Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 14, 2016

အမျိုးသားလွှတ်တော်အစုအဖွဲ့မှ တင်သွင်းသည့် ဒု-သမ္မတအား တပ်ကိုယ်စားလှယ် ကန့်ကွက်ခဲ့သော်လည်း အတည်ပြုနိုင်ခဲ့


နေပြည်တော်၊ မတ် ၁၄


“ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီးဖြစ်သူတို့သည် နိုင်ငံခြား၌ မည်သည့်အစီအစဉ်ဖြင့် နေထိုင်သည်ကို နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ (စ)ပါ အကြောင်းအရာ များအတွက် စိစစ်သင့်သည်ဟု ယူဆပါကြောင်း၊ မိမိအနေဖြင့် သမ္မတလောင်းသည် အထက်ပါ ဥပဒေပုဒ်မ (၃) ပုဒ်မခွဲ (စ)နှင့် ညိစွန်းသည်ဟု ယူဆပါကြောင်း ဗိုလ်ချုပ်သန်းစိုးက ဆွေးနွေးခဲ့ပါတယ်” ဟု နာယက ကဆို သည်။

၎င်းက နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်ဟူသော စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးသို့ မေးမြန်းသင့်ကြောင်း၊ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးဖြစ်သူတို့ နိုင်ငံခြား၌ မည်သည့်အစီအစဉ်ဖြင့် နေထိုင်သည်ကို နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (စ) ပါ အကြောင်းအရာများ အတွက် စိစစ်သင့်သည်ဟု ယူဆသည့်အပြင် ၎င်းအနေဖြင့် သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူသည် အထက်ပါ တင်ပြထားသည့် ဥပဒေနှင့် ငြိစွန်းသည်ဟု ယူဆပါသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအရည်အချင်းနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရေး အဖွဲ့အား ပြည်သူ့လွှတ် တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အဖွဲ့မှ တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တစ်ဦး စုစုပေါင်း ခုနှစ်ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် တပ်မတော်သားကိုယ်စားလှယ်က အထက်ပါ အတိုင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

စိစစ်ရေးအဖွဲ့တွင် ခုနှစ်ဦးရှိပြီး ခြောက်ဦးက ထောက်ခံခဲ့သည့်အတွက် “အမျိုးသား လွှတ်တော်အစုအဖွဲ့မှ အဆိုပြုခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ(၃)ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအတွက် သက်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပြီဖြစ်ကြောင်းဆုံဖြတ်သည်” ဟု ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြု ပြောကြားသည်။


ကိုပေါက်

The Ladies News

ဓာတ်ပုံ-ကိုပေါက်
................


နေပြည်တော်၊ မတ် ၁၄

လွှတ်တော်ရှိ အစုအဖွဲ့အသီးသီးတို့ တင်မြောက်ခဲ့သော ဒုတိယသမ္မတများအား နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ အရည်းအချင်းနှင့် ကိုက်ညီမှုရှိ မရှိကို စိစစ်ရေးအဖွဲ့က စစ်ဆေးရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြောက်ခဲ့သော ဦးဟင်နရီဗန်ထီးယူအား တပ်မတော်သားကိုယ်စားလှယ် ကကန့်ကွက်ခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ပြောသည်။

“ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီးဖြစ်သူတို့သည် နို်င်ငံခြား၌ မည်သည့်အစီအစဉ်ဖြင့် နေထိုင်သည်ကို နို်င်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ (စ)ပါ အကြောင်းအရာ များအတွက် စိစစ်သင့်သည်ဟု ယူဆပါကြောင်း၊ မိမိအနေဖြင့် သမ္မတလောင်းသည် အထက်ပါ ဥပဒေပုဒ်မ (၃) ပုဒ်မခွဲ (စ)နှင့် ညိစွန်းသည်ဟု ယူဆပါကြောင်း ဗိုလ်ချုပ်သန်းစိုးက ဆွေးနွေးခဲ့ပါတယ်” ဟု နာယက ကဆို သည်။

၄င်းက နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်ဟူသော စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးသို့ မေးမြန်းသင့်ကြောင်း၊ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးဖြစ်သူတို့ နိုင်ငံခြား၌ မည်သည့်အစီအစဉ်ဖြင့် နေထိုင်သည်ကို နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (စ) ပါ အကြောင်းအရာများ အတွက် စိစစ်သင့်သည်ဟု ယူဆသည့်အပြင် ၎င်းအနေဖြင့် သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူသည် အထက်ပါ တင်ပြထားသည့် ဥပဒေနှင့် ငြိစွန်းသည်ဟု ယူဆပါသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအရည်အချင်းနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရေး အဖွဲ့အား ပြည်သူ့လွှတ် တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အဖွဲ့မှ တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုုအဖွဲ့မှ တစ်ဦး စုစုပေါင်း ခုနှစ်ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် တပ်မတော်သားကိုယ်စားလှယ်က အထက်ပါ အတိုင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

စိစစ်ရေးအဖွဲ့တွင် ခုနှစ်ဦးရှိပြီး ခြောက်ဦးက ထောက်ခံခဲ့သည့်အတွက် “အမျိုးသား လွှတ်တော်အစုအဖွဲ့မှ အဆိုပြုခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် နို်င်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ(၃)ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအတွက် သက်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပြီဖြစ်ကြောင်းဆုံဖြတ်သည်” ဟု ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်ခဲ့သည့် ဒုတိယ သမ္မတ ဦးထင်ကျော် ကိုမူ တပ်မတော်သားကိုယ်စားလှယ် အနေဖြင့် ထောက်ခံခြင်း လည်းမပြု၊ ကန့်ကွက်ခြင်းလည်း မပြုခဲ့ဟု ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့ ပြောသည်။

ကိုပေါက်

The Ladies News

ဓာတ်ပုံ-ကိုပေါက်
https://www.facebook.com/News.TheLadies

No comments:

Post a Comment