Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

လႊတ္ေတာ္၏ အဓိက တာဝန္ျဖစ္သည့္ ဥပေဒ ျပဳေရးႏွင့္ အခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းေရး တာဝန္ မ်ားကုိ စတင္ ထမ္းေဆာင္ႏုိင္ရန္ ျပည္သူ ့လႊတ္ေတာ္ ေကာ္မတီမ်ား ဖြဲ ့စည္းေရး ေဆာင္ရြက္

ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္ အစည္းအေဝး ဒုတိယေန႔ အခမ္းအနားတြင္ ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္အား ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၄ ရက္ (ဆင္ဟြာ)

    လႊတ္ေတာ္၏ အဓိက တာဝန္ျဖစ္သည့္ ဥပေဒ ျပဳေရးႏွင့္ အခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းေရး တာ၀န္ မ်ားကုိ စတင္ ထမ္းေဆာင္ႏုိင္ရန္ ျပည္သူ ့လႊတ္ေတာ္ ဥပေဒၾကမ္း ေကာ္မတီ ႏွင့္ ျပည္သူ႔ ေငြစာရင္း ေကာ္မတီ ဖြဲ ့စည္းေရး တုိ ့အား ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္ အစည္းအေဝး ဒုတိယေန ့ေဖေဖာ္ဝါရီ ၄ ရက္တြင္ ေဆာင္ရြက္ခဲ့သည္။

ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က ဥပေဒၾကမ္းေကာ္မတီတြင္ ပါဝင္ရန္ လ်ာထားသည့္ အဖြဲ ့ဝင္ ဦးေရ ၊ အမည္ စာရင္းမ်ားကုိ ျပည္သူ ့လႊတ္ေတာ္သုိ ့တင္ျပခဲ့ရာတြင္ ဥပေဒၾကမ္းေကာ္မတီအား ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ အဖြဲ ့ဝင္ ၁၅ ဦးျဖင့္ ဖြဲ ့စည္းမည္ ျဖစ္ၿပီး ေကာ္မတီ ဥကၠ႒ အျဖစ္ ေနာင္ခ်ဳိ မဲဆႏၵနယ္မွ ဦးထြန္းေအာင္(ခ) ဦးထြန္းထြန္းဟိန္ ၊ အတြင္းေရးမႈး အျဖစ္ က်ဳိင္းတုံ မဲဆႏၵနယ္မွ ဦးစတီဖန္တုိ ့အား တာဝန္ေပးအပ္ ဖြဲ ့စည္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။


ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္ အစည္းအေဝး ဒုတိယေန႔ အခမ္းအနားျမင္ကြင္း (ဆင္ဟြာ)
ထုိအတူ ျပည္သူ႔ေငြစာရင္းေကာ္မတီအား ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ အဖြဲ ့ဝင္ ၁၅ ဦးျဖင့္ ဖြဲ ့စည္းမည္ ျဖစ္ၿပီး ေကာ္မတီ ဥကၠ႒ အျဖစ္ ဇလြန္ မဲဆႏၵနယ္မွ ဦးေအာင္မင္း အားလည္းေကာင္း ၊ အတြင္းေရးမႈး အျဖစ္ ေတာင္ငူ မဲဆႏၵနယ္မွ ဦးခင္ေမာင္သန္း တုိ ့အား တာဝန္ေပးအပ္ ဖြဲ ့စည္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္သူ ့လႊတ္ေတာ္ ဒုတိယ ဥကၠဌ ဦးတီခြန္ျမတ္က ဥပေဒၾကမ္း ေကာ္မတီ ႏွင့္ ျပည္သူ ့ေငြစာရင္း ေကာ္မတီ တုိ ့၏ တာဝန္၊ လုပ္ပိုင္ခြင့္၊ ရပုိင္ခြင့္၊ သက္တမ္းႏွင့္ စပ္လ်ဥ္း၍လည္း လႊတ္ေတာ္သုိ ့ရွင္းလင္း ေျပာၾကားခဲ့သည္။

ဖြဲ ့စည္းပုံ အေျခခံဥပေဒ ၊ ျပည္သူ ့လႊတ္ေတာ္ဆုိင္ရာ ဥပေဒ ၊ နည္းဥပေဒတုိ ့အရ ဥပေဒၾကမ္း ေကာ္မတီ ႏွင့္ ျပည္သူ႔ေငြစာရင္းေကာ္မတီ ၊ လႊတ္ေတာ္ အခြင့္အေရး ေကာ္မတီ ႏွင့္ အစုိးရ၏ အာမခံခ်က္မ်ား ၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရး ေကာ္မတီတုိ ့ကုိ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားျဖင့္ ဖြဲ ့စည္းေပးရမည္ ျဖစ္သည္။

ေကာ္မတီ ၄ ရပ္၏ သက္တမ္းသည္ လႊတ္ေတာ္၏ သက္တမ္းႏွင့္ အညီ ငါးႏွစ္ ျဖစ္ၿပီး ဥကၠ႒ အေနျဖင့္ ေကာ္မတီ၏ သက္တမ္း တစ္ႏွစ္ျပည့္ေျမာက္သည့္ အခါ ျပန္လည္ သုံးသပ္ၿပီး လုိအပ္ပါက ေကာ္မတီဝင္မ်ားကုိ သင့္ေလွ်ာ္သလုိ လဲလွယ္ အစားထုိး တာဝန္ ေပးအပ္ႏုိင္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
...............
 ဒုတိယ အကြိမ် ပြည်သူ ့လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားတွင် ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

    လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ ဖွဲ ့စည်းရေး တို ့အား ဒုတိယ အကြိမ် ပြည်သူ ့လွှတ်တော် အစည်းအဝေး ဒုတိယနေ ့ဖေဖော်ဝါရီ ၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။

ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ ့ဝင် ဦးရေ ၊ အမည် စာရင်းများကို ပြည်သူ ့လွှတ်တော်သို ့တင်ပြခဲ့ရာတွင် ဥပဒေကြမ်းကော်မတီအား ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ ့ဝင် ၁၅ ဦးဖြင့် ဖွဲ ့စည်းမည် ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ၊ အတွင်းရေးမှုး အဖြစ် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်တို ့အား တာဝန်ပေးအပ် ဖွဲ ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ အကြိမ် ပြည်သူ ့လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)
ထိုအတူ ပြည်သူ့ငွေစာရင်းကော်မတီအား ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ ့ဝင် ၁၅ ဦးဖြင့် ဖွဲ ့စည်းမည် ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဇလွန် မဲဆန္ဒနယ်မှ ဦးအောင်မင်း အားလည်းကောင်း ၊ အတွင်းရေးမှုး အဖြစ် တောင်ငူ မဲဆန္ဒနယ်မှ ဦးခင်မောင်သန်း တို ့အား တာဝန်ပေးအပ် ဖွဲ ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်က ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ ့ငွေစာရင်း ကော်မတီ တို ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍လည်း လွှတ်တော်သို ့ရှင်းလင်း ပြောကြားခဲ့သည်။

ဖွဲ ့စည်းပုံ အခြေခံဥပဒေ ၊ ပြည်သူ ့လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေတို ့အရ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ ၊ လွှတ်တော် အခွင့်အရေး ကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို ့ကို ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ ့စည်းပေးရမည် ဖြစ်သည်။

ကော်မတီ ၄ ရပ်၏ သက်တမ်းသည် လွှတ်တော်၏ သက်တမ်းနှင့် အညီ ငါးနှစ် ဖြစ်ပြီး ဥက္ကဋ္ဌ အနေဖြင့် ကော်မတီ၏ သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျှော်သလို လဲလှယ် အစားထိုး တာဝန် ပေးအပ်နိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment