Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

NLD အစုိးရ ရင္ဆိုင္ရမယ့္ ေထြအုပ္ဌာန

|| သတင္း ေဆာင္းပါး ||
အမ်ဳိးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ (NLD) အစိုးရသစ္က တိုင္းျပည္ကို ငါးႏွစ္ၾကာ ဦးေဆာင္အုပ္ခ်ဳပ္ဖို႔ ျပင္ဆင္ေနပါၿပီ။
ျမန္မာျပည္မွာ အုပ္ခ်ဳပ္ေရး ယႏၱရားႀကီး တစ္ခုလံုးကို ႏွစ္ေပါင္းမ်ားစြာ ေန႔စဥ္ ေမာင္းႏွင္ေနတာက ေထြအုပ္လို႔ေခၚၾကတဲ့ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနပါ။ ေထြအုပ္ဌာနဟာ ရဲတပ္ဖဲြ႔လိုပဲ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ေအာက္မွာ ရိွပါတယ္။ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ယူမယ့္ သူဟာ ကာကြယ္ေရးဦးစီးခ်ဳပ္က စိတ္ႀကိဳက္ ေစလႊတ္ထားတဲ့ စစ္အရာရိွျဖစ္ရမယ္လို႔ ယခင္ တပ္မေတာ္အစုိးရ အခ်ိန္ယူေရးဆဲြ ျပ႒ာန္းထားတဲ့ ၂ဝဝ၈ ဖဲြ႔စည္းပံု အေျခခံဥပေဒက ဆိုပါတယ္။
“တစ္တိုင္းျပည္လံုးကို ကာကြယ္ေရးဦးစီးခ်ဳပ္က အုပ္ခ်ဳပ္ေနသလို ျဖစ္ေနတယ္” လို႔ NLD ပါတီရဲ႕ ဥပေဒအၾကံေပး ေရွ႕ေနဦးကိုနီက သံုးသပ္ပါတယ္။
အမွန္တကယ္ ေျပာင္းလဲဖို႔ တာဝန္ယူမယ္ဆိုတ့ဲ NLD ပါတီက အစုိးရ ဖဲြ႔ႏိုင္ေပမယ့္ တပ္မေတာ္ဟာ ေထြအုပ္ဌာနက တစ္ဆင့္ တုိင္းျပည္ရဲ႕ အုပ္ခ်ဳပ္ေရးယႏၱရားႀကီး တစ္ခုလံုးအေပၚ ၾသဇာႀကီးေနမွာ ျဖစ္ပါတယ္။
စစ္အစုိးရမ်ား လက္ထက္ အေရးပါခဲ့တဲ့ အုပ္ခ်ဳပ္ေရးအဖဲြ႔ ေထြအုပ္ဌာနဟာ ဗိုလ္ခ်ဳပ္ေနဝင္းရဲ႕ ၁၉၆၂ ခုႏွစ္ အာဏာသိမ္း စစ္အစုိးရေခတ္မွာ ေပၚေပါက္ခဲ့တာပါ။ ၁၉၈၈ ခုႏွစ္ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ဖဲြ႔စည္းခဲ့တဲ့ အစုိးရေတြကလည္း ဒီဌာနကုိ ဆက္လက္ ထားရိွခဲ့ပါတယ္။
ဒီဌာနဟာ တစ္တိုင္းျပည္လံုးရဲ႕ အုပ္ခ်ဳပ္ေရးယႏၱရားႀကီး လည္ပတ္မႈမွာ အဓိကအက်ဆံုး အဖဲြ႔အစည္းျဖစ္ေနတယ္၊ ျမန္မာျပည္ရဲ႕ အင္အားအေကာင္းဆံုး အဖဲြ႔အစည္း တပ္မေတာ္ေတာင္မွ ေထြအုပ္ေလာက္ ျပည္သူလူထုၾကားထဲကို စိမ့္ဝင္ပ်ံ႕ႏံွ႔မႈမရွိဘူးလို႔ ၂ဝ၁၄ ခုႏွစ္က ၾကည္ျပာခ်စ္ေစာနဲ႔ Matthew Arnold တို႔ ေရးသားျပဳစုတဲ့ ေထြအုပ္ဌာန အေၾကာင္း စာတမ္းမွာ သံုးသပ္ထားပါတယ္။
မ်က္ေမွာက္ေခတ္ ေထြအုပ္ရဲ႕ ဖဲြ႔စည္းပံု၊ တာဝန္၊ အခန္းက႑ေတြဟာ ၁၉၈၈ မွာ ေပၚေပါက္လာတ့ဲ စစ္အစုိးရလက္ထက္မွာ အစျပဳတယ္၊ ဝန္ထမ္းအင္အားနဲ႔ အေရးပါ အရာေရာက္မႈက အဆက္မျပတ္ ႀကီးထြားလာခဲ့တယ္လို႔ စာတမ္းမွာ ဆက္လက္ ေရးသားထားပါတယ္။ ၁၉၈၈ မွာ ေထြအုပ္ဝန္ထမ္းေပါင္း ၂၆,၂၃၆ ဦး ရွိရာကေန ၁၉၉၅ မွာ ၃၁,၃၃၉ ဦးအထိ ရွိလာတယ္လို႔ စာတမ္းက ဆိုပါတယ္။ ဒီေန႔အခ်ိန္မွာေတာ့ အေရအတြက္ ေလးေထာင္ေက်ာ္ ပုိၿပီး တုိးလာတယ္လို႔ သိရပါတယ္။
ေထြအုပ္ဟာ ဦးသိန္းစိန္အစိုးရ လက္ထက္ ျပည္ေထာင္စုဝန္ႀကီး ဌာနေပါင္း သံုးဆယ္ေက်ာ္၊ ေနျပည္ေတာ္နဲ႔ ရပ္ကြက္/ ေက်းရြာေပါင္း ေျခာက္ေသာင္းေက်ာ္ အၾကားမွာ ၾကားခံေဆာင္ရြက္ေပးပါတယ္။ အခြန္ေကာက္ခံမႈ၊ ရပ္ရြာလံုၿခဳံေရးနဲ႔ ေျမယာစီမံခန္႔ခြဲမႈ၊ အရပ္ဘက္လူမႈ အဖဲြ႔အစည္းနဲ႔ ကူညီေရးအဖဲြ႔ေတြ မွတ္ပံုတင္ေရး၊ ရပ္ရြာအတြင္းက လူဦးေရ အတိုးအေလ်ာ့၊ အေရႊ႕အေျပာင္း မွတ္တမ္းယူတဲ့ ကိစၥေတြကို ဒီဌာနရဲ႕ လုပ္ငန္းစဥ္ထဲမွာ ေတြ႔ရမွာပါ။ ပဲြလမ္းသဘင္ က်င္းပခြင့္ ထုတ္ေပးမႈကေန အစုိးရဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို အေရးယူ ေဆာင္ရြက္တဲ့ အလုပ္အထိ အုပ္ခ်ဳပ္ေရး လုပ္ငန္းအမ်ဳိးမ်ဳိးကုိ တာဝန္ယူခဲ့တာ ေတြ႔ရပါတယ္။
၂ဝ၁၁ ခုႏွစ္မွာ အစိုးရပံုစံ အသစ္နဲ႔ အုပ္ခ်ဳပ္တဲ့အခါ ျပည္နယ္/တိုင္း ေထြအုပ္ဌာန အႀကီးအမွဴးဟာ ျပည္နယ္/ တိုင္း အစိုးရအဖဲြ႔ရဲ႕ အတြင္းေရးမွဴး ျဖစ္လာပါတယ္။ ၿမဳိ႕နယ္ေပါင္း ၃၃ဝ မွာရိွတဲ့ ၿမဳိ႕နယ္အဆင့္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးေတြက ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြကို လံုၿခဳံေရး၊ အုပ္ခ်ဳပ္ေရးဆိုင္ရာေတြကို စီစဥ္ညႊန္ၾကားၿပီး ရရွိလာတဲ့ အခ်က္အလက္ေတြကို ခ႐ိုင္၊ ျပည္နယ္/ တိုင္း စသျဖင့္ အဆင့္ဆင့္ တင္ျပရပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးအျဖစ္ ငါးႏွစ္ၾကာ တာဝန္ယူခဲ့တဲ့ ေဒၚညိဳညဳိသင္းက ျပည္သူ တိုက္႐ိုက္ ေရြးခ်ယ္ထားတဲ့ ဝန္ႀကီးခ်ဳပ္ေတြ ရွိေနေပမယ့္ အစိုးရအဖဲြ႔ရဲ႕ လုပ္ငန္းေတြကို အဓိက အေကာင္အထည္ေဖာ္ ေမာင္းႏွင္ေနသူေတြက ျပည္ထဲေရးဝန္ႀကီးဌာန ေရြးခ်ယ္ခန္႔အပ္ထားတဲ့ စစ္ဘက္အရာရွိေဟာင္းေတြ ျဖစ္ေနတာဟာ ႏိုင္ငံ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းေတြအတြက္ အဟန္႔အတား ျဖစ္ေနတယ္လို႔ ဆိုပါတယ္။
“ေရြးေကာက္ တင္ေျမွာက္ထားတဲ့ အစိုးရရယ္၊ ေရြးေကာက္ တင္ေျမွာက္ထားတာ မဟုတ္ေပမယ့္ အုပ္ခ်ဳပ္ေနတဲ့ အစိုးရရယ္ ဆိုၿပီး ႏွစ္ခုစင္ၿပဳိင္လို ျဖစ္ေနတာ” လို႔ ေဒၚညိဳညိဳသင္းက သံုးသပ္ပါတယ္။
ျပည္နယ္/ တိုင္း ဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ား ေထြအုပ္ေတြအေပၚ ၾသဇာလႊမ္းေရးက အစုိးရသစ္ လက္ထက္ အႀကီးမားဆံုး အခက္အခဲေတြထဲ ပါဝင္မယ္လို႔ သူက ဆုိပါတယ္။
* ဦးသိန္းစိန္အစိုးရနဲ႔ ေထြအုပ္ *
အေရးပါ အရာေရာက္ခဲ့တဲ့ ေထြအုပ္ဌာနနဲ႔ ယခင္စစ္အစုိးရ စိတ္ႀကိဳက္ ပံုေဖာ္ခဲ့တဲ့ ျပည္နယ္/ တိုင္း အစုိးရတို႔ၾကား ငါးႏွစ္ၾကာ ဆက္စပ္ လုပ္ကိုင္ ေဆာင္ရြက္မႈေတြဟာ ပဋိပကၡ ျဖစ္ေပၚခဲ့တယ္ဆိုတ့ဲ အသံ မၾကားခဲ့ရပါဘူး။
သို႔ေသာ္လည္း ခ်င္းျပည္နယ္ အစိုးရ အဖဲြ႔မွာ ပညာေရး၊ က်န္းမာေရး၊ ျပန္ၾကားေရးစတဲ့ ဝန္ႀကီးဌာနရွစ္ခုရဲ႕ ဝန္ႀကီး ေဒါက္တာဘေမာင္က ေထြအုပ္နဲ႔ ဆက္ဆံေရးဟာ အလံုးစံုေျပလည္မႈ မရိွခဲ့ပါဘူးလို႔ ေျပာပါတယ္။
စာအဝင္အထြက္က အစျပဳလို႔ ဝန္ႀကီးေတြရဲ႕ ခြင့္ရက္ကိစၥေတြအထိ တိုင္းအစုိးရအဖဲြ႔ အတြင္းေရးမွဴး ေထြအုပ္အရာရိွဆီကို ျဖတ္သန္းေနရတယ္၊ အဲဒီအရာရိွရဲ႕ လက္ေအာက္ခံ သေဘာ ျဖစ္ေနတဲ့အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ရေၾကာင္း ျပည္နယ္ဝန္ႀကီးေတြက ေနျပည္ေတာ္ အစည္းအေဝးတခ်ဳိ႕မွာ တင္ျပၾကတယ္လို႔ ေဒါက္တာဘေမာင္က ဆိုပါတယ္။
တာဝန္ရိွသူမ်ားကေတာ့ ေထြအုပ္ဌာနေတြေၾကာင့္ အစုိးရအဖဲြ႔ အသြင္ကူးေျပာင္းရာမွာ ပိုအဆင္ေျပလိမ့္မယ္ဆုိတ့ဲ အေျဖကုိပဲ ေပးခဲ့ၾကတယ္လို႔ သူက ရွင္းျပပါတယ္။
“အစိုးရသစ္ကို လႊဲေျပာင္းေပးဖို႔ ေနရာမွာ ႐ံုးဝန္ထမ္း အႀကီးအကဲအေနနဲ႔ ေထြအုပ္အရာရွိဟာ ဆက္တိုက္ရွိေနမွ အခ်ိတ္အဆက္ မိမယ္ေပါ့။ အဲဒီလို သူတို႔ျပန္ေျဖပါတယ္” လို႔ ေဒါက္တာဘေမာင္က ေျပာပါတယ္။
NLD အစုိးရသစ္ကေတာ့ ျပည္နယ္/ တုိင္း အစုိးရအဖဲြ႔ဝင္ေတြနဲ႔ ေထြအုပ္အရာရိွတို႔ၾကား ျပႆနာ ျဖစ္လာရင္ ျပတ္ျပတ္သားသား ကိုင္တြယ္ဖြယ္ရိွတယ္လို႔ ေရွ႕ေနဦးကိုနီက သံုးသပ္ပါတယ္။
ဝန္ႀကီးခ်ဳပ္ရဲ႕ တာဝန္က ဘယ္နားသြားထားမလဲ။ သူ႔(ေထြအုပ္အရာရိွ) အထက္မွာ ဝန္ႀကီးေတြ အမ်ားႀကီး ရွိေသးတယ္။ အဲဒီဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြထိုင္တဲ့ အစည္းအေဝးက တိုင္း(ေဒသႀကီးအဆင့္) အတြက္ အျမင့္ဆံုးပဲ။ ခိုင္းတာလုပ္ရမွာေပါ့၊ အဆင္မေျပလို႔ကို မရဘူး၊ အဆင္မေျပရင္ ထုတ္ပစ္လိုက္႐ုံပဲ” လို႔ ဦးကိုနီက ေျပာပါတယ္။
ျပည္နယ္/တိုင္း အစိုးရအဖဲြ႔ေတြအတြက္ ဥပေဒအရ အပ္ႏွင္းထားတဲ့ လုပ္ပိုင္ခြင့္ အာဏာေတြ မ်ားစြာရွိတဲ့အတြက္ ေထြအုပ္အရာရိွျဖစ္တဲ့ အစိုးရအဖဲြ႔ အတြင္းေရးမွဴးေတြကို ကိုင္တြယ္နိုင္ဖို႔ ကိစၥဟာ သက္ဆိုင္ရာ အစိုးရအဖဲြ႔ေတြရဲ႕ အရည္အခ်င္းေတြေပၚမွာပဲ မူတည္ေနတယ္လို႔ ေဒၚညိဳညဳိသင္းက ဆိုပါတယ္။
“ကိုယ့္မွာ အရပ္သားဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြက အရည္အခ်င္း ျပည့္မီမယ္ ဆိုရင္ေတာ့ ဒီေထြအုပ္ကို အားကိုးစရာ မလိုပါဘူး” လို႔ ေဒၚညိဳညဳိသင္းက သံုးသပ္ပါတယ္။
* ေထြအုပ္ျပဳျပင္ေျပာင္းလဲေရး *
NLD အစုိးရ လက္ထက္မွာ သမၼတအာဏာသံုးၿပီး ေထြအုပ္ဌာနကုိ ဖ်က္သိမ္းေရး သို႔မဟုတ္ ေနရာေျပာင္းေရႊ႕ေရး လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းဖြယ္ရိွတယ္လို႔ ယူဆသူ တခ်ဳိ႕လည္း ရိွပါတယ္။
ရန္ကုန္အေျခစိုက္ ႏိုင္ငံေရး ေဆာင္းပါးရွင္ ကိုဝကေတာ့ NLD က အစုိးရအဖဲြ႔သစ္ ဖဲြ႔တဲ့အခါမွာ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး မူဝါဒအရ တပ္မေတာ္ အပါအဝင္ ႏိုင္ငံေရး အင္အားစုအားလံုးနဲ႔ ဆက္ဆံေရး ေျပလည္ဖို႔ အေရးႀကီးတ့ဲ အေနအထားမ်ဳိး ျဖစ္ေနတဲ့အတြက္ ေထြအုပ္ဌာနနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္မႈက ညင္သာဖြယ္ ရိွတယ္လို႔ သံုးသပ္ပါတယ္။
"ေထြအုပ္ဌာန ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ လုိအပ္ေနတယ္လို႔ ယူဆတယ္၊ အဲဒီလိုလုပ္တ့ဲအခါ (ေထြအုပ္ဌာနက) ျပည္ထဲေရးဝန္ႀကီးဌာန ေအာက္မွာ ရိွတဲ့အတြက္ ျပည္ထဲေရးကလည္း ကာခ်ဳပ္ရဲ႕ေအာက္မွာ ရိွတဲ့အတြက္ တပ္နဲ႔ သေဘာတူညီမႈ မရမခ်င္းေတာ့ ဒီလုိလုပ္လို႔ ရမွာမဟုတ္ဘူး" လို႔ သူက သံုးသပ္ပါတယ္။
အသြင္ကူးေျပာင္းေရး ကာလမွာ ဌာနတြင္း ျပဳျပင္ေျပာင္းလဲေရး ေဖာ္ေဆာင္ရမယ္ ဆိုတာကို Myanmar Now က ဆက္သြယ္ ေမးျမန္းခြင့္ရခဲ့တ့ဲ ေထြအုပ္အရာရိွေတြက သေဘာတူၾကပါတယ္။
ေထြအုပ္ရဲ႕ နိုင္ငံတကာ ဆက္ဆံေရးဌာန ညႊန္ၾကားေရးမွဴး ဦးလွမ်ဳိးကေတာ့ ျပည္သူေတြရဲ႕ လိုအပ္ခ်က္အရ လုပ္သင့္တယ္ဆိုေသာ္လည္း အတင္းလုပ္ယူမယ့္ အစား အခ်ိန္ယူၿပီး ေျပာင္းရမယ္လို႔ သူကေျပာပါတယ္။
“ျဖစ္သင့္တယ္ ဆိုတာေတြက အမ်ားႀကီး၊ အေကာင္းေတြခ်ည္း ေျပာလို႔က မရဘူးေလ” လို႔ ေနျပည္ေတာ္မွာ ႐ံုးထိုင္တဲ့ ဦးလွမ်ဳိးက ဆိုပါတယ္။
ရန္ကုန္၊ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္ကို သူ႔႐ံုးခန္းမွာ သြားေရာက္ ေတြ႔ဆံုစဥ္မွာေတာ့ ေထြအုပ္ဌာနနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႔က အေကာင္အထည္ ေဖာ္လာမွာေတြကို အျငင္းပြားစရာ မရိွဘူးလို႔ သူကဆိုပါတယ္။
“တက္လာမယ့္ အစိုးရအေပၚမွာပဲ မူတည္ပါတယ္။ ကြ်န္ေတာ္ကေတာ့ လာမယ့္အစိုးရရဲ႕ မူဝါဒေတြ၊ ေပၚလစီေတြကို အေကာင္အထည္ ေဖာ္ေပးဖို႔က အသင့္ပါပဲ” လို႔ ဦးျမင့္လြင္က ေနာက္မီ ကုလားထိုင္ကေန ခႏၶာကိုယ္ကို တစ္ခ်က္ဆန္႔လိုက္ရင္း ေျပာပါတယ္။
မၾကာေသးခင္က ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ႏွစ္ႀကိမ္ ေတြ႔ဆံုရာမွာ ေထြအုပ္ဌာနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနတို႔ အေၾကာင္း ေဆြးေႏြးခဲ့ျခင္း ရိွမရိွဆိုတာကုိေတာ့ မသိရေသးပါဘူး။
ျမန္မာျပည္ဆိုင္ရာ ၾသစေၾတးလ် သံအမတ္ေဟာင္း Mr. Trevor Wilson ကေတာ့ ဒီမုိကေရစီ ေဖာ္ေဆာင္ရာမွာ ျပည္ထဲေရးဌာနကို စစ္တပ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ထားဖို႔ အေျခခံဥပေဒမွာ ထည့္သြင္း ျပ႒ာန္းထားျခင္းက လုိလည္း မလုိအပ္၊ သင့္ေလ်ာ္မႈလည္း မရိွဘူးလို႔ သံုးသပ္ပါတယ္။
“အေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ၾကေတာ့မယ္ ဆုိရင္ ပထမဆံုး ျပင္သင့္တာကေတာ့ ျပည္ထဲေရးဌာနကို တပ္မေတာ္ရဲ႕ တိုက္႐ိုက္ထိန္းခ်ဳပ္မႈ ေအာက္ကေန ေရႊ႕ဖို႔ဆိုတ့ဲ အခ်က္လည္း ပါဝင္သင့္ပါတယ္” လို႔ Mr. Trevor Wilson က ေျပာလိုက္ပါတယ္။
ၿဖိဳးသီဟခ်ဳိ - Myanmar Now
The Ladies News Journal
...............................
NLD အစိုးရ ရင်ဆိုင်ရမယ့် ထွေအုပ်ဌာန
|| သတင်း ဆောင်းပါး ||
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်က တိုင်းပြည်ကို ငါးနှစ်ကြာ ဦးဆောင်အုပ်ချုပ်ဖို့ ပြင်ဆင်နေပါပြီ။
မြန်မာပြည်မှာ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို နှစ်ပေါင်းများစွာ နေ့စဉ် မောင်းနှင်နေတာက ထွေအုပ်လို့ခေါ်ကြတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပါ။ ထွေအုပ်ဌာနဟာ ရဲတပ်ဖွဲ့လိုပဲ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အောက်မှာ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် သူဟာ ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက် စေလွှတ်ထားတဲ့ စစ်အရာရှိဖြစ်ရမယ်လို့ ယခင် တပ်မတော်အစိုးရ အချိန်ယူရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆိုပါတယ်။
“တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလို ဖြစ်နေတယ်” လို့ NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။
အမှန်တကယ် ပြောင်းလဲဖို့ တာဝန်ယူမယ်ဆိုတဲ့ NLD ပါတီက အစိုးရ ဖွဲ့နိုင်ပေမယ့် တပ်မတော်ဟာ ထွေအုပ်ဌာနက တစ်ဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးအပေါ် သြဇာကြီးနေမှာ ဖြစ်ပါတယ်။
စစ်အစိုးရများ လက်ထက် အရေးပါခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ ထွေအုပ်ဌာနဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရခေတ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရတွေကလည်း ဒီဌာနကို ဆက်လက် ထားရှိခဲ့ပါတယ်။
ဒီဌာနဟာ တစ်တိုင်းပြည်လုံးရဲ့ အုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်မှုမှာ အဓိကအကျဆုံး အဖွဲ့အစည်းဖြစ်နေတယ်၊ မြန်မာပြည်ရဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်း တပ်မတော်တောင်မှ ထွေအုပ်လောက် ပြည်သူလူထုကြားထဲကို စိမ့်ဝင်ပျံ့နှံ့မှုမရှိဘူးလို့ ၂ဝ၁၄ ခုနှစ်က ကြည်ပြာချစ်စောနဲ့ Matthew Arnold တို့ ရေးသားပြုစုတဲ့ ထွေအုပ်ဌာန အကြောင်း စာတမ်းမှာ သုံးသပ်ထားပါတယ်။
မျက်မှောက်ခေတ် ထွေအုပ်ရဲ့ ဖွဲ့စည်းပုံ၊ တာဝန်၊ အခန်းကဏ္ဍတွေဟာ ၁၉၈၈ မှာ ပေါ်ပေါက်လာတဲ့ စစ်အစိုးရလက်ထက်မှာ အစပြုတယ်၊ ဝန်ထမ်းအင်အားနဲ့ အရေးပါ အရာရောက်မှုက အဆက်မပြတ် ကြီးထွားလာခဲ့တယ်လို့ စာတမ်းမှာ ဆက်လက် ရေးသားထားပါတယ်။ ၁၉၈၈ မှာ ထွေအုပ်ဝန်ထမ်းပေါင်း ၂၆,၂၃၆ ဦး ရှိရာကနေ ၁၉၉၅ မှာ ၃၁,၃၃၉ ဦးအထိ ရှိလာတယ်လို့ စာတမ်းက ဆိုပါတယ်။ ဒီနေ့အချိန်မှာတော့ အရေအတွက် လေးထောင်ကျော် ပိုပြီး တိုးလာတယ်လို့ သိရပါတယ်။
ထွေအုပ်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက် ပြည်ထောင်စုဝန်ကြီး ဌာနပေါင်း သုံးဆယ်ကျော်၊ နေပြည်တော်နဲ့ ရပ်ကွက်/ ကျေးရွာပေါင်း ခြောက်သောင်းကျော် အကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ အခွန်ကောက်ခံမှု၊ ရပ်ရွာလုံခြုံရေးနဲ့ မြေယာစီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှု အဖွဲ့အစည်းနဲ့ ကူညီရေးအဖွဲ့တွေ မှတ်ပုံတင်ရေး၊ ရပ်ရွာအတွင်းက လူဦးရေ အတိုးအလျော့၊ အရွှေ့အပြောင်း မှတ်တမ်းယူတဲ့ ကိစ္စတွေကို ဒီဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ တွေ့ရမှာပါ။ ပွဲလမ်းသဘင် ကျင်းပခွင့် ထုတ်ပေးမှုကနေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရေးယူ ဆောင်ရွက်တဲ့ အလုပ်အထိ အုပ်ချုပ်ရေး လုပ်ငန်းအမျိုးမျိုးကို တာဝန်ယူခဲ့တာ တွေ့ရပါတယ်။
၂ဝ၁၁ ခုနှစ်မှာ အစိုးရပုံစံ အသစ်နဲ့ အုပ်ချုပ်တဲ့အခါ ပြည်နယ်/တိုင်း ထွေအုပ်ဌာန အကြီးအမှူးဟာ ပြည်နယ်/ တိုင်း အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်လာပါတယ်။ မြို့နယ်ပေါင်း ၃၃ဝ မှာရှိတဲ့ မြို့နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာတွေကို စီစဉ်ညွှန်ကြားပြီး ရရှိလာတဲ့ အချက်အလက်တွေကို ခရိုင်၊ ပြည်နယ်/ တိုင်း စသဖြင့် အဆင့်ဆင့် တင်ပြရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် ငါးနှစ်ကြာ တာဝန်ယူခဲ့တဲ့ ဒေါ်ညိုညိုသင်းက ပြည်သူ တိုက်ရိုက် ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်တွေ ရှိနေပေမယ့် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော် မောင်းနှင်နေသူတွေက ပြည်ထဲရေးဝန်ကြီးဌာန ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ဘက်အရာရှိဟောင်းတွေ ဖြစ်နေတာဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရရယ်၊ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်ပေမယ့် အုပ်ချုပ်နေတဲ့ အစိုးရရယ် ဆိုပြီး နှစ်ခုစင်ပြိုင်လို ဖြစ်နေတာ” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။
ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများ ထွေအုပ်တွေအပေါ် သြဇာလွှမ်းရေးက အစိုးရသစ် လက်ထက် အကြီးမားဆုံး အခက်အခဲတွေထဲ ပါဝင်မယ်လို့ သူက ဆိုပါတယ်။
* ဦးသိန်းစိန်အစိုးရနဲ့ ထွေအုပ် *
အရေးပါ အရာရောက်ခဲ့တဲ့ ထွေအုပ်ဌာနနဲ့ ယခင်စစ်အစိုးရ စိတ်ကြိုက် ပုံဖော်ခဲ့တဲ့ ပြည်နယ်/ တိုင်း အစိုးရတို့ကြား ငါးနှစ်ကြာ ဆက်စပ် လုပ်ကိုင် ဆောင်ရွက်မှုတွေဟာ ပဋိပက္ခ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အသံ မကြားခဲ့ရပါဘူး။
သို့သော်လည်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးစတဲ့ ဝန်ကြီးဌာနရှစ်ခုရဲ့ ဝန်ကြီး ဒေါက်တာဘမောင်က ထွေအုပ်နဲ့ ဆက်ဆံရေးဟာ အလုံးစုံပြေလည်မှု မရှိခဲ့ပါဘူးလို့ ပြောပါတယ်။
စာအဝင်အထွက်က အစပြုလို့ ဝန်ကြီးတွေရဲ့ ခွင့်ရက်ကိစ္စတွေအထိ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ထွေအုပ်အရာရှိဆီကို ဖြတ်သန်းနေရတယ်၊ အဲဒီအရာရှိရဲ့ လက်အောက်ခံ သဘော ဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြည်နယ်ဝန်ကြီးတွေက နေပြည်တော် အစည်းအဝေးတချို့မှာ တင်ပြကြတယ်လို့ ဒေါက်တာဘမောင်က ဆိုပါတယ်။
တာဝန်ရှိသူများကတော့ ထွေအုပ်ဌာနတွေကြောင့် အစိုးရအဖွဲ့ အသွင်ကူးပြောင်းရာမှာ ပိုအဆင်ပြေလိမ့်မယ်ဆိုတဲ့ အဖြေကိုပဲ ပေးခဲ့ကြတယ်လို့ သူက ရှင်းပြပါတယ်။
“အစိုးရသစ်ကို လွှဲပြောင်းပေးဖို့ နေရာမှာ ရုံးဝန်ထမ်း အကြီးအကဲအနေနဲ့ ထွေအုပ်အရာရှိဟာ ဆက်တိုက်ရှိနေမှ အချိတ်အဆက် မိမယ်ပေါ့။ အဲဒီလို သူတို့ပြန်ဖြေပါတယ်” လို့ ဒေါက်တာဘမောင်က ပြောပါတယ်။
NLD အစိုးရသစ်ကတော့ ပြည်နယ်/ တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ ထွေအုပ်အရာရှိတို့ကြား ပြဿနာ ဖြစ်လာရင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖွယ်ရှိတယ်လို့ ရှေ့နေဦးကိုနီက သုံးသပ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ တာဝန်က ဘယ်နားသွားထားမလဲ။ သူ့(ထွေအုပ်အရာရှိ) အထက်မှာ ဝန်ကြီးတွေ အများကြီး ရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်း(ဒေသကြီးအဆင့်) အတွက် အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကို မရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ” လို့ ဦးကိုနီက ပြောပါတယ်။
ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေအတွက် ဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ များစွာရှိတဲ့အတွက် ထွေအုပ်အရာရှိဖြစ်တဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးတွေကို ကိုင်တွယ်နိုင်ဖို့ ကိစ္စဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အရည်အချင်းတွေပေါ်မှာပဲ မူတည်နေတယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။
“ကိုယ့်မှာ အရပ်သားဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေက အရည်အချင်း ပြည့်မီမယ် ဆိုရင်တော့ ဒီထွေအုပ်ကို အားကိုးစရာ မလိုပါဘူး” လို့ ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။
* ထွေအုပ်ပြုပြင်ပြောင်းလဲရေး *
NLD အစိုးရ လက်ထက်မှာ သမ္မတအာဏာသုံးပြီး ထွေအုပ်ဌာနကို ဖျက်သိမ်းရေး သို့မဟုတ် နေရာပြောင်းရွှေ့ရေး လုပ်ဆောင်ဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ ယူဆသူ တချို့လည်း ရှိပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင် ကိုဝကတော့ NLD က အစိုးရအဖွဲ့သစ် ဖွဲ့တဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒအရ တပ်မတော် အပါအဝင် နိုင်ငံရေး အင်အားစုအားလုံးနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အရေးကြီးတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှုက ညင်သာဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။
"ထွေအုပ်ဌာန ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ယူဆတယ်၊ အဲဒီလိုလုပ်တဲ့အခါ (ထွေအုပ်ဌာနက) ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့အတွက် ပြည်ထဲရေးကလည်း ကာချုပ်ရဲ့အောက်မှာ ရှိတဲ့အတွက် တပ်နဲ့ သဘောတူညီမှု မရမချင်းတော့ ဒီလိုလုပ်လို့ ရမှာမဟုတ်ဘူး" လို့ သူက သုံးသပ်ပါတယ်။
အသွင်ကူးပြောင်းရေး ကာလမှာ ဌာနတွင်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရမယ် ဆိုတာကို Myanmar Now က ဆက်သွယ် မေးမြန်းခွင့်ရခဲ့တဲ့ ထွေအုပ်အရာရှိတွေက သဘောတူကြပါတယ်။
ထွေအုပ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်အရ လုပ်သင့်တယ်ဆိုသော်လည်း အတင်းလုပ်ယူမယ့် အစား အချိန်ယူပြီး ပြောင်းရမယ်လို့ သူကပြောပါတယ်။
“ဖြစ်သင့်တယ် ဆိုတာတွေက အများကြီး၊ အကောင်းတွေချည်း ပြောလို့က မရဘူးလေ” လို့ နေပြည်တော်မှာ ရုံးထိုင်တဲ့ ဦးလှမျိုးက ဆိုပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သူ့ရုံးခန်းမှာ သွားရောက် တွေ့ဆုံစဉ်မှာတော့ ထွေအုပ်ဌာနနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က အကောင်အထည် ဖော်လာမှာတွေကို အငြင်းပွားစရာ မရှိဘူးလို့ သူကဆိုပါတယ်။
“တက်လာမယ့် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ လာမယ့်အစိုးရရဲ့ မူဝါဒတွေ၊ ပေါ်လစီတွေကို အကောင်အထည် ဖော်ပေးဖို့က အသင့်ပါပဲ” လို့ ဦးမြင့်လွင်က နောက်မီ ကုလားထိုင်ကနေ ခန္ဓာကိုယ်ကို တစ်ချက်ဆန့်လိုက်ရင်း ပြောပါတယ်။
မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ် တွေ့ဆုံရာမှာ ထွေအုပ်ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ အကြောင်း ဆွေးနွေးခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာပြည်ဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း Mr. Trevor Wilson ကတော့ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ ပြည်ထဲရေးဌာနကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ အခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းက လိုလည်း မလိုအပ်၊ သင့်လျော်မှုလည်း မရှိဘူးလို့ သုံးသပ်ပါတယ်။
“အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ကြတော့မယ် ဆိုရင် ပထမဆုံး ပြင်သင့်တာကတော့ ပြည်ထဲရေးဌာနကို တပ်မတော်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်ကနေ ရွှေ့ဖို့ဆိုတဲ့ အချက်လည်း ပါဝင်သင့်ပါတယ်” လို့ Mr. Trevor Wilson က ပြောလိုက်ပါတယ်။
ဖြိုးသီဟချို - Myanmar Now
The Ladies News Journal

No comments:

Post a Comment