Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

မႏၱေလးဆိပ္ကမ္းေန ျပည္သူမ်ားအတြက္ အငွားအိမ္ရာမ်ား မဲနိဳက္ခ်ထားေပး၊ အေထာက္အထား မျပည့္စံုသျဖင့္ က်န္ရွိေနသူမ်ား ထပ္မံေလွ်ာက္ထားႏုိင္



မႏၱေလး (ဧရာ၀တီျမစ္) ဆိပ္ကမ္းတေလ်ာက္တြင္ ယာယီတဲမ်ားျဖင့္ ေနထုိင္ၾကသူမ်ားအား ျမိဳ႕ေတာ္စည္ပင္သာယာမွ အငွားအိမ္ရာတိုက္ခန္းမ်ား ေနထိုင္ခြင့္ကို မတ္ ၇ ရက္ေန႔ နံနက္ပိုင္းက မဲနိႈက္ခ်ထားေပးခဲ့ျပီး မျပည့္စံုသူမ်ားနွင့္ က်န္ရွိေနသူမ်ား ထပ္မံေလွ်ာက္ထားနိဳင္ေၾကာင္း ျမိဳ႕ေတာ္စည္ပင္သာယာ အတြင္းေရးမွဴး ဦးခင္ေမာင္တင့္ ကေျပာသည္။

"ေလွ်ာက္ထားသူေတြထဲမွာ မွတ္ပံုတင္နဲ႔ အိမ္ေထာင္စုဇယား မျပည့္စံုသူေတြနဲ႔ က်န္ေနတဲ့ ဆိပ္ကမ္းတေလွ်ာက္ ေနထိုင္သူေတြအတြက္ အခြင့္အေရးအျဖစ္ ထပ္မံ ေလွ်ာက္ထားႏုိင္ပါတယ္။ အားလံုးကို အငွားအိမ္ရာတိုက္ခန္းခ်ထားေပးျပီးရင္ ဆိပ္ကမ္းမွာေနထိုင္ခြင့္ မျပဳေတာ့ဘူး"ဟု ၄င္းက ေျပာသည္။

အငွားအိမ္ရာမ်ားကို ျမိဳ႕ေတာ္စည္ပင္သယာေရးေကာ္မတီပိုင္ ကမ္းနားလမ္းတေလ်ာက္ရွိ ၁၂ လမ္းနွင့္ ၁၄ လမ္းၾကားရွိ ေျမဧက (၃.၉၁၄) နွင့္ ၁၉ လမ္း၊ ၂၁ လမ္းၾကားရွိ ေျမဧက (၂ ဒသမ ၁၉၆) တို႔တြင္ ၁၂ ခန္းတြဲ ေျခာက္ထပ္ရွိ တိုက္ခန္းေပါင္း (၁၅၈၄) ခန္းကို ျမစ္ကမ္းတေလ်ာက္ ယာယီတဲမ်ားျဖင့္ ေနထိုင္သူမ်ားအား ေလွ်ာက္ထားေစျပီး မဲနႈိက္ခ်ထားေပးျခင္းျဖစ္ေၾကာင္းသိရသည္။

"ကၽြန္မတို႔ကေတာ့ ခုလိုေပးတာ ေက်းဇူးတင္တယ္။ ဆိပ္ကမ္းမွာ မလံုမျခံဳနဲ႔ ၀ါးတဲထိုးျပီး ေနရတာထက္စာရင္ အရမ္းေကာင္းသြားျပီ။ တဲထက္ေတာ့ က်ယ္ပါတယ္။ လွ်ပ္စစ္မီး/ေရ အျပည့္အစံုရျပီး သံုးစြဲသေလာက္ေတာ့ ကိုယ္က ေပးရမွာေပါ့"ဟု လာေရာက္ မဲနိဳက္သူ ေဒၚရီက ေျပာသည္။

ေလွွ်ာက္ထားသူမ်ားမွ အေထာက္အထား ျပည့္စုံသည့္ ၁၂၀၆ ဦးတို႔အား မဲနိဳက္ေနရာခ်ထားေပးခဲ့ျပီး ၄င္းတို႔သည့္ မည္သည့္အထပ္မဆို တလလ်င္ က်ပ္သံုးေသာင္းငွားရမ္းခေပးေဆာင္ရမွာ ျဖစ္ေၾကာင္း၊ သိရသည္။

ခိုင္ဆက္ေ၀
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.................


မန္တလေး (ဧရာဝတီမြစ်) ဆိပ်ကမ်းတလျောက်တွင် ယာယီတဲများဖြင့် နေထိုင်ကြသူများအား မြို့တော်စည်ပင်သာယာမှ အငှားအိမ်ရာတိုက်ခန်းများ နေထိုင်ခွင့်ကို မတ် ရ ရက်နေ့ နံနက်ပိုင်းက မဲနှိုက်ချထားပေးခဲ့ပြီး မပြည့်စုံသူများနှင့် ကျန်ရှိနေသူများ ထပ်မံလျှောက်ထားနိုင်ကြောင်း မြို့တော်စည်ပင်သာယာ အတွင်းရေးမှူး ဦးခင်မောင်တင့် ကပြောသည်။

"လျှောက်ထားသူတွေထဲမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မပြည့်စုံသူတွေနဲ့ ကျန်နေတဲ့ ဆိပ်ကမ်းတလျှောက် နေထိုင်သူတွေအတွက် အခွင့်အရေးအဖြစ် ထပ်မံ လျှောက်ထားနိုင်ပါတယ်။ အားလုံးကို အငှားအိမ်ရာတိုက်ခန်းချထားပေးပြီးရင် ဆိပ်ကမ်းမှာနေထိုင်ခွင့် မပြုတော့ဘူး"ဟု ၄င်းက ပြောသည်။

အငှားအိမ်ရာများကို မြို့တော်စည်ပင်သယာရေးကော်မတီပိုင် ကမ်းနားလမ်းတလျောက်ရှိ ၁၂ လမ်းနှင့် ၁၄ လမ်းကြားရှိ မြေဧက (၃.၉၁၄) နှင့် ၁၉ လမ်း၊ ၂၁ လမ်းကြားရှိ မြေဧက (၂ ဒသမ ၁၉၆) တို့တွင် ၁၂ ခန်းတွဲ ခြောက်ထပ်ရှိ တိုက်ခန်းပေါင်း (၁၅၈၄) ခန်းကို မြစ်ကမ်းတလျောက် ယာယီတဲများဖြင့် နေထိုင်သူများအား လျှောက်ထားစေပြီး မဲနှိုက်ချထားပေးခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်မတို့ကတော့ ခုလိုပေးတာ ကျေးဇူးတင်တယ်။ ဆိပ်ကမ်းမှာ မလုံမခြုံနဲ့ ၀ါးတဲထိုးပြီး နေရတာထက်စာရင် အရမ်းကောင်းသွားပြီ။ တဲထက်တော့ ကျယ်ပါတယ်။ လျှပ်စစ်မီး/ရေ အပြည့်အစုံရပြီး သုံးစွဲသလောက်တော့ ကိုယ်က ပေးရမှာပေါ့"ဟု လာရောက် မဲနိုက်သူ ဒေါ်ရီက ပြောသည်။

လျှှောက်ထားသူများမှ အထောက်အထား ပြည့်စုံသည့် ၁၂၀၆ ဦးတို့အား မဲနိုက်နေရာချထားပေးခဲ့ပြီး ၄င်းတို့သည့် မည်သည့်အထပ်မဆို တလလျင် ကျပ်သုံးသောင်းငှားရမ်းခပေးဆောင်ရမှာ ဖြစ်ကြောင်း၊ သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment