Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

ပထမအေခြက Virus ကိုက္ၿပီးၿပီဆိုေတာ့ ဒုတိယအေခြ Vitamin T နဲ႕ ေျဖေဆးျပန္ေပးမယ့္ သိန္းလင္းစိုး






သရုပ္ေဆာင္တာက သူ႕ရဲ႕ေနာက္ထပ္ ၀ါသနာတစ္ခုပါလို႕ေျပာျပလာသူကေတာ့ အဆိုေတာ္ သိန္းလင္းစိုးပါ။ တစ္ဖက္က ပထမဆံုး ၀ါသနာျဖစ္တဲ့ ဂီတဖက္မွာ အေျခခ်ရင္း နဂိုရွိရင္းစြဲ ၀ါသနာတစ္ခုေၾကာင့္ အဆိုေတာ္သူငယ္ခ်င္းေတြရဲ႕ ကားရုိက္ဖက္ကို ပါ၀င္ကူညီျဖစ္ရင္း ဇာတ္ကားအခ်ိဳ႕မွာ ျမင္ေတြ႕ခြင့္ရလာခဲ့ပါတယ္။ လက္ရွိမွာ ဂီတနဲ႕ပတ္သက္ၿပီး ဒုတိယတစ္ကုိယ္ေတာ္အေခြကိုျပင္ဆင္ေနသလုိ တစ္ဖက္ကလဲ Charm ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ပါ၀င္သရုပ္ေဆာင္ေနတယ္လို႕ေျပာျပလာတာေၾကာင့္ သူနဲ႕ေတြ႕ဆံုခိုက္


"အခုရုိက္ေနတဲ့ ကားေလးက Media 7 ကရုိက္တဲ့ Charm ဆိုတဲ့ ဇာတ္လမ္းတြဲေလးပါ။ ဒီကားထဲမွာဒီ၀ိုင္းေပါ့။ ဘန္နီနဲ႕သူငယ္ခ်င္းေပါ့။ နယ္ကေက်ာင္းလာတက္တယ္။ ဘန္နီ အာရံုထဲမွာျမင္တဲ့ဟာေတြက ကၽြန္ေတာ့္ေၾကာင့္ လြဲသြားတာေလးေတြေပါ့။ ဒီကားကေခါင္းေဆာင္ အေနနဲ႕ရုိက္တဲ့ ပထမဆံုးကားေပါ့။ က်န္တာေတြက ဟိုစပ္စပ္ဒီစပ္စပ္ ဧည့္သည္အေနနဲ႕သရုပ္ေဆာင္တာ မ်ားတယ္။ သူငယ္ခ်င္းအခန္းေလးေတြလဲ ပါတယ္။"လို႕ သူက ေျပာပါတယ္။
ဒါ့အျပင္ သူဖန္တီးေနတဲ့တစ္ကုိယ္ေတာ္ဒုတိယေခြ Vitamin T နဲ႕ပတ္သက္ၿပီးေတာ့လဲ "အဲ့ဒီအေခြေလးကို သၾကၤန္အၿပီး ၅လပိုင္းမွာ ထြက္ဖို႕လုပ္ေနတယ္။ Title ေလးကို Vitamin t လို႕ေပးထားတယ္။ ကၽြန္ေတာ္က ကၽြန္ေတာ့အေခြေတြ အကုန္လံုးကုိ ကၽြန္ေတာ္သိန္းလင္းစိုးဆိုတဲ့ T ကုိကုိယ္စားျပဳၿပီး တစ္ခုယူထားပါတယ္။ ပထမအေခြက T- Virus ၊ အခုဒုတိယအေခြက Vitamin – T ေပါ့။ ပထမအေခြကေတာ့ ကိုယ့္အၾကိဳက္ေတြနဲ႕ပရိသတ္ကို Virus ကိုက္ၿပီးသြားၿပီဆိုေတာ့ ဒီတစ္ခါေျဖေဆးေပးတဲ့ အေနနဲ႕ပရိသတ္ၾကိဳက္ေလာက္မဲ့ သီခ်င္းေလးေတြနဲ႕ပရိသတ္ကိုေျဖေဆးျပန္ေပးတဲ့ သေဘာပါ။ သီခ်င္းအားလံုးေပါင္း၁၂ ပုဒ္ေလာက္ မွန္းထားတယ္။ ေတးေရးကေတာ့ ကၽြန္ေတာ္တစ္ေယာက္တည္း မေရးေတာ့ဘူး။ ကုိရဲေလးကို အကူအညီေတာင္းထားတယ္။ ကိုစိုးဟိန္းကိုလဲ အကူအညီေတာင္းထားတယ္။ Featuring ကေတာ့ သူတို႕ဆိုတာသူတုိ႕ေရးမယ္။ Featuring ေတြက Frenzo ကလူေတြရယ္၊ ကုိရဲေလးရယ္၊ ၀ိုင္းစုခုိင္သိန္းရယ္ပါ။ ဒီဇာတ္လမ္းတြဲ ရုိက္ေနတဲ့အတြက္ အေခြလုပ္ဖို႕အခ်ိန္ပိုရသြားတဲ့အတြက္သီခ်င္းေတြအားလံုးကုိလဲပစ္လိုက္တယ္။ ကၽြန္ေတာ့ကိုေတြ႕ျမင္ေနက် သိန္းလင္းစိုးနဲ႕ ကြဲထြက္ေအာင္ျမဴးဆစ္အမ်ိဳးအစားေတြကို ေျပာင္းထားတယ္။ စံုေအာင္ေတာ့ ထည့္ထားတယ္။ ပထမအေခြက ကုိယ့္အၾကိဳက္ကို လုပ္ထားတဲ့အတြက္ဒုတိယအေခြမွာပရိသတ္အၾကိဳက္ကိုဦးစားေပးထားပါတယ္"တဲ့။
သရုပ္ေဆာင္ပိုင္းမွာေတြ႕ျမင္လာရတာကိုေတာ့ သူက "သီခ်င္းကကၽြန္ေတာ့္ရဲ႕အဓိကေမဂ်ာအလုပ္ေလ။ သရုပ္ေဆာင္အေနနဲ႕ဆိုရင္ အရင္ကတည္းကဲ ကိုယ္ကၽြမ္းကၽြမ္းက်င္က်င္လုပ္လာတဲ့ အလုပ္တစ္ခုမဟုတ္တဲ့အတြက္ ကၽြန္ေတာ့အတြက္က မိုင္နာအလုပ္ျဖစ္သြားတယ္။ ဦးစားေပးကေတာ့ သီခ်င္းေပါ့။ သရုပ္ေဆာင္ကေတာ့ ဒုတိယအိပ္မက္ပါ။ ကၽြန္ေတာ္သရုပ္ေဆာင္ရတာကိုၾကိဳက္တယ္။ ဒါေပမဲ့ အခုကၽြန္ေတာ့ရဲ႕ အိပ္မက္က အခုမွျဖစ္တာဆိုေတာ့ အဲ့ဒီအတြက္ အႏုပညာ၀မ္းစာျပည့္ေအာင္ ကၽြန္ေတာ္ၾကိဳးစားရပါဦးမယ္"လို႕ ေျပာျပသြားပါတယ္။
http://www.trend.com.mm/2016/02/19/music-8885
...................................................

ပထမအခွေက Virus ကိုက်ပြီးပြီဆိုတော့ ဒုတိယအခွေ Vitamin T နဲ့ ဖြေဆေးပြန်ပေးမယ့် သိန်းလင်းစိုး
ခင်ဆွေသက် 
သရုပ်ဆောင်တာက သူ့ရဲ့နောက်ထပ် ၀ါသနာတစ်ခုပါလို့ပြောပြလာသူကတော့ အဆိုတော် သိန်းလင်းစိုးပါ။ တစ်ဖက်က ပထမဆုံး ၀ါသနာဖြစ်တဲ့ ဂီတဖက်မှာ အခြေချရင်း နဂိုရှိရင်းစွဲ ၀ါသနာတစ်ခုကြောင့် အဆိုတော်သူငယ်ချင်းတွေရဲ့ ကားရိုက်ဖက်ကို ပါ၀င်ကူညီဖြစ်ရင်း ဇာတ်ကားအချို့မှာ မြင်တွေ့ခွင့်ရလာခဲ့ပါတယ်။ လက်ရှိမှာ ဂီတနဲ့ပတ်သက်ပြီး ဒုတိယတစ်ကိုယ်တော်အခွေကိုပြင်ဆင်နေသလို တစ်ဖက်ကလဲ Charm ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါ၀င်သရုပ်ဆောင်နေတယ်လို့ပြောပြလာတာကြောင့် သူနဲ့တွေ့ဆုံခိုက်
"အခုရိုက်နေတဲ့ ကားလေးက Media 7 ကရိုက်တဲ့ Charm ဆိုတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဒီကားထဲမှာဒီဝိုင်းပေါ့။ ဘန်နီနဲ့သူငယ်ချင်းပေါ့။ နယ်ကကျောင်းလာတက်တယ်။ ဘန်နီ အာရုံထဲမှာမြင်တဲ့ဟာတွေက ကျွန်တော့်ကြောင့် လွဲသွားတာလေးတွေပေါ့။ ဒီကားကခေါင်းဆောင် အနေနဲ့ရိုက်တဲ့ ပထမဆုံးကားပေါ့။ ကျန်တာတွေက ဟိုစပ်စပ်ဒီစပ်စပ် ဧည့်သည်အနေနဲ့သရုပ်ဆောင်တာ များတယ်။ သူငယ်ချင်းအခန်းလေးတွေလဲ ပါတယ်။"လို့ သူက ပြောပါတယ်။
ဒါ့အပြင် သူဖန်တီးနေတဲ့တစ်ကိုယ်တော်ဒုတိယခွေ Vitamin T နဲ့ပတ်သက်ပြီးတော့လဲ "အဲ့ဒီအခွေလေးကို သင်္ကြန်အပြီး ၅လပိုင်းမှာ ထွက်ဖို့လုပ်နေတယ်။ Title လေးကို Vitamin t လို့ပေးထားတယ်။ ကျွန်တော်က ကျွန်တော့အခွေတွေ အကုန်လုံးကို ကျွန်တော်သိန်းလင်းစိုးဆိုတဲ့ T ကိုကိုယ်စားပြုပြီး တစ်ခုယူထားပါတယ်။ ပထမအခွေက T- Virus ၊ အခုဒုတိယအခွေက Vitamin – T ပေါ့။ ပထမအခွေကတော့ ကိုယ့်အကြိုက်တွေနဲ့ပရိသတ်ကို Virus ကိုက်ပြီးသွားပြီဆိုတော့ ဒီတစ်ခါဖြေဆေးပေးတဲ့ အနေနဲ့ပရိသတ်ကြိုက်လောက်မဲ့ သီချင်းလေးတွေနဲ့ပရိသတ်ကိုဖြေဆေးပြန်ပေးတဲ့ သဘောပါ။ သီချင်းအားလုံးပေါင်း၁၂ ပုဒ်လောက် မှန်းထားတယ်။ တေးရေးကတော့ ကျွန်တော်တစ်ယောက်တည်း မရေးတော့ဘူး။ ကိုရဲလေးကို အကူအညီတောင်းထားတယ်။ ကိုစိုးဟိန်းကိုလဲ အကူအညီတောင်းထားတယ်။ Featuring ကတော့ သူတို့ဆိုတာသူတို့ရေးမယ်။ Featuring တွေက Frenzo ကလူတွေရယ်၊ ကိုရဲလေးရယ်၊ ၀ိုင်းစုခိုင်သိန်းရယ်ပါ။ ဒီဇာတ်လမ်းတွဲ ရိုက်နေတဲ့အတွက် အခွေလုပ်ဖို့အချိန်ပိုရသွားတဲ့အတွက်သီချင်းတွေအားလုံးကိုလဲပစ်လိုက်တယ်။ ကျွန်တော့ကိုတွေ့မြင်နေကျ သိန်းလင်းစိုးနဲ့ ကွဲထွက်အောင်မြူးဆစ်အမျိုးအစားတွေကို ပြောင်းထားတယ်။ စုံအောင်တော့ ထည့်ထားတယ်။ ပထမအခွေက ကိုယ့်အကြိုက်ကို လုပ်ထားတဲ့အတွက်ဒုတိယအခွေမှာပရိသတ်အကြိုက်ကိုဦးစားပေးထားပါတယ်"တဲ့။
သရုပ်ဆောင်ပိုင်းမှာတွေ့မြင်လာရတာကိုတော့ သူက "သီချင်းကကျွန်တော့်ရဲ့အဓိကမေဂျာအလုပ်လေ။ သရုပ်ဆောင်အနေနဲ့ဆိုရင် အရင်ကတည်းကဲ ကိုယ်ကျွမ်းကျွမ်းကျင်ကျင်လုပ်လာတဲ့ အလုပ်တစ်ခုမဟုတ်တဲ့အတွက် ကျွန်တော့အတွက်က မိုင်နာအလုပ်ဖြစ်သွားတယ်။ ဦးစားပေးကတော့ သီချင်းပေါ့။ သရုပ်ဆောင်ကတော့ ဒုတိယအိပ်မက်ပါ။ ကျွန်တော်သရုပ်ဆောင်ရတာကိုကြိုက်တယ်။ ဒါပေမဲ့ အခုကျွန်တော့ရဲ့ အိပ်မက်က အခုမှဖြစ်တာဆိုတော့ အဲ့ဒီအတွက် အနုပညာဝမ်းစာပြည့်အောင် ကျွန်တော်ကြိုးစားရပါဦးမယ်"လို့ ပြောပြသွားပါတယ်။
http://www.trend.com.mm/2016/02/19/music-8885

No comments:

Post a Comment