သာ ဓု သံ

ဒေါင်းပျိုထိုးဆွပ် ၊
ဘယ်ညာခွပ်၍ ၊
လွတ်လပ်ရလေ ၊
တို့တတွေသည် ၊
အိုးဝေ - ကျေးဇူးပါ တကား ။ ။

အိုးဝေကျေးဇူး ၊
မတိမ်မြူးဘဲ ၊
ခါဦးကောဇာ ၊
ဤအခါတွင် ၊
သာဓုခေါ်ကြပါကုန်လော့ ။ ။

သာဓုသံတွင် ၊
သောတဆင်၍ ၊
အသင်ဒေါင်းငယ် ၊
မြန်မိမယ်ကို ၊
သက်နှယ်စောင့်ရှောက်နိုင်စေသောဝ်။ ။

မင်းသုဝဏ် ။
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)