Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 4, 2016

ရခိုင္ဝန္ႀကီးခ်ဳပ္ လ်ာထားၿပီး (ရခိုင်ဝန်ကြီးချုပ် လျာထားပြီး )


ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ လ်ာထားခံရတဲ့ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီပု ကို ေတြ႔ရစဥ္
Photo: Min Thein Aung/RFA
ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဂြၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီပု ကို လ်ာထားေၾကာင္း အန္အယ္လ္ဒီပါတီ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔၀င္ ဦး၀င္းထိန္ က ေျပာၾကားလိုက္ပါတယ္။

ဒီေန႔ ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပါတီဗဟိုအလုပ္အမႈေဆာင္အဖဲြ႔၀င္ ဦး၀င္းထိန္၊ ေဒါက္ တာေဇာ္ျမင့္ေမာင္၊ ေဒါက္တာမ်ဳိးေအာင္၊ ဦး၀င္းျမင့္ တုိ႔ အစည္းအေ၀းမွာ ဆံုးျဖတ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ လာမယ့္ မတ္လ ၃၀ရက္ေန႔မွာ က်င္းပမယ့္ အစိုးရတာဝန္ လဲႊေျပာင္းေရးအခမ္းအနားကို ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္က သမၼတအိမ္ေတာ္မွာ က်င္းပလိုၿပီး အန္အယ္လ္ဒီဘက္က လႊတ္ေတာ္ဝင္းထဲမွာက်င္းပဖို႔ ဆံုးျဖတ္လိုက္တယ္လို႔လည္း ဦးဝင္းထိန္ က ေျပာပါတယ္။

ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္ က မတ္လ ၃ဝ ရက္ေန႔မွာ သမၼတအိမ္ေတာ္မွာ ေစာင့္ဆုိင္းေနမွာျဖစ္ၿပီး သမၼတအသစ္က သြားေရာက္ႏႈတ္ဆက္မွာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ကို လျာထားကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက် တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးအောင်၊ ဦးဝင်းမြင့် တို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် မတ်လ ၃၀ရက်နေ့မှာ ကျင်းပမယ့် အစိုးရတာဝန် လွှဲပြောင်းရေးအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတအိမ်တော်မှာ ကျင်းပလိုပြီး အန်အယ်လ်ဒီဘက်က လွှတ်တော်ဝင်းထဲမှာကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မတ်လ ၃ဝ ရက်နေ့မှာ သမ္မတအိမ်တော်မှာ စောင့်ဆိုင်းနေမှာဖြစ်ပြီး သမ္မတအသစ်က သွားရောက်နှုတ်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment