Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

၈၈ အဖြဲ႔က မမီးမီးကုိ ဖမ္းဆီးၿပီး အင္းစိန္ေထာင္မွာ ထိန္းသိမ္း

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မမီးမီးကို မတ္လ ၉ ရက္ေန႔က ရံုးထုတ္လာစဥ္။ Photo: Aung Thain Kha/ RFA
တရားမဝင္ စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ ကို အယုံအၾကည္မရွိတာေၾကာင့္ တရား႐ုံးရဲ႕ စစ္ေဆးေမးျမန္းမႈေတြကို မေျဖဆုိခဲ့ပဲ အာမခံလည္း မယူတာေၾကာင့္ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မမီးမီးကို ဒီေန႔ အင္းစိန္ေထာင္ကို ပို႔လုိက္ပါတယ္။

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔ အဖြဲ႔အစည္း အေနနဲ႔ ပုဒ္မ ၁၈ ကို လက္မခံတာေၾကာင့္ အာမခံ မယူဘူးလို႕ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ ၫြန္႔ၿမိဳ႕နယ္ တရား႐ုံး ႐ုံးခ်ိန္မွာ မမီးမီးက ေျပာပါတယ္။

"ပုဒ္မ ၁၈ရဲ႕ေနာက္ဆက္တြဲပါ ျပစ္ဒဏ္ဟာ ဒီမိုကေရစီႏိုင္ငံတစ္ခုကို ဂုဏ္သိကၡာရလည္းညႈိးႏြမ္းေစ ပါတယ္၊ ေနာက္တစ္ခုက ျပည္သူေတြရဲ႕ဆႏၵကိုလည္းဆန္႔က်င္ရာ က်တယ္၊ ျပည္သူေတြကိုလည္း ဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ ျပည္သူေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ တဲ့ ေနာက္ဆက္တြဲျပစ္မႈ၊ ျပစ္ဒဏ္ ပုဒ္မတစ္ခုျဖစ္ တယ္၊ အဲ့ဒါေၾကာင့္ က်မကို ပုဒ္မ ၁၈နဲ႔ တရားစြဲဆိုတဲ့အခါမွာ ဘယ္လိုမွပူးေပါင္းပါဝင္ေဆာင္ရြက္မွာ မဟုတ္ပါဘူး၊ က်မအာမခံလည္းယူမွာ မဟုတ္သလို ဒဏ္ေငြလည္းေဆာင္မွာမဟုတ္ပါဘူး၊ တရားစြဲတဲ့ကိစၥ နဲ႔ ပတ္သက္ၿပီးေတာ့လည္း တရားရံုးနဲ႔ ပူးေပါင္းေဆာင္ရြက္မွာ မဟုတ္ပါဘူး"

၂၀၁၄ ခုနွစ္ နို၀င္ဘာလ ၁၄ ရက္ေနနဲ႔ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ အမ်ိဳးသားပညာေရးဥပေဒကို ၄ ရက္ၾကာ သပိတ္ေမွာက္ခဲ့ရာ မမီးမီးတို႔က ဆႏၵျပ ေက်ာင္း သားေတြကို ေရသန္႔ဘူးနဲ႔ အစားအေသာက္ေတြ ေဝငွခဲ့ တာေၾကာင့္ တရားမဝင္ စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ တရားစြဲဆုိခံရတာ ျဖစ္ပါတယ္။

ခ်ီတက္လမ္းေလွ်ာက္ရာမွာ ပါဝင္ခဲ့တဲ့ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔ အစည္းက မမီးမီးအပါအဝင္ ဗုိလ္ႀကီးေဟာင္း ဦးေနမ်ဳိးဇင္နဲ႔ ဗကသ ေက်ာင္းသား ေခါင္းေဆာင္ ကိုေက်ာ္ကိုကုိတုိ႔ကိုလည္း ဒီကေန႔ ရံုးထုတ္ စစ္ေဆးရာမွာ တရားသူႀကီး ရဲ႕ ေမးျမန္းခ်က္ေတြကို မေျဖဆိုဘဲ ျငင္းဆန္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....................
 ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကို မတ်လ ၉ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Aung Thain Kha/ RFA
တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကို အယုံအကြည်မရှိတာကြောင့် တရားရုံးရဲ့ စစ်ဆေးမေးမြန်းမှုတွေကို မဖြေဆိုခဲ့ပဲ အာမခံလည်း မယူတာကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကို ဒီနေ့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း အနေနဲ့ ပုဒ်မ ၁၈ ကို လက်မခံတာကြောင့် အာမခံ မယူဘူးလို့ ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ် တရားရုံး ရုံးချိန်မှာ မမီးမီးက ပြောပါတယ်။

"ပုဒ်မ ၁၈ရဲ့နောက်ဆက်တွဲပါ ပြစ်ဒဏ်ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုကို ဂုဏ်သိက္ခာရလည်းညှိုးနွမ်းစေ ပါတယ်၊ နောက်တစ်ခုက ပြည်သူတွေရဲ့ဆန္ဒကိုလည်းဆန့်ကျင်ရာ ကျတယ်၊ ပြည်သူတွေကိုလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ် တဲ့ နောက်ဆက်တွဲပြစ်မှု၊ ပြစ်ဒဏ် ပုဒ်မတစ်ခုဖြစ် တယ်၊ အဲ့ဒါကြောင့် ကျမကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုတဲ့အခါမှာ ဘယ်လိုမှပူးပေါင်းပါဝင်ဆောင်ရွက်မှာ မဟုတ်ပါဘူး၊ ကျမအာမခံလည်းယူမှာ မဟုတ်သလို ဒဏ်ငွေလည်းဆောင်မှာမဟုတ်ပါဘူး၊ တရားစွဲတဲ့ကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး"

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေနဲ့ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ အမျိုးသားပညာရေးဥပဒေကို ၄ ရက်ကြာ သပိတ်မှောက်ခဲ့ရာ မမီးမီးတို့က ဆန္ဒပြ ကျောင်း သားတွေကို ရေသန့်ဘူးနဲ့ အစားအသောက်တွေ ဝေငှခဲ့ တာကြောင့် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

ချီတက်လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက မမီးမီးအပါအဝင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကိုတို့ကိုလည်း ဒီကနေ့ ရုံးထုတ် စစ်ဆေးရာမှာ တရားသူကြီး ရဲ့ မေးမြန်းချက်တွေကို မဖြေဆိုဘဲ ငြင်းဆန်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment