Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 5, 2016

iPhone ထဲကမှတ်တမ်းတွေဖွင့်ကြည့်နိုင်အောင်လုပ်ပေးဖို့  ဂျွန်မက်အေဖီးက FBI ကိုကမ်းလှမ်း

ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မှာ လူ ၁၄ ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို ကျုးလွန်သူ ကိုင်ခဲ့တဲ့ လျို့ဝှက်သင်္ကေတနဲ့ ပိတ်ထားတဲ့ iPhone ထဲက မှတ်တမ်းတွေ ဖွင့်ကြည့်နိုင်အောင် လုပ်ပေးဖို့ ဗိုင်းရပ်သတ်တဲ့ ဆော့ဝဲတီထွင်တဲ့ ဂျွန်မက်အေဖီးက FBI ကိုကမ်းလှမ်းလိုက်ပါတယ်။
ဖုန်းထဲက အချက်အလက်တွေ ကြည့်နိုင်အောင် လုပ်ပေးဖို့ အမေရိကန် တရားရေးဌာနရဲ့ တောင်းဆိုချက်ကို Apple ကုမ္မဏီက လက်မခံဘဲငြင်းဆိုခဲ့ပါတယ်။FBI ကလည်း ဒီဖုန်းထဲကအချက်အလက်တွေကိုကြည့် ရှုဖို့ ဖွင့်လို့ မရခဲ့ပါ။
မစ္စတာ မက်အေဖီးနဲ့ အဖွဲ့ က ဒီလုပ်ငန်းကို သူနဲ့ သူ့ အဖွဲ့ က အခမဲ့လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။
လူသတ်သမားရဲ့ ဖုန်းထဲကမှတ်တမ်းတွေကိုဖွင့်ကြည့်နိုင်အောင်လုပ်ဖို့ သူတို့  အချိန်သုံးပတ်ယူမယ်လို့ ဆိုပါတယ်။
မစ္စတာ မက်အေဖီးဟာ Libertarian ပါတီကနေ အမေရိကန်သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့်သူတစ်ဦးလည်းဖြစ်ပါတယ်။
MP4 YoU

No comments:

Post a Comment