Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ျမန္မာႏိုင္ငံဘက္ပို႔မည္ဟု ယူဆရသည့္ စစ္သံုးလက္နက္ခဲယမ္းမ်ား မဲေဆာက္တြင္ဖမ္းမိ(မြန်မာနိုင်ငံဘက်ပို့မည်ဟု ယူဆရသည့် စစ်သုံးလက်နက်ခဲယမ်းများ မဲဆောက်တွင်ဖမ်းမိ)



မတ္လ - ၇ -၂၀၁၆

ျမန္မာႏိုင္ငံဘက္ တင္ပို႔မည့္ စစ္သံုးလက္နက္ခဲယမ္း အေျမာက္အျမားကို စေနေန႔က မဲေဆာက္ၿမိဳ႕တြင္ ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးရမိခဲ့ၿပီး ပစၥည္း ပိုင္ရွင္ျဖစ္သည့္ ထိုင္းရဲအရာခံဗိုလ္မွာ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည္။

စေနေန႔မြန္းလြဲပိုင္းက မဲေဆာက္ၿမိဳ႕အဝင္ ေဟြ႔ဟင္ဖြန္ စစ္ေဆးေရးဂိတ္တြင္ တာ့က္ခ႐ိုင္ဘက္မွလာသည့္ ကားတစီးကို စစ္ေဆးရန္ ရပ္တန္႔ခိုင္းရာ ကားမရပ္ဘဲ ေမာင္းေျပးသြားသျဖင့္ အာဏာပိုင္မ်ားမွ လိုက္လံဖမ္းဆီးရာ အဆိုပါကားကို မဲေဆာက္ၿမိဳ႕ ကမ္းဖိဘန္းရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။


အဆိုပါကားေပၚတြင္ အမ္-၁၆ (၁၀) လက္ႏွင့္ ၎က်ည္ ၂၀၀၀ ေတာင့္၊ ေအေက ဒင္ေခါက္ ၇ လက္၊ အမ္-၆၀ က်ည္ ၁၀၀၀ ပါ ခါးပတ္တြဲ၊ အမ္-၇၉ က်ည္ ၉ လံုး၊ အမ္-၂ စက္လတ္က်ည္ ၁၀၅၀ ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ပါသည္။

စစ္ေဆးခ်က္မ်ားအရ အဆိုပါယာဥ္ပိုင္ရွင္မွာ လြန္ခဲ့သည့္ႏွစ္လခန္႔က ရာဇဝတ္မႈတခုျဖင့္ ထုတ္ပယ္ခံထားရသည့္ ရဲအရာခံ ဗိုလ္ ႏိုင္ေစ့စန္ ေကြ႔ကေယာက္ျဖစ္ၿပီး အာဏာပိုင္မ်ားက ၎အား လိုက္လံဖမ္းဆီးလ်က္ရွိသည္။

မဲေဆာက္ရွိ အဆိုပါ ရဲအရာခံဗိုလ္၏အိမ္သို႔ ထိုင္းအာဏာပိုင္မ်ားမွ သြားေရာက္စစ္ေဆးခဲ့ေသာ္လည္း ထူးျခားမႈမရွိ့ေၾကာင္း သိရသည္။

ထိုင္း-ျမန္မာနယ္စပ္အေရးေလ့လာသူမ်ား၏ အဆိုအရ အဆိုပါစစ္သံုး လက္နက္ခဲယမ္းမ်ားကို ျမန္မာဘက္ရွိ လူမ်ဳိးစုလက္နက္ကိုင္ အဖြဲ႔မ်ားထံသို႔ ေပးပို႔မည့္ပစၥည္းမ်ားဟု ယူဆေၾကာင္း သံုးသပ္ေျပာဆိုသည္။

(ပံုစာ - သိမ္းဆည္းရမိခဲ့သည့္ စစ္လက္နက္ပစၥည္းမ်ား)
သတင္းႏွင့္ဓာတ္ပံု - ကရင္အမ်ဳိးသား မီဒီယာ
...........


မတ်လ - ရ -၂၀၁၆

မြန်မာနိုင်ငံဘက် တင်ပို့မည့် စစ်သုံးလက်နက်ခဲယမ်း အမြောက်အမြားကို စနေနေ့က မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပြီး ပစ္စည်း ပိုင်ရှင်ဖြစ်သည့် ထိုင်းရဲအရာခံဗိုလ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

စနေနေ့မွန်းလွဲပိုင်းက မဲဆောက်မြို့အဝင် ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် တာ့က်ခရိုင်ဘက်မှလာသည့် ကားတစီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ကားမရပ်ဘဲ မောင်းပြေးသွားသဖြင့် အာဏာပိုင်များမှ လိုက်လံဖမ်းဆီးရာ အဆိုပါကားကို မဲဆောက်မြို့ ကမ်းဖိဘန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


အဆိုပါကားပေါ်တွင် အမ်-၁၆ (၁၀) လက်နှင့် ၎င်းကျည် ၂၀၀၀ တောင့်၊ အေကေ ဒင်ခေါက် ရ လက်၊ အမ်-၆၀ ကျည် ၁၀၀၀ ပါ ခါးပတ်တွဲ၊ အမ်-၇၉ ကျည် ၉ လုံး၊ အမ်-၂ စက်လတ်ကျည် ၁၀၅၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ဆေးချက်များအရ အဆိုပါယာဉ်ပိုင်ရှင်မှာ လွန်ခဲ့သည့်နှစ်လခန့်က ရာဇဝတ်မှုတခုဖြင့် ထုတ်ပယ်ခံထားရသည့် ရဲအရာခံ ဗိုလ် နိုင်စေ့စန် ကွေ့ကယောက်ဖြစ်ပြီး အာဏာပိုင်များက ၎င်းအား လိုက်လံဖမ်းဆီးလျက်ရှိသည်။

မဲဆောက်ရှိ အဆိုပါ ရဲအရာခံဗိုလ်၏အိမ်သို့ ထိုင်းအာဏာပိုင်များမှ သွားရောက်စစ်ဆေးခဲ့သော်လည်း ထူးခြားမှုမရှိ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်အရေးလေ့လာသူများ၏ အဆိုအရ အဆိုပါစစ်သုံး လက်နက်ခဲယမ်းများကို မြန်မာဘက်ရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့များထံသို့ ပေးပို့မည့်ပစ္စည်းများဟု ယူဆကြောင်း သုံးသပ်ပြောဆိုသည်။

(ပုံစာ - သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းများ)
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ  

No comments:

Post a Comment