Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

NLD စိတ္မပူပါနဲ႔

NLD ပုလဲၿမိဳ႕နယ္မဲဆႏၵ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္မွ အေရးႀကီးအဆိုတင္သြင္းေနစဥ္
ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီ ၂၅ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႕လႊတ္ေတာ္ အစည္းအေ၀းမွာ ပုလဲအမတ္ ေဒၚခင္စန္းလွိဳင္က မၾကာခင္ အာဏာလဲႊေျပာင္းေပးရေတာ့မယ့္ ဦးသိန္းစိန္ အစိုးရ အဖြဲ႕ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္ျပီး ျပင္းျပင္းထန္ထန္ ေ၀ဖန္ေထာက္ျပထားတဲ့ အေရးၾကီး အဆို တစ္ရပ္ တင္ပါတယ္။ ဒီ အဆုိနဲ႔ ပတ္သက္ျပီး အစိုးရဘက္က တာ၀န္ရွိသူေတြ လႊတ္ေတာ္တြင္း လာေရာက္ ေျဖရွင္း ေျပာဆိုတာမ်ိဳး မလုပ္ၾကပါဘူး။ အခ်ိန္ မလံုေလာက္ လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လႊတ္ေတာ္ကို စာေရးသားေပးပို႔ အေၾကာင္းျပန္ခဲ့တာ ျဖစ္ပါတယ္။ အဆိုနဲ႔ ပတ္သက္ျပီး အမတ္ေတြ ေဆြးေႏြးစဥ္ တစ္ခ်ိန္မွာေတာ့ တပ္မေတာ္သား အမတ္ေတြ အားလံုး မတ္တပ္ထ ကန္႔ကြက္တာမ်ိဳးလည္း ၾကံဳၾကရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လႊတ္ေတာ္ဘက္ကေတာ့ ေဒၚခင္စန္းလွိဳင္ရဲ႕ အဆုိနဲ႔ ပတ္သက္ျပီး မဲခြဲဆံုးျဖတ္ အတည္ျပဳေပးလိုက္ပါတယ္။ ဒီ ျပသနာေတြဟာ သက္တန္းကုန္ဆံုးေတာ့မယ့္ သမၼတ ဦးသိန္းစိန္ အစိုးရအဖြဲ႕နဲ႔ အာဏာလဲႊေျပာင္းရယူေတာ့မယ့္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အင္န္အယ္လ္ဒီ ပါတီ အၾကား ပြတ္တိုက္မွဳလား၊ ပဋိပကၡ ျဖစ္မွဳလား၊ လက္ရွိ ေနာက္ဆံုး အခ်ိန္ အစိုးရအဖြဲ႕ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္ျပီး အင္န္အယ္လ္ဒီ ဘက္က စိတ္ပူပန္သင့္သလား ဆိုတာ ဒီတစ္ပတ္ ေဆြးေႏြးတင္ျပသြားပါ့မယ္။

လႊတ္ေတာ္ထဲမွာ ေဒၚခင္စန္းလွိဳင္ တင္သြားတဲ့ အေရးၾကီးအဆို အျပည့္အစံုကေတာ့ ခုလို ျဖစ္ပါတယ္။ “ႏိုင္ငံေတာ္ အစိုးရက ေရြးေကာက္ပြဲ အျပီးေနာက္ ေဆာင္ရြက္ေနေသာ ႏိုင္ငံပိုင္ေျမ၊ ႏိုင္ငံပိုင္ စက္ရံုမ်ား၊ ႏိုင္ငံပိုင္ စီးပြားေရး လုပ္ငန္းမ်ား၊ အလ်င္စလုိ ငွားရမ္း လဲႊေျပာင္း ေရာင္းခ်မွဳ၊ ပုဂၢလိကပိုင္ ျပဳလုပ္မွဳ၊ စီမံကိန္းမ်ားကို ေနရာတက် မစီမံပဲ အေဆာတလ်င္ ခြင့္ျပဳေနမွဳ၊ က်ဴးေက်ာ္မ်ားကို အားဓမၼ ဖယ္ရွားမွဳ၊ ႏိုင္ငံပိုင္ သယံဇာတ မ်ားကို လိုအပ္ေသာ ေဆာင္ရြက္မွဳမ်ား သေဘာတူညီမွဳမ်ား မျပဳလုပ္ပဲ အစိုးရတာ၀န္ မလဲႊေျပာင္းမီ အလ်င္အျမန္ စီမံခန္႔ခြဲေနမွဳ၊ စသည္တုိ႔ကို ႏုိင္ငံေတာ္ႏွင့္ ႏိုင္ငံသား တို႔ အက်ိဳးစီးပြားအတြက္ အေသးစိတ္ စီစစ္ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ ေပးပါရန္ ျပည္ေထာင္စု အစိုးရအား တိုက္တြန္းေၾကာင္း” ဆိုျပီးျဖစ္ပါတယ္။
အဆိုနဲ႔ ပတ္သက္ျပီး ေဒၚခင္စန္းလွိဳင္က ဥပမာ တစ္ခ်ိဳ႕ေပးျပီး ရွင္းလင္း ေျပာဆိုခဲ့ပါေသးတယ္။ သူေျပာတဲ့အထဲမွာ ရန္ကုန္ ေဆးရံုအနားက ေျမဧက ၄၀ ေက်ာ္မွာ ျမန္မာ-စင္ကာပူ ဖက္စပ္ ပုဂၢလိက ေဆးရံု ေဆာက္ခြင့္ေပးလိုက္တဲ့ ကိစၥ၊ စက္မွဳ၀န္ၾကီးဌာနပိုင္ စက္ရံုေတြကို ပုဂၢလိက လက္ လဲႊေျပာင္းေပးေနတဲ့ ကိစၥ၊ ေရႊတိဂံု ေစတီအနားမွာ တည္ေဆာက္လို႔ ရပ္ဆုိင္းလိုက္ရတဲ့ ဒဂံုစီးတီး စီမံကိန္း အတြက္ သိပၸံနဲ႔ နည္းပညာ ၀န္ၾကီးဌာန ပိုင္ ေျမကို အစားထိုး ျပန္ေပးလိုက္တဲ့ ကိစၥ၊ ႏိုင္ငံရဲ႕ ရွားပါး သယံဇာတ ျဖစ္တဲ့ ၂၆၀၀ မဂၢါဟပ္စ္ Spectrum သံုးစြဲခြင့္ အတြက္ တင္ဒါ ေခၚယူေနတဲ့ ကိစၥ၊ သံလြင္ျမစ္မွာ ေရကာတာေတ ြေဆာက္ျပီး ေရအားလွ်ပ္စစ္ ထုတ္ယူေရး ဆိုင္ရာ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုေနတယ္ လို႔ သတင္းျဖစ္ေပၚေနတဲ့ ကိစၥ၊ အစိုးရပိုင္ ေလာင္စာဆီ ဆိုင္ ၇၀ ပုဂၢလိကကို လဲႊေျပာင္းေပးမယ္ ဆိုတဲ့ ကိစၥ၊ ျပင္ဦးလြင္က ရာနဲ႔ခ်ီတဲ့ ေျမကို စက္မွဳဇံု ေျမကြက္ေတြ အျဖစ္ ခ်ထားေပးမယ္ ဆိုတဲ့ ကိစၥ၊ ရန္ကုန္ျမိဳ႕သစ္ စီမံကိန္းကို စတင္ေတာ့မယ္ ဆိုတဲ့ ကိစၥ၊ က်ဴးေက်ာ္ေတြကို အလ်င္စလို ဖယ္ရွားေနတဲ့ ကိစၥ၊ လက္ပန္းေတာင္းေတာင္ ေၾကးနီ စီမံကိန္းကေန ေၾကးနီေတြ ထုတ္ယူႏုိင္ေတာ့မယ္ ဆိုတဲ့ ကိစၥ၊ ေက်ာက္မီးေသြးကေန လွ်ပ္စစ္ဓာတ္အား ထုတ္ယူမယ့္ စက္ရံု တည္ေဆာက္ဖို႔ ခြင့္ျပဳလိုက္တယ္ ဆိုျပီး သတင္းထြက္ေပၚေနတဲ့ ကိစၥ စတာေတြ ပါ၀င္ပါတယ္။

တကယ္ေတာ့ ေဒၚခင္စန္းလွိဳင္ တင္ျပတဲ့ ကိစၥေတြဟာ ေသျခာေပါက္ အေလာသံုးဆယ္ လုပ္ကိုင္ေနတဲ့ ကိစၥေတြ ပါသလို၊ တကယ္လုပ္ကိုင္ျခင္း မရွိတာေတြနဲ႔ သတင္း ခပ္သဲ့သဲ့ ထြက္တာေတြလည္း ပါ၀င္ပါတယ္။ အားလံုး ကံေသကံမ လုပ္ကိုင္ေနတယ္လို႔ေတာ့ မဆုိႏုိင္ပါဘူး။ ဒီအတြက္ အဆို တင္သြင္းတဲ့ဆီမွာ “ႏုိင္ငံေတာ္ႏွင့္ ႏိုင္ငံသား တို႔ အက်ိဳးစီးပြားအတြက္ အေသးစိတ္ စီစစ္ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ ေပးပါရန္” လို႔ တင္မယ့္ အစား အျခား သင့္ေတာ္ရာ အသံုးအႏွဳန္းမ်ိဳးနဲ႔ ေမးခြန္းထုတ္တာမ်ိဳး မ်ိဳးဆို ပို သင့္ေတာ္ႏိုင္ပါတယ္။ တစ္ဖက္ အစိုးရဘက္ကလည္း လႊတ္ေတာ္က အေရးၾကီး အဆို တင္တာျဖစ္လို႔ မွန္သည္ မွားသည္ အသာထား၊ တကယ္ လုပ္ကိုင္ေနတဲ့ ကိစၥေတြ လႊတ္ေတာ္ထဲ သြားျပီး ရွင္းျပဖို႔ တာ၀န္ရွိတာကလည္း အမွန္ပဲ ျဖစ္ပါတယ္။

လက္ေတြ႕ကေတာ့ အဲလို မျဖစ္ခဲ့ပါဘူး။ အစိုးရဘက္က အခု တင္ျပတဲ့ အခ်က္ေတြ မ်ားလြန္းလို႔ လႊတ္ေတာ္ထဲ လာေျဖဖို႔ အခ်ိန္ယူရမယ္၊ ဒါေၾကာင့္ အခ်ိန္ေပးပါ ဆုိျပီး ေမးခြန္းေတြကို မေျဖပဲ ေရွာင္ရွားခဲ့ပါတယ္။ လႊတ္ေတာ္ ဘက္ကလည္း ဥပေဒ နည္းဥပေဒ အရ ဆိုျပီး လႊတ္ေတာ္တြင္း ေဆြးေႏြး၊ မဲခြဲ ျပီးေနာက္ အဆိုကို အတည္ျပဳေၾကာင္း ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ဒီ ျပသနာနဲ႔ ပတ္သက္ျပီး အစိုးရ အဖြဲ႕ဘက္က လႊတ္ေတာ္တြင္း သြားမရွင္းျပေပမယ့္ ရုပ္သံနဲ႔ အစိုးရပိုင္ သတင္းစာေတြကေန အေၾကာင္းအရာ တစ္ခုျခင္း ျပန္ ရွင္းလင္း တင္ျပတာ၊ ေနာင္ အစိုးရ အဖြဲ႕သစ္ တက္လာမွ ေျဖရွင္းဖို႔ ခ်န္ရစ္ထားခဲ့တဲ့ ကိစၥရပ္ေတြကို ေဖာ္ျပတာမ်ိဳး လုပ္ခဲ့ပါတယ္။

ဒီ ျပသနာကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ အာဏာလက္လႊတ္ရေတာ့မယ့္ အစိုးရအဖြဲ႕နဲ႔ အာဏာကို ဆက္ခံမယ့္ ပါတီ အၾကား ေျပလည္မွဳ မရွိဘူး ဆိုတဲ့ အေျဖ ထြက္ပါတယ္။ တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ အသြင္သ႑ာန္ မတူတဲ့ အစိုးရတစ္ဖြဲ႕ဆီကေန အျခား တစ္ဖြဲ႕ဆီ အာဏာလဲႊေျပာင္းေပးတယ္ဆိုတာမ်ိဳး မရွိခဲ့တာ ရာစုႏွစ္ တစ္၀က္ေက်ာ္ခဲ့ပါျပီ။ အခုလို သမိုင္း၀င္ အာဏာလဲႊေျပာင္းေပးမွဳကို ေရွာေရွာရွဴရွဴ ျဖစ္ေအာင္ လုပ္ေနၾကတယ္လို႔ ဘယ္ေလာက္ပဲ ေျပာေျပာ အဖုအထစ္ေတြ ေတြ႕ၾကရတာ ျဖစ္ပါတယ္။

ေျပာရရင္ စစ္အာဏာရွင္ေတြ၊ စစ္တပ္ကို ေက်ာေထာက္ေနာက္ခံ ျပဳျပီး အုပ္ခ်ဳပ္သူေတြအေနနဲ႔ တိုင္းျပည္ကို ထင္သလို စီမံခန္႔ခြဲလာတာ ခုမွ မဟုတ္ပါဘူး။ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါျပီ။ အခု အာဏာ လဲႊေျပာင္းကာနီး လုပ္ပိုင္ခြင့္ေတြကို ကမန္းကတန္း အသံုးျပဳေနတာမ်ိဳးကလည္း သိပ္ျပီး ထူးဆန္းတဲ့ လုပ္ရပ္မ်ိဳးေတာ့ မဟုတ္ပါဘူး။ တကယ့္တကယ္ ျဖစ္သင့္တာကေတာ့ အင္န္အယ္လ္ဒီ ပါတီ အေနနဲ႔ အာဏာလက္လႊတ္ရေတာ့မယ့္ အစိုးရအဖြဲ႕ သိကၡာ ထပ္က်ေအာင္ ေျပာဆုိေနမယ့္အစား၊ အျခားေသာ စကားလံုး အျခားေသာ နည္းနာေတြနဲ႔ သတိေပးတာမ်ိဳးက ပိုျပီး သင့္ေတာ္ႏိုင္ပါတယ္။

အေရးၾကီးတာကေတာ့ သိပ္မၾကာခင္ ကာလ အတြင္း တပ္မေတာ္က ကိုင္တြယ္တဲ့ ကိစၥေတြေလာက္ကလြဲရင္ တိုင္းျပည္ရဲ႕ အေရးအရာ အားလံုးနီးပါးေလာက္ အင္န္အယ္လ္ဒီ က စီမံခန္႔ခြဲခြင့္ ရလာပါေတာ့မယ္။ အဲဒီ အခါ အရင္ အစိုးရ လုပ္ကိုင္သြားခဲ့သမွ် ဥပေဒနဲ႔ အညီ ဟုတ္မဟုတ္၊ ျပန္ ဆန္းစစ္ႏုိင္ပါတယ္။ ဥပေဒနဲ႔ မညီတာေတြကို ကိုင္တြယ္ အေရးယူႏုိင္သလို၊ တစ္ခ်ိဳ႕ သေဘာတူညီခ်က္ေတြ စီမံကိန္းေတြကို ဖ်က္သိမ္းႏိုင္ပါတယ္။ ဒီထက္ ပိုအေရးၾကီးတာက အရင္ အစိုးရ အဆက္ဆက္နဲ႔ မတူညီတဲ့၊ ျပည္သူေတြနဲ႔ တိုင္းျပည္အက်ိဳးစီးပြားကို လုပ္ကိုင္ေဆာင္ရြက္နည္းမ်ိဳး လုပ္ျပၾကဖို႔ လိုပါတယ္။ ဒါေၾကာင့္ လက္ရွိ တာ၀န္ကေန အနားယူရေတာ့မယ့္ အစိုးရအဖြဲ႕ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္ျပီး သိပ္ စိတ္မပူသင့္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................
 NLD ပုလဲမြို့နယ်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ အရေးကြီးအဆိုတင်သွင်းနေစဉ်
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က မကြာခင် အာဏာလွှဲပြောင်းပေးရတော့မယ့် ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားတဲ့ အရေးကြီး အဆို တစ်ရပ် တင်ပါတယ်။ ဒီ အဆိုနဲ့ ပတ်သက်ပြီး အစိုးရဘက်က တာဝန်ရှိသူတွေ လွှတ်တော်တွင်း လာရောက် ဖြေရှင်း ပြောဆိုတာမျိုး မလုပ်ကြပါဘူး။ အချိန် မလုံလောက် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ကို စာရေးသားပေးပို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး အမတ်တွေ ဆွေးနွေးစဉ် တစ်ချိန်မှာတော့ တပ်မတော်သား အမတ်တွေ အားလုံး မတ်တပ်ထ ကန့်ကွက်တာမျိုးလည်း ကြုံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ဘက်ကတော့ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးလိုက်ပါတယ်။ ဒီ ပြသနာတွေဟာ သက်တန်းကုန်ဆုံးတော့မယ့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ အာဏာလွှဲပြောင်းရယူတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်န်အယ်လ်ဒီ ပါတီ အကြား ပွတ်တိုက်မှုလား၊ ပဋိပက္ခ ဖြစ်မှုလား၊ လက်ရှိ နောက်ဆုံး အချိန် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ဘက်က စိတ်ပူပန်သင့်သလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ ဒေါ်ခင်စန်းလှိုင် တင်သွားတဲ့ အရေးကြီးအဆို အပြည့်အစုံကတော့ ခုလို ဖြစ်ပါတယ်။ “နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲ အပြီးနောက် ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ အလျင်စလို ငှားရမ်း လွှဲပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အားဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတ များကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညီမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု၊ စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသား တို့ အကျိုးစီးပွားအတွက် အသေးစိတ် စီစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီးဖြစ်ပါတယ်။
အဆိုနဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်က ဥပမာ တစ်ချို့ပေးပြီး ရှင်းလင်း ပြောဆိုခဲ့ပါသေးတယ်။ သူပြောတဲ့အထဲမှာ ရန်ကုန် ဆေးရုံအနားက မြေဧက ၄၀ ကျော်မှာ မြန်မာ-စင်ကာပူ ဖက်စပ် ပုဂ္ဂလိက ဆေးရုံ ဆောက်ခွင့်ပေးလိုက်တဲ့ ကိစ္စ၊ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံတွေကို ပုဂ္ဂလိက လက် လွှဲပြောင်းပေးနေတဲ့ ကိစ္စ၊ ရွှေတိဂုံ စေတီအနားမှာ တည်ဆောက်လို့ ရပ်ဆိုင်းလိုက်ရတဲ့ ဒဂုံစီးတီး စီမံကိန်း အတွက် သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန ပိုင် မြေကို အစားထိုး ပြန်ပေးလိုက်တဲ့ ကိစ္စ၊ နိုင်ငံရဲ့ ရှားပါး သယံဇာတ ဖြစ်တဲ့ ၂၆၀၀ မဂ္ဂါဟပ်စ် Spectrum သုံးစွဲခွင့် အတွက် တင်ဒါ ခေါ်ယူနေတဲ့ ကိစ္စ၊ သံလွင်မြစ်မှာ ရေကာတာတေ ွဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ယူရေး ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုနေတယ် လို့ သတင်းဖြစ်ပေါ်နေတဲ့ ကိစ္စ၊ အစိုးရပိုင် လောင်စာဆီ ဆိုင် ရ၀ ပုဂ္ဂလိကကို လွှဲပြောင်းပေးမယ် ဆိုတဲ့ ကိစ္စ၊ ပြင်ဦးလွင်က ရာနဲ့ချီတဲ့ မြေကို စက်မှုဇုံ မြေကွက်တွေ အဖြစ် ချထားပေးမယ် ဆိုတဲ့ ကိစ္စ၊ ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်တော့မယ် ဆိုတဲ့ ကိစ္စ၊ ကျူးကျော်တွေကို အလျင်စလို ဖယ်ရှားနေတဲ့ ကိစ္စ၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကနေ ကြေးနီတွေ ထုတ်ယူနိုင်တော့မယ် ဆိုတဲ့ ကိစ္စ၊ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စက်ရုံ တည်ဆောက်ဖို့ ခွင့်ပြုလိုက်တယ် ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကိစ္စ စတာတွေ ပါ၀င်ပါတယ်။

တကယ်တော့ ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့ ကိစ္စတွေဟာ သေခြာပေါက် အလောသုံးဆယ် လုပ်ကိုင်နေတဲ့ ကိစ္စတွေ ပါသလို၊ တကယ်လုပ်ကိုင်ခြင်း မရှိတာတွေနဲ့ သတင်း ခပ်သဲ့သဲ့ ထွက်တာတွေလည်း ပါ၀င်ပါတယ်။ အားလုံး ကံသေကံမ လုပ်ကိုင်နေတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒီအတွက် အဆို တင်သွင်းတဲ့ဆီမှာ “နိုင်ငံတော်နှင့် နိုင်ငံသား တို့ အကျိုးစီးပွားအတွက် အသေးစိတ် စီစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးပါရန်” လို့ တင်မယ့် အစား အခြား သင့်တော်ရာ အသုံးအနှုန်းမျိုးနဲ့ မေးခွန်းထုတ်တာမျိုး မျိုးဆို ပို သင့်တော်နိုင်ပါတယ်။ တစ်ဖက် အစိုးရဘက်ကလည်း လွှတ်တော်က အရေးကြီး အဆို တင်တာဖြစ်လို့ မှန်သည် မှားသည် အသာထား၊ တကယ် လုပ်ကိုင်နေတဲ့ ကိစ္စတွေ လွှတ်တော်ထဲ သွားပြီး ရှင်းပြဖို့ တာဝန်ရှိတာကလည်း အမှန်ပဲ ဖြစ်ပါတယ်။

လက်တွေ့ကတော့ အဲလို မဖြစ်ခဲ့ပါဘူး။ အစိုးရဘက်က အခု တင်ပြတဲ့ အချက်တွေ များလွန်းလို့ လွှတ်တော်ထဲ လာဖြေဖို့ အချိန်ယူရမယ်၊ ဒါကြောင့် အချိန်ပေးပါ ဆိုပြီး မေးခွန်းတွေကို မဖြေပဲ ရှောင်ရှားခဲ့ပါတယ်။ လွှတ်တော် ဘက်ကလည်း ဥပဒေ နည်းဥပဒေ အရ ဆိုပြီး လွှတ်တော်တွင်း ဆွေးနွေး၊ မဲခွဲ ပြီးနောက် အဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ဘက်က လွှတ်တော်တွင်း သွားမရှင်းပြပေမယ့် ရုပ်သံနဲ့ အစိုးရပိုင် သတင်းစာတွေကနေ အကြောင်းအရာ တစ်ခုခြင်း ပြန် ရှင်းလင်း တင်ပြတာ၊ နောင် အစိုးရ အဖွဲ့သစ် တက်လာမှ ဖြေရှင်းဖို့ ချန်ရစ်ထားခဲ့တဲ့ ကိစ္စရပ်တွေကို ဖော်ပြတာမျိုး လုပ်ခဲ့ပါတယ်။

ဒီ ပြသနာကို ခြံုငုံသုံးသပ်ကြည့်လိုက်ရင် အာဏာလက်လွှတ်ရတော့မယ့် အစိုးရအဖွဲ့နဲ့ အာဏာကို ဆက်ခံမယ့် ပါတီ အကြား ပြေလည်မှု မရှိဘူး ဆိုတဲ့ အဖြေ ထွက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အသွင်သဏ္ဍာန် မတူတဲ့ အစိုးရတစ်ဖွဲ့ဆီကနေ အခြား တစ်ဖွဲ့ဆီ အာဏာလွှဲပြောင်းပေးတယ်ဆိုတာမျိုး မရှိခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပါပြီ။ အခုလို သမိုင်းဝင် အာဏာလွှဲပြောင်းပေးမှုကို ရှောရှောရှူရှူ ဖြစ်အောင် လုပ်နေကြတယ်လို့ ဘယ်လောက်ပဲ ပြောပြော အဖုအထစ်တွေ တွေ့ကြရတာ ဖြစ်ပါတယ်။

ပြောရရင် စစ်အာဏာရှင်တွေ၊ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုပြီး အုပ်ချုပ်သူတွေအနေနဲ့ တိုင်းပြည်ကို ထင်သလို စီမံခန့်ခွဲလာတာ ခုမှ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခု အာဏာ လွှဲပြောင်းကာနီး လုပ်ပိုင်ခွင့်တွေကို ကမန်းကတန်း အသုံးပြုနေတာမျိုးကလည်း သိပ်ပြီး ထူးဆန်းတဲ့ လုပ်ရပ်မျိုးတော့ မဟုတ်ပါဘူး။ တကယ့်တကယ် ဖြစ်သင့်တာကတော့ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ အာဏာလက်လွှတ်ရတော့မယ့် အစိုးရအဖွဲ့ သိက္ခာ ထပ်ကျအောင် ပြောဆိုနေမယ့်အစား၊ အခြားသော စကားလုံး အခြားသော နည်းနာတွေနဲ့ သတိပေးတာမျိုးက ပိုပြီး သင့်တော်နိုင်ပါတယ်။

အရေးကြီးတာကတော့ သိပ်မကြာခင် ကာလ အတွင်း တပ်မတော်က ကိုင်တွယ်တဲ့ ကိစ္စတွေလောက်ကလွဲရင် တိုင်းပြည်ရဲ့ အရေးအရာ အားလုံးနီးပါးလောက် အင်န်အယ်လ်ဒီ က စီမံခန့်ခွဲခွင့် ရလာပါတော့မယ်။ အဲဒီ အခါ အရင် အစိုးရ လုပ်ကိုင်သွားခဲ့သမျှ ဥပဒေနဲ့ အညီ ဟုတ်မဟုတ်၊ ပြန် ဆန်းစစ်နိုင်ပါတယ်။ ဥပဒေနဲ့ မညီတာတွေကို ကိုင်တွယ် အရေးယူနိုင်သလို၊ တစ်ချို့ သဘောတူညီချက်တွေ စီမံကိန်းတွေကို ဖျက်သိမ်းနိုင်ပါတယ်။ ဒီထက် ပိုအရေးကြီးတာက အရင် အစိုးရ အဆက်ဆက်နဲ့ မတူညီတဲ့၊ ပြည်သူတွေနဲ့ တိုင်းပြည်အကျိုးစီးပွားကို လုပ်ကိုင်ဆောင်ရွက်နည်းမျိုး လုပ်ပြကြဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ တာဝန်ကနေ အနားယူရတော့မယ့် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သိပ် စိတ်မပူသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment