Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 4, 2016

ဗ.က.သ. ေက်ာင္းသားမ်ား ပုဒ္မ ၁၈ အား အမႈရင္ဆုိင္သြားေတာ့မည္ မဟုတ္္္ဟု ဆို


ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားသမဂၢ၊ ဒီမုိကေရစီပညာေရး လႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီက ဦးေဆာင္ျခင္း မရွိသည့္အတြက္ တရားစြဲဆုိထားသည့္ ၿငိမ္းစုစီ ပုဒ္မ ၁၈ အား အမႈရင္ဆုိင္သြားမည္ မဟုတ္္္ေတာ့ေၾကာင္း ဖမ္းဆီးခံေက်ာင္းသားမ်ားႏွင့္ ၎တို႔၏ ေရွ႕ေနမ်ားထံမွ သိရွိရသည္။

ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားသမဂၢ၊ ဒီမုိကေရစီပညာေရး လႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီက ဦးေဆာင္ျခင္းမရွိသည့္ ၂၀၁၅ ခုႏွစ္က ဆႏၵထုတ္ေဖာ္ခဲ့သည့္ လယ္သူမ ေဒၚခင္ဝင္း ေသဆံုးမႈ ဆႏၵထုတ္ေဖာ္ပြဲ၊ ၂၀၁၅ ခုႏွစ္ ဖေဖၚဝါရီိလက ျပဳလုပ္ခဲ့သည့္ လက္ပံတန္းပင္မ သပိတ္စစ္ေၾကာင္း ေထာက္ခံ ဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ ခြင့္ျပဳခ်က္မဲ့ ျပဳလုပ္ခဲ့သည့္အတြက္ ရန္ကုန္တုိင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားက စြဲဆုိထားသည့္ ပုဒ္မ ၁၈ အား မတ္လ ၃ ရက္ေနတြင္ ကမာရြတ္ၿမိဳ႕နယ္ႏွင့္ လႈိင္ၿမိဳ႕နယ္ တရားရုံးတို႔က ႐ုံးထုတ္ခဲ့ကာ အဆုိပါ႐ုံးခ်ိန္းမ်ားမွ စတင္ကာ အမႈရင္ဆုိင္ ေတာ့မည္ မဟုတ္ေၾကာင္း ဖမ္းဆီးခံ ဗ.က.သ ေက်ာင္းသားမ်ားထံမွ သိရသည္။

“သူတုိ႔ေတြ ေခါင္းေဆာင္ၿပီး ဆႏၵျပတာမဟုတ္တဲ့ အမႈေတြကို အမႈမရင္ဆုိင္ေတာ့ဘူး။ မရင္ဆုိင္ေတာ့ဘူး ဆုိတာက တရားလုိသက္ေသေတြ ကို ျပန္လည္ ေမးခြန္းေတြ ေမးမွာ မဟုတ္ေတာ့ဘူး။ ေရွ႕ေန ပါဝါေတြလည္း ထပ္စြဲတဲ့ အမႈေတြကို မတင္ေတာ့ဘူး။ တင္ၿပီးသား ေရွ႕ေန ပါဝါေတြကိုလည္း မနက္က လိႈင္တရား႐ုံးမွာ ရုပ္သိမ္းၿပီးၿပီ” ဟု ဖမ္းဆီးခံ ေက်ာင္းသားမ်ား ေရွ႕ေန ဦးေဌးက ေျပာသည္။

အင္းစိန္အက်ဥ္းေထာင္တြင္ ဖမ္းဆီးခံထားရသည့္ ဗမာႏုိင္ငံလံုး ဆုိင္ရာ ေက်ာင္းသားမ်ား သမဂၢ ဥကၠ႒ ကိုေက်ာ္ကိုကို၊ ကိုဂ်ိမ္း၊ သာယာဝတီ အက်ဥ္းေထာင္တြင္ ဖမ္းဆီးခံ ထားရသည့္ ကိုနႏၵာစစ္ေအာင္၊ ကိုမင္းေသြးသစ္ႏွင့္ မၿဖိဳးၿဖိဳးေအာင္တို႔အား ကမာရြတ္ၿမိဳ႕နယ္၊ လႈိင္ၿမိဳ႕နယ္၊ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ဗုိလ္တေထာင္ၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္ႏွင့္ ေက်ာက္တံတား ၿမိဳ႕နယ္တုိ႔မွ ၿငိမ္းစုစီပုဒ္မ ၁၈ ျဖင့္ တရားစြဲဆုိထားေၾကာင္း သက္ဆုိင္ရာ ရဲစခန္းမ်ားမွ သိရသည္။

“ကြ်န္ေတာ္တုိ႔ ဖမ္းဆီးခံရၿပီး ကတည္းက တရား႐ုံး လုပ္ထံုးလုပ္နည္းအရ ႐ုံးထြက္ခဲ့တယ္။ ကၽြန္ေတာ္တုိ႔ တရား႐ုံးထြက္တာက ဒီပုဒ္မႀကီးကို ေလးစားလုိက္နာလို႔ တရား႐ုံးထြက္တာ မဟုတ္ဘူး။ မတရားမႈေတြကိုု ထင္ရွားေအာင္လုိ႔ တရား႐ုံး ရင္ဆုိင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရွ႕ေနပါဝါလည္း ထပ္မတင္ေတာ့ဘူး။ တင္ၿပီးသား ေရွ႕ေန ပါဝါေတြကို လည္း ျပန္႐ုပ္သိမ္းေနပါၿပီ” ဟု ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုေက်ာ္ကိုကိုက မတ္လ ၃ ရက္ေန႔ ကမာရြတ္ၿမိဳ႕နယ္ တရား႐ုံးတြင္ ႐ုံးထုတ္စဥ္ ေျပာသည္။

အင္းစိန္အက်ဥ္းေထာင္တြင္ ဖမ္းဆီးခံထားရသည့္ တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (တကသ) ေခါင္းေဆာင္မ်ားျဖစ္သည့္ ကိုိေဇယ်ာလြင္၊ ကိုပိုင္ရဲသူႏွင့္ ကိုနန္းလင္းတုိ႔မွာ လည္း ပုဒ္မ ၁၈ ကို အမႈရင္ဆုိင္ျခင္း မရွိေၾကာင္း သိရသည္။

သတင္း - MMK
Photo - Sai Han
The Ladies News
https://www.facebook.com/News.TheLadies/

.....................................


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်ခြင်း မရှိသည့်အတွက် တရားစွဲဆိုထားသည့် ငြိမ်းစုစီ ပုဒ်မ ၁၈ အား အမှုရင်ဆိုင်သွားမည် မဟုတ်််တော့ကြောင်း ဖမ်းဆီးခံကျောင်းသားများနှင့် ၎င်းတို့၏ ရှေ့နေများထံမှ သိရှိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်ခြင်းမရှိသည့် ၂၀၁၅ ခုနှစ်က ဆန္ဒထုတ်ဖော်ခဲ့သည့် လယ်သူမ ဒေါ်ခင်ဝင်း သေဆုံးမှု ဆန္ဒထုတ်ဖော်ပွဲ၊ ၂၀၁၅ ခုနှစ် ဖဖေါ်ဝါရီိလက ပြုလုပ်ခဲ့သည့် လက်ပံတန်းပင်မ သပိတ်စစ်ကြောင်း ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲများတွင် ခွင့်ပြုချက်မဲ့ ပြုလုပ်ခဲ့သည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များက စွဲဆိုထားသည့် ပုဒ်မ ၁၈ အား မတ်လ ၃ ရက်နေတွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တရားရုံးတို့က ရုံးထုတ်ခဲ့ကာ အဆိုပါရုံးချိန်းများမှ စတင်ကာ အမှုရင်ဆိုင် တော့မည် မဟုတ်ကြောင်း ဖမ်းဆီးခံ ဗ.က.သ ကျောင်းသားများထံမှ သိရသည်။

“သူတို့တွေ ခေါင်းဆောင်ပြီး ဆန္ဒပြတာမဟုတ်တဲ့ အမှုတွေကို အမှုမရင်ဆိုင်တော့ဘူး။ မရင်ဆိုင်တော့ဘူး ဆိုတာက တရားလိုသက်သေတွေ ကို ပြန်လည် မေးခွန်းတွေ မေးမှာ မဟုတ်တော့ဘူး။ ရှေ့နေ ပါဝါတွေလည်း ထပ်စွဲတဲ့ အမှုတွေကို မတင်တော့ဘူး။ တင်ပြီးသား ရှေ့နေ ပါဝါတွေကိုလည်း မနက်က လှိုင်တရားရုံးမှာ ရုပ်သိမ်းပြီးပြီ” ဟု ဖမ်းဆီးခံ ကျောင်းသားများ ရှေ့နေ ဦးဌေးက ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကိုဂျိမ်း၊ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံ ထားရသည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့အား ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်နှင့် ကျောက်တံတား မြို့နယ်တို့မှ ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရသည်။

“ကျွန်တော်တို့ ဖမ်းဆီးခံရပြီး ကတည်းက တရားရုံး လုပ်ထုံးလုပ်နည်းအရ ရုံးထွက်ခဲ့တယ်။ ကျွန်တော်တို့ တရားရုံးထွက်တာက ဒီပုဒ်မကြီးကို လေးစားလိုက်နာလို့ တရားရုံးထွက်တာ မဟုတ်ဘူး။ မတရားမှုတွေကိုု ထင်ရှားအောင်လို့ တရားရုံး ရင်ဆိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေပါဝါလည်း ထပ်မတင်တော့ဘူး။ တင်ပြီးသား ရှေ့နေ ပါဝါတွေကို လည်း ပြန်ရုပ်သိမ်းနေပါပြီ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ်လ ၃ ရက်နေ့ ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ခေါင်းဆောင်များဖြစ်သည့် ကိိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းတို့မှာ လည်း ပုဒ်မ ၁၈ ကို အမှုရင်ဆိုင်ခြင်း မရှိကြောင်း သိရသည်။

သတင်း - MMK
Photo - Sai Han
The Ladies News
https://www.facebook.com/News.TheLadies/

No comments:

Post a Comment