Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 26, 2016

ပညာေရး နွင့္ စီးပြားေရအလုပ္အကိုင္ ရရွိမွဳ့ ဆက္စပ္ပုံ လူထုေခါင္းေဆာင္ေျပာျကားေသာ ေသာအေမး အေျဖ



"၁၀တန္းေက်ာင္းသားေလး အေမး"

သားတို႕ၿမန္မာနိုင္ငံဟာ ကမာၻေပၚမွာအဆင္းရဲဆံုးနိုင္ငံတစ္နိုင္ငံၿဖစ္ပါတယ္။ သားတို႕ၿမန္မာနိုင္ငံကေက်ာင္းသားမိဘေတြကဆင္းရဲသလို သားကလည္း ဆင္းရဲတဲ႕မိဘရဲ႕ကေလးတစ္ေယာက္ၿဖစ္ပါတယ္။ သားတို႕ၿမန္မာနိုင္ငံက ေက်ာင္းသားေတြဟာပိုက္ဆံေငြေႀကးမရိွႀကလို႕ ၁၀တန္းကိုတက္သြားၿပီးေအာင္သြားတဲ႕အခါမွာ ပိုက္ဆံမရိွေတာ႔ ကိုယ္လိုခ်င္တဲ႕ ကိုယ္၀ါသနာပါရာတကၠသိုလ္ကို တက္ခြင္႔မရိွဘူး။ တကၠသိုလ္တက္ခြင္႔မရိွေတာ႔ ဟိုအလုပ္၊ ဒီအလုပ္ေတြလုပ္ရတယ္။ ဒါေႀကာင္႔ အေမစုတို႕အစိုးရၿဖစ္တဲ႕တစ္ေန႕က်ရင္ သားတို႕ေက်ာင္းသားေတြအဆင္႔ၿမင္႔ၿမင္႔ ကိုယ္တက္ခ်င္ရာ ကိုယ္၀ါသနာပါရာလမ္းေတြကို ေရာက္ေအာင္ပို႔ေပးပါလို႕ေၿပာခ်င္ပါတယ္။

"ေဒၚစုအေၿဖ"

အေမတို႕ႀကိဳးစားပါမယ္။ ဒါေပမယ္႔ႀကံဳတံုးအေမတစ္ခုေၿပာခ်င္တယ္။ အခုဆိုရင္ ၁၀တန္းေအာင္စာရင္းေတြထြက္ထားတာ မႀကာေသးဘူး။ ေအာင္မွတ္ေကာင္းတဲ႕ ပုဂၢိုလ္ေတြကိုက် အားလံုးကဂုဏ္ၿပဳႀကတာေပါ႔။ ဒါေပမယ္႔ ကၽြန္မတို႕ၿပည္သူေတြ သတိမၿပဳမိတဲ႕အခ်က္တစ္ခုက ေအာင္တဲ႕သူေတြရဲ႕ရာခိုင္နႈံးက က်တဲ႕သူေတြရဲ႕ရာခိုင္နႈံးထက္နည္းေနတယ္။ စံုစမ္းႀကည္႔တဲ႕အခါက်ေတာ႔ ေအာင္နႈံးက ၃၇%တဲ႕ ။ ကၽြန္မကိုေပးတဲ႕ကိန္းဂဏန္းကမွားရင္လဲမွားမေပါ႔ေနာ္။ ေအာင္နႈံး၃၇%ဆိုေတာ႔ အမ်ားစုကက်တယ္ဆိုတဲ႕သေဘာ။ အဲဒီေတာ႔ အေမတို႕ကစၿပီးစဥ္းစားရမွာက ဘာၿဖစ္လို႕ဒီေလာက္မ်ားမ်ားႀကီးက်ေနႀကသလဲ။ ကၽြန္မတို႕ရဲ႕ကေလးေတြ ဘာၿဖစ္လို႕ ၁၀တန္းေတာင္မွ ေအာင္နိုင္တဲ႕အဆင္႔မရိွသလဲဆိုတာ ..အဲဒါေတြလည္းၿပဳၿပင္ရမယ္။ ေနာက္ၿပီး ၁၀တန္းေအာင္ၿပီးတဲ႕အခါမွာလည္း ကိုယ္နဲ႕အဆင္ေၿပတဲ႕အသက္ေမြး၀မ္းေက်ာင္းပညာတစ္ခု ရဖို႕အဓိက။ ႀကံဳတံုးေၿပာပါရေစ။ ကေလးေတြဟာ တကၠသိုလ္သြားဖို႕ပဲ မစဥ္းစားပါနဲ႕။ မိဘေတြကလည္း တကၠသိုလ္ပို႕ဖို႕ပဲ ခ်ည္းပဲမစဥ္းစားပါနဲ႕။ အသက္ေမြး၀မ္းေက်ာင္းပညာေက်ာင္းေတြကိုပို႔ဖို႕ စဥ္းစားပါ။ အဲဒီဟာကတကယ္႔တိုးတက္တဲ႕ကမာၻ႔ထိပ္တန္းနိုင္ငံေတြမွာ ဥပမာ ဂ်ာမဏီ ဆြီဒင္ ဆြစ္ဇာလန္လိုနို္င္ငံေတြဟာ ကမာၻမွာလူမႈေရးအရေရာ၊ စီးပြားေရးအရေရာ၊ နိုင္ငံေရးအရေရာ တကယ္႔အဆင္႔အတန္းအၿမင္႔ဆံုးနို္င္ငံေတြမွာဆိုရင္ အသက္ေမြး၀မ္းေက်ာင္းပညာေက်ာင္းထြက္ေတြဟာ တကၠသိုလ္ေက်ာင္းထြက္ေတြနွင္႔ တန္းတူညီမွ်၀င္ေငြလည္းရတယ္။ တန္းတူညီမွ် လူ႕အသိုင္းအ၀ိုင္းမွာလည္း ဂုဏ္ရိွတယ္။ အဲဒါအင္မတန္မွန္တဲ႕ကိစၥပါ။ တကၠသိုလ္ဘြဲ႕ရလို႕ ပိုၿပီးေတာ႔ အၿခားသူေတြထက္ေတာ္သြားတာမဟုတ္ပါဘူး။ အေမတို႕ေကာ႔မႈးမွာဆိုလို႕ရိွရင္ အသက္ေမြး၀မ္းေက်ာင္းပညာေက်ာင္းတစ္ခုဖြင္႔ထားတယ္။ ပထမဦးဆံုးနွစ္က ေအာင္တာ အရင္လကေအာင္စာရင္းထြက္သြားတယ္။ ေအာင္သြားတဲ႕ကေလး၉၀%ေက်ာ္ဟာခ်က္ခ်င္းပဲအလုပ္ရသြားတယ္။ အဲဒါကို (အလုပ္အကိုင္ရရိွေရး) အေမတို႕ဦးတည္ရမယ္။ ကေလးေတြဟာ ပညာသင္ၿပီးတဲ႕အခါက်ရင္ ကိုယ္႔အသက္ေမြး၀မ္းေက်ာင္းမႈကို ကိုယ္တိုင္ရွာနိုင္ရမယ္။ တကၠသိုလ္ဘြဲ႕ရၿပီး ဘာမွမလုပ္ပဲ အိမ္မွာထိုင္ၿပီးေတာ႔ အေမေကၽြးတာထိုင္စားေနရင္ေတာ႔ မဟန္ဘူး။ ဒီေတာ႔ အေမတို႕လုပ္ရမွာက ပညာအဆင္႔ၿမင္႔ေအာင္လုပ္ရမယ္။ ပညာေတာ္တဲ႕ပုဂၢုိလ္မ်ားဆက္ၿပီး ပညာသင္နိုင္ေအာင္လည္းလုပ္ရမယ္။ သင္ထားတဲ႕ပညာနဲ႕ ကိုယ္႔ရဲ႕အသက္ေမြး၀မ္းေက်ာင္းကို ကိုယ္တိုင္တာ၀န္ယူၿပီးေတာ႔ လုပ္နိုင္ေအာင္လည္းပံ႔ပိုးရမယ္။

က်ိဳက္လတ္ လူထုေဟာေျပာပြဲ

Kyaezin Zoe

...........................................................................


ပညာရေး နှင့် စီးပွားရေအလုပ်အကိုင် ရရှိမှု့ ဆက်စပ်ပုံ လူထုခေါင်းဆောင်ပြောကြားသော သောအမေး အဖြေ
--------------------------------------

"၁၀တန်းကျောင်းသားလေး အမေး"

သားတို့မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သားတို့မြန်မာနိုင်ငံကကျောင်းသားမိဘတွေကဆင်းရဲသလို သားကလည်း ဆင်းရဲတဲ့မိဘရဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သားတို့မြန်မာနိုင်ငံက ကျောင်းသားတွေဟာပိုက်ဆံငွေကြေးမရှိကြလို့ ၁၀တန်းကိုတက်သွားပြီးအောင်သွားတဲ့အခါမှာ ပိုက်ဆံမရှိတော့ ကိုယ်လိုချင်တဲ့ ကိုယ်ဝါသနာပါရာတက္ကသိုလ်ကို တက်ခွင့်မရှိဘူး။ တက္ကသိုလ်တက်ခွင့်မရှိတော့ ဟိုအလုပ်၊ ဒီအလုပ်တွေလုပ်ရတယ်။ ဒါကြောင့် အမေစုတို့အစိုးရဖြစ်တဲ့တစ်နေ့ကျရင် သားတို့ကျောင်းသားတွေအဆင့်မြင့်မြင့် ကိုယ်တက်ချင်ရာ ကိုယ်ဝါသနာပါရာလမ်းတွေကို ရောက်အောင်ပို့ပေးပါလို့ပြောချင်ပါတယ်။

"ဒေါ်စုအဖြေ"

အမေတို့ကြိုးစားပါမယ်။ ဒါပေမယ့်ကြုံတုံးအမေတစ်ခုပြောချင်တယ်။ အခုဆိုရင် ၁၀တန်းအောင်စာရင်းတွေထွက်ထားတာ မကြာသေးဘူး။ အောင်မှတ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကိုကျ အားလုံးကဂုဏ်ပြုကြတာပေါ့။ ဒါပေမယ့် ကျွန်မတို့ပြည်သူတွေ သတိမပြုမိတဲ့အချက်တစ်ခုက အောင်တဲ့သူတွေရဲ့ရာခိုင်နှုံးက ကျတဲ့သူတွေရဲ့ရာခိုင်နှုံးထက်နည်းနေတယ်။ စုံစမ်းကြည့်တဲ့အခါကျတော့ အောင်နှုံးက ၃၇%တဲ့ ။ ကျွန်မကိုပေးတဲ့ကိန်းဂဏန်းကမှားရင်လဲမှားမပေါ့နော်။ အောင်နှုံး၃၇%ဆိုတော့ အများစုကကျတယ်ဆိုတဲ့သဘော။ အဲဒီတော့ အမေတို့ကစပြီးစဉ်းစားရမှာက ဘာဖြစ်လို့ဒီလောက်များများကြီးကျနေကြသလဲ။ ကျွန်မတို့ရဲ့ကလေးတွေ ဘာဖြစ်လို့ ၁၀တန်းတောင်မှ အောင်နိုင်တဲ့အဆင့်မရှိသလဲဆိုတာ ..အဲဒါတွေလည်းပြုပြင်ရမယ်။ နောက်ပြီး ၁၀တန်းအောင်ပြီးတဲ့အခါမှာလည်း ကိုယ်နဲ့အဆင်ပြေတဲ့အသက်မွေးဝမ်းကျောင်းပညာတစ်ခု ရဖို့အဓိက။ ကြံုတုံးပြောပါရစေ။ ကလေးတွေဟာ တက္ကသိုလ်သွားဖို့ပဲ မစဉ်းစားပါနဲ့။ မိဘတွေကလည်း တက္ကသိုလ်ပို့ဖို့ပဲ ချည်းပဲမစဉ်းစားပါနဲ့။ အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေကိုပို့ဖို့ စဉ်းစားပါ။ အဲဒီဟာကတကယ့်တိုးတက်တဲ့ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေမှာ ဥပမာ ဂျာမဏီ ဆွီဒင် ဆွစ်ဇာလန်လိုနို်င်ငံတွေဟာ ကမ္ဘာမှာလူမှုရေးအရရော၊ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော တကယ့်အဆင့်အတန်းအမြင့်ဆုံးနို်င်ငံတွေမှာဆိုရင် အသက်မွေးဝမ်းကျောင်းပညာကျောင်းထွက်တွေဟာ တက္ကသိုလ်ကျောင်းထွက်တွေနှင့် တန်းတူညီမျှဝင်ငွေလည်းရတယ်။ တန်းတူညီမျှ လူ့အသိုင်းအဝိုင်းမှာလည်း ဂုဏ်ရှိတယ်။ အဲဒါအင်မတန်မှန်တဲ့ကိစ္စပါ။ တက္ကသိုလ်ဘွဲ့ရလို့ ပိုပြီးတော့ အခြားသူတွေထက်တော်သွားတာမဟုတ်ပါဘူး။ အမေတို့ကော့မှုးမှာဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာကျောင်းတစ်ခုဖွင့်ထားတယ်။ ပထမဦးဆုံးနှစ်က အောင်တာ အရင်လကအောင်စာရင်းထွက်သွားတယ်။ အောင်သွားတဲ့ကလေး၉၀%ကျော်ဟာချက်ချင်းပဲအလုပ်ရသွားတယ်။ အဲဒါကို (အလုပ်အကိုင်ရရှိရေး) အမေတို့ဦးတည်ရမယ်။ ကလေးတွေဟာ ပညာသင်ပြီးတဲ့အခါကျရင် ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကို ကိုယ်တိုင်ရှာနိုင်ရမယ်။ တက္ကသိုလ်ဘွဲ့ရပြီး ဘာမှမလုပ်ပဲ အိမ်မှာထိုင်ပြီးတော့ အမေကျွေးတာထိုင်စားနေရင်တော့ မဟန်ဘူး။ ဒီတော့ အမေတို့လုပ်ရမှာက ပညာအဆင့်မြင့်အောင်လုပ်ရမယ်။ ပညာတော်တဲ့ပုဂ္ဂိုလ်များဆက်ပြီး ပညာသင်နိုင်အောင်လည်းလုပ်ရမယ်။ သင်ထားတဲ့ပညာနဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းကို ကိုယ်တိုင်တာဝန်ယူပြီးတော့ လုပ်နိုင်အောင်လည်းပံ့ပိုးရမယ်။

ကျိုက်လတ် လူထုဟောပြောပွဲ

Kyaezin Zoe

No comments:

Post a Comment