Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

ႏွစ္စဥ္ ေဖေဖၚဝါရီ ၁၄ ရက္ေန႔မွာ က်င္းပတ့ဲ သန္းတစ္ေထာင္လႈပ္ရွားမႈအစီအစဥ္

ခ်စ္သူမ်ားေန႕လို႕ အမ်ားက သတ္မွတ္ထားတ့ဲ ေဖေဖၚဝါရီ ၁၄ ရက္ေန႔မွာ One Billion Rising ေခၚ သန္းတစ္ေထာင္လႈပ္ရွားမႈ campaign ကို ကမၻာအႏွံ႕မွာ ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီ Campaign ကုိနိုုင္ငံေပါင္းနွစ္ရာေက်ာ္မွာ လႈပ္ရွားေနၾကျပီး ျမန္မာနုိင္ငံလည္း ပါ၀င္ခဲ့တာ ၄ နွစ္ေျမာက္ရွိပါျပီ။ သန္းတစ္ေထာင္လႈပ္ရွားမႈဆိုတာဘာလဲ။ ကမၻာ့လူဦးေရရဲ႕ ထက္၀က္ခန္႔ျဖစ္တဲ့ သန္းသံုးေထာင္ဟာအမ်ိဳးသမီးေတြပါ၊ ဒီ္အမ်ိဳးသမီး သန္းသံုးေထာင္မွာ သန္းတစ္ေထာင္ဟာ ေန႔စဥ္ အနုိင္က်င့္နွိပ္စက္ အၾကမ္းဖက္ခံေနရတယ္ဆိုျပီး UN က စစ္တမ္းတစ္ခုထုတ္ခဲ့ပါတယ္။ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသမီး သံုးေယာက္မွာ တစ္ေယာက္နႈန္းျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္ သည္လိုအၾကမ္းဖက္ေစာ္ကားတဲ့လုပ္ရပ္ေတြကို ရပ္ပါေတာ့ ၊ ရႈံ႕ခ်တယ္ကန္႔ကြက္တယ္။ ဒီ္လုိလုပ္ေနတာေတြကို အံၾကိတ္သည္းခံေနေတာ့မွာမဟုတ္ဘူးဆိုျပီး သန္းတစ္ေထာင္လႈပ္ရွားမႈကို လုပ္ျဖစ္ရျခင္းျဖစ္ပါတယ္။ ေဖေဖၚဝါရီလ ၁၄ ရက္ကို သတ္မွတ္ထားျပီး အဲဒီ္ေန႔မွာ အမ်ိဳးသမီးေတြၾကံဳေတြ႔ခံစားေနရတဲ့အေျခအေနေတြနဲ႔ပတ္သက္ျပီးေဟာေျပာလံႈ႔ေဆာ္မႈေတြျပဳလုပ္တယ္၊ သိသင့္သိရမယ့္ ဥပေဒစာရြက္ေတြ၊ စာအုပ္ေတြကို ေ၀ၾကပါတယ္။ အမ်ားျပည္သူရဲ႕ စိတ္ဝင္စားစြာပါဝင္လာေစဖို႕ အကအခုန္မ်ား အမူအရာမ်ား နဲ႕သ႐ုပ္ေဖာ္ျပသပါတယ္။

Change ဆိုတ့ဲအဖြဲ႕ကို တည္ေထာင္ခ့ဲျပီး သန္းတစ္ေထာင္လႈပ္ရွားမႈကို ေဆာင္ရြက္ေနသူ မိဆာန္နဲ႕ ႐ိုးရာေလးက ေတြ႕ဆံုေမးျမန္းခ့ဲ ပါတယ္။ သန္းတစ္ေထာင္လႈပ္ရွားမႈရဲ႕ အဓိကရည္ရြယ္ခ်က္ကို သူမက အခုလိုေျပာျပခ့ဲပါတယ္။ 'နိုင္ငံတစ္နိုင္ငံရဲ႕ ေရရွည္ဖြံ႔ျဖိဳးတုိးတက္မႈမွာ အမ်ိဳးသမီးေတြရဲ႕ က႑ကသိပ္အေရးၾကီးပါတယ္။ ေနာက္ျပီး ဒီနုိင္ငံမွာ အမ်ိဳးသမီးေတြနဲ႔ပတ္သက္ျပီး အလုပ္ရုံေဆြးေႏြးပြဲေတြသာမက အသိပညာေပးလူထု လႈပ္ရွားမႈေတြကလည္း လုပ္ဖို႔လုိအပ္ေနပါတယ္။

ျပီးေတာ့ အၾကမ္းဖက္တယ္ဆိုတာလည္း ကၽြန္မတို႔နဲ႔သိပ္စိမ္းတဲ့ အရာတစ္ခုမဟုတ္ပါဘူး။ ကၽြန္မတို႔အမ်ိဳးသမီးေတြ ေန႔စဥ္နဲ႔အမွ် ေနရာမေရြး အခ်ိန္မေရြးၾကံဳေတြ႔ခံစားေနရတဲ့အရာတစ္ခုပါ။ ကၽြန္မတို႔နိုင္ငံမွာ အနိုင္က်င့္အၾကမ္းဖက္တယ္လို႔ေျပာလိုက္ရင္ ဘာမွန္းေတာင္ ကြဲကြဲျပားျပားမသိတဲ့သူေတြက အမ်ားၾကီးပါပဲ။ မုဒိမ္းက်င့္တာ၊ အလြန္အကၽြြံရိုက္နွက္ေစာ္ကားတာေလာက္ပဲ အၾကမ္းဖက္တယ္လို႔ျမင္ၾကတယ္ ။ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္အျမတ္ထုတ္တာ၊ ကိုယ္ထိလက္ေရာက္ရုိက္နွက္ေစာ္ကားတာမွမဟုတ္ပါဘူး။ဓေလ့ထံုးတမ္းအစဥ္အလာအရ ခြဲျခားဆက္ဆံျခင္းခံရတာ၊ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမွာ ေနရာရသင့္သေလာက္မရတာ ၊ လူမႈကြန္ယက္ေတြ၊၀ဘ္ဆိုဒ္ေတြအေပၚမွာ အျမင္ပိုင္းဆိုင္ရာအရ အျမတ္ထုတ္တာ၊ဆဲဆိုတာေတြကလည္း စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္ေနျခင္းပါပဲ။
ဒီလုပ္ရပ္ေတြရဲ႕အက်ိဳးဆက္ေတြေၾကာင့္ ပညာတပိုင္းတစနဲ႔အမ်ိဳးသမီးေတြ၊ ၀င္ေငြမရွိတဲ့အမ်ိဳးသမီးေတြ၊ သိမ္ငယ္အားနည္းျပီး အိမ္တြင္းပုန္းေနတဲ့အမ်ိဳးသမီးေတြ ၊အလုပ္ေတြသာလုပ္ေနရျပီး မိမိရဲ႔ လုပ္နုိင္စြမ္းရည္ေတြကို လြတ္လပ္စြာ ခ်ျပခြင့္မရၾကတဲ့အမ်ိဳးသမီးေတြကလည္း ဒုနဲ႔ေဒးပါပဲ။ ဒါ့ေၾကာင့္ သည္လိုလုပ္ရပ္ေတြကို ရပ္တန္႔ဖို႔အတြက္နဲ႔ တရားမွ်တမႈကိုေတာင္းဆိုဖုိ႔အတြက္ သည္ Campaign ကုိ လုပ္ျဖစ္ရျခင္းပါတယ္' လို႕ေျပာျပခ့ဲပါတယ္။

သူမက ဆက္လက္ျပီး 'ျပီးေတာ့ကၽြန္မတို႔ဆီမွာကတိုင္ၾကားတာေတြျပဳလုပ္ရင္ အသက္အႏၱရာယ္ျခိမ္းေျခာက္ခံရတဲ့အထိျဖစ္တယ္။ ဘတ္စ္ကားေပၚမွာ ေထာက္လွမ္္းေရး ကိစၥမ်ိဳးေတြမွာလည္း ျပန္မေျပာရဲလို႔ ရွက္လုိ႔ေၾကာက္လို႔ဆိုျပီး ျငိမ္ခံခဲ့ရတာမ်ိဳး၊ နယ္ဘက္ေတြမွာဆိုရင္လည္း အေနအထိုင္မတတ္လို႔ဆိုျပီး လက္ညိဳး၀ိုင္းထိုးတတ္တဲ့ ပတ္၀န္းက်င္ရဲ႕ဖိအားေၾကာင့္ နယ္ေျပာင္းခဲ့ရတာမ်ိဳး၊ ေငြလက္သိပ္ထိုးျပီး ခံုရုံးေပၚမေရာက္ဘဲ ေပ်ာက္ျပယ္သြားခဲ့တာမ်ိဳး၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ျပီး ကိုယ့္ကိုကိုယ္ သတ္ေသတာမ်ိဳး၊ အိမ္ထဲေလွာင္ပိတ္ထားတာ၊ ေန႔စဥ္နဲ႔အမ်ွစြပ္စြဲတာ၊ ကြာရွင္းမေပးဘဲျခိမ္းေျခာက္အရွက္ခြဲတာေတြလိုမ်ိဳး အျဖစ္မ်ားေပမယ့္ ေရွ႔တန္းကိုထင္သာျမင္သာမေရာက္လာတဲ့ အိမ္တြင္းအၾကမ္းဖက္တာမ်ိဳးေတြ သိပ္ဆိုးရြားတယ္။ ဥပေဒေတြရွိေပမယ့္ ထိေရာက္အသက္၀င္တဲ့ ဥပေဒမ်ိဳးျဖစ္ေအာင္ လုပ္ရပါမယ္ ' လို႕ ေျပာၾကားခ့ဲပါတယ္။

ဒီလိုလုပ္ရပ္ေတြေလ်ာ့ပါးဖို႔ဆိုတာကလည္း အမ်ိဳးသမီးေတြကိုယ္တိုင္သာမက အၾကမ္းမဖက္လိုတဲ့ အမ်ိဳးသားေတြကလည္း ၀ိုင္း၀န္းကူညီပူးေပါင္းေဆာင္ရြက္မွသာ ေလ်ာ့နည္းနိုင္မွာပါ။အမ်ိဳးသမီးေတြအေနနဲ႔လည္း အမွန္ကိုအမွန္အတုိင္းေ၀ဖန္ပိုင္းျခားနုိင္တဲ့ဆင္ျခင္တံုတရားရွိရမယ္၊ အမ်ိဳးသမီးေတြကို ကာကြယ္ေပးတဲ့ဥပေဒေတြကို ေလ့လာထားရမယ္၊ ကိုယ့္ကိုအၾကမ္းဖက္တဲ့ကိစၥမ်ိဳးျဖစ္လာရင္ ဘယ္လိုတံု႔ျပန္ေျဖရွင္းမလဲ၊ ဘယ္လိုတိုင္ၾကားမလဲဆိုတာ ျပင္ဆင္ထားရပါမယ္။ ဒါေတြကို သိလာေအာင္ မွန္ကန္စနစ္က်တ့ဲနည္းလမ္းနဲ႕ ျပန္လည္တံု႕ျပန္ႏိုင္ေအာင္ အသိပညာေပးႏိုင္ဖို႕ Change အဖြဲ႕က ဦးေဆာင္ျပီး သန္းတစ္ေထာင္လႈပ္ရွားမႈကို ျမန္မာႏိုင္ငံအတြင္း သယ္ေဆာင္လာခ့ဲတာျဖစ္ပါတယ္။

၂၀၁၃ မွ ၂၀၁၆ အထိလုပ္လာခ့ဲရာမွာ လူသူစည္ကားရာေနရာမ်ားျဖစ္တ့ဲ ဗိုလ္ခ်ဳပ္ေစ်း၊အင္းလ်ား၊ ျပည္သူ႔ရင္ျပင္၊ လွည္းတန္းစင္တာ၊ ဒဂံုစင္တာ၊ mary chapman school စတ့ဲေနရာေတြကို သြားျပီး အမ်ားသတိထားမိေစဖို႕ သ႐ုပ္ေဖာ္ျပသျခင္း သ႐ုပ္ေဖာ္ကျပျခင္းတို႕ကို ျပဳလုပ္ခ့ဲၾကပါတယ္။ ၂၀၁၅ ခုႏွစ္မွာ Campaign ကို ေမာ္လျမိဳင္မွာ သြားေရာက္ျပဳလုပ္ခ့ဲပါတယ္။Campaign မွာပါဝင္သူေတြမ်ားထဲမွ အမ်ိဳးသမီးမ်ားသာမက အမ်ိဳးသားမ်ားမွာလည္း အမ်ိဳးသမီးမ်ားအၾကမ္းဖက္ခံရမႈပေပ်ာက္ေရးအတြက္ အထူးစိတ္အားထက္သန္ၾကေၾကာင္း ေျပာျပခ့ဲပါတယ္။ ႏွစ္စဥ္ေဖေဖၚဝါရီလ ၁၄ ရက္တစ္ရက္တည္းမွာပဲ campaign လုပ္တာျဖစ္ေပမ့ဲ အကူအညီ အၾကံဥာဏ္လိုအပ္သူ အမ်ိဳးသမီးတိုင္း ဆက္သြယ္အကူအညီေတာင္းႏိုင္သလို ကူညီလိုသူမ်ား။ ပါဝင္ေဆာင္ရြက္လိုသူမ်ားကိုလည္း ၾကိဳဆိုပါေၾကာင္း မိဆာန္က ေျပာၾကားသြားခ့ဲပါတယ္။ အေသးစိတ္ေလ့ လာလိုသူမ်ားအေနနဲ႕ https://m.facebook.com/onebillionrisingmyanmar/ ကို ဝင္ေရာက္ေလ့လာႏိုင္ပါတယ္။
စံဝန္းနီ (႐ိုးရာေလး)
Photo credit - မိဆာန္
www.yoyarlay.com
‪#‎swn_yyl‬
‪#‎news_yyl‬
(Unicode Version)
နှစ်စဉ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ သန်းတစ်ထောင်လှုပ်ရှားမှုအစီအစဉ်
ချစ်သူများနေ့လို့ အများက သတ်မှတ်ထားတဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ One Billion Rising ခေါ် သန်းတစ်ထောင်လှုပ်ရှားမှု campaign ကို ကမ္ဘာအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီ Campaign ကိုနိုင်ငံပေါင်းနှစ်ရာကျော်မှာ လှုပ်ရှားနေကြပြီး မြန်မာနိုင်ငံလည်း ပါဝင်ခဲ့တာ ၄ နှစ်မြောက်ရှိပါပြီ။ သန်းတစ်ထောင်လှုပ်ရှားမှုဆိုတာဘာလဲ။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ သန်းသုံးထောင်ဟာအမျိုးသမီးတွေပါ၊ ဒီ်အမျိုးသမီး သန်းသုံးထောင်မှာ သန်းတစ်ထောင်ဟာ နေ့စဉ် အနိုင်ကျင့်နှိပ်စက် အကြမ်းဖက်ခံနေရတယ်ဆိုပြီး UN က စစ်တမ်းတစ်ခုထုတ်ခဲ့တယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီး သုံးယောက်မှာ တစ်ယောက်နှုန်းဖြစ်နေတယ်။ ဒါ့ကြောင့် သည်လိုအကြမ်းဖက်စော်ကားတဲ့လုပ်ရပ်တွေကို ရပ်ပါတော့ ၊ ရှုံ့ချတယ်ကန့်ကွက်တယ်။ သည်လိုလုပ်နေတာတွေကို အံကြိတ်သည်းခံနေတော့မှာမဟုတ်ဘူးဆိုပြီး သန်းတစ်ထောင်လှုပ်ရှားမှုကို လုပ်ဖြစ်ရခြင်းဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်ကို သတ်မှတ်ထားပြီး အဲဒီ်နေ့မှာ အမျိုးသမီးတွေကြုံတွေ့ခံစားနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဟောပြောလှုံ့ဆော်မှုတွေပြုလုပ်တယ်၊ သိသင့်သိရမယ့် ဥပဒေစာရွက်တွေ၊ စာအုပ်တွေကို ဝေကြတယ်။ အများပြည်သူရဲ့ စိတ်ဝင်စားစွာပါဝင်လာစေဖို့ အကအခုန်များ အမူအရာများ နဲ့သရုပ်ဖော်ပြသတယ်။
Change ဆိုတဲ့အဖွဲ့ကို တည်ထောင်ခဲ့ပြီး သန်းတစ်ထောင်လှုပ်ရှားမှုကို ဆောင်ရွက်နေသူ မိဆာန်နဲ့ ရိုးရာလေးက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သန်းတစ်ထောင်လှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကို သူမက အခုလိုပြောပြခဲ့ပါတယ်။ 'နိုင်ငံတစ်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍကသိပ်အရေးကြီးပါတယ်။ နောက်ပြီး ဒီနိုင်ငံမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေသာမက အသိပညာပေးလူထု လှုပ်ရှားမှုတွေကလည်း လုပ်ဖို့လိုအပ်နေပါတယ်။
ပြီးတော့ အကြမ်းဖက်တယ်ဆိုတာလည်း ကျွန်မတို့နဲ့သိပ်စိမ်းတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ နေရာမရွေး အချိန်မရွေးကြုံတွေ့ခံစားနေရတဲ့အရာတစ်ခုပါ။ ကျွန်မတို့နိုင်ငံမှာ အနိုင်ကျင့်အကြမ်းဖက်တယ်လို့ပြောလိုက်ရင် ဘာမှန်းတောင် ကွဲကွဲပြားပြားမသိတဲ့သူတွေက အများကြီးပါပဲ။ မုဒိမ်းကျင့်တာ၊ အလွန်အကျွံရိုက်နှက်စော်ကားတာလောက်ပဲ အကြမ်းဖက်တယ်လို့မြင်ကြတယ် ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်အမြတ်ထုတ်တာ၊ ကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားတာမှမဟုတ်ပါဘူး။ဓလေ့ထုံးတမ်းအစဉ်အလာအရခွဲခြား ဆက်ဆံခြင်းခံရတာ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာ နေရာရသင့်သလောက်မရတာ ၊ လူမှုကွန်ယက်တွေ၊ဝဘ်ဆိုဒ်တွေအပေါ်မှာ အမြင်ပိုင်းဆိုင်ရာအရ အမြတ်ထုတ်တာ၊ဆဲဆို တာတွေကလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်နေခြင်းပါပဲ။
သည်လုပ်ရပ်တွေရဲ့အကျိုးဆက်တွေကြောင့် ပညာတပိုင်းတစနဲ့အမျိုးသမီးတွေ၊ ဝင်ငွေမရှိတဲ့အမျိုးသမီးတွေ၊ သိမ်ငယ်အားနည်းပြီး အိမ်တွင်းပုန်းနေတဲ့အမျိုးသမီးတွေ ၊အလုပ်တွေသာလုပ်နေရပြီး မိမိရဲ့ လုပ်နိုင်စွမ်းရည်တွေကို လွတ်လပ်စွာ ချပြခွင့်မရကြတဲ့အမျိုးသမီးတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒါ့ကြောင့် သည်လိုလုပ်ရပ်တွေကို ရပ်တန့်ဖို့အတွက်နဲ့ တရားမျှတမှုကိုတောင်းဆိုဖို့အတွက် သည် Campaign ကို လုပ်ဖြစ်ရခြင်းပါတယ်' လို့ပြောပြခဲ့ပါတယ်။
သူမက ဆက်လက်ပြီး 'ပြီးတော့ကျွန်မတို့ဆီမှာကတိုင်ကြားတာတွေပြုလုပ်ရင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိဖြစ်တယ်။ ဘတ်စ်ကားပေါ်မှာ ထောက်လှမ်းရေး ကိစ္စမျိုးတွေမှာလည်း ပြန်မပြောရဲလို့ ရှက်လို့ကြောက်လို့ဆိုပြီး ငြိမ်ခံခဲ့ရတာမျိုး၊ နယ်ဘက်တွေမှာဆိုရင်လည်း အနေအထိုင်မတတ်လို့ဆိုပြီး လက်ညိုးဝိုင်းထိုးတတ်တဲ့ ပတ်ဝန်းကျင်ရဲ့ဖိအားကြောင့် နယ်ပြောင်းခဲ့ရတာမျိုး၊ ငွေလက်သိပ်ထိုးပြီး ခုံရုံးပေါ်မရောက်ဘဲ ပျောက်ပြယ်သွားခဲ့တာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ကိုယ့်ကိုကိုယ် သတ်သေတာမျိုး၊ အိမ်ထဲလှောင်ပိတ်ထားတာ၊ နေ့စဉ်နဲ့အမျှစွပ်စွဲတာ၊ ကွာရှင်းမပေးဘဲခြိမ်းခြောက်အရှက်ခွဲတာတွေလိုမျိုး အဖြစ်များပေမယ့် ရှေ့တန်းကိုထင်သာမြင်သာမရောက်လာတဲ့ အိမ်တွင်းအကြမ်းဖက်တာမျိုးတွေ သိပ်ဆိုးရွားတယ်။ ဥပဒေတွေရှိပေမယ့် ထိရောက်အသက်ဝင်တဲ့ ဥပဒေမျိုးဖြစ်အောင် လုပ်ရပါမယ် ' လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုလုပ်ရပ်တွေလျော့ပါးဖို့ဆိုတာကလည်း အမျိုးသမီးတွေကိုယ်တိုင်သာမက အကြမ်းမဖက်လိုတဲ့ အမျိုးသားတွေကလည်း ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်မှသာ လျော့နည်းနိုင်မှာပါ။ အမျိုးသမီးတွေအနေနဲ့လည်း အမှန်ကိုအမှန်အတိုင်းဝေဖန်ပိုင်းခြားနိုင်တဲ့ဆင်ခြင်တုံတရားရှိရမယ်၊ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ဥပဒေတွေကို လေ့လာထားရမယ်၊ ကိုယ့်ကိုအကြမ်းဖက်တဲ့ကိစ္စမျိုးဖြစ်လာရင် ဘယ်လိုတုံ့ပြန်ဖြေရှင်းမလဲ၊ ဘယ်လိုတိုင်ကြားမလဲဆိုတာ ပြင်ဆင်ထားရပါမယ်။ ဒါတွေကို သိလာအောင် မှန်ကန်စနစ်ကျတဲ့နည်းလမ်းနဲ့ ပြန်လည်တုံ့ပြန်နိုင်အောင် အသိပညာပေးနိုင်ဖို့ Change အဖွဲ့က ဦးဆောင်ပြီး သန်းတစ်ထောင်လှုပ်ရှားမှုကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
၂၀၁၃ မှ ၂၀၁၆ အထိလုပ်လာခဲ့ရာမှာ လူသူစည်ကားရာနေရာများဖြစ်တဲ့ ဗိုလ်ချုပ်ဈေး၊အင်းလျား၊ ပြည်သူ့ရင်ပြင်၊ လှည်းတန်းစင်တာ၊ ဒဂုံစင်တာ၊ mary chapman school စတဲ့နေရာတွေကို သွားပြီး အများသတိထားမိစေဖို့ သရုပ်ဖော်ပြသခြင်း သရုပ်ဖော်ကပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ Campaign ကို မော်လမြိုင်မှာ သွားရောက်ပြုလုပ်ခဲ့ပါတယ်။Campaign မှာပါဝင်သူတွေများထဲမှ အမျိုးသမီးများသာမက အမျိုးသားများမှာလည်း အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးအတွက် အထူးစိတ်အားထက်သန်ကြကြောင်း ပြောပြခဲ့ပါတယ်။ နှစ်စဉ်ဖေဖေါ်ဝါရီလ ၁၄ ရက်တစ်ရက်တည်းမှာပဲ campaign လုပ်တာဖြစ်ပေမဲ့ အကူအညီ အကြံဥာဏ်လိုအပ်သူ အမျိုးသမီးတိုင်း ဆက်သွယ်အကူအညီတောင်းနိုင်သလို ကူညီလိုသူများ။ ပါဝင်ဆောင်ရွက်လိုသူများကိုလည်း ကြိုဆိုပါကြောင်း မိဆာန်က ပြောကြားသွားခဲ့ပါတယ်။ အသေးစိတ်လေ့ လာလိုသူများအနေနဲ့ https://m.facebook.com/onebillionrisingmyanmar/ ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

No comments:

Post a Comment