Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

NLD လ်ာထား လႊတ္ေတာ္ဥကၠဌ စာရင္းထြက္လာ

NLD က ေဒသအသီးသီးက ကိုယ္စားလွယ္ေတြကို ေခၚယူသင္တန္းေပးခဲ့
ေဖေဖၚဝါရီလ ၈ ရက္ေန႔မွာ စတင္ က်င္းပဖို႔ ရွိေနတဲ့ ျပည္နယ္ နဲ႔တိုင္းေဒသႀကီး လႊတ္ေတာ္ အသီးသီးအတြက္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အဲန္အယ္ဒီက ေရြးခ်ယ္ လ်ာထား ထားတယ္ ဆိုတဲ့ လႊတ္ေတာ္ ဥကၠဌနဲ႔ ဒုတိယဥကၠဌ အမည္စာရင္း တစ္ခု လူမွုကြန္ယက္ စာမ်က္ႏွာေတြေပၚမွာ ထြက္လာ ခဲ့ပါတယ္။

အဲဒီစာရင္းမွာ ရခိုင္နဲ႔ ရွမ္းျပည္နယ္ ေတြကလြဲၿပီး တျခားေဒသေတြ အတြက္ လႊတ္ေတာ္ ဥကၠဌနဲ႔ ဒုတိယဥကၠဌ ဆိုတဲ့ သူမ်ား အမည္ေတြ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္က ေနျပည္ေတာ္မွာ တိုင္းနဲ႔ျပည္နယ္ အသီးသီးက ေရြးခ်ယ္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို သင္တန္းေပး အၿပီးမွာ ပိတ္ထားတဲ့ စာအိတ္ တစ္အိတ္စီ ေပးလိုက္ၿပီး ၈ ရက္ေန႔မွ ဖြင့္ၾကည့္ဖို႔ ဗဟိုက မွာၾကား လိုက္တယ္လို႔ သိရပါတယ္။ အခုစာရင္းကလည္း ဒီစာအိတ္ကို ႀကိဳဖြင့္လိုက္သူတစ္ဦးဦးဆီက ထြက္လာတယ္လို႔ ယူဆစရာ ရွိေနပါတယ္။ အဲန္အယ္ဒီ ဗဟိုအလုပ္အမွုေဆာင္ ဦးဝင္းထိန္ကေတာ့ အခုလို ေစာၿပီးထြက္လာတဲ့ စာရင္းနဲ႔ ပတ္သက္လို႔ သူ႔အေနနဲ႔ မွတ္ခ်က္မေပးလိုေၾကာင္း ေျပာပါတယ္။ ဒီအထဲက ခ်င္းျပည္နယ္ လႊတ္ေတာ္ ဥကၠဌအျဖစ္ အမည္စာရင္း ထြက္လာတဲ့ ဟားခါးၿမိဳ႕က အဲန္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇိုဘြဲက သူ႔ကို မူလက ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ လ်ာထားေၾကာင္း ေျပာခဲ့ၿပီး အခုလို ေျပာင္းလဲ သြားတာနဲ႔ ပတ္သက္လို႔ ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္ ေမးျမန္းထားေၾကာင္း ဘီဘီစီကို ေျပာပါတယ္။


ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠဌ လ်ာထားခံရသူလို႔ အမည္ထြက္သူ ဦးဇိုဘြဲ
သူတို႔ကို ပါတီက ေပးလိုက္တဲ့ စာအိတ္ကို လူစုံခ်ိန္မွာ ဖြင့္ၾကည့္နိုင္တယ္လို႔ ေျပာထား တာေၾကာင့္ လူစုံရွိမယ့္ ေဖေဖၚဝါရီ ၇ ရက္ တနဂၤေႏြန႔မွာ စာအိတ္ကို ဖြင့္ေဖာက္ၾကည့္မွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ရခိုင္နဲ႔ ရွမ္းျပည္နယ္ေတြက လႊတ္ေတာ္ ဥကၠဌအမည္စာရင္း မထြက္လာေသးတာနဲ႔ ပတ္သက္လို႔ေတာ့ အဲဒီေဒသေတြမွာ တိုင္းရင္းသားပါတီ ေတြကလည္း အမ်ားအျပား အနိုင္ရထား တာေၾကာင့္ သူတို႔အတြက္ ခ်န္ထားတာ ျဖစ္နိုင္တယ္လို႔ သူယူဆေၾကာင္း ဦးဇိုဘြဲက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............
 NLD က ဒေသအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ယူသင်တန်းပေးခဲ့
ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ စတင် ကျင်းပဖို့ ရှိနေတဲ့ ပြည်နယ် နဲ့တိုင်းဒေသကြီး လွှတ်တော် အသီးသီးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်ဒီက ရွေးချယ် လျာထား ထားတယ် ဆိုတဲ့ လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ အမည်စာရင်း တစ်ခု လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ထွက်လာ ခဲ့ပါတယ်။

အဲဒီစာရင်းမှာ ရခိုင်နဲ့ ရှမ်းပြည်နယ် တွေကလွဲပြီး တခြားဒေသတွေ အတွက် လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ ဆိုတဲ့ သူများ အမည်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကို သင်တန်းပေး အပြီးမှာ ပိတ်ထားတဲ့ စာအိတ် တစ်အိတ်စီ ပေးလိုက်ပြီး ၈ ရက်နေ့မှ ဖွင့်ကြည့်ဖို့ ဗဟိုက မှာကြား လိုက်တယ်လို့ သိရပါတယ်။ အခုစာရင်းကလည်း ဒီစာအိတ်ကို ကြိုဖွင့်လိုက်သူတစ်ဦးဦးဆီက ထွက်လာတယ်လို့ ယူဆစရာ ရှိနေပါတယ်။ အဲန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ အခုလို စောပြီးထွက်လာတဲ့ စာရင်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ ဒီအထဲက ချင်းပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် အမည်စာရင်း ထွက်လာတဲ့ ဟားခါးမြို့က အဲန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲက သူ့ကို မူလက ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လျာထားကြောင်း ပြောခဲ့ပြီး အခုလို ပြောင်းလဲ သွားတာနဲ့ ပတ်သက်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်းထားကြောင်း ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ လျာထားခံရသူလို့ အမည်ထွက်သူ ဦးဇိုဘွဲ
သူတို့ကို ပါတီက ပေးလိုက်တဲ့ စာအိတ်ကို လူစုံချိန်မှာ ဖွင့်ကြည့်နိုင်တယ်လို့ ပြောထား တာကြောင့် လူစုံရှိမယ့် ဖေဖေါ်ဝါရီ ရ ရက် တနင်္ဂနွေန့မှာ စာအိတ်ကို ဖွင့်ဖောက်ကြည့်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက လွှတ်တော် ဥက္ကဌအမည်စာရင်း မထွက်လာသေးတာနဲ့ ပတ်သက်လို့တော့ အဲဒီဒေသတွေမှာ တိုင်းရင်းသားပါတီ တွေကလည်း အများအပြား အနိုင်ရထား တာကြောင့် သူတို့အတွက် ချန်ထားတာ ဖြစ်နိုင်တယ်လို့ သူယူဆကြောင်း ဦးဇိုဘွဲက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment