Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

အသြင္သစ္ နဲ႔ အစိုးရသတင္းစာ

၂၀၁၆ခုႏွစ္ မတ္လ ၃၁ရက္ေန႔ ေၾကးမံုသတင္းစာ။

NLD ပါတီဦးေဆာင္တဲ့ အစိုးရသစ္တက္လာၿပီးေနာက္ ပထမဆံုးထြက္ေပၚလာတဲ့ ဒီေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာေတြဟာ အျပင္အဆင္ေရာ၊ သတင္းေဖာ္ျပခ်က္ေတြ ပါ ေျပာင္းလဲသြားတယ္ဆုိၿပီး ျပည္သူေတြအၾကားမွာ တအံတၾသျဖစ္ေနၾကပါတယ္။ စာနယ္ဇင္း အသိုင္းအ၀ုိင္းကေတာ့ ဒီအေျပာင္းအလဲကို ၾကိဳဆုိလိုက္ၿပီး ႏိုင္ငံပိုင္ သတင္းစာေတြ အေနနဲ႔ ျပည္သူ႔၀န္ေဆာင္မႈသတင္းစာစစ္စစ္ျဖစ္ဖုိ႔နဲ႔ ပုဂၢလိက သတင္းစာေတြ ဆက္လက္ တည္ၿမဲေရးကိုလည္း တဖက္တလမ္းက အားေပးသင့္တယ္ လုိ႔ ရႈျမင္ၾကပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပုိင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဒီကေန႔မနက္မုိးလင္းလိုက္တာနဲ႔ ျပည္သူေတြအခ်င္းခ်င္းၾကားမွာေရာ၊ Facebook အင္တာနက္ စာမ်က္ႏွာေတြေပၚမွာပါ လူအမ်ားေဆြးေႏြးတဲ့ အေၾကာင္းအရာ ကေတာ့အစိုးရပုိင္ ေၾကးမုံနဲ႔ ျမန္မာ့အလင္းသတင္းစာေတြရဲ့ အေျပာင္းအလဲ ကိစၥပဲျဖစ္ပါတယ္။

၂၀၁၆ခုႏွစ္ မတ္လ ၃၁ရက္ေန႔ ျမန္မာ့အလင္းသတင္းစာ။
​ဒါကေတာ့ အစိုးရပိုင္သတင္းစာေတြမွာ တခ်ိန္က အတုိက္အခံအင္အားစုလုိ႔ ဆုိရမယ့္ သူေတြရဲ့ အေတြးအျမင္ေတြကို မထင္မွတ္ဘဲ ျမန္ျမန္ဆန္ဆန္ ေတြ႔ျမင္ လုိက္ၾကရတာပဲျဖစ္ပါတယ္။

ဒီကေန႔ သတင္းစာေတြရဲ႕ အေျပာင္းအလဲနဲ႔ပတ္သက္ၿပီး 7day ေန႔စဥ္သတင္းစာက ပင္တိုင္ေဆာင္းပါးရွင္ ကို၀င္းေဇာ္လတ္က အခုလုိ ေျပာဆုိပါတယ္။

" ထင္သာျမင္သာရွိတာကေတာ့ သတင္းစာရဲ႕ အျပင္အဆင္ေပါ့။ ေနာက္တခု ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ရဲ႕ ေအာင္ပြဲေပါ့ေလ။ လူထုေအာင္ပြဲဆိုတာ သတင္းစာမ်က္ႏွာဖံုးမွာ ေဖာ္ျပထားတာေပါ့။ ေနာက္တခုကေတာ့ ကိုမင္းကိုႏုိင္ ကဗ်ာတို႔ ဆရာၾကည္ေအာင္တို႔ ကဗ်ာေတြ ေဆာင္းပါးေတြ အဲ့တာမ်ိဳးေတြ ပါလာတာေပါ့။ ေျပာင္းလဲတဲ့ျပ႐ုပ္ပဲေလ။ သေကၤတပဲ။"

သတင္းစာဆရာ ဆရာေက်ာ္ရင္ျမင့္ကလည္း သတင္းစာေတြရဲ့ အေျပာင္းအလဲ ပတ္သက္ၿပီး သူ႔ရဲ့ေမွ်ာ္လင့္ခ်က္ကိုလည္း အခုလို ဆက္ေျပာပါတယ္။

" ျပည္သူလူထုကို ပိုၿပီး အက်ိဳးျပဳတဲ့ လမ္းေၾကာင္းကေန ထုတ္ေဝလိမ့္မယ္ လို႔ ေမွ်ာ္လင့္ပါတယ္။ တခ်ိန္တုန္းက ဆရာဦးဝင္းတင္ရဲ႕ စကားပါပဲ ျပည္သူေတြရဲ႕ စကားျပန္ ဆိုၿပီးေတာ့ ျပည္သူေျပာခ်င္တာကိုလည္း အစိုးရကို သတင္းစာက တဆင့္ေျပာမယ္။ အစိုးရေျပာခ်င္တာကိုလည္း ျပည္သူကို သတင္းစာကတဆင့္ သတင္းေပးမယ္။ အဲ့ဒီ့လို ၾကားထဲက ေပါင္းကူးအျဖစ္နဲ႔ အဲ့သလုိ အသြင္သ႑ာန္ ကိုေျပာင္းသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ဗ်။"

သတင္းမီေကာင္စီအဖဲြ႔၀င္တဦးျဖစ္တဲ့ ဦးျမင့္ေက်ာ္ကလည္း အစိုးရပုိင္ သတင္းစာေတြရဲ့ အေျပာင္းအလဲ အေပၚမွာ အခုလုိ သံုးသပ္ထားပါတယ္။

" က်ေနာ့္အျမင္မွာေတာ့ေလ အရင္တုန္းက ဦးသိန္းစိန္အစိုးရကိ အဓိကထားၿပီး ေဖာ္ျပတယ္။ အခုက NLD အစိုးရကို အဓိကထားၿပီး ေဖာ္ျပတယ္ ဆိုရင္ေတာ့ အဲ့ဒီ့ဟာက အႏွစ္သာရျခင္း မေျပာင္းဘူးေပါ့။ အစိုးရေျပာင္းလို႔ အေၾကာင္းအရာေျပာင္းသြားတဲ့သေဘာပဲ ရွိမယ္။ တကယ္တမ္းက်ေတာ့ သတင္းစာက အမာ်းျပည္သူဝန္ေဆာင္တဲ့ သတင္းစာအျဖစ္ အသြင္ေျပာင္းခ်င္ရင္ေတာ့ လူေတြ ရင္ဆိုင္ေနရတဲ့ ဟာေတြ အဲ့တာေတြက တခါတေလမွာေတာ့ အစိုးရေတြရဲ႕ ေပၚလစီကို ေဝဖန္တာ လည္းျဖစ္ရင္ျဖစ္မယ္။ ေဖာ္ေဆာင္မႈေတြကို ေဝဖန္တာလည္းျဖစ္ရင္ျဖစ္မယ္။ အဲ့တာမ်ိဳးေတြကို ေဖာ္ျပႏုိင္မွသာလွ်င္ တကယ္ အႏွစ္သာရ အားျဖင့္ အမ်ားျပည္သူဝန္ေဆာင္မႈ မီဒီယာအျဖစ္ ေျပာင္းတာလို႔ ယူဆလို႔ရပါတယ္။"

အစိုးရပိုင္ သတင္းစာေတြဟာ အရင္တည္းက ပုဂၢလိကပိုင္ သတင္းစာေတြ ထက္ ေစာင္ေရအရေရာ၊ ေစ်းကြက္အရပါ လႊမ္းမုိးထားရာက အခုလို လူအမ်ား စိတ္၀င္စားတဲ့ သတင္းအခ်က္အလက္ေတြ ပုိမုိေဖာ္ျပေပးလာႏိုင္မယ္ ဆုိရင္ ေစာင္ေရ အရ ပိုမုိတုိးတက္လာၿပီး ပုဂၢလိက သတင္းစာေတြအေပၚ ရုိက္ခတ္မႈ ရွိလာႏိုင္ေၾကာင္းလည္းလို႔လည္း တြက္ဆၾကပါတယ္။

ဆရာေက်ာ္ရင္ျမင့္ကေတာ့ ပုဂၢလိက သတင္းစာေတြ ဖံြ႔ျဖိဳးေရးအတြက္လညး္ အားေပးသင့္တယ္လုိ႔ ေထာက္ျပထားပါတယ္။

" ပုဂၢလိကသတင္းစာေတြကလည္း ရွင္သန္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ပုဂၢလိက သတင္းစာေတြ ပံုႏွိပ္ထုတ္ေဝဖို႔လို႔အတြက္ လိုအပ္မယ့္ စကၠဴ ၊ မွင္၊ စက္ စတဲ့အပိုင္းေတြမွာ ေကာက္တဲ့အခြန္ေတြကို လံုးဝ နီးပါး မေကာက္ပဲနဲ႔ ဆို ဒါေတြဟာ စာေပေရရွည္တည္တံ့ဖို႔ အားေပးရာလည္း က်ပါတယ္။ အဲ့လို လုပ္ေစခ်င္ပါတယ္။ အခြန္အေကာက္ေတြေပါ့ေနာ္။ အစိုးရအေနနဲ႔လည္း ပုဂၢလိကဖြံ႔ၿဖိဳးလို႔အတြက္လည္း အားေပးဖို႔ တာဝန္ရွိတယ္ဆိုတာကိုေတာ့ မေမ့ေလ်ာ့ေစခ်င္ပါဘူး။  "

လက္ရိွအစိုးရသစ္မွာ ျပန္ၾကားေရး၀န္ၾကီးအျဖစ္ စာေရးဆရာ၊ သတင္းစာဆရာ ဦးေဖျမင့္က တာ၀န္ယူေဆာင္ရြက္တာျဖစ္ပါတယ္။ အရင္အစိုးရရဲ့ ျပန္ၾကားေရး ၀န္ၾကီး ဦးရဲထြဋ္ကေတာ့ အယ္ဒီတာ မူ၀ါဒသာ ပိုုျပီး လြတ္လပ္ခြင့္ရ ရင္ေၾကးမံုုနဲ႕ ျမန္မာ့အလင္းက ၀န္ထမ္းမ်ားဟာ ေျပာင္းလဲႏုုိင္စြမ္းရိွေၾကာင္းနဲ႔ အယ္ဒီတာဆိုုင္ရာမူ၀ါဒသစ္နဲ႕ဆိုုရင္ ေၾကးမံုု နဲ႕ ျမန္မာ့အလင္းဟာ လက္ရိွ အေျခအေနထက္ ေစာင္ေရအရေရာ၊ စာနယ္ဇင္း အရည္အေသြးအရေရာ အမ်ားၾကီးတိုုးတက္လာမယ္လိုု႕ ယံုုၾကည္ေၾကာင္း သူရဲ့ Facebook စာမ်က္ႏွာမွာ မွတ္ခ်က္ေပးထားပါတယ္။

မုိးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ ကြေးမုံသတင်းစာ။

NLD ပါတီဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးထွက်ပေါ်လာတဲ့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေဟာ အပြင်အဆင်ရော၊ သတင်းဖော်ပြချက်တွေ ပါ ပြောင်းလဲသွားတယ်ဆိုပြီး ပြည်သူတွေအကြားမှာ တအံတသြဖြစ်နေကြပါတယ်။ စာနယ်ဇင်း အသိုင်းအဝိုင်းကတော့ ဒီအပြောင်းအလဲကို ကြိုဆိုလိုက်ပြီး နိုင်ငံပိုင် သတင်းစာတွေ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုသတင်းစာစစ်စစ်ဖြစ်ဖို့နဲ့ ပုဂ္ဂလိက သတင်းစာတွေ ဆက်လက် တည်မြဲရေးကိုလည်း တဖက်တလမ်းက အားပေးသင့်တယ် လို့ ရှုမြင်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့မနက်မိုးလင်းလိုက်တာနဲ့ ပြည်သူတွေအချင်းချင်းကြားမှာရော၊ Facebook အင်တာနက် စာမျက်နှာတွေပေါ်မှာပါ လူအများဆွေးနွေးတဲ့ အကြောင်းအရာ ကတော့အစိုးရပိုင် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေရဲ့ အပြောင်းအလဲ ကိစ္စပဲဖြစ်ပါတယ်။


၂၀၁၆ခုနှစ် မတ်လ ၃၁ရက်နေ့ မြန်မာ့အလင်းသတင်းစာ။
​ဒါကတော့ အစိုးရပိုင်သတင်းစာတွေမှာ တချိန်က အတိုက်အခံအင်အားစုလို့ ဆိုရမယ့် သူတွေရဲ့ အတွေးအမြင်တွေကို မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် တွေ့မြင် လိုက်ကြရတာပဲဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာတွေရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး 7day နေ့စဉ်သတင်းစာက ပင်တိုင်ဆောင်းပါးရှင် ကိုဝင်းဇော်လတ်က အခုလို ပြောဆိုပါတယ်။

" ထင်သာမြင်သာရှိတာကတော့ သတင်းစာရဲ့ အပြင်အဆင်ပေါ့။ နောက်တခု ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အောင်ပွဲပေါ့လေ။ လူထုအောင်ပွဲဆိုတာ သတင်းစာမျက်နှာဖုံးမှာ ဖော်ပြထားတာပေါ့။ နောက်တခုကတော့ ကိုမင်းကိုနိုင် ကဗျာတို့ ဆရာကြည်အောင်တို့ ကဗျာတွေ ဆောင်းပါးတွေ အဲ့တာမျိုးတွေ ပါလာတာပေါ့။ ပြောင်းလဲတဲ့ပြရုပ်ပဲလေ။ သင်္ကေတပဲ။"

သတင်းစာဆရာ ဆရာကျော်ရင်မြင့်ကလည်း သတင်းစာတွေရဲ့ အပြောင်းအလဲ ပတ်သက်ပြီး သူ့ရဲ့မျှော်လင့်ချက်ကိုလည်း အခုလို ဆက်ပြောပါတယ်။

" ပြည်သူလူထုကို ပိုပြီး အကျိုးပြုတဲ့ လမ်းကြောင်းကနေ ထုတ်ဝေလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ တချိန်တုန်းက ဆရာဦးဝင်းတင်ရဲ့ စကားပါပဲ ပြည်သူတွေရဲ့ စကားပြန် ဆိုပြီးတော့ ပြည်သူပြောချင်တာကိုလည်း အစိုးရကို သတင်းစာက တဆင့်ပြောမယ်။ အစိုးရပြောချင်တာကိုလည်း ပြည်သူကို သတင်းစာကတဆင့် သတင်းပေးမယ်။ အဲ့ဒီ့လို ကြားထဲက ပေါင်းကူးအဖြစ်နဲ့ အဲ့သလို အသွင်သဏ္ဍာန် ကိုပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ။"

သတင်းမီကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကလည်း အစိုးရပိုင် သတင်းစာတွေရဲ့ အပြောင်းအလဲ အပေါ်မှာ အခုလို သုံးသပ်ထားပါတယ်။

" ကျနော့်အမြင်မှာတော့လေ အရင်တုန်းက ဦးသိန်းစိန်အစိုးရကိ အဓိကထားပြီး ဖော်ပြတယ်။ အခုက NLD အစိုးရကို အဓိကထားပြီး ဖော်ပြတယ် ဆိုရင်တော့ အဲ့ဒီ့ဟာက အနှစ်သာရခြင်း မပြောင်းဘူးပေါ့။ အစိုးရပြောင်းလို့ အကြောင်းအရာပြောင်းသွားတဲ့သဘောပဲ ရှိမယ်။ တကယ်တမ်းကျတော့ သတင်းစာက အမာျးပြည်သူဝန်ဆောင်တဲ့ သတင်းစာအဖြစ် အသွင်ပြောင်းချင်ရင်တော့ လူတွေ ရင်ဆိုင်နေရတဲ့ ဟာတွေ အဲ့တာတွေက တခါတလေမှာတော့ အစိုးရတွေရဲ့ ပေါ်လစီကို ဝေဖန်တာ လည်းဖြစ်ရင်ဖြစ်မယ်။ ဖော်ဆောင်မှုတွေကို ဝေဖန်တာလည်းဖြစ်ရင်ဖြစ်မယ်။ အဲ့တာမျိုးတွေကို ဖော်ပြနိုင်မှသာလျှင် တကယ် အနှစ်သာရ အားဖြင့် အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းတာလို့ ယူဆလို့ရပါတယ်။"

အစိုးရပိုင် သတင်းစာတွေဟာ အရင်တည်းက ပုဂ္ဂလိကပိုင် သတင်းစာတွေ ထက် စောင်ရေအရရော၊ စျေးကွက်အရပါ လွှမ်းမိုးထားရာက အခုလို လူအများ စိတ်ဝင်စားတဲ့ သတင်းအချက်အလက်တွေ ပိုမိုဖော်ပြပေးလာနိုင်မယ် ဆိုရင် စောင်ရေ အရ ပိုမိုတိုးတက်လာပြီး ပုဂ္ဂလိက သတင်းစာတွေအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်းလည်းလို့လည်း တွက်ဆကြပါတယ်။

ဆရာကျော်ရင်မြင့်ကတော့ ပုဂ္ဂလိက သတင်းစာတွေ ဖွံ့ဖြိုးရေးအတွက်လညး် အားပေးသင့်တယ်လို့ ထောက်ပြထားပါတယ်။

" ပုဂ္ဂလိကသတင်းစာတွေကလည်း ရှင်သန်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိက သတင်းစာတွေ ပုံနှိပ်ထုတ်ဝေဖို့လို့အတွက် လိုအပ်မယ့် စက္ကူ ၊ မှင်၊ စက် စတဲ့အပိုင်းတွေမှာ ကောက်တဲ့အခွန်တွေကို လုံးဝ နီးပါး မကောက်ပဲနဲ့ ဆို ဒါတွေဟာ စာပေရေရှည်တည်တံ့ဖို့ အားပေးရာလည်း ကျပါတယ်။ အဲ့လို လုပ်စေချင်ပါတယ်။ အခွန်အကောက်တွေပေါ့နော်။ အစိုးရအနေနဲ့လည်း ပုဂ္ဂလိကဖွံ့ဖြိုးလို့အတွက်လည်း အားပေးဖို့ တာဝန်ရှိတယ်ဆိုတာကိုတော့ မမေ့လျော့စေချင်ပါဘူး။  "

လက်ရှိအစိုးရသစ်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာ၊ သတင်းစာဆရာ ဦးဖေမြင့်က တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။ အရင်အစိုးရရဲ့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကတော့ အယ်ဒီတာ မူဝါဒသာ ပိုုပြီး လွတ်လပ်ခွင့်ရ ရင်ကြေးမုုံနဲ့ မြန်မာ့အလင်းက ၀န်ထမ်းများဟာ ပြောင်းလဲနုုိင်စွမ်းရှိကြောင်းနဲ့ အယ်ဒီတာဆိုုင်ရာမူဝါဒသစ်နဲ့ဆိုုရင် ကြေးမုံု နဲ့ မြန်မာ့အလင်းဟာ လက်ရှိ အခြေအနေထက် စောင်ရေအရရော၊ စာနယ်ဇင်း အရည်အသွေးအရရော အများကြီးတိုုးတက်လာမယ်လိုု့ ယုံုကြည်ကြောင်း သူရဲ့ Facebook စာမျက်နှာမှာ မှတ်ချက်ပေးထားပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment