Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 14, 2016

ဒုတိယသမ္မတ ၃ ဦးကို အတည်ပြု

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒုတိယသမ္မတ ဦးထင်ကျော်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ တို့ကို တွေ့ရစဉ်။ Photo: RFA
ပြည်ထောင်စုလွှတ်တော်က ဒုတိယသမ္မတ ဦးထင်ကျော် ၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေ (လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်) တို့ကို အတည်ပြုလိုက်ပါတယ်။

တပ်မတော်သားအစုအဖွဲ့က တင်မြှောက်တဲ့ ဦးမြင့်ဆွေကိုလည်း အရည်အချင်းပြည့်မီတဲ့အတွက် အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ဦးဟင်နရီ ဗန်ထီးယူဟာ နိုင်ငံခြားမှာ နေထိုင်ခဲ့ဖူးတယ်လို့ သိရတဲ့အတွက် ပြန်လည်စိစစ်ပေးဖို့ ရွေးချယ် စိစစ်ရေးအဖွဲ့မှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက တင်ပြပေမယ့် စိစစ်ရွေးချယ်ရေးအဖွဲ့မှာပါတဲ့ အဖွဲ့ဝင် ၇ ဦးမှာ အများ ၆ ဦးက လက်ခံတဲ့အတွက် ဦးဟင်နရီကိုလည်း အတည်ပြုလိုက် တာ ဖြစ်ပါတယ်။

အဲ့ဒီ ၃ ဦးထဲက နိုင်ငံတော်သမ္မတအဖြစ် တစ်ဦးကို မနက်ဖြန်မှာ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် မနက် ၁ဝ နာရီမှာ မဲပေးရွေးချယ်ကြ ရမှာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးပုံ ပေးနည်းကို ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ရှင်းပြပါတယ်။ မဲပေးရာမှာ ထောက်ခံသူကို အမှန်ခြစ်ရမှာဖြစ်သလို မထောက်ခံသူကို အမှားခြစ်ပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။

RFA Burmese
..................
 ပြည်ထောင်စုုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒုုတိယသမ္မတ ဦးထင်ကျော်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ တိုု့ကိုု တွေ့ရစဉ်။ Photo: RFA
ပြည်ထောင်စုုလွှတ်တော်က ဒုုတိယသမ္မတ ဦးထင်ကျော် ၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေ (လက်ရှိရန်ကုုန်တုုိင်း ဝန်ကြီးချုပ်) တိုု့ကိုု အတည်ပြုလိုုက်ပါတယ်။

တပ်မတော်သားအစုုအဖွဲ့က တင်မြှောက်တဲ့ ဦးမြင့်ဆွေကိုုလည်း အရည်အချင်းပြည့်မီတဲ့အတွက် အတည်ပြု လိုုက်တာ ဖြစ်ပါတယ်။

ဦးဟင်နရီ ဗန်ထီးယူဟာ နုုိင်ငံခြားမှာ နေထိုုင်ခဲ့ဖူးတယ်လိုု့ သိရတဲ့အတွက် ပြန်လည်စိစစ်ပေးဖိုု့ ရွေးချယ် စိစစ်ရေးအဖွဲ့မှာပါတဲ့ တပ်မတော်သားကိုုယ်စားလှယ် ဗိုုလ်ချုပ်သန်းစိုုးက တင်ပြပေမယ့် စိစစ်ရွေးချယ်ရေးအဖွဲ့မှာပါတဲ့ အဖွဲ့ဝင် ရ ဦးမှာ အများ ၆ ဦးက လက်ခံတဲ့အတွက် ဦးဟင်နရီကိုုလည်း အတည်ပြုလိုုက် တာ ဖြစ်ပါတယ်။

အဲ့ဒီ ၃ ဦးထဲက နုုိင်ငံတော်သမ္မတအဖြစ် တစ်ဦးကိုု မနက်ဖြန်မှာ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ပွဲကိုု ပြည်ထောင်စုုလွှတ်တော်မှာ မနက်ဖြန် မနက် ၁ဝ နာရီမှာ မဲပေးရွေးချယ်ကြ ရမှာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးပုုံ ပေးနည်းကိုု ပြည်ထောင်စုုလွှတ်တော် နာယက ဦးမန်းဝင်းခုုိင်သန်း က ရှင်းပြပါတယ်။ မဲပေးရာမှာ ထောက်ခံသူကိုု အမှန်ခြစ်ရမှာဖြစ်သလိုု မထောက်ခံသူကိုု အမှားခြစ်ပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment