Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

ရကၡိဳင့္တပ္မေတာ္နဲ႔ ဆက္သြယ္မႈ ေနာက္ထပ္ ၁၁ ဦးကုိ ေထာင္ဒဏ္ေတြ ခ်မွတ္

ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ဆက္သြယ္တယ္ဆိုၿပီး တရားစြဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင္း ဆက္သြယ္မႈဥပေဒနဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တရားရံုးက မတ္လ ၃၁ ရက္ေန႔က ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့ ၁၁ ဦးကို ေတြ႔ရစဥ္။ Photo: Kyaw Hlamyint (facebook)
ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ဆက္သြယ္တယ္ဆိုၿပီး တရားစြဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင္း ဆက္သြယ္မႈဥပေဒနဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တရားရံုးက ဒီေန႔ ေထာင္ဒဏ္ ၃ ႏွစ္ကေန ၅ ႏွစ္အထိခ်မွတ္လိုက္ပါတယ္။

ဒီေန႔အမိန္႔ခ်မွတ္ခံရသူေတြဟာ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ရေသ့ေတာင္ စတဲ့ၿမိဳ႕နယ္ေတြက ျဖစ္တယ္လို႔ အမိန္႔ခ်မွတ္ခံရသူေတြကို ကူညီေပးေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕ခံ ဦးေမာင္ေအးေစာက ေျပာပါတယ္။

"AA ကတပ္ဖြဲ႔ဝင္ေတြလို႔ သံသယနဲ႔ဖမ္းဆီးထားတဲ့ လူေတြထဲက က်ေနာ္တို႔ ဒီေန႔ ၁၁ ေယာက္ကို ေထာင္ အသီးသီးခ်လိုက္လိုက္တာ ေတြ႔ရပါတယ္၊ ၅ ႏွစ္ခ်တဲ့လူက ၆ ေယာက္ပါ၊ ၃ ႏွစ္က ၆ ေယာက္ဆိုေတာ့ ၁၁ ေယာက္ပါ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ရေသ့ေတာင္၊ ေက်ာက္ျဖဴ အဲ့ဒီကလူေတြပါပါတယ္"

ဒီေန႔ အမိန္႔ခ်မွတ္ခံရသူေတြထဲမွာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက ေက်ာက္ေတာ္ၿမိဳ႕နယ္ ပီေခ်ာင္းေဒသမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြနဲ႔ဆက္ႏြယ္ၿပီး ဖမ္းဆီးခံထားရသူ ၄ ဦးပါဝင္သလို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကုန္ပိုင္းက ရမ္းေခ်ာင္းေဒသမွာျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြနဲ႔ဆက္ႏြယ္ၿပီး ဖမ္းဆီးခံထားရသူ ၇ ဦး တို႔ျဖစ္တယ္လို႔ ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ (AA) တို႔ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး AA အဖြဲ႔နဲ႔ဆက္ႏြယ္ေၾကာင္း သံသယနဲ႔ ေဒသခံအေတာ္မ်ားမ်ား အဖမ္းခံရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ကုန္ပိုင္းက ရမ္းေခ်ာင္းေဒသမွာျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံ ၂ဝဝ ေက်ာ္ဟာ နီးစပ္ရာကို ထြက္ေျပးခိုလံႈခဲ့ၾကရၿပီး ဒီေန႔အထိ မူလေနရပ္ကို မျပန္ႏုိင္ၾကေသးပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္တရားရံုးမွာ တရားစြဲခံထားရသူ ေနာက္ထပ္ ၁၃ ဦးလည္း မတရားအသင္းဆက္သြယ္မႈ ပုဒ္မနဲ႔ အမႈရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

....................................................................


ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်တဲ့ ၁၁ ဦးကို တွေ့ရစဉ်။ Photo: Kyaw Hlamyint (facebook)
ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်လိုက်ပါတယ်။

ဒီနေ့အမိန့်ချမှတ်ခံရသူတွေဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ အမိန့်ချမှတ်ခံရသူတွေကို ကူညီပေးနေတဲ့ ကျောက်တော်မြို့ခံ ဦးမောင်အေးစောက ပြောပါတယ်။

"AA ကတပ်ဖွဲ့ဝင်တွေလို့ သံသယနဲ့ဖမ်းဆီးထားတဲ့ လူတွေထဲက ကျနော်တို့ ဒီနေ့ ၁၁ ယောက်ကို ထောင် အသီးသီးချလိုက်လိုက်တာ တွေ့ရပါတယ်၊ ၅ နှစ်ချတဲ့လူက ၆ ယောက်ပါ၊ ၃ နှစ်က ၆ ယောက်ဆိုတော့ ၁၁ ယောက်ပါ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ အဲ့ဒီကလူတွေပါပါတယ်"

ဒီနေ့ အမိန့်ချမှတ်ခံရသူတွေထဲမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးပါဝင်သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ရ ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA အဖွဲ့နဲ့ဆက်နွယ်ကြောင်း သံသယနဲ့ ဒေသခံအတော်များများ အဖမ်းခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ဝဝ ကျော်ဟာ နီးစပ်ရာကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး ဒီနေ့အထိ မူလနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ကျောက်တော်မြို့နယ်တရားရုံးမှာ တရားစွဲခံထားရသူ နောက်ထပ် ၁၃ ဦးလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment