးေမာက္၊ ဦးတင္ေမာင္ဦး စတဲ့ ႀကံ႕ခိုင္ဖံ႔ြၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေဟာင္းတခ်ဳိ႕နဲ႔ အၿငိမ္းစားအစိုးရ ထိပ္တန္းအရာရွိေတြ ပါ၀င္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.....................................


ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့စဉ်။ Photo: Thura U Shwe Mann(Facebook)
ပြည်သူ့လွှတ်တော်မှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို  အဖွဲ့ဝင် ၃၅ ဦး နဲ့ ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့့အတွက် မူလက ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်အဆင့် ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဒီနေ့ ရုပ်သိမ်းလိုက်ပါတယ်။

စောစောပိုင်းက ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းခဲ့တဲ့ ၂၃ ဦးပါ ကော်မရှင်ဟောင်းကို ရုပ်သိမ်းကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ အစည်းအဝေးမှာ ကြေညာခဲ့တာပါ။

"အဖွဲ့ဝင် ၂၅ ဦးပါဝင်သော ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မ ရှင် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြေညာစာအမှတ် ၃ဝ/၂ဝ၁၆ ဖြင့် ဖွဲ့စည်းခဲ့ပါတယ်၊ ဒါ့ကြောင့် ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၁.၃.၂၀၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ရုံး၏ အမိန့်ကြေညာစာအမှတ် ၃၇/၂ဝ၁၆ ဖြင့် ရုပ်သိမ်းကြောင်း လွှတ်တော်သို့ အသိပေးတင်ပြအပ်ပါသည်"

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်အသီးသီးကို အကြံပြုတင်ပြဖို့နဲ့ အထူးကိစ္စ ရပ်တွေ ပေါ်ပေါက်လာတဲ့အခါ ဥပဒေရေးရာရှုထောင့်ကနေ လေ့လာသုံးသပ်ပြီး လွှတ်တော်ဥက္ကဌတွေထံ တင်ပြဖို့ တာဝန်ရှိကြောင်း သိရပါတယ်။

အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းအတွက်သာ ဖွဲ့စည်းခဲ့တာဖြစ် ပြီး ဒီတစ်ကြိမ်မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ အားလုံးအတွက် သက်ဆိုင်မှုရှိမှာဖြစ်ပါတယ်။

ကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ် လေးဦးနဲ့ သူရဦးရွှေမန်းအပြင် ဦးဇော်မြင့်ဖေ၊ ဦးမောင်တိုး၊ ဦးကြည်သာ၊ ဦးအေးမောက်၊ ဦးတင်မောင်ဦး စတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်းတချို့နဲ့ အငြိမ်းစားအစိုးရ ထိပ်တန်းအရာရှိတွေ ပါ၀င်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment