CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, March 13, 2016
ပခန္းကုိႀကီးေက်ာ္ ခ်ဳိးေရေတာ္သုံးပြဲ က်င္းပ
ေရစႀကိဳ မတ္ ၁၃
မႏၲေလးတိုင္းေဒသႀကီး မႏၲေလးၿမိဳ႕ႏွင့္ မတၱရာ ၿမိဳ႕ၾကား ေတာင္ျပဳန္းေဒသမွ ေရႊဖ်ဥ္းႀကီး၊ ေရႊဖ်ဥ္းေလး မင္းညီေနာင္တုိ႔၏ ေတာင္ျပဳန္းပြဲေတာ္သည္ ျမန္မာျပည္ တြင္ ထူးထူးျခားျခားစည္ကားေသာ ႐ိုးရာနတ္ပြဲေတာ္တစ္ခု ျဖစ္သည္။
အလားတူ မေကြးတုိင္းေဒသႀကီး ေရစႀကိဳၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ႏွင့္ ဧရာဝတီျမစ္အၾကား ထန္းေတာႀကီးရြာ ပခန္းကိုႀကီးေက်ာ္၏ ေရႊကူနီနတ္ပြဲေတာ္သည္လည္း ေတာင္ျပဳန္းပြဲေတာ္ကဲ့သို႔ ထင္ရွားေက်ာ္ၾကားေသာ ႐ိုးရာ နတ္ပြဲေတာ္ျဖစ္သည္။
အဆိုပါ ထန္းေတာႀကီးရြာ ေရႊကူနီ ပခန္းကိုႀကီးေက်ာ္ နတ္ပြဲေတာ္ကုိ ႏွစ္စဥ္ တေပါင္းလဆန္း ၃ ရက္ေန႔မွ တေပါင္းလျပည့္ေန႔အထိ က်င္းပေလ့ရွိသည္။ ပခန္းကိုႀကီးေက်ာ္၏နတ္ပြဲေတာ္ကို တေပါင္းလဆန္း ၃ ရက္ေန႔တြင္ စတင္က်င္းပသည္။
ကိုႀကီးေက်ာ္ ခ်ဳိးေရေတာ္ဆင္းသည့္ တေပါင္းလဆန္း ၃ ရက္ေန႔ ျမင္ကြင္းမွာ ကိုႀကီးေက်ာ္နတ္နန္းမွ ခ်င္းတြင္းျမစ္သြားလမ္းတစ္ေလွ်ာက္ႏွင့္ ကမ္းနားတစ္ဝိုက္ ျမန္မာျပည္အရပ္ရပ္မွ ပခန္းကိုႀကီးေက်ာ္ကို ကိုးကြယ္ယံု ၾကည္ၾကသူမ်ားႏွင့္ ေဒသခံမ်ားျဖင့္ ၾကက္ပ်ံမက် စည္ကား ေသာေန႔ျဖစ္သည္။
ခ်ဳိးေရေတာ္သံုးရန္ ကိုႀကီးေက်ာ္႐ုပ္တု၊ ရွင္ဘို႔မယ္ ႐ုပ္တု၊ မဏိစည္သူ႐ုပ္တု၊ ေဝဠဳဝတီ႐ုပ္တုတို႔ကို ေရႊခ် ေက်ာက္စီကာ ေဝါယာဥ္ေတာ္ေပၚတင္ၿပီး အဖြဲ႕လုိက္ထမ္း၍ ေလးဖာလံုခန္႔ေဝးသည့္ ခ်င္းတြင္းျမစ္ဆိပ္သုိ႔ ဆင္းရာ လမ္းတစ္ေလွ်ာက္ တုိးမေပါက္ေအာင္ စည္ကားလွသည္။
ခ်င္းတြင္းျမစ္ဆိပ္ကမ္း ျဖဴလြလြသဲေသာင္ျပင္တြင္ ႀကီးမားေသာမ႑ပ္ႀကီးကို ျခဴးပန္းျခဴးႏြယ္၊ ကႏုတ္ပန္းတို႔ တန္ဆာဆင္လ်က္ ေရႊေရာင္တဝင္းဝင္းျဖင့္ ခမ္းခမ္းနားနား ေဆာက္လုပ္ထားၿပီး အသံခ်ဲ႕စက္မ်ားမွထြက္ေပၚလာေသာ နတ္ဒုိးသံမ်ားကလည္း စည္စည္ညံ၊ လူအုပ္ႀကီးကလည္း တုိးမေပါက္၊ ခ်ဳိးေရေတာ္သုံးမည့္ေရယာဥ္ကုိလည္း အလွ အပမ်ားျဖင့္ ျပင္ဆင္၊ အရံေရယာဥ္ႀကီး၊ ငယ္မ်ားကလည္း ျမစ္ျပင္ျပည့္မတတ္ ႐ုိးရာဓေလ့ထုံးတမ္းစဥ္လာႏွင့္အညီ ခ်ဳိးေရေတာ္သုံးပြဲကုိ က်င္းပၾကသည္။
တေပါင္းလဆန္း ၄ ရက္ေန႔တြင္ နတ္နန္းေဆာင္ရွိ နတ္႐ုပ္တုမ်ားကုိ ေရႊခ်သည့္ပြဲေန႔ျဖစ္သည္။ ျမန္မာျပည္ အရပ္ရပ္မွ ယုံၾကည္သူမ်ားျဖင့္ စည္ကားသည့္ေန႔ျဖစ္ သည္။
တေပါင္းလဆန္း ၅ ရက္ေန႔တြင္ ကုိႀကီးေက်ာ္နတ္နန္းတြင္ ဒုိးဆြဲေသာေန႔ျဖစ္ၿပီး နတ္ဒုိးသံတညံညံ၊ နတ္ေခ်ာ့သူ၊ ၾကက္တုိက္သူ၊ နတ္ဆက္သူမ်ားျဖင့္ စည္ကားေသာေန႔ ျဖစ္သည္။
တေပါင္းလဆန္း ၁ဝ ရက္ေန႔သည္ ကုိႀကီးေက်ာ္ ပန္းဆက္ပြဲေန႔ျဖစ္သည္။ ထုိေန႔တြင္ ၾကက္တုိက္နန္း၌ နတ္ဒုိးသံႏွင့္အတူ ၾကက္တုိက္ပြဲဆင္ႏႊဲၾကသူမ်ားျဖင့္ စည္ကားလ်က္ရွိသည္။
တေပါင္းလဆန္း ၁၁ ရက္ေန႔တြင္ ေတာင္ျပဳန္း မင္းညီေနာင္ႏွင့္ မယ္ေတာ္မယ္ဝဏၰတုိ႔ ပင့္ေဆာင္ပူေဇာ္ ပြဲေန႔ျဖစ္သည္။
တေပါင္းလဆန္း ၁၂ ရက္ေန႔သည္ ေနာင္ေတာ္ႀကီး ၾကြလာသည့္ေန႔ျဖစ္သည္။
တေပါင္းလဆန္း ၁၃ ရက္ေန႔တြင္ ကုိႀကီးေက်ာ္၏ မယ္ေတာ္ကြၽဲလွည္းစီးကာ သားထံလာေသာပြဲေန႔ျဖစ္သည္။
တေပါင္းလဆန္း ၁၄ ရက္ေန႔သည္ ကုိႀကီးေက်ာ္၏ မယ္ေတာ္ နန္းေတာ္သုိ႔ေက်ာခုိင္း၍ ေနာက္ျပန္တက္သည့္ ပြဲေန႔ျဖစ္သည္။
တေပါင္းလဆန္း ၁၅ ရက္ေန႔တြင္ ေရႊကူနီအနီးေဒသ မ်ားရွိ သံဃာေတာ္မ်ားအား ဆြမ္းႀကီးေလာင္း၍ လွဴဒါန္း ၾကၿပီး လွဴဒါန္းမႈအစုစုတုိ႔အတြက္ ေရစက္ခ်အမွ်ေပးေဝ ေသာေန႔ျဖစ္ၿပီး ထုိေန႔မွာပင္ ပခန္းကုိႀကီးေက်ာ္၏ ေရႊကူနီ နတ္ပြဲေတာ္ၿပီးဆုံးသည့္ေန႔ျဖစ္သည္။
သုိ႔အတြက္ ျမန္မာျပည္အရပ္ရပ္မွ ပခန္းကုိႀကီးေက်ာ္ ကုိ ယုံၾကည္ၾကသူမ်ားက က်န္ရွိသည့္ပြဲေတာ္ရက္မ်ားတြင္ ဆင္ႏႊဲရင္း အညာဓေလ့ႏွင့္ အညာသားမ်ား၏ ယဥ္ေက်းမႈ မ်ားကုိ ေလ့လာၾကသည္။ ရွင္မေတာင္သနပ္ခါးႏွင့္ အညာထြက္ကုန္ပစၥည္းမ်ားကုိ ဝယ္ယူအားေပးရန္ ပခန္း ကုိႀကီးေက်ာ္နန္းမွ ဖိတ္ေခၚလုိက္ရပါသည္။
ေဖထြဏ္းေဇာ္(ေရစႀကိဳ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
........................................
ရေစကြို မတ် ၁၃
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် မတ္တရာ မြို့ကြား တောင်ပြုန်းဒေသမှ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး မင်းညီနောင်တို့၏ တောင်ပြုန်းပွဲတော်သည် မြန်မာပြည် တွင် ထူးထူးခြားခြားစည်ကားသော ရိုးရာနတ်ပွဲတော်တစ်ခု ဖြစ်သည်။
အလားတူ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ထန်းတောကြီးရွာ ပခန်းကိုကြီးကျော်၏ ရွှေကူနီနတ်ပွဲတော်သည်လည်း တောင်ပြုန်းပွဲတော်ကဲ့သို့ ထင်ရှားကျော်ကြားသော ရိုးရာ နတ်ပွဲတော်ဖြစ်သည်။
အဆိုပါ ထန်းတောကြီးရွာ ရွှေကူနီ ပခန်းကိုကြီးကျော် နတ်ပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကျင်းပလေ့ရှိသည်။ ပခန်းကိုကြီးကျော်၏နတ်ပွဲတော်ကို တပေါင်းလဆန်း ၃ ရက်နေ့တွင် စတင်ကျင်းပသည်။
ကိုကြီးကျော် ချိုးရေတော်ဆင်းသည့် တပေါင်းလဆန်း ၃ ရက်နေ့ မြင်ကွင်းမှာ ကိုကြီးကျော်နတ်နန်းမှ ချင်းတွင်းမြစ်သွားလမ်းတစ်လျှောက်နှင့် ကမ်းနားတစ်ဝိုက် မြန်မာပြည်အရပ်ရပ်မှ ပခန်းကိုကြီးကျော်ကို ကိုးကွယ်ယုံ ကြည်ကြသူများနှင့် ဒေသခံများဖြင့် ကြက်ပျံမကျ စည်ကား သောနေ့ဖြစ်သည်။
ချိုးရေတော်သုံးရန် ကိုကြီးကျော်ရုပ်တု၊ ရှင်ဘို့မယ် ရုပ်တု၊ မဏိစည်သူရုပ်တု၊ ဝေဠုဝတီရုပ်တုတို့ကို ရွှေချ ကျောက်စီကာ ဝေါယာဉ်တော်ပေါ်တင်ပြီး အဖွဲ့လိုက်ထမ်း၍ လေးဖာလုံခန့်ဝေးသည့် ချင်းတွင်းမြစ်ဆိပ်သို့ ဆင်းရာ လမ်းတစ်လျှောက် တိုးမပေါက်အောင် စည်ကားလှသည်။
ချင်းတွင်းမြစ်ဆိပ်ကမ်း ဖြူလွလွသဲသောင်ပြင်တွင် ကြီးမားသောမဏ္ဍပ်ကြီးကို ခြူးပန်းခြူးနွယ်၊ ကနုတ်ပန်းတို့ တန်ဆာဆင်လျက် ရွှေရောင်တဝင်းဝင်းဖြင့် ခမ်းခမ်းနားနား ဆောက်လုပ်ထားပြီး အသံချဲ့စက်များမှထွက်ပေါ်လာသော နတ်ဒိုးသံများကလည်း စည်စည်ညံ၊ လူအုပ်ကြီးကလည်း တိုးမပေါက်၊ ချိုးရေတော်သုံးမည့်ရေယာဉ်ကိုလည်း အလှ အပများဖြင့် ပြင်ဆင်၊ အရံရေယာဉ်ကြီး၊ ငယ်များကလည်း မြစ်ပြင်ပြည့်မတတ် ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ချိုးရေတော်သုံးပွဲကို ကျင်းပကြသည်။
တပေါင်းလဆန်း ၄ ရက်နေ့တွင် နတ်နန်းဆောင်ရှိ နတ်ရုပ်တုများကို ရွှေချသည့်ပွဲနေ့ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်မှ ယုံကြည်သူများဖြင့် စည်ကားသည့်နေ့ဖြစ် သည်။
တပေါင်းလဆန်း ၅ ရက်နေ့တွင် ကိုကြီးကျော်နတ်နန်းတွင် ဒိုးဆွဲသောနေ့ဖြစ်ပြီး နတ်ဒိုးသံတညံညံ၊ နတ်ချော့သူ၊ ကြက်တိုက်သူ၊ နတ်ဆက်သူများဖြင့် စည်ကားသောနေ့ ဖြစ်သည်။
တပေါင်းလဆန်း ၁ဝ ရက်နေ့သည် ကိုကြီးကျော် ပန်းဆက်ပွဲနေ့ဖြစ်သည်။ ထိုနေ့တွင် ကြက်တိုက်နန်း၌ နတ်ဒိုးသံနှင့်အတူ ကြက်တိုက်ပွဲဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိသည်။
တပေါင်းလဆန်း ၁၁ ရက်နေ့တွင် တောင်ပြုန်း မင်းညီနောင်နှင့် မယ်တော်မယ်ဝဏ္ဏတို့ ပင့်ဆောင်ပူဇော် ပွဲနေ့ဖြစ်သည်။
တပေါင်းလဆန်း ၁၂ ရက်နေ့သည် နောင်တော်ကြီး ကြွလာသည့်နေ့ဖြစ်သည်။
တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကိုကြီးကျော်၏ မယ်တော်ကျွဲလှည်းစီးကာ သားထံလာသောပွဲနေ့ဖြစ်သည်။
တပေါင်းလဆန်း ၁၄ ရက်နေ့သည် ကိုကြီးကျော်၏ မယ်တော် နန်းတော်သို့ကျောခိုင်း၍ နောက်ပြန်တက်သည့် ပွဲနေ့ဖြစ်သည်။
တပေါင်းလဆန်း ၁၅ ရက်နေ့တွင် ရွှေကူနီအနီးဒေသ များရှိ သံဃာတော်များအား ဆွမ်းကြီးလောင်း၍ လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေ သောနေ့ဖြစ်ပြီး ထိုနေ့မှာပင် ပခန်းကိုကြီးကျော်၏ ရွှေကူနီ နတ်ပွဲတော်ပြီးဆုံးသည့်နေ့ဖြစ်သည်။
သို့အတွက် မြန်မာပြည်အရပ်ရပ်မှ ပခန်းကိုကြီးကျော် ကို ယုံကြည်ကြသူများက ကျန်ရှိသည့်ပွဲတော်ရက်များတွင် ဆင်နွှဲရင်း အညာဓလေ့နှင့် အညာသားများ၏ ယဉ်ကျေးမှု များကို လေ့လာကြသည်။ ရှင်မတောင်သနပ်ခါးနှင့် အညာထွက်ကုန်ပစ္စည်းများကို ဝယ်ယူအားပေးရန် ပခန်း ကိုကြီးကျော်နန်းမှ ဖိတ်ခေါ်လိုက်ရပါသည်။
ဖေထွဏ်းဇော်(ရေစကြို)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပခန္းကုိႀကီးေက်ာ္ ခ်ဳိးေရေတာ္သုံးပြဲ က်င္းပ
Reviewed by MP4 YoU
on
March 13, 2016
Rating: 5
Reviewed by MP4 YoU
on
March 13, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment