Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

ထုိင္းရဲကို သတ္မႈျဖင့္ အလိုရွိေနသည့္ ဒုကၡသည္ ၄ ဦးကို KNLA တပ္ဖြဲ႔က ျမန္မာႏုိင္ငံဘက္ျခမ္းတြင္ ဖမ္းဆီး


ဘန္ေကာက္ပို႔စ္ mizzima Wed, 03/16/2016
တာ့ခ္၊ မတ္၊ ၁၆ ။ ။ ထိုင္းရဲအရာရွိတစ္ဦးကို သတ္မႈျဖင့္ ထုိင္းရဲတပ္ဖြဲ႕က အလိုရွိေနေသာ ေရႊ႕ေျပာင္းဒုကၡသည္ အမ်ိဳးသား ၄ ဦးကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ - ၿငိမ္းခ်မ္းေရးေကာင္စီ (KNLA-PC) တပ္ဖြဲ႕၀င္မ်ားက ျမန္မာႏုိင္ငံဘက္ျခမ္း တြင္ ဖမ္းဆီးမိခဲ့သည္။
တာ့ခ္စီရင္စု အတြင္းရွိ ျမန္မာႏုိင္ငံႏွင့္နယ္စပ္တြင္ရွိေသာ ထာ့ေဆာင္ယန္းခရိုင္တြင္ ရဲအရာရွိတစ္ဦးကိုသတ္ျဖတ္ျပီး တိမ္းေရွာင္ေနသူမ်ားဟု ထိုင္းရဲတပ္ဖြဲ႕မွ ယူဆထားေသာ ယင္းအမ်ိဳးသား ၄ ဦးအနက္မွ ၃ ဦးမွာ ညီအစ္ကိုမ်ားျဖစ္ျပီး ထာ့ေဆာင္ယန္းခရိုင္အတြင္းရွိ ဘန္းမဲလာ ဒုကၡသည္စခန္းတြင္ ဒုကၡသည္အျဖစ္ခိုလံႈေနသူမ်ားျဖစ္သည္။
အဆုိပါ လူသတ္မႈျဖင့္သံသယရွိသူ ၄ ဦးကို ထိုင္းရဲတပ္ဖြဲ႕၏ေတာင္းဆိုမႈအရ KNLA-PC တပ္ဖြဲ႕၀င္မ်ားက ဖမ္းဆီးကာ ထာ့ေဆာင္ယန္းရဲအရာရွိမ်ားထံ လႊဲေျပာင္းေပးခဲ့သည္။
အသတ္ခံရသည့္ ရဲအရာရွိ၏ အေလာင္းကို အဂၤါေန႔ကေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ အဆိုပါရဲအရာရွိသည္ တစ္ႀကိမ္ ပစ္ခတ္ခံထားရကာ၊ ၆ ႀကိမ္ ဓါးႏွင့္ အထိုးခံထားရၿပီး လည္ပင္းကိုလည္း လွီးျဖတ္ခံထားရ သည္ကိုေတြ႕ရွိရသည္။
အခင္းျဖစ္ရာေနရာတြင္ ဆိတ္ဆယ္ေကာင္ထက္မနည္းတင္ထားေသာ ေနာက္တြဲပါေမာ္ေတာ္ဆိုင္ကယ္တစ္စီးကို ေတြ႕ရွိခဲ့ရသလို ေသြးကြက္မ်ားႏွင့္ ဓါးတစ္လက္ကိုလည္း လမ္းေပၚတြင္ေတြ႕ခဲ့ရသည္။
ရဲအရာရွိကိုသတ္သည့္ တရားခံအျဖစ္ ယူဆထားေသာ ဒုကၡသည္ ၄ ဦးသည္ ဆိတ္၀ယ္ရန္ဟုဆိုကာ ဒုကၡသည္စခန္းမွ ေန၍ ျမန္မာႏုိင္ငံဘက္ျခမ္းရွိ ကရင္ရြာတစ္ရြာသို႔ ထြက္ခြာသြားေၾကာင္း၊ ဆိတ္မ်ား ကိုယူေဆာင္လာျပီး ဒုကၡသည္စခန္းသို႔ ျပန္အလာတြင္ အသတ္ခံရသည့္ ရဲအရာရွိက ၎တို႔ကိုတားဆီးစစ္ေဆးကာ ဖမ္းဆီးရန္ၾကိဳးစားခဲ့ဖြယ္ရွိေၾကာင္း၊ ၎တို႔ ၄ ဦးက ျပန္လည္ခုခံရာမွ လူသတ္မႈျဖစ္ ပြားခဲ့ျခင္း ျဖစ္ဖြယ္ရွိေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ဒုကၡသည္ ၄ ဦးသည္ နယ္စပ္ကိုျဖတ္ေက်ာ္ျပီး ျမန္မာႏုိင္ငံဘက္ျခမ္းသို႔ ျပန္လည္ထြက္ေျပးရာ ထိုင္းရဲတပ္ဖြဲ႕က KNLA-PC တပ္ဖြဲ႕၀င္မ်ားကို ၎တို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ေပးရန္ ေတာင္းဆိုသျဖင့္ KNLA-PC တပ္ဖြဲ႕၀င္မ်ားက လူသတ္မႈတရားခံ အျဖစ္ ယူဆရသည့္ ဒုကၡသည္ ၄ ဦးကို ဖမ္းဆီးေပးခဲ့သည္။
အသတ္ခံခဲ့ရသည့္ ရဲအရာရွိသည္ မၾကာေသးမီကမွ ရာထိုးတုိးစာေမးပြဲေအာင္ျမင္ထားသူ ျဖစ္သည္။
Mizzima
...................
ထိုင်းရဲကို သတ်မှုဖြင့် အလိုရှိနေသည့် ဒုက္ခသည် ၄ ဦးကို KNLA တပ်ဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းတွင်
ဖမ်းဆီး
ဘန်ကောက်ပို့စ် mizzima Wed, 03/16/2016
တာ့ခ်၊ မတ်၊ ၁၆ ။ ။ ထိုင်းရဲအရာရှိတစ်ဦးကို သတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသော ရွှေ့ပြောင်းဒုက္ခသည် အမျိုးသား ၄ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံဘက်ခြမ်း တွင် ဖမ်းဆီးမိခဲ့သည်။
တာ့ခ်စီရင်စု အတွင်းရှိ မြန်မာနိုင်ငံနှင့်နယ်စပ်တွင်ရှိသော ထာ့ဆောင်ယန်းခရိုင်တွင် ရဲအရာရှိတစ်ဦးကိုသတ်ဖြတ်ပြီး တိမ်းရှောင်နေသူများဟု ထိုင်းရဲတပ်ဖွဲ့မှ ယူဆထားသော ယင်းအမျိုးသား ၄ ဦးအနက်မှ ၃ ဦးမှာ ညီအစ်ကိုများဖြစ်ပြီး ထာ့ဆောင်ယန်းခရိုင်အတွင်းရှိ ဘန်းမဲလာ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသူများဖြစ်သည်။
အဆိုပါ လူသတ်မှုဖြင့်သံသယရှိသူ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့၏တောင်းဆိုမှုအရ KNLA-PC တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ထာ့ဆောင်ယန်းရဲအရာရှိများထံ လွှဲပြောင်းပေးခဲ့သည်။
အသတ်ခံရသည့် ရဲအရာရှိ၏ အလောင်းကို အင်္ဂါနေ့ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရဲအရာရှိသည် တစ်ကြိမ် ပစ်ခတ်ခံထားရကာ၊ ၆ ကြိမ် ဓါးနှင့် အထိုးခံထားရပြီး လည်ပင်းကိုလည်း လှီးဖြတ်ခံထားရ သည်ကိုတွေ့ရှိရသည်။
အခင်းဖြစ်ရာနေရာတွင် ဆိတ်ဆယ်ကောင်ထက်မနည်းတင်ထားသော နောက်တွဲပါမော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့ရသလို သွေးကွက်များနှင့် ဓါးတစ်လက်ကိုလည်း လမ်းပေါ်တွင်တွေ့ခဲ့ရသည်။
ရဲအရာရှိကိုသတ်သည့် တရားခံအဖြစ် ယူဆထားသော ဒုက္ခသည် ၄ ဦးသည် ဆိတ်ဝယ်ရန်ဟုဆိုကာ ဒုက္ခသည်စခန်းမှ နေ၍ မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်ရွာတစ်ရွာသို့ ထွက်ခွာသွားကြောင်း၊ ဆိတ်များ ကိုယူဆောင်လာပြီး ဒုက္ခသည်စခန်းသို့ ပြန်အလာတွင် အသတ်ခံရသည့် ရဲအရာရှိက ၎င်းတို့ကိုတားဆီးစစ်ဆေးကာ ဖမ်းဆီးရန်ကြိုးစားခဲ့ဖွယ်ရှိကြောင်း၊ ၎င်းတို့ ၄ ဦးက ပြန်လည်ခုခံရာမှ လူသတ်မှုဖြစ် ပွားခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဒုက္ခသည် ၄ ဦးသည် နယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ထွက်ပြေးရာ ထိုင်းရဲတပ်ဖွဲ့က KNLA-PC တပ်ဖွဲ့ဝင်များကို ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုသဖြင့် KNLA-PC တပ်ဖွဲ့ဝင်များက လူသတ်မှုတရားခံ အဖြစ် ယူဆရသည့် ဒုက္ခသည် ၄ ဦးကို ဖမ်းဆီးပေးခဲ့သည်။
အသတ်ခံခဲ့ရသည့် ရဲအရာရှိသည် မကြာသေးမီကမှ ရာထိုးတိုးစာမေးပွဲအောင်မြင်ထားသူ ဖြစ်သည်။
Mizzima

No comments:

Post a Comment