duwun.com.mm
.................
အွန်လိုင်းပေါ်က ဗီဒီယိုကိစ္စ ဇေရဲထက် ပြောပြီ
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဇေရဲထက်က ယခုလိုပြောပြခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီး ဇေရဲထက်က မဖြေရှင်းချင်တော့ဘူးလို့ ဆိုပါတယ်။အပြောခံရတာ များလာတော့ လူကထူသွား ပြီလို့လည်းဆိုပါတယ်။တကယ်ဖြစ်ရပ်မှန်ကို မင်းသား မင်းသမီးအချင်းချင်းပဲ သိတာဖြစ်ပြီး ကင်မရာ အယူအဆအရ ကြည့်လိုက်ရင် ထိတယ်လို့ထင်သွားရတာလို့ပြောပါတယ်။
"မပြောတော့ဘူး။ မပြောတော့ဘူး ဆိုတာက အရင်ကလဲ တစ်ခုပြီးတစ်ခုဖြစ်နေတာပဲဆိုတော့လေ။ နောက်တစ်ခုက ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးအချင်းချင်းပဲ သိတယ်လေ။ ကိုင်မိတာလဲ မဟုတ်ဘူး။ ကင်မရာအယူအဆအရ ကြည့်လိုက်ရင် ထိသွားတယ်လို့ထင်ရတာပါ။ ဒါပေမဲ့ အဲ့ဒါကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြဖို့ဆိုရင်လလည်း ကောင်းတဲ့ ဘက်ကမြင်တဲ့သူကတော့ အကောင်းမြင်မှာပဲ။ မကောင်းဘက်မြင်တဲ့သူကတော့ မကောင်းမြင်မှာပဲ။ အဓိကက ကိုယ်နဲ့အလုပ်လုပ်နေတဲ့သူ အချင်းချင်းပဲ သိတယ်။ မဖြေရှင်းဘဲ လွှတ်ထားလိုက်တာအကောင်းဆုံးပဲ" လို့ဆိုပါတယ်။
ယခု လတ်တလောမှာတော့ "လူပျိုလူလွတ်"ဆိုတဲ့ ဇာတ်ကားကို လူမင်းနဲ့အတူတူ ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
Photo : ဇေရဲထက် ဖေ့စ်ဘွတ်ခ်
duwun.com.mm
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)