Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

တုိင္းလႊတ္ေတာ္အစည္းအေဝးကိစၥ NLD ရံုးခ်ဳပ္မွာ ေဆြးေႏြး


ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး တက္ေရာက္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကို ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က NLD ရံုးခ်ဳပ္ေရွ႕မွာ ေတြ႔ရစဥ္ ။ ဓါတ္ပံု - ေအာင္သိခၤ/RFA
လာမယ့္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး တက္ေရာက္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို NLD ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ေတြက ဒီကေန႔ NLD ရံုးခ်ဳပ္မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ NLD ရံုးခ်ဳပ္မွာ ေတြ႔ဆံုညိွႏိႈင္းခဲ့ၾကတာျဖစ္ကာ လႊတ္ေတာ္လုပ္ငန္း ေဆာင္တာေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြး ခဲ့ၾကတာလို႔ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္ဝင္းက ေျပာပါတယ္။

"က်ေနာ္တို႔ ၈ ရက္ေန႔ လႊတ္ေတာ္ညီလာခံအတြက္ အဆင္ေျပေခ်ာေမြ႔ေအာင္ ညိွႏိႈင္းၾကတဲ့သေဘာပါ၊ ဘာတစ္ခုမွ ထူးထူးျခားျခား ဆံုးျဖတ္တာမရွိပါဘူး၊ အဆင္ေျပေအာင္လို႔ သူတို႔နဲ႔ညွိတဲ့သေဘာပါ၊ မွာၾကားတာေတာ့ အမ်ားႀကီးေပါ့ လႊတ္ေတာ္ထဲက လုပ္ငန္းစဥ္ေလးေတြ၊ လႊတ္ေတာ္လည္း လႊတ္ေတာ္ယဥ္ေက်းမႈေလးေတြ ရွိတာေပါ့ဗ်ာ၊ ဒီလိုဟာေတြ နားလည္ေအာင္ အေတြ႔အႀကံဳရွိတဲ့လူေတြက ျပန္ရွင္းျပတာေပါ့ အဲ့ဒါပါ"

ဒီကေန႔ အစည္းအေဝးကို NLD တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ NLD နာယက သူရ ဦးတင္ဦး အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္မွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ ၈၈ ဦးတို႔ တက္ေရာက္ၾကမွာျဖစ္ပါတယ္။

ဒါ့အျပင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္ေတြနဲ႔ တုိင္းေဒသႀကီးအႏုိင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဟာ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အေဆာက္အအုံမွာ ဒီကေန႔ အစမ္းေလ့က်င့္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
................

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က NLD ရုံးချုပ်ရှေ့မှာ တွေ့ရစဉ် ။ ဓါတ်ပုံ - အောင်သိင်္ခ/RFA
လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီကနေ့ NLD ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ကာ လွှတ်တော်လုပ်ငန်း ဆောင်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ၈ ရက်နေ့ လွှတ်တော်ညီလာခံအတွက် အဆင်ပြေချောမွေ့အောင် ညှိနှိုင်းကြတဲ့သဘောပါ၊ ဘာတစ်ခုမှ ထူးထူးခြားခြား ဆုံးဖြတ်တာမရှိပါဘူး၊ အဆင်ပြေအောင်လို့ သူတို့နဲ့ညှိတဲ့သဘောပါ၊ မှာကြားတာတော့ အများကြီးပေါ့ လွှတ်တော်ထဲက လုပ်ငန်းစဉ်လေးတွေ၊ လွှတ်တော်လည်း လွှတ်တော်ယဉ်ကျေးမှုလေးတွေ ရှိတာပေါ့ဗျာ၊ ဒီလိုဟာတွေ နားလည်အောင် အတွေ့အကြုံရှိတဲ့လူတွေက ပြန်ရှင်းပြတာပေါ့ အဲ့ဒါပါ"

ဒီကနေ့ အစည်းအဝေးကို NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD နာယက သူရ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦးတို့ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်းဒေသကြီးအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ဒီကနေ့ အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment