Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 4, 2016

ျမစ္ဆံုဆည္ စီမံကိန္း ေလွ်ာ္ေၾကးေပးသည္အထိ မျဖစ္ လက္ခံႏုိင္သည့္ နည္းလမ္းကို အစိုးရသစ္ႏွင့္ ၿငိႏိႈိင္းမည္

သတင္း  ျပည္တြင္း
မဇၩိမ


စီမံကိန္းအတြက္ ေလွ်ာ္ေၾကးေပးရသည္အထိ မျဖစ္ႏုိင္ဘဲ အားလံုးလက္ခံႏုိင္သည့္ နည္းလမ္းကို အစိုးရသစ္ႏွင့္ ၿငိႏႈိင္းလုပ္ေဆာင္သြားမည္ဟု ျမန္မာ ႏုိင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ဟုန္လ်န္က ေျပာသည္။

“စိတ္ရွည္ရွည္နဲ႔ ေျဖရွင္းပါမယ္ ေလွ်ာ္ေၾကးေပးဖို႔အထိ မျဖစ္ဘူးလို႔ ေမွ်ာ္လင့္ပါတယ္။ အစိုးရသစ္နဲ႔ ဆက္ေဆြးေႏြးၿပီး လက္ခံႏုိင္တဲ့ နည္းလမ္းကို ရွာေဖြပါမယ္” ဟု တ႐ုတ္သံအမတ္ႀကီးက မတ္လ ၄ ရက္ သူ၏ေနအိမ္တြင္ သတင္းေထာက္မ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာဆိုလုိက္ျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံ၏ ရာသီဥတုသည္ မိုးဥတုတြင္ ေရရရွိမႈမ်ားျပားၿပီး ေႏြရာသီတြင္ ေရရွားပါးတတ္ျခင္းေၾကာင့္ ေရအရင္းအျမစ္ကို စနစ္တက် စီမံခန္႔ခြဲတတ္ရန္ လိုသည္ဟုလည္း တ႐ုတ္သံအမတ္က သတိေပးသည္။ တ႐ုတ္ႏုိင္ငံတြင္ ေရအရင္းအျမစ္ကို ၁၉၄၉ ခုႏွစ္တြင္ စနစ္တက် စီမံခန္႔ခြဲခဲ့ျခင္းေၾကာင့္ ဖြံ႔ၿဖိဳးမႈ အသီးအပြင့္ကို တ႐ုတ္ျပည္သူမ်ား ယေန႔တြင္ ခံစားေနရသည္ဟု တ႐ုတ္သံအမတ္က ဆုိလုိက္ၿပီး ျမန္မာႏုိင္ငံတြင္မူ ထိုသို႔မဟုတ္ပါက “စီမံခန္႔ခြဲမႈကို ဒီလုိမလုပ္ဘူးဆိုရင္ ဆိုးက်ဳိးသာ ခံစားရပါလိမ့္မယ္” ဟု သူက သတိေပးသည္။

ျမစ္ဆံုဆည္ စီမံကိန္းကို ရည္ၫႊန္းလ်က္ ဆက္လက္ေျပာဆိုရာတြင္ တစ္ႏုိင္ငံလံုးအတြက္ မွန္ကန္သည့္ ဆံုးျဖတ္ခ်က္ကို ခ်မွတ္သင့္ၿပီး “က်ေနာ္တို႔ကေတာ့ စိတ္ရွည္လက္ရွည္ ေျဖရွင္းခ်င္ပါတယ္” ဟုလည္း သံအမတ္က ေျပာသည္။

စီမံကိန္းမ်ားသည္ “ျပည္သူအတြက္ ပြင့္လင္းျမင္သာတဲ့ စီမံကိန္းမ်ား ျဖစ္ရမယ္” ဟု သူကဆုိကာ “ေဒသခံ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကိုလည္း မျဖစ္မေန ျဖည့္ဆည္းေပးပါမယ္” ဟု ေျပာသည္။

တ႐ုတ္ႏုိင္ငံ၏ အကူအညီျဖင့္ ရန္ကုန္ၿမိဳ႕ျပင္ တစ္ေနရာတြင္ ေဆး႐ံုတစ္႐ံု တည္ေဆာက္ေပးရန္ ျပင္ဆင္လ်က္ရွိသည္ဟုလည္း ေျပာသည္။“တ႐ုတ္ႏုိင္ငံအေနနဲ႔  ဝင္ေငြရၿပီး ခ်စ္ၾကည္ေရးထိခိုက္မယ့္ အလုပ္ကို လုပ္မွာ မဟုတ္ပါဘူး။ ျပည္သူေတြ လက္မခံရင္လည္း လုပ္လို႔မရပါဘူး” ဟုလည္း ေျပာဆိုခဲ့သည္။

- See more at: http://mizzimaburmese.com/article/11958#sthash.KkYWOANi.dpuf
..............................
မြစ်ဆုံဆည် စီမံကိန်း လျှော်ကြေးပေးသည်အထိ မဖြစ် လက်ခံနိုင်သည့် နည်းလမ်းကို အစိုးရသစ်နှင့် ငြိနှိိုင်းမည်
သတင်း  ပြည်တွင်း
မဇ္ဈိမ


စီမံကိန်းအတွက် လျှော်ကြေးပေးရသည်အထိ မဖြစ်နိုင်ဘဲ အားလုံးလက်ခံနိုင်သည့် နည်းလမ်းကို အစိုးရသစ်နှင့် ငြိနှိုင်းလုပ်ဆောင်သွားမည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။

“စိတ်ရှည်ရှည်နဲ့ ဖြေရှင်းပါမယ် လျှော်ကြေးပေးဖို့အထိ မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ အစိုးရသစ်နဲ့ ဆက်ဆွေးနွေးပြီး လက်ခံနိုင်တဲ့ နည်းလမ်းကို ရှာဖွေပါမယ်” ဟု တရုတ်သံအမတ်ကြီးက မတ်လ ၄ ရက် သူ၏နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရာသီဥတုသည် မိုးဥတုတွင် ရေရရှိမှုများပြားပြီး နွေရာသီတွင် ရေရှားပါးတတ်ခြင်းကြောင့် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲတတ်ရန် လိုသည်ဟုလည်း တရုတ်သံအမတ်က သတိပေးသည်။ တရုတ်နိုင်ငံတွင် ရေအရင်းအမြစ်ကို ၁၉၄၉ ခုနှစ်တွင် စနစ်တကျ စီမံခန့်ခွဲခဲ့ခြင်းကြောင့် ဖွံ့ဖြိုးမှု အသီးအပွင့်ကို တရုတ်ပြည်သူများ ယနေ့တွင် ခံစားနေရသည်ဟု တရုတ်သံအမတ်က ဆိုလိုက်ပြီး မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်ပါက “စီမံခန့်ခွဲမှုကို ဒီလိုမလုပ်ဘူးဆိုရင် ဆိုးကျိုးသာ ခံစားရပါလိမ့်မယ်” ဟု သူက သတိပေးသည်။

မြစ်ဆုံဆည် စီမံကိန်းကို ရည်ညွှန်းလျက် ဆက်လက်ပြောဆိုရာတွင် တစ်နိုင်ငံလုံးအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သင့်ပြီး “ကျနော်တို့ကတော့ စိတ်ရှည်လက်ရှည် ဖြေရှင်းချင်ပါတယ်” ဟုလည်း သံအမတ်က ပြောသည်။

စီမံကိန်းများသည် “ပြည်သူအတွက် ပွင့်လင်းမြင်သာတဲ့ စီမံကိန်းများ ဖြစ်ရမယ်” ဟု သူကဆိုကာ “ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း မဖြစ်မနေ ဖြည့်ဆည်းပေးပါမယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့ပြင် တစ်နေရာတွင် ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း ပြောသည်။“တရုတ်နိုင်ငံအနေနဲ့  ဝင်ငွေရပြီး ချစ်ကြည်ရေးထိခိုက်မယ့် အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ လက်မခံရင်လည်း လုပ်လို့မရပါဘူး” ဟုလည်း ပြောဆိုခဲ့သည်။

- See more at: http://mizzimaburmese.com/article/11958#sthash.KkYWOANi.dpuf

No comments:

Post a Comment