Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 4, 2016

ရန္ကုန္ သွ်မ္းထိပ္သီးအစည္းအေ၀း အာဏာပိုင္မ်ား ဆက္လက္က်င္းပခြင့္တားျမစ္

ဓါတ္ပုံ- ထိပ္သီးအစည္းအေ၀း က်င္းပေရးေကာ္မတီ SNLD ေျပာခြင့္ရ စုိင္းလိတ္
မတ္လ ၃ ရက္ ၂၀၁၆

ရန္ကုန္ၿမိဳ႕ မီကာစာဟုိတယ္တြင္ ယေန႕ စတင္က်င္းပလ်က္ရွိေသာ သွ်မ္းျပည္ညီညြတ္ေရးေကာ္မတီ CSSU အစည္းအေ၀းအား ေဒသခံ အာဏာပုိင္မ်ားက ဆက္လက္က်င္းပခြင့္ တားျမစ္လုိက္သည္ဟု အစည္း အေ၀း ျဖစ္ေျမာက္ေရးအတြက္ဦးေဆာင္ပါ၀င္သည့္ သွ်မ္းတုိင္းရင္း သားမ်ားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္က ေျပာပါသည္။

CSSU အစည္းအေ၀းကုိ မတ္လ ၃ ရက္မွ ၅ ရက္ေန႕အထိက်င္းပရန္ စီစဥ္ထားေသာ္လည္း ပထမေန့ ညီလာခံ၏ ညေနပုိင္းတြင္ အာဏာပုိင္ မ်ားက ထုိသုိ႕ တားျမစ္ပိတ္ပင္လုိက္ျခင္းျဖစ္ေၾကာင္း သွ်မ္း တုိင္းရင္းသား မ်ားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ေျပာခြင့္ရ စုိင္းလိတ္က သွ်မ္းသံေတာ္ဆင့္ အား ေျပာပါသည္။

“က်ေနာ္တို့ CSSU အစည္းအေ၀း ပထမေန့ ညေနပုိင္းမွာ စရဖနဲ့ သက္ ဆုိင္ရာ ပုဂၢိဳလ္ေတြက အစည္း အေ၀းခန္းမထဲကုိ ၀င္ခြင့္ျပဳဖုိ့ လာျပီးေတာင္း ဆုိပါတယ္။ က်ေနာ္တို့အေရးပုိင္ကိစၥမုိ့လုိ့ ခြင့္မျပဳဘူး။ လုိအပ္လုိ့ရွိရင္ က်ေနာ္တို့အစည္းအေ၀းျပီးရင္ က်ေနာ္တုိ့အကုန္ျပပါ့မယ္ ဆုိတာကုိ လက္မခံဘူး။ အဲ့နဲ႕သူတုိ့ျပန္သြားပါတယ္။ နက္ျဖန္အစည္းအေ၀းဆက္လုပ္ မယ္ဆုိရင္ ခြင့္ျပဳခ်က္ ေတာင္းပါလုိ့ ဆုိပါတယ္။” ဟု စုိင္းလိတ္က ေျပာသည္။

အစည္းအေ၀းဆက္လက္က်င္းပနုိင္ေရးအတြက္ CSSU တာ၀န္ရွိသူမ်ားက ရန္ကုန္ေျမာက္ပုိင္းခရုိင္ အေထြေထြ အုပ္ခ်ဳပ္ေရး ရုံးတြင္ ခြင့္ျပဳခ်က္သြားေ ရာက္ေ တာင္းဆုိေၾကာင္း၊ အုပ္ခ်ဳပ္ေရးရုံးမွ အုပ္ခ်ဳပ္ေရးမွဴးဆုိသူက- ခြင့္ျပဳ ခ်က္ေတာင္းခံစာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာ ရဲစ ခန္း ေထာက္ခံ စာမပါသျဖင့္ျပည့့္စုံမွဳမရွိဟုေျပာဆုိေၾကာင္း ခြင့္ျပဳခ်က္သြားေ ရာက္ ေတာင္း ခံသူ တဦးက ေျပာျပသည္။

“အဲ့မွာက်ေနာ္တို႕ကုိ တင္တဲ့စာမွာ အခ်က္ အလက္မျပည့္စုံဘူး လုိ႕ေျပာ ပါ တယ္။ အဲ့ခ်ိန္ဟာဆုိလုိ႕ ရွိရင္ ညေန ၆ နာရီေလာက္ရွိပါျပီ။ အဲ့ခ်ိန္မွာေ ထာက္ခံစာ ေတြ သြားယူလုိ႕ဘယ္လုိမွ အခ်ိန္မမွီေတာ့ပါဘူး။ ခြင့္ျပဳခ်က္ မေပးေၾကာင္း လက္မွတ္ထုိးေပးပါလုိ့ေတာင္းလည္း သူက မေပးပါဘူး။ ”

မီကာဆာဟုိတယ္ကလည္း ျမိဳ့နယ္ရုံးခြင့္ျပဳခ်က္ လက္မွတ္မပါ ပါကဆက္လက္က်င္းပရန္ လက္မခံ ေၾကာင္း ေျပာဆုိသည္ဟုလည္း သိရသည္။

လက္ရွိက်င္းပေနေသာ CSSU အဖြဲ႕၀င္အဖြဲ့မ်ား၏ ၅ ႀကိမ္ေျမာက္ အစည္း အေ၀းတြင္ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္ေရး၊ တႏိုင္ငံလုံးအပစ္အခတ္ ရပ္စဲေရး စာခ်ဳပ္ တုိ႕နွင့္ပတ္သက္သည့္ ေဆြးေနြးခ်က္မ်ား အျပင္ CSSU ၏ အလုပ္ အမွဳေဆာင္အဖြဲ႕ကုိျပန္လည္ေရြးခ်ယ္ရန္အစရွိသည္တုိ့ကုိပါ ေဆြးေႏြးသြား မည္ျဖစ္ေၾကာင္းသိရသည္။

“က်ေနာ္တို့ဘက္ကလည္း ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မွဳလုပ္ငန္းအတြက္နုိင္ငံေတာ္အဆင့္ကိစၥရပ္မ်ားကုိ ေဆာင္ရြက္ေနတဲ့ပုဂၢိဳလ္ေတြကပါေနပါတယ္။ ျငိမ္းခ်မ္းေရးေဖာ္ေဆာင္ဖုိ့လုပ္ငန္းအတြက္အစည္းအေ၀း ျဖစ္တဲ့အတြက္ေၾကာင့္မုိ့လုိ့ - ဒီကိစၥကုိဆက္ျပီး မလုပ္ရဘူးလုိ့ အထက္ကအမိန့္အရ အဲ့လုိဆုံးျဖတ္ လာတဲ့အခါမွာ က်ေနာ္တို့ကလည္း ဒီကိစၥကုိရပ္တန္းကရပ္ျပီးေတာ့မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးယြက္စစ္ တုိ႕ကလည္း အိမ္ျပန္ က်ေနာ္တို့ကလည္း ကုိယ့္အလုပ္ ကုိဆက္လုပ္ဖုိ႕ဘဲရွိပါတယ္။ ေနာက္ေနာင္ က်ေနာ္တို႕ ဒီနုိင္ငံရဲ့သြားေန တဲ့ဒီမုိကေရစီလမ္းေၾကာင္းကုိက်ေနာ္တုိ႕ ဘယ္အတုိင္းအတာအထိ ဆက္ လက္ ရင္ဆုိင္ရမလဲဆုိတာကုိ ေစာင့္ၾကည့္ရုံဘဲ ရွိပါတယ္ခင္ဗ်။ ”- ဟု စုိင္းလိတ္ကေျပာသည္။

အဆိုပါအစည္းအေ၀းသုိ႕ သ်ွမ္းျပည္ညီညြတ္ေရးေကာ္မတီ၏ အဖြဲ႕၀င္ အဖြဲ႕ မ်ား အနက္ က်ားျဖဴ ပါတီမွလြဲၿပီး ကုိယ္စားလွယ္ ၄၀ ေက်ာ္တက္ေရာက္ခဲ့ ပါသည္။ CSSU အေထြအေထြ အတြင္းေရးမွဴး ႀကီး စ၀္ပင္ခမ္း က - လက္ရွိ က်င္းပသည့္အစည္းအေ၀း သည္ သွ်မ္းျပည္တုိင္းရင္းသား စည္းလံုး ညြတ္မွဳ ရရွိေရး၊ ေကာ္မတီ သစ္ဖြဲ႕စည္းေရး၊ အစိုးရသစ္နွင့္ လက္တြဲေဖၚေဆာင္ သြား မည့္ လမ္းေၾကာင္းမ်ား ခ်မွတ္သြားမည္ဟုေျပာပါသည္။

လက္ရွိက်င္းပေနသည့္ ညီလာခံတြင္ သၽွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဉကၠဌ ခြန္ထြန္းဦး၊ သၽွမ္းျပည္ တိုးတက္ ေရးပါတီ နာယက ဗိုလ္ခ်ဳပ္ႀကီး ေဆထင္၊ တနိုင္ငံလံုး ပစ္ခတ္တိုက္ခုိက္မွဳ ရပ္စဲ ေရးစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ သၽွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ ဥကၠဌ ဒုတိ ယ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္၊ ဆိုင္ေက်ာ့ျပည္သူ႔စစ္ မွ ဗိုလ္ခ်ဳပ္ ကိုင္ဖ ၊ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ ္ေျမာက္ဖို႕ ပံ့ပိုးေပးေနသည့္ ျပည္ေထာင္စု အင္စတီက်ဳဒါရိုက္တာ ဦးခြန္စိုင္း တို႕ ပါ၀င္သက္ေရာက္ေနပါသည္။

သွ်မ္းသံေတာ္ဆင့္/ဟြမ္ဟိန္း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

..........................................


ဓါတ်ပုံ- ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ SNLD ပြောခွင့်ရ စိုင်းလိတ်
မတ်လ ၃ ရက် ၂၀၁၆

ရန်ကုန်မြို့ မီကာစာဟိုတယ်တွင် ယနေ့ စတင်ကျင်းပလျက်ရှိသော သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးအား ဒေသခံ အာဏာပိုင်များက ဆက်လက်ကျင်းပခွင့် တားမြစ်လိုက်သည်ဟု အစည်း အဝေး ဖြစ်မြောက်ရေးအတွက်ဦးဆောင်ပါ၀င်သည့် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါသည်။

CSSU အစည်းအဝေးကို မတ်လ ၃ ရက်မှ ၅ ရက်နေ့အထိကျင်းပရန် စီစဉ်ထားသော်လည်း ပထမနေ့ ညီလာခံ၏ ညနေပိုင်းတွင် အာဏာပိုင် များက ထိုသို့ တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သျှမ်း တိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အား ပြောပါသည်။

“ကျနော်တို့ CSSU အစည်းအဝေး ပထမနေ့ ညနေပိုင်းမှာ စရဖနဲ့ သက် ဆိုင်ရာ ပုဂ္ဂိုလ်တွေက အစည်း အဝေးခန်းမထဲကို ၀င်ခွင့်ပြုဖို့ လာပြီးတောင်း ဆိုပါတယ်။ ကျနော်တို့အရေးပိုင်ကိစ္စမို့လို့ ခွင့်မပြုဘူး။ လိုအပ်လို့ရှိရင် ကျနော်တို့အစည်းအဝေးပြီးရင် ကျနော်တို့အကုန်ပြပါ့မယ် ဆိုတာကို လက်မခံဘူး။ အဲ့နဲ့သူတို့ပြန်သွားပါတယ်။ နက်ဖြန်အစည်းအဝေးဆက်လုပ် မယ်ဆိုရင် ခွင့်ပြုချက် တောင်းပါလို့ ဆိုပါတယ်။” ဟု စိုင်းလိတ်က ပြောသည်။

အစည်းအဝေးဆက်လက်ကျင်းပနိုင်ရေးအတွက် CSSU တာဝန်ရှိသူများက ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ရုံးတွင် ခွင့်ပြုချက်သွားေ ရာက်ေ တာင်းဆိုကြောင်း၊ အုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးဆိုသူက- ခွင့်ပြု ချက်တောင်းခံစာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ ရဲစ ခန်း ထောက်ခံ စာမပါသဖြင့်ပြည့့်စုံမှုမရှိဟုပြောဆိုကြောင်း ခွင့်ပြုချက်သွားေ ရာက် တောင်း ခံသူ တဦးက ပြောပြသည်။

“အဲ့မှာကျနော်တို့ကို တင်တဲ့စာမှာ အချက် အလက်မပြည့်စုံဘူး လို့ပြော ပါ တယ်။ အဲ့ချိန်ဟာဆိုလို့ ရှိရင် ညနေ ၆ နာရီလောက်ရှိပါပြီ။ အဲ့ချိန်မှာေ ထာက်ခံစာ တွေ သွားယူလို့ဘယ်လိုမှ အချိန်မမှီတော့ပါဘူး။ ခွင့်ပြုချက် မပေးကြောင်း လက်မှတ်ထိုးပေးပါလို့တောင်းလည်း သူက မပေးပါဘူး။ ”

မီကာဆာဟိုတယ်ကလည်း မြို့နယ်ရုံးခွင့်ပြုချက် လက်မှတ်မပါ ပါကဆက်လက်ကျင်းပရန် လက်မခံ ကြောင်း ပြောဆိုသည်ဟုလည်း သိရသည်။

လက်ရှိကျင်းပနေသော CSSU အဖွဲ့ဝင်အဖွဲ့များ၏ ၅ ကြိမ်မြောက် အစည်း အဝေးတွင် ငြိမ်းချမ်းရေးဖော် ဆောင်ရေး၊ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် တို့နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ အပြင် CSSU ၏ အလုပ် အမှုဆောင်အဖွဲ့ကိုပြန်လည်ရွေးချယ်ရန်အစရှိသည်တို့ကိုပါ ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ဘက်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအတွက်နိုင်ငံတော်အဆင့်ကိစ္စရပ်များကို ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကပါနေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့လုပ်ငန်းအတွက်အစည်းအဝေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ - ဒီကိစ္စကိုဆက်ပြီး မလုပ်ရဘူးလို့ အထက်ကအမိန့်အရ အဲ့လိုဆုံးဖြတ် လာတဲ့အခါမှာ ကျနော်တို့ကလည်း ဒီကိစ္စကိုရပ်တန်းကရပ်ပြီးတော့မှ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် တို့ကလည်း အိမ်ပြန် ကျနော်တို့ကလည်း ကိုယ့်အလုပ် ကိုဆက်လုပ်ဖို့ဘဲရှိပါတယ်။ နောက်နောင် ကျနော်တို့ ဒီနိုင်ငံရဲ့သွားနေ တဲ့ဒီမိုကရေစီလမ်းကြောင်းကိုကျနော်တို့ ဘယ်အတိုင်းအတာအထိ ဆက် လက် ရင်ဆိုင်ရမလဲဆိုတာကို စောင့်ကြည့်ရုံဘဲ ရှိပါတယ်ခင်ဗျ။ ”- ဟု စိုင်းလိတ်ကပြောသည်။

အဆိုပါအစည်းအဝေးသို့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ အဖွဲ့ဝင် အဖွဲ့ များ အနက် ကျားဖြူ ပါတီမှလွဲပြီး ကိုယ်စားလှယ် ၄၀ ကျော်တက်ရောက်ခဲ့ ပါသည်။ CSSU အထွေအထွေ အတွင်းရေးမှူး ကြီး စဝ်ပင်ခမ်း က - လက်ရှိ ကျင်းပသည့်အစည်းအဝေး သည် သျှမ်းပြည်တိုင်းရင်းသား စည်းလုံး ညွတ်မှု ရရှိရေး၊ ကော်မတီ သစ်ဖွဲ့စည်းရေး၊ အစိုးရသစ်နှင့် လက်တွဲဖေါ်ဆောင် သွား မည့် လမ်းကြောင်းများ ချမှတ်သွားမည်ဟုပြောပါသည်။

လက်ရှိကျင်းပနေသည့် ညီလာခံတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ဉက္ကဌ ခွန်ထွန်းဦး၊ သျှမ်းပြည် တိုးတက် ရေးပါတီ နာယက ဗိုလ်ချုပ်ကြီး ဆေထင်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိ ယ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဆိုင်ကျော့ပြည်သူ့စစ် မှ ဗိုလ်ချုပ် ကိုင်ဖ ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ ်မြောက်ဖို့ ပံ့ပိုးပေးနေသည့် ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း တို့ ပါ၀င်သက်ရောက်နေပါသည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

No comments:

Post a Comment