Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 26, 2016

ေရႊျဖဴ ႏွင့္ ပလက္တီနမ္



က်မရဲ႕အေတြ႕အႀကံဳေတြကိုေ၀မွ်ရင္း ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္းကို ဗဟုသုတရေစခ်င္လို႔ ဒီစာေလးကိုေရးျဖစ္တာပါ။ အရင္ဆံုးေတာ့ က်မေတြ႕ႀကံဳခဲ့တဲ့ အေတြ႕အႀကံဳေတြကို ေျပာျပခ်င္ပါတယ္။ ၿပီးမွ ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္း ဗဟုသုတအျဖစ္ေ၀မွ်ေပးပါမယ္။
တစ္ရက္မွာ က်မတို႔ အဖြားအတြက္ လက္ေကာက္၀ယ္ဖို႔ဆိုၿပီး ေရႊဆိုင္/ေရႊျဖဴဆိုင္ ေလးငါးေျခာက္ဆိုင္ေလာက္ကို ေရာက္ခဲ့တယ္။ ပထမဆံုး၀င္ၾကည့္ခဲ့တဲ့ဆိုင္ကိုေက်ာ္ၿပီး ဒုတိယ၀င္ၾကည့္ခဲ့တဲ့ဆိုင္ကေန စေျပာပါမယ္။
ဒုတိယၾကည့္ျဖစ္တဲ့ဆိုင္ကေတာ့ ေရႊနဂါး ပလက္တီနမ္ႏွင့္ေရႊဆိုင္ ဆိုတဲ့ဆိုင္ပါ။ ဒီလက္ေကာက္ေလးၾကည့္ပါရေစဆိုေတာ့ မွန္ပံုးထဲကေနထုတ္ျပရင္း “ဒါကြ်န္မတို႔သူေဌး ႏိုင္ငံျခားကေနတိုက္ရိုက္တင္သြင္းလာတဲ့ ပလက္တီနမ္အထည္ေတြပါ။ ျမန္မာႏိုင္ငံမွာ ပလက္တီနမ္ကို ေရႊလိုေန႔စဥ္ေပါက္ေစ်းနဲ႔ တြက္ၿပီးေရာင္းေပးတဲ့ဆိုင္၊ ဒီလိုဆိုင္မ်ိဳး ဒီတစ္ဆိုင္ပဲရွိတယ္။ ျပန္သြင္းရင္လည္း ေန႔စဥ္ေပါက္ေစ်းနဲ႔တြက္တာဆိုေတာ့ ေစ်းတက္ရင္ ၀ယ္သူဘက္ကမနစ္နာဘူး။ တျခားဆိုင္ေတြဆိုရင္ ဂရမ္ခ်ိန္နဲ႔ေရာင္းၾကတာ ေစ်းႀကီးတယ္၊ ျပန္သြင္းရင္လည္း ေစ်းႏွိမ္တယ္……..” ဆိုတာေတြကို တလက္စက္ ေျပာေနတာပါ။ က်မလည္းစိတ္ထဲေတာ္ေတာ္ထူးဆန္းသြားတယ္ ပလက္တီနမ္ေပါက္ေစ်းကို ဘယ္ကၾကည့္လဲ ဆိုေတာ့ မသိဘူး သူေဌးကိုယ္တိုင္ၾကည့္တာလို႔ေျပာတယ္။ စကားေျပာတဲ့ပံုကလည္း လူတတ္ႀကီးလုပ္ၿပီး ၀ယ္သူကို ဘာမွမသိတဲ့လူလို ဆက္ဆံတယ္။ အဲဒါနဲ႔ က်မနည္းနည္းေတာ့ ေဒါသထြက္သြားၿပီး “ဒါ ပလက္တီနမ္ မဟုတ္ဘူး ဒါ ေရႊျဖဴ။ ဒီမွာ Au 750 လို႔ေတာင္ေရးထားေသးတယ္။ Au ဆိုတာေရႊကို ဓာတုေဗဒလိုေခၚတာ၊ အဲဒီ 750 ဆိုတာ ေရႊရဲ႕ Hallmark၊ ပလက္တီနမ္က Pt လို႔ေခၚတယ္” လို႔ေျပာေတာ့ “ဟုတ္ေတာ့ဟုတ္တယ္ ဒါေပမယ့္ ဒါပလက္တီနမ္၊ က်မတိုသူေဌးကိုယ္တိုင္ ႏိုင္ငံျခားက တိုက္ရိုက္တင္သြင္းတာ။” လို႔ေျပာျပန္တယ္။ စကားေျပာပံုကလည္း အဆင္မေျပပါ။ ကဲထားပါေတာ့ေလဆိုၿပီး ဒါဆိုရင္ ဒီလက္ေကာက္ေလးဘယ္ေလာက္က်မလဲဆိုၿပီး ေစ်းေမးၾကည့္ေတာ့၊ ေစ်းကိုျမန္မာေရႊထံုးစံနဲ႔တြက္ပါတယ္။ ပစၥည္းက ၃.၂ ပဲ၊ အေလ်ာ့တြက္က ၁.၄ ပဲ ေပါင္း ၄.၆ ပဲ၊ အဲဒါကို သူတို႔ေျပာတဲ့ ေပါက္ေစ်းဆိုတာနဲ႔ေျမွာက္လိုက္ေတာ့ တန္ဖိုးက ၅၉၈,၅၀၀ က်ပ္က်ပါတယ္။ က်မအထင္ ၁၀ ဂရမ္ေလာက္ပဲရွိတဲ့ လက္ေကာက္ပါးလွပ္လွပ္ေလးက ၆သိန္းနီးပါးက်တယ္။ ၿပီးေတာ့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ႔စားခ်လိုက္ၿပီး ဂရမ္ခ်ိန္နဲ႔ဆိုရင္ ၁ ဂရမ္ကို ၃၆,၀၅၄ က်ပ္ပဲရွိတယ္ဆိုၿပီးေျပာျပန္ပါတယ္။ ၁၆.၆ ဆိုတာ ၁ က်ပ္သားမွာရွိတဲ့ ဂရမ္အေလးခ်ိန္ပါ။ ထပ္ေျပာရရင္ သူပါးစပ္ကေျပာေတာ့ ၃ ပဲ ၂ ေရြးလို႔ေျပာတယ္၊ တကယ္ဆိုရင္ ၁ ပဲမွာ ၈ ေရြးဆိုေတာ့ ၃ ပဲ ၂ ေရြးက ၃.၂ ပဲ မျဖစ္ႏိုင္ပါဘူး။ ေစ်းႏွဳန္းကိုလည္း ဘယ္လိုတြက္တယ္မသိဘူး၊ မ်က္လံုးေတာင္ျပဴးသြားတယ္။ ဒီလိုတြက္ၿပီး ဘယ္ႏွစ္ေယာက္ကို ဒီလိုေရာင္းၿပီးၿပီဆိုတာေတာ့ မသိဘူး၊ က်မဆိုင္မွာၾကည့္ေနတုန္းတင္ အတြဲတစ္တြဲက စံုတြဲလက္စြပ္၀ယ္ဖို႔ ၾကည့္ေနၾကေသးတယ္။
အဲဒါနဲ႔ ေနာက္တစ္ဆိုင္ကိုသြားတယ္ နာမည္ႀကီးတဲ့ ပါ၀ါေရႊဆိုင္ပါ။ ေရႊျဖဴထည္ေတြနည္းၿပီး လက္ေကာက္ကလည္း ေရြးစရာနည္းတယ္။ ေစ်းေမးၾကည့္ဦးမွဆိုၿပီး ေစ်းေမးၾကည့္ေတာ့ ၁ ဂရမ္ကို ၄၆,၀၀၀ ကေန ၅၀,၀၀၀ ေက်ာ္အထိရွိတယ္တဲ့။ ဒီဇိုင္းေပၚမူတည္ၿပီး ေစ်းကြာတယ္ဆိုပဲ။ က်မက ဒီဇိုင္းလွလည္း ဒီေရႊပဲ၊ မလွလည္း ဒီေရႊပဲ၊ ဘာလို႔ေစ်းကြာရတာလဲဆိုေတာ့ က်မကို “ဒီဇိုင္းလွရင္ေစ်းကြာတာႀကီးပဲ၊ ၀ယ္ဖူးရင္သိပါတယ္။” လို႔ရန္ေတြ႕သလိုျပန္ေျပာတယ္။
ကဲဒီတစ္ခါနာမည္ႀကီး ေရႊဆိုင္ကိုသြားမယ္ဆိုၿပီး ေရႊနန္းေတာ္ဆိုင္ကို၀င္တယ္။ ေစ်းေမးေတာ့ ၁ ဂရမ္ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ေက်ာ္ထိရွိတယ္တဲ့။ ဆိုင္းဘုတ္မွာလည္း ပလက္တီနမ္ဆိုၿပီးေတာ့ေတာင္ ေရးထားလိုက္ေသးတယ္။ အနီးနားက ေနာက္ႏွစ္ဆိုင္ကို၀င္ေမးၾကည့္ေတာ့ ၁ ဂရမ္ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရွိၾကတယ္။ သူတို႕ဆိုင္ေတြလည္း ပလက္တီနမ္လို႔ ဆိုင္းဘုတ္တင္ၿပီးေရာင္းၾကတယ္။ က်မ ေတာ္ေတာ္စိတ္အလိုမက်ျဖစ္ရတယ္။ ေရႊဆိုင္ေတြက သာမန္စတိုးဆိုင္ေတြထက္ ၀န္ေဆာင္မႈေကာင္းသင့္တယ္ မဟုတ္ဘူးလား။ အခုေတာ့ ၀ယ္ရင္၀ယ္ မ၀ယ္ရင္လာမေမးနဲ႔ဆိုတဲ့ ပံုစံမ်ိဳးတဲ႔ ၀ယ္သူကိုဆက္ဆံတာမ်ိဳး မျဖစ္သင့္ပါ။ ၿပီးေတာ့ ေရႊျဖဴကို ပလက္တီနမ္လုပ္ၿပီးေရာင္းေနၾကေသးတယ္။ ဒီလိုဆို ဒါဟာ သမာအာဇီ၀ မျဖစ္ႏိုင္ေတာ့ပါ။
အဲဒါနဲ႔ ဆက္မရွာခ်င္ေတာ့ပဲ ပထမဆံုး ၀င္ၾကည့္ခဲ့တဲ့ဆိုင္ကိုပဲျပန္သြားၿပီး ၀ယ္ျဖစ္ခဲ့တယ္။ အဲဒီဆိုင္က More & More ဆိုတဲ့ ေရႊျဖဴေတြခ်ည္းေရာင္းတဲ့ဆိုင္ပါ။ အဲဒီဆိုင္ကေတာ့ ေရႊျဖဴကို ေရႊျဖဴလို႔ပဲေခၚၿပီး ေစ်းႏွဳန္းကိုလည္း ဂရမ္ခ်ိန္နဲ႔ပဲေရာင္းပါတယ္။ ေစ်းေမးၾကည့္ေတာ့ ၁ ဂရမ္ကို ၄၆,၀၀၀ က်ပ္နဲ႔တြက္တယ္တဲ့။ ပစၥည္းေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ ဒီဇိုင္းေတြလည္း ေရြးစရာေတြရွိေတာ့ အဆင္ေျပတယ္။ ေရာင္းတဲ့အမ်ိဳးသမီးေတြကလည္း အျခားေရႊဆိုင္ေတြထက္စာရင္ ၀န္ေဆာင္မႈေကာင္းတယ္လို႔ ေျပာရမယ္။ မွန္မွန္ကန္ကန္နဲ႔ ေရာင္းတဲ့ဆိုင္လည္းျဖစ္ စိတ္တိုင္းက်တဲ့ပစၥည္းလည္း ရွာေတြ႕တာေၾကာင့္ More & More မွာပဲ ၀ယ္ျဖစ္ခဲ့တယ္။
က်မတို႔ႏိုင္ငံမွာ ေရႊျဖဴနဲ႔ ပလက္တီနမ္ကို ကြဲကြဲျပားျပားမသိၾကတဲ့သူမ်ားတယ္။ ရန္ကုန္မွာရွိတဲ့ အခ်ိဳ႕ေရႊဆိုင္ေတြကသာ ေရႊျဖဴလို႔ေခၚၿပီး အျခားေရႊဆိုင္ေတာ္ေတာ္မ်ားမ်ားက ပလက္တီနမ္လို႔ ဆိုင္းဘုတ္တင္ၿပီးေရာင္းေနၾကတာေတြ အားလံုးက ေရႊျဖဴေတြပါ၊ ပလက္တီနမ္မဟုတ္ပါဘူး။ ေရာင္းသူေတြကိုယ္တိုင္က ပလက္တီနမ္လို႔ေခၚၿပီးေရာင္းေနမွေတာ့ လူေတြလိုက္ေခၚၾကတာ မဆန္းပါဘူး။ ဒါေၾကာင့္ မသိေသးတဲ့သူေတြကို သိသြားေအာင္ေျပာျပခ်င္စိတ္ေပၚလာလို႔ က်မေတြ႕ႀကံဳခဲ့ရတဲ့ ဒီအျဖစ္အပ်က္ေလးကိုအရင္ျပဳၿပီး စာဖတ္သူအားလံုးကို ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္း ဗဟုသုတမွ်ေ၀ေပးလိုက္ပါတယ္…
ေရႊျဖဴ ဆိုသည္မွာ…
ေရႊျဖဴဆိုသည္မွာ ေရႊသတၱဳစပ္တစ္မ်ိဳးျဖစ္ပါသည္။ ေရႊအ၀ါကို အျဖဴေရာင္ရွိေသာအျခားသတၱဳမ်ားျဖစ္တဲ့ နီကယ္ (nickel)၊ ဇင့္ (zinc)၊ ပလက္ဒီယမ္ (palladium)၊ ႏွင့္ ပလက္တီနမ္ (platinum) သတၱဳေတြကို အခ်ိဳးက်ေရာစပ္ၿပီး၊ ရိုဒီယမ္ (rhodium) သတၱဳျဖင့္ အေပၚယံမွာအေရာင္တင္လိုက္ေသာအခါ ေရႊျဖဴျဖစ္လာသည္။ ေရႊျဖဴကို 24K, 22K, 18K, 14K စသည္ျဖင့္ ေရႊ၏အရည္အေသြးကို ကရက္ (karat) ဟူေသာအတိုင္းအတာျဖင့္ ေဖာ္ျပၾကသည္။ 24K ဆိုသည္မွာ ေရႊ၀ါ ၉၉% ႏွဳန္းပါ၀င္ၿပီး၊ 22K ဆိုသည္မွာ ေရႊ၀ါ ၉၁% ပါ၀င္ေၾကာင္းကို ေဖာ္ညႊန္းသည္။ လက္၀တ္ရတနာမ်ားအျဖစ္ ၀တ္ဆင္ရန္ျပဳလုပ္ထားေသာ ေရႊျဖဴမ်ားသည္ 18K (ေရႊ၀ါ ပါ၀င္မႈ ၇၅% ႏွဳန္း) ႏွင့္ 14K (ေရႊ၀ါ ပါ၀င္မႈ ၆၀%ခန္႔) ရွိေသာ ေရႊျဖဴထည္မ်ားျဖစ္ၾကသည္။ ထို႔ေၾကင့္ ေရႊျဖဴထည္မ်ား၏ အတြင္းတစ္ေနရာတြင္ 18K၊ 14K ဟုေရးသားထားေလ့ရွိသည္။ အခ်ိဳ႕ေရႊျဖဴထည္မ်ားတြင္ 750 ဟုေရးသားေလ့ရွိၾကၿပီး၊ ထို 750 သည္လည္း ေရႊ၀ါပါ၀င္မႈ ၇၅% ရွိေၾကာင္း ေဖာ္ညႊန္းျခင္းျဖစ္သည္။ ဤကဲ့သို႔ေဖာ္ညြန္းျခင္းကို ေရႊ၏ Hallmark ဟုေခၚသည္။
ပလက္တီနမ္ ဆိုသည္မွာ…
ပလက္တီနမ္ ဆိုသည္မွာ မီခိုးျဖဴေရာင္ရွိေသာ သတၱဳတစ္မ်ိဳးျဖစ္သည္။ ပလက္တီနမ္၏ အေရာင္သည္ ပိုမိုျဖဴေဖြးၿပီး အရာင္မွာလည္းၾကာရွည္ခံသည့္အတြက္ ေရႊျဖဴကဲ့သို႔ ရိုဒီယမ္ (rhodium) သတၱဳျဖင့္ အေရာင္တင္ရန္မလိုပါ။ လက္၀တ္ရတနာျပဳလုပ္ရာတြင္လည္း ပလက္တီနမ္ကို ေရႊျဖဴကဲ့သို႔ အျခားသတၱဳမ်ားေရာစပ္ရန္ မလိုပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ပလက္တီနမ္သည္ ေရႊထက္သိပ္သည္းဆမ်ားၿပီး ပိုမိုမာေက်ာေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ပလက္တီနမ္သည္ ေရႊထက္ပိုေလးျခင္းျဖစ္သည္။ ပလက္တီနမ္သည္ ရွားပါးေသာသတၱဳတစ္မ်ိဳးလည္းျဖစ္ၿပီး၊ ေရႊျဖဴထက္ ေစ်းပိုႀကီးသည္။ ထိုသို႔ေသာအေၾကာင္းမ်ားေၾကာင့္ ပလက္တီနမ္ကို လက္၀တ္ရတနာအျဖစ္လည္း အသံုးနည္းၾကသည္။
Pinky (Pwintyeekyaw)
မွက္ခ်က္
ဒီစာမွာ ေရႊဆိုင္နာမည္ေတြကို ထည့္ေရးရတာ စာဖတ္သူေတြကို ဘယ္ဆိုင္ေတြဆိုတာကို အတိအက်သိေစခ်င္လို႔ပါ။ ပုဂိၢဳလ္ေရးတိုက္ခိုက္လိုစိတ္ စီပြားေရးတိုက္ခိုက္လိုစိတ္ လုံး၀မရွိပဲ အျဖစ္အပ်က္တစ္ခုအေနနဲ႔သာ ေရးသားျခင္းျဖစ္ပါတယ္။

Myanmar Medicine Media
19 March 2015 ·

......................................................


ရွှေဖြူ နှင့် ပလက်တီနမ်

ကျမရဲ့အတွေ့အကြုံတွေကိုဝေမျှရင်း ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်းကို ဗဟုသုတရစေချင်လို့ ဒီစာလေးကိုရေးဖြစ်တာပါ။ အရင်ဆုံးတော့ ကျမတွေ့ကြံုခဲ့တဲ့ အတွေ့အကြံုတွေကို ပြောပြချင်ပါတယ်။ ပြီးမှ ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတအဖြစ်ဝေမျှပေးပါမယ်။
တစ်ရက်မှာ ကျမတို့ အဖွားအတွက် လက်ကောက်ဝယ်ဖို့ဆိုပြီး ရွှေဆိုင်/ရွှေဖြူဆိုင် လေးငါးခြောက်ဆိုင်လောက်ကို ရောက်ခဲ့တယ်။ ပထမဆုံးဝင်ကြည့်ခဲ့တဲ့ဆိုင်ကိုကျော်ပြီး ဒုတိယဝင်ကြည့်ခဲ့တဲ့ဆိုင်ကနေ စပြောပါမယ်။
ဒုတိယကြည့်ဖြစ်တဲ့ဆိုင်ကတော့ ရွှေနဂါး ပလက်တီနမ်နှင့်ရွှေဆိုင် ဆိုတဲ့ဆိုင်ပါ။ ဒီလက်ကောက်လေးကြည့်ပါရစေဆိုတော့ မှန်ပုံးထဲကနေထုတ်ပြရင်း “ဒါကျွန်မတို့သူဌေး နိုင်ငံခြားကနေတိုက်ရိုက်တင်သွင်းလာတဲ့ ပလက်တီနမ်အထည်တွေပါ။ မြန်မာနိုင်ငံမှာ ပလက်တီနမ်ကို ရွှေလိုနေ့စဉ်ပေါက်စျေးနဲ့ တွက်ပြီးရောင်းပေးတဲ့ဆိုင်၊ ဒီလိုဆိုင်မျိုး ဒီတစ်ဆိုင်ပဲရှိတယ်။ ပြန်သွင်းရင်လည်း နေ့စဉ်ပေါက်စျေးနဲ့တွက်တာဆိုတော့ စျေးတက်ရင် ၀ယ်သူဘက်ကမနစ်နာဘူး။ တခြားဆိုင်တွေဆိုရင် ဂရမ်ချိန်နဲ့ရောင်းကြတာ စျေးကြီးတယ်၊ ပြန်သွင်းရင်လည်း စျေးနှိမ်တယ်……..” ဆိုတာတွေကို တလက်စက် ပြောနေတာပါ။ ကျမလည်းစိတ်ထဲတော်တော်ထူးဆန်းသွားတယ် ပလက်တီနမ်ပေါက်စျေးကို ဘယ်ကကြည့်လဲ ဆိုတော့ မသိဘူး သူဌေးကိုယ်တိုင်ကြည့်တာလို့ပြောတယ်။ စကားပြောတဲ့ပုံကလည်း လူတတ်ကြီးလုပ်ပြီး ၀ယ်သူကို ဘာမှမသိတဲ့လူလို ဆက်ဆံတယ်။ အဲဒါနဲ့ ကျမနည်းနည်းတော့ ဒေါသထွက်သွားပြီး “ဒါ ပလက်တီနမ် မဟုတ်ဘူး ဒါ ရွှေဖြူ။ ဒီမှာ Au 750 လို့တောင်ရေးထားသေးတယ်။ Au ဆိုတာရွှေကို ဓာတုဗေဒလိုခေါ်တာ၊ အဲဒီ 750 ဆိုတာ ရွှေရဲ့ Hallmark၊ ပလက်တီနမ်က Pt လို့ခေါ်တယ်” လို့ပြောတော့ “ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ဒါပလက်တီနမ်၊ ကျမတိုသူဌေးကိုယ်တိုင် နိုင်ငံခြားက တိုက်ရိုက်တင်သွင်းတာ။” လို့ပြောပြန်တယ်။ စကားပြောပုံကလည်း အဆင်မပြေပါ။ ကဲထားပါတော့လေဆိုပြီး ဒါဆိုရင် ဒီလက်ကောက်လေးဘယ်လောက်ကျမလဲဆိုပြီး စျေးမေးကြည့်တော့၊ စျေးကိုမြန်မာရွှေထုံးစံနဲ့တွက်ပါတယ်။ ပစ္စည်းက ၃.၂ ပဲ၊ အလျော့တွက်က ၁.၄ ပဲ ပေါင်း ၄.၆ ပဲ၊ အဲဒါကို သူတို့ပြောတဲ့ ပေါက်စျေးဆိုတာနဲ့မြှောက်လိုက်တော့ တန်ဖိုးက ၅၉၈,၅၀၀ ကျပ်ကျပါတယ်။ ကျမအထင် ၁၀ ဂရမ်လောက်ပဲရှိတဲ့ လက်ကောက်ပါးလှပ်လှပ်လေးက ၆သိန်းနီးပါးကျတယ်။ ပြီးတော့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ့စားချလိုက်ပြီး ဂရမ်ချိန်နဲ့ဆိုရင် ၁ ဂရမ်ကို ၃၆,၀၅၄ ကျပ်ပဲရှိတယ်ဆိုပြီးပြောပြန်ပါတယ်။ ၁၆.၆ ဆိုတာ ၁ ကျပ်သားမှာရှိတဲ့ ဂရမ်အလေးချိန်ပါ။ ထပ်ပြောရရင် သူပါးစပ်ကပြောတော့ ၃ ပဲ ၂ ရွေးလို့ပြောတယ်၊ တကယ်ဆိုရင် ၁ ပဲမှာ ၈ ရွေးဆိုတော့ ၃ ပဲ ၂ ရွေးက ၃.၂ ပဲ မဖြစ်နိုင်ပါဘူး။ စျေးနှုန်းကိုလည်း ဘယ်လိုတွက်တယ်မသိဘူး၊ မျက်လုံးတောင်ပြူးသွားတယ်။ ဒီလိုတွက်ပြီး ဘယ်နှစ်ယောက်ကို ဒီလိုရောင်းပြီးပြီဆိုတာတော့ မသိဘူး၊ ကျမဆိုင်မှာကြည့်နေတုန်းတင် အတွဲတစ်တွဲက စုံတွဲလက်စွပ်ဝယ်ဖို့ ကြည့်နေကြသေးတယ်။
အဲဒါနဲ့ နောက်တစ်ဆိုင်ကိုသွားတယ် နာမည်ကြီးတဲ့ ပါ၀ါရွှေဆိုင်ပါ။ ရွှေဖြူထည်တွေနည်းပြီး လက်ကောက်ကလည်း ရွေးစရာနည်းတယ်။ စျေးမေးကြည့်ဦးမှဆိုပြီး စျေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျော်အထိရှိတယ်တဲ့။ ဒီဇိုင်းပေါ်မူတည်ပြီး စျေးကွာတယ်ဆိုပဲ။ ကျမက ဒီဇိုင်းလှလည်း ဒီရွှေပဲ၊ မလှလည်း ဒီရွှေပဲ၊ ဘာလို့စျေးကွာရတာလဲဆိုတော့ ကျမကို “ဒီဇိုင်းလှရင်စျေးကွာတာကြီးပဲ၊ ၀ယ်ဖူးရင်သိပါတယ်။” လို့ရန်တွေ့သလိုပြန်ပြောတယ်။
ကဲဒီတစ်ခါနာမည်ကြီး ရွှေဆိုင်ကိုသွားမယ်ဆိုပြီး ရွှေနန်းတော်ဆိုင်ကိုဝင်တယ်။ စျေးမေးတော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ကျော်ထိရှိတယ်တဲ့။ ဆိုင်းဘုတ်မှာလည်း ပလက်တီနမ်ဆိုပြီးတော့တောင် ရေးထားလိုက်သေးတယ်။ အနီးနားက နောက်နှစ်ဆိုင်ကိုဝင်မေးကြည့်တော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရှိကြတယ်။ သူတို့ဆိုင်တွေလည်း ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းကြတယ်။ ကျမ တော်တော်စိတ်အလိုမကျဖြစ်ရတယ်။ ရွှေဆိုင်တွေက သာမန်စတိုးဆိုင်တွေထက် ၀န်ဆောင်မှုကောင်းသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ၀ယ်ရင်ဝယ် မဝယ်ရင်လာမမေးနဲ့ဆိုတဲ့ ပုံစံမျိုးတဲ့ ၀ယ်သူကိုဆက်ဆံတာမျိုး မဖြစ်သင့်ပါ။ ပြီးတော့ ရွှေဖြူကို ပလက်တီနမ်လုပ်ပြီးရောင်းနေကြသေးတယ်။ ဒီလိုဆို ဒါဟာ သမာအာဇီဝ မဖြစ်နိုင်တော့ပါ။
အဲဒါနဲ့ ဆက်မရှာချင်တော့ပဲ ပထမဆုံး ၀င်ကြည့်ခဲ့တဲ့ဆိုင်ကိုပဲပြန်သွားပြီး ၀ယ်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က More & More ဆိုတဲ့ ရွှေဖြူတွေချည်းရောင်းတဲ့ဆိုင်ပါ။ အဲဒီဆိုင်ကတော့ ရွှေဖြူကို ရွှေဖြူလို့ပဲခေါ်ပြီး စျေးနှုန်းကိုလည်း ဂရမ်ချိန်နဲ့ပဲရောင်းပါတယ်။ စျေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကျပ်နဲ့တွက်တယ်တဲ့။ ပစ္စည်းတွေလည်း တော်တော်များများရှိတယ်၊ ဒီဇိုင်းတွေလည်း ရွေးစရာတွေရှိတော့ အဆင်ပြေတယ်။ ရောင်းတဲ့အမျိုးသမီးတွေကလည်း အခြားရွှေဆိုင်တွေထက်စာရင် ၀န်ဆောင်မှုကောင်းတယ်လို့ ပြောရမယ်။ မှန်မှန်ကန်ကန်နဲ့ ရောင်းတဲ့ဆိုင်လည်းဖြစ် စိတ်တိုင်းကျတဲ့ပစ္စည်းလည်း ရှာတွေ့တာကြောင့် More & More မှာပဲ ၀ယ်ဖြစ်ခဲ့တယ်။
ကျမတို့နိုင်ငံမှာ ရွှေဖြူနဲ့ ပလက်တီနမ်ကို ကွဲကွဲပြားပြားမသိကြတဲ့သူများတယ်။ ရန်ကုန်မှာရှိတဲ့ အချို့ရွှေဆိုင်တွေကသာ ရွှေဖြူလို့ခေါ်ပြီး အခြားရွှေဆိုင်တော်တော်များများက ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းနေကြတာတွေ အားလုံးက ရွှေဖြူတွေပါ၊ ပလက်တီနမ်မဟုတ်ပါဘူး။ ရောင်းသူတွေကိုယ်တိုင်က ပလက်တီနမ်လို့ခေါ်ပြီးရောင်းနေမှတော့ လူတွေလိုက်ခေါ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် မသိသေးတဲ့သူတွေကို သိသွားအောင်ပြောပြချင်စိတ်ပေါ်လာလို့ ကျမတွေ့ကြံုခဲ့ရတဲ့ ဒီအဖြစ်အပျက်လေးကိုအရင်ပြုပြီး စာဖတ်သူအားလုံးကို ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတမျှဝေပေးလိုက်ပါတယ်…
ရွှေဖြူ ဆိုသည်မှာ…
ရွှေဖြူဆိုသည်မှာ ရွှေသတ္တုစပ်တစ်မျိုးဖြစ်ပါသည်။ ရွှေအဝါကို အဖြူရောင်ရှိသောအခြားသတ္တုများဖြစ်တဲ့ နီကယ် (nickel)၊ ဇင့် (zinc)၊ ပလက်ဒီယမ် (palladium)၊ နှင့် ပလက်တီနမ် (platinum) သတ္တုတွေကို အချိုးကျရောစပ်ပြီး၊ ရိုဒီယမ် (rhodium) သတ္တုဖြင့် အပေါ်ယံမှာအရောင်တင်လိုက်သောအခါ ရွှေဖြူဖြစ်လာသည်။ ရွှေဖြူကို 24K, 22K, 18K, 14K စသည်ဖြင့် ရွှေ၏အရည်အသွေးကို ကရက် (karat) ဟူသောအတိုင်းအတာဖြင့် ဖော်ပြကြသည်။ 24K ဆိုသည်မှာ ရွှေဝါ ၉၉% နှုန်းပါ၀င်ပြီး၊ 22K ဆိုသည်မှာ ရွှေဝါ ၉၁% ပါ၀င်ကြောင်းကို ဖော်ညွှန်းသည်။ လက်ဝတ်ရတနာများအဖြစ် ၀တ်ဆင်ရန်ပြုလုပ်ထားသော ရွှေဖြူများသည် 18K (ရွှေဝါ ပါ၀င်မှု ရ၅% နှုန်း) နှင့် 14K (ရွှေဝါ ပါ၀င်မှု ၆၀%ခန့်) ရှိသော ရွှေဖြူထည်များဖြစ်ကြသည်။ ထို့ကြေင့် ရွှေဖြူထည်များ၏ အတွင်းတစ်နေရာတွင် 18K၊ 14K ဟုရေးသားထားလေ့ရှိသည်။ အချို့ရွှေဖြူထည်များတွင် 750 ဟုရေးသားလေ့ရှိကြပြီး၊ ထို 750 သည်လည်း ရွှေဝါပါ၀င်မှု ရ၅% ရှိကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ ဤကဲ့သို့ဖော်ညွန်းခြင်းကို ရွှေ၏ Hallmark ဟုခေါ်သည်။
ပလက်တီနမ် ဆိုသည်မှာ…
ပလက်တီနမ် ဆိုသည်မှာ မီခိုးဖြူရောင်ရှိသော သတ္တုတစ်မျိုးဖြစ်သည်။ ပလက်တီနမ်၏ အရောင်သည် ပိုမိုဖြူဖွေးပြီး အရာင်မှာလည်းကြာရှည်ခံသည့်အတွက် ရွှေဖြူကဲ့သို့ ရိုဒီယမ် (rhodium) သတ္တုဖြင့် အရောင်တင်ရန်မလိုပါ။ လက်ဝတ်ရတနာပြုလုပ်ရာတွင်လည်း ပလက်တီနမ်ကို ရွှေဖြူကဲ့သို့ အခြားသတ္တုများရောစပ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ပလက်တီနမ်သည် ရွှေထက်သိပ်သည်းဆများပြီး ပိုမိုမာကျောသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပလက်တီနမ်သည် ရွှေထက်ပိုလေးခြင်းဖြစ်သည်။ ပလက်တီနမ်သည် ရှားပါးသောသတ္တုတစ်မျိုးလည်းဖြစ်ပြီး၊ ရွှေဖြူထက် စျေးပိုကြီးသည်။ ထိုသို့သောအကြောင်းများကြောင့် ပလက်တီနမ်ကို လက်ဝတ်ရတနာအဖြစ်လည်း အသုံးနည်းကြသည်။
Pinky (Pwintyeekyaw)
မှက်ချက်
ဒီစာမှာ ရွှေဆိုင်နာမည်တွေကို ထည့်ရေးရတာ စာဖတ်သူတွေကို ဘယ်ဆိုင်တွေဆိုတာကို အတိအကျသိစေချင်လို့ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ် စီပွားရေးတိုက်ခိုက်လိုစိတ် လုံးဝမရှိပဲ အဖြစ်အပျက်တစ်ခုအနေနဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။

Myanmar Medicine Media
19 March 2015 ·

No comments:

Post a Comment