Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 19, 2016

လက္ပံေတာင္း ေၾကးနီ ထုတ္လုပ္မႈ ေမလ ျပန္ စတင္မည္

လက္ပံေတာင္းေၾကးနီစီမံကိန္း ကန္႔ကြက္ဆႏၵျပသူမ်ားနဲ႔ ရဲလံုျခံဳေရးမ်ား။ 
လက္ပံေတာင္းေၾကးနီ စီမံကိန္းနဲ႔ပတ္သက္လို႔ အျငင္းပြားမႈေတြနဲ႔ ကန္႔ကြက္ ဆႏၵျပမႈေတြ အႀကီးအက်ယ္ ႀကံဳခဲ့ၿပီးတဲ့ေနာက္ ၂၀၁၃ ခုႏွစ္က စလို စာခ်ဳပ္အသစ္ ျပန္လည္ ခ်ဳပ္ဆိုခဲ့ရာမွာ၊ အခုေတာ့ ပထမဆံုးအႀကိမ္ အျဖစ္ ေၾကးနီ ထုတ္လုပ္ေရးကို လာမယ့္ ေမလမွာ စတင္ေတာ့မွာျဖစ္ပါတယ္။ တဖက္မွာေတာ့ ဆႏၵျပ ကန္႔ကြက္မႈေတြ ရိွေနတုန္းဆိုေပမဲ့၊ ဒီ ဆႏၵျပမႈေတြ အတြက္ ေျမယာျပႆနာဟာ ျမန္မာ အစိုးရမွာပဲ တာ၀န္ရိွတယ္ လို႔ ျမန္မာဝမ္ေပါင္ ကုမၸဏီ က ေျပာပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

စစ္ကုိင္းတုိင္း၊ ယင္းမာပင္ခ႐ိုင္၊ လက္ပံေတာင္းေၾကးနီစီမံကိန္း ဖ်က္သိမ္းေပးေရးနဲ႔ သိမ္းဆည္းထားတဲ့ ေျမယာေတြျပန္ေပးေရးအတြက္ ေဒသခံေတြဟာ ၃ႏွစ္ေက်ာ္ၾကာ ဆႏၵျပေတာင္းဆုိေနေပမဲ့ မၾကာခင္ ေမလမွာ ေၾကးနီထုတ္လုပ္ေရး စတင္ေတာ့မယ္ လုိ့ ျမန္မာ ဝမ္ေပါင္ကုမၸဏီရဲ႕ ေျပာေရးဆုိခြင့္ရွိသူ Mr.Dong Yunfeiက ေျပာဆုိလုိက္ ပါတယ္။

" အရင္တုန္းက မထုတ္ေသးဘူးေလ။ အရင္တုန္းက က်ေနာ္တို႔က တည္ေဆာက္ေရး ကာလမို႔လို႔ တည္ေဆာက္ေရးလုပ္ငန္းေတာင္ မၿပီးေသးလို႔ အဲ့တာ ထုတ္လို႔မရဘူး။ အခုက ၂၀၁၆ ေမလေပါ့ေနာ္။ ေမလမွာ ၿပီးေအာင္ က်ေနာ္တို႔ ႀကိဳးစားေနပါတယ္။ ေမလက်ရင္ ေၾကးနီကို ျပန္ထုတ္ဖို႔ ေမွ်ာ္လင့္တာေပါ့ေနာ္။"

စီမံကိန္းအတြက္ သိမ္းယူထားတဲ့ေျမယာေတြ ျပန္ရေရးအတြက္ ၃ႏွစ္ေက်ာ္ၾကာတဲ့ အထိ အႀကိမ္ေပါင္း၂၉၀ေက်ာ္ ကန္႔ကြက္ ဆႏၵျပေတာင္းဆုိေန တဲ့ ေဒသခံေတြ ကေတာ့ စီမံကိန္း ဖ်က္သိမ္းေပးေရး ကုိေတာင္း ဆိုေနျပီး ေျမယာ နစ္နာေၾကးကို မယူႏိုင္ဘူးလို႔ ေဒသခံတဦးကဆုိပါတယ္။

" ဒီကုမၸဏီႀကီးရွိေနသေရြ႔ ေဒသခံေတြအတြက္ ဆိုးက်ိဳးေတြပဲ ရမွာမို႔ က်မတို႔ကေတာ့ ေျမယာကို ဒီ့ျပင္ဟာ ဘာနဲ႔မွ မလဲႏုိင္ဘူး။ ကိုယ့္ေျမယာ ပဲ ေတာသူေတြ က ဒါပဲ လုပ္စား တတ္တာမို႔ ေျမယာ ကိုေတာ့ ေရာင္းဖို႔ရာ လံုးဝ စိတ္ကူးမရွိဘူး။ တကယ္လို႔ ေနာက္မင္းတက္လာလို႔ ဒီအတုိင္းပဲဆို တႏွစ္စာ၊ တႏွစ္စာ ေလ်ာ္ေၾကးေတာင္းသြားမယ္။"

ႏွစ္၃၀ စာခ်ဳပ္နဲ႔ ျမန္မာအစိုးရထံကေန ၂၀၁၃ခုႏွစ္တုန္းက စာခ်ဳပ္အသစ္ခ်ဳပ္ထားျပီး ဌားရမ္းထားတာျဖစ္လို့ ေျမယာ ျပႆနာေတြဟာ အစိုးရနဲ႔ သက္ဆုိင္တယ္ ဆိုၿပီး ျမန္မာဝမ္ေပါင္ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကေျပာဆုိလုိက္ပါတယ္။

"ဒီတခုလံုးက အစိုးရဆီက က်ေနာ္တို႔က ဌားထားတာေလ။ ဦးပိုင္ကုမၸဏီက အစိုးရဆီက ဌားတာ။ က်ေနာ္တို႔က ဦးပိုင္ဆီက ျပန္ဌားတာ။ အဲ့ဒီ့ေတာ့ ဒီေျမကိစၥနဲ႔ပတ္သက္လို႔က အစိုးရနဲ႔ အစိုးရနဲ႔ပတ္သက္တဲ့အလုပ္ပဲ။  အစိုးရဆီက ဌားထားတာေလ။ စီမံကိန္းၿပီးတဲ့အထိ ဌားထားပါတယ္။ အဲ့တာေၾကာင့္ ေျမယာနဲ႔ ပတ္သက္တဲ့ကိစၥက အစိုးရ ဆီကို သြားၿပီးေတာ့ ညိႇႏိႈင္းဖို႔ လိုတာေပါ့ေနာ္။

 ၂၀၁၂ခုႏွစ္က စီမံကိန္းကို ကန္႔ကြက္ဆႏျပသူေတြေတြကုိ ႏိွမ္နင္းခဲ့တာေႀကာင့္ သံဃာအပါး၁၀၀ခန္႔ဟာ မီးေလာင္ဒဏ္ရာေတြရခဲ့တာပါ။ ဒီအတြက္ ေဒၚေအာင္ဆနး္စုၾကည္ က စံုစမ္းစစ္ေရးေကာ္မရွင္ဖဲြ႔ စစ္ေဆးခဲ့ျပီး အစီရင္ခံစာ ထုတ္ျပန္ခဲ့ပါတယ္။ ဒီအစီရင္ခံစာကို လိုက္နာမႈ မရွိဘူးလို႔ လည္း ေကာ္မရွင္ အဖဲြ႔ဝင္ ပုလဲျမိဳ႕နယ္ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္စန္းလိွဳင္ က ဗီြအိုေအက ဆက္သြယ္ေမးျမန္း စဥ္မွာ ေျပာဆုိခဲ့တာပါ။ ဒါေပမဲ့ ျမန္မာဝမ္ေပါင္ကုမၸဏီဘက္ကေတာ့ အခုလို တုံ႔ျပန္ေျပာဆုိခဲ့ပါတယ္။

" ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရး ေက္ာမတီက ၂၀၁၃  ၃လပိုင္းေလာက္ အစီရင္ခံစာ ထြက္လာတယ္ေလ။ အဲ့ဒီ့အစီရင္ခံစာထဲမွာ အၾကံျပဳခ်က္ ေတာ္ေတာ္မ်ားမ်ား ပါပါတယ္။ အဲ့ဒီ့အစီရင္ခံစာ ထြက္ၿပီးတဲ့ေနာက္ပိုင္းေပါ့ေနာ္။ အဲ့ဒီ့အတုိင္း အစိုးရအေနနဲ႔ ဒီအၾကံျပဳခ်က္ အေကာင္အထည္ေဖာ္ ေကာ္မတီေပါ့ေနာ္ အဲ့ဒီ့အထဲမွာ ျပည္ေထာင္စု ဝန္ႀကီးေလးပါးေပါ့ေနာ္။ ဒုဝန္ႀကီး ေျခာက္ပါးေလာက္ေပါ့ေနာ္။ အဲ့လိုမ်ိဳး ခြဲၿပီးေတာ့ ညႊန္ခ်ဳပ္တို႔ ဒုညႊန္ခ်ဳပ္တို႔ အဲ့လိုပါတဲ့အခါက်ေတာ့ က်ေနာ္တို႔ အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အၾကံေပးတဲ့အတုိင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ပါတယ္။"

အမ်ိုးသားဒီမိုကေရစီ အဖဲြ႔ခ်ဳပ္က စစ္ကုိင္းတိုင္း ပုလဲျမဳိ႕နယ္ အမတ္ ေဒၚခင္စန္းလွဳ ိင္ ကေတာ့၂၀၁၄ ခုနွစ္ ဆယ္လပုိင္းေလာက္က စတင္ျပီး ေကာ္မရွင္ရဲအစီရင္ခံစာကို လိုက္နာမႈ မရွိဘူးဆိုတဲ့ အေရးေပၚအဆုိကုိ လႊတ္ေတာ္မွာ တင္သြင္းဖို႔ အၾကိမ္ၾကိမ္ႀကိဳးစားခဲ့ေပမဲ့ တင္ျပခြင့္ မရခဲ့တဲ့အေၾကာင္း ဗီြအိုေအ က ဆက္သြယ္ေမးျမန္းစဥ္မွာ ေျဖၾကားခဲ့ဘူးပါတယ္။ ဒီစီမံကိန္းကုိ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လုပ္ေဆာင္ေနတဲ့ အဖဲြ႔ေတြ အပါအ၀င္ လူထုအေျချပဳအဖဲြ႔ေပါင္း ၄၀၀ေက်ာ္နဲ႔ ဖဲြ႔စည္းထားတဲ့ MATA လို့ေခၚတဲ့အဖဲြ႔ ကလည္း ေဒသခံေတြ ရဲ ့ထိခိုက္နစ္နာမူေတြေၾကာင့္ စီမံကိန္းကုိ ဆက္လက္ အေကာင္ထည္မေဖာ္ သင့္ဘူးလို႔ ေျပာဆုိထားပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
 လက်ပံတောင်းကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြသူများနဲ့ ရဲလုံခြုံရေးများ။ 
လက်ပံတောင်းကြေးနီ စီမံကိန်းနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ကြံုခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်က စလို စာချုပ်အသစ် ပြန်လည် ချုပ်ဆိုခဲ့ရာမှာ၊ အခုတော့ ပထမဆုံးအကြိမ် အဖြစ် ကြေးနီ ထုတ်လုပ်ရေးကို လာမယ့် မေလမှာ စတင်တော့မှာဖြစ်ပါတယ်။ တဖက်မှာတော့ ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေတုန်းဆိုပေမဲ့၊ ဒီ ဆန္ဒပြမှုတွေ အတွက် မြေယာပြဿနာဟာ မြန်မာ အစိုးရမှာပဲ တာဝန်ရှိတယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီ က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ သိမ်းဆည်းထားတဲ့ မြေယာတွေပြန်ပေးရေးအတွက် ဒေသခံတွေဟာ ၃နှစ်ကျော်ကြာ ဆန္ဒပြတောင်းဆိုနေပေမဲ့ မကြာခင် မေလမှာ ကြေးနီထုတ်လုပ်ရေး စတင်တော့မယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Dong Yunfeiက ပြောဆိုလိုက် ပါတယ်။

" အရင်တုန်းက မထုတ်သေးဘူးလေ။ အရင်တုန်းက ကျနော်တို့က တည်ဆောက်ရေး ကာလမို့လို့ တည်ဆောက်ရေးလုပ်ငန်းတောင် မပြီးသေးလို့ အဲ့တာ ထုတ်လို့မရဘူး။ အခုက ၂၀၁၆ မေလပေါ့နော်။ မေလမှာ ပြီးအောင် ကျနော်တို့ ကြိုးစားနေပါတယ်။ မေလကျရင် ကြေးနီကို ပြန်ထုတ်ဖို့ မျှော်လင့်တာပေါ့နော်။"

စီမံကိန်းအတွက် သိမ်းယူထားတဲ့မြေယာတွေ ပြန်ရရေးအတွက် ၃နှစ်ကျော်ကြာတဲ့ အထိ အကြိမ်ပေါင်း၂၉၀ကျော် ကန့်ကွက် ဆန္ဒပြတောင်းဆိုနေ တဲ့ ဒေသခံတွေ ကတော့ စီမံကိန်း ဖျက်သိမ်းပေးရေး ကိုတောင်း ဆိုနေပြီး မြေယာ နစ်နာကြေးကို မယူနိုင်ဘူးလို့ ဒေသခံတဦးကဆိုပါတယ်။

" ဒီကုမ္ပဏီကြီးရှိနေသရွေ့ ဒေသခံတွေအတွက် ဆိုးကျိုးတွေပဲ ရမှာမို့ ကျမတို့ကတော့ မြေယာကို ဒီ့ပြင်ဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ကိုယ့်မြေယာ ပဲ တောသူတွေ က ဒါပဲ လုပ်စား တတ်တာမို့ မြေယာ ကိုတော့ ရောင်းဖို့ရာ လုံးဝ စိတ်ကူးမရှိဘူး။ တကယ်လို့ နောက်မင်းတက်လာလို့ ဒီအတိုင်းပဲဆို တနှစ်စာ၊ တနှစ်စာ လျော်ကြေးတောင်းသွားမယ်။"

နှစ်၃၀ စာချုပ်နဲ့ မြန်မာအစိုးရထံကနေ ၂၀၁၃ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ် ဆိုပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုလိုက်ပါတယ်။

"ဒီတခုလုံးက အစိုးရဆီက ကျနော်တို့က ဌားထားတာလေ။ ဦးပိုင်ကုမ္ပဏီက အစိုးရဆီက ဌားတာ။ ကျနော်တို့က ဦးပိုင်ဆီက ပြန်ဌားတာ။ အဲ့ဒီ့တော့ ဒီမြေကိစ္စနဲ့ပတ်သက်လို့က အစိုးရနဲ့ အစိုးရနဲ့ပတ်သက်တဲ့အလုပ်ပဲ။  အစိုးရဆီက ဌားထားတာလေ။ စီမံကိန်းပြီးတဲ့အထိ ဌားထားပါတယ်။ အဲ့တာကြောင့် မြေယာနဲ့ ပတ်သက်တဲ့ကိစ္စက အစိုးရ ဆီကို သွားပြီးတော့ ညှိနှိုင်းဖို့ လိုတာပေါ့နော်။

 ၂၀၁၂ခုနှစ်က စီမံကိန်းကို ကန့်ကွက်ဆနပြသူတွေတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး၁၀၀ခန့်ဟာ မီးလောင်ဒဏ်ရာတွေရခဲ့တာပါ။ ဒီအတွက် ဒေါ်အောင်ဆနး်စုကြည် က စုံစမ်းစစ်ရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာကို လိုက်နာမှု မရှိဘူးလို့ လည်း ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဗွီအိုအေက ဆက်သွယ်မေးမြန်း စဉ်မှာ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

" ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကေ်ာမတီက ၂၀၁၃  ၃လပိုင်းလောက် အစီရင်ခံစာ ထွက်လာတယ်လေ။ အဲ့ဒီ့အစီရင်ခံစာထဲမှာ အကြံပြုချက် တော်တော်များများ ပါပါတယ်။ အဲ့ဒီ့အစီရင်ခံစာ ထွက်ပြီးတဲ့နောက်ပိုင်းပေါ့နော်။ အဲ့ဒီ့အတိုင်း အစိုးရအနေနဲ့ ဒီအကြံပြုချက် အကောင်အထည်ဖော် ကော်မတီပေါ့နော် အဲ့ဒီ့အထဲမှာ ပြည်ထောင်စု ဝန်ကြီးလေးပါးပေါ့နော်။ ဒုဝန်ကြီး ခြောက်ပါးလောက်ပေါ့နော်။ အဲ့လိုမျိုး ခွဲပြီးတော့ ညွှန်ချုပ်တို့ ဒုညွှန်ချုပ်တို့ အဲ့လိုပါတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြံပေးတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမတ် ဒေါ်ခင်စန်းလှု ိင် ကတော့၂၀၁၄ ခုနှစ် ဆယ်လပိုင်းလောက်က စတင်ပြီး ကော်မရှင်ရဲအစီရင်ခံစာကို လိုက်နာမှု မရှိဘူးဆိုတဲ့ အရေးပေါ်အဆိုကို လွှတ်တော်မှာ တင်သွင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ တင်ပြခွင့် မရခဲ့တဲ့အကြောင်း ဗွီအိုအေ က ဆက်သွယ်မေးမြန်းစဉ်မှာ ဖြေကြားခဲ့ဘူးပါတယ်။ ဒီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ အပါအဝင် လူထုအခြေပြုအဖွဲ့ပေါင်း ၄၀၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ MATA လို့ခေါ်တဲ့အဖွဲ့ ကလည်း ဒေသခံတွေ ရဲ ့ထိခိုက်နစ်နာမူတွေကြောင့် စီမံကိန်းကို ဆက်လက် အကောင်ထည်မဖော် သင့်ဘူးလို့ ပြောဆိုထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment