Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 4, 2016

အစိုးရသစ်ကို ဘယ်လိုဖွဲ့မလဲ

သမ္မတသစ်ကို လွှတ်တော်က ရွေးချယ်ပြီး နောက် အစိုးရသစ် ပေါ်ထွက်လာတော့မယ်
မကြာခင်ရက်ပိုင်းအတွင်းမှာ သမ္မတအသစ်ကို ရွေးချယ် တင်မြှောက် ပါတော့မယ်။

သမ္မတသစ်က အစိုးရသစ်ကို ဖွဲ့စည်းတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့် အပ်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတွေကို ဝန်ကြီးချုပ် အဖြစ် ခန့်ထားဖို့ မူဝါဒ ချမှတ်ထားတယ်လို့ ပါတီ ဗဟိုအလုပ် အမှုဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အတွက်ကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က သူတို့ပါတီကလူကို ခန့်ထားဖို့ တောင်းဆိုထားတယ်လို့ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူကိုသာ ခန့်ထားမယ်လို့ သတင်းထွက်ပေါ်ပါတယ်။

အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာမှာ ၀န်ကြီးဌာနတွေကိုလည်း တချို့ဖျက်ပြီး တချို့ ပူးပေါင်းတာတွေ လုပ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီး ဌာနချည်းပဲ ၆ ခုရှိတဲ့အတွက် ဖျက်တာ ပေါင်းတာတွေ လုပ်နိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန တို့လည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

လက်ရှိ ဝန်ကြီးဌာန ၃၆ ခုရှိတဲ့အနက် ဝန်ကြီးဌာန ၂၀ ကျော်လောက် အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာထားပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

......................................


သမ္မတသစ္ကို လွှတ်တ္ကော ရြေးခ်ယ်ပြီး နောက် အစိုးရသစ် ပေါ်ထြက္လာတော့မယ်
မကြာခင်ရက္ပိုင်းအတြင်းမွာ သမ္မတအသစ္ကို ရြေးခ်ယ် တင်ျေမှာက် ပါတော့မယ်။

သမ္မတသစ္က အစိုးရသစ္ကို ဖြဲ့စည်းတဲ့အချါပည္နယ်ဝန်ကြီးခ်ုပ်တြေကိုလည်း ခန့် အပ္မျွာဖစ္ပါတယ်။

အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ် အေနနျဲ့ပည္နယ်တြေမွာ သက္ဆိုင်ရာ တိုင်းရင်းသား လူမိုးတြေကို ဝန်ကြီးခ်ုပ် အျဖစ် ခန့်ထားဖို့ မူဝါဒ ခ်မွတ္ထားတယ္လို့ ပါတီ ဗဟိုအလုပ် အမွုဆောင္နဲ့ နီးစပ်သူတြေကျေပာပါတယ်။

ရွမ်ျးပည္နယ် ဝန်ကြီးခ်ုပ် နေရာ အတြက္ကိုတော့ ရွမ်းတိုင်းရင်းသားမ်ား ဒီမိုကေရစီ အဖြဲ့ခ်ုပ် (SNLD) က သူတို့ပါတီကလူကို ခန့်ထားဖို့ တောင်းဆိုထားတယ္လို့ SNLD အတြင်းရေးမွူး စိုင်းညြန့်လြင္ကျေပာပါတယ်။ ရခိုင်ျပည္နယ္မွာတော့ အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ္ကလူကိုသာ ခန့်ထားမယ္လို့ သတင်းထြက်ပေါ်ပါတယ်။

အစိုးရအဖြဲ့ကျိုပန္လည် ဖြဲ့စည်းရာမွာ ၀န်ကြီးဌာနေတြကိုလည်း တခို့ဖ်က်ပြီး တခို့ ပူးပေါင်းတာတြေ လုပ္မယ္လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက္ထက္မွာ သမ္မတရုံး ဝန်ကြီး ဌာနခ်ည်းပဲ ၆ ခုရွိတဲ့အတြက် ဖ်က္တာ ပေါင်းတာတြေ လုပ္နိုင္တယ္လို့ သုံးသပ်သူတြေက ခန့်မွန်းကြပါတယ်။

ျပန်ကြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ အားကစား ဝန်ကြီးဌာန တို့လည်း အျေပာင်းအလဲ ရွိနိုင္ပါတယ်။

လက်ရွိ ဝန်ကြီးဌာန ၃၆ ခုရွိတဲ့အနက် ဝန်ကြီးဌာန ၂၀ ကော််လောက် အျဖစ်ျေပာင်းလဲ ဖြဲ့စည်းမယ္လို့လည်း အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ် ပါတီက ကြေညာထားပြီျးဖစ္ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

No comments:

Post a Comment