Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

ျပည္ေထာင္စုေန႔ အခမ္းအနား ပင္လံုမွာ NLD က်င္းပ

ျပည္ေထာင္စုေန႔ အခမ္းအနား ပင္လံုမွာ NLD ဦးစီး က်င္းပ။ (သတင္းဓာတ္ပံု- Credit to Kyaw Khant-ရွမ္းျပည္နယ္)
အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီအေနနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စုစနစ္ကို ႀကိဳးပမ္းေဆာင္ရြက္သြားမယ္ဆုိတာေပၚလြင္ေအာင္ သက္ေသျပတဲ့ အေနနဲ႔ ျပည္ေထာင္စုေန႔ အခမ္းအနားကို ပင္လုံစာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ ပင္လုံၿမိဳ႕မွာ ဒီကေန႔က်င္းပခဲ့ပါတယ္။ ဒါ့အျပင္ ေနျပည္ေတာ္ နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာလည္း လက္ရွိသမၼတဦးသိန္းစိန္အစိုးရ နဲ႔ အစိုးရသစ္ျဖစ္လာမယ့္ NLD ပါတီတုိ႔ကလည္း ဒီကေန႔ က်ေရာက္တဲ့ ၆၉ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနား က်င္းပခဲ့ၾကပါတယ္။ အျပည့္အစုံကိုေတာ့ ကိုရန္ႏုိင္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈမွာ အဓိကသမုိင္းမွတ္တုိင္တခုျဖစ္တဲ့ ပင္လုံ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ တာဟာ ဒီကေန႔ဆုိရင္ ၆၉ ႏွစ္ရွိ သြားခဲ့ၿပီျဖစ္ ပါတယ္။ ေတာင္တန္းျပည္မ ပူးေပါင္းဖို႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ ရွမ္းျပည္နယ္ ပင္လုံၿမိဳ႕မွာ အမ်ိဳးသား ဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ ဗဟုိလူငယ္ေတြက ဦးေဆာင္ၿပီး ၆၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားကို ဒီကေန႔ က်င္းပခဲ့တယ္လို႔ NLD ပါတီ လြိဳင္လင္ခရုိင္ ဘ႑ာေရးမႉး ဦးရဲလႈိင္က ဗီြအိုေအကိုေျပာပါတယ္။

" က်ေနာ္တို႔ အဖြဲ႔ခ်ဳပ္ ဗဟိုလူငယ္ေတြကေန ဦးစီးက်င္းပတဲ့ ၆၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားေပါ့။ တိုင္းရင္းသားေပါင္းစံု အကေတြနဲ႔ေပါ့။ ျပည္ေထာင္စုေန႔မွာ အခမ္းအနားကို ေက်ာက္တိုင္ အေလးျပဳတယ္။ အဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သဝဏ္လႊာ ဖတ္တယ္။ ေၾကညာစာတမ္း ဖတ္တယ္ေပါ့ဗ်ာ။ ဦးဟန္သာျမင့္ဖတ္တယ္။ ဦးညီပု ဖတ္တယ္။ ဦးညီပုက ေၾကညာစာတမ္း ဖတ္တယ္။ ဦးဟန္သာျမင့္က ဥကၠ႒ရဲ႕ သဝဏ္လႊာဖတ္တယ္ေပါ့။ "

အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဗဟုိလူငယ္ေတြက ဦးေဆာင္ၿပီး ျပည္ေထာင္စုေန႔ အခမ္းအနားကို ပင္လုံၿမိဳ႕မွာ က်င္းပတာဟာ အခုဆုိရင္ ဒုတိယအႀကိမ္ေျမာက္ျဖစ္ တယ္လို႔ သူကေျပာပါတယ္။ NLD ပါတီက ပင္လုံၿမိဳ႕မွာ အခုလို ျပည္ေထာင္စုေန႔ အခမ္းအနား က်င္းပရတဲ့ ရည္ရြယ္ခ်က္နဲ႔ ပတ္သက္ၿပီး ဦးရဲလႈိင္က အခုလို ေျပာ ပါတယ္။

" အဓိကကေတာ့ ပင္လံုစာခ်ဳပ္ပါ ဖက္ဒရယ္ ကိစၥေပါ့။ ျပည္ေထာင္စု ဖက္ဒရယ္ကိစၥကို ဒါကို က်ေနာ္တို႔ က သက္ေသျပခ်င္တဲ့ သေဘာေပါ့ေနာ္။ အဓိက ကေတာ့ ဒီကိစၥကို အဓိက ရည္ရြယ္ပါတယ္။"
ျပည္ေထာင္စုေန႔အခမ္းအနား ေနျပည္ေတာ္။
၆၉ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ ႏုိင္ငံေတာ္အခမ္းအနားေတြကိုလည္း ေနျပည္ေတာ္ နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာလည္း ဒီကေန႔မွာ က်င္းပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ ေရႊဂုံတုိင္မွာ ရွိတဲ့ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီဌာနခ်ဳပ္မွာက်င္းပတဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားကိုေတာ့ ပါတီနာယက ဦးတင္ဦး ဦးေဆာင္ က်င္းပခဲ့ၿပီး ၊ ႏုိင္ငံတကာက သံတမန္ေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။

အဲဒီအခမ္းအနားကိုေတာ့ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က သ၀ဏ္လႊာေပးပို႔ ခဲ့ၿပီး၊ ၂၁ ရာစု ပင္လုံညီလာခံျဖစ္ေပၚလာေအာင္ ႀကိဳးပမ္းဖို႔ ဒီမုိကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု ျဖစ္လာေအာင္ ေသြးစည္းညီညြတ္ၾကဖို႔ တုိက္တြန္း သြားပါတယ္။ ဒါ့အျပင္ အမ်ိဳးသားရင္ၾကားေစ့ေရးျဖစ္ေျမာက္ဖို႔ ၊ ျပည္တြင္း ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔ ၊ ျပည္ေထာင္စုစိတ္ဓါတ္ေတြ ခုိင္မာ သန္စြမ္းလာေအာင္ လုပ္သြားဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သ၀ဏ္လႊာထဲမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာ ေရြးေကာက္ပဲြမွာ အႏုိင္ရၿပီး၊ မၾကာခင္ကာလမွာ အစိုးရဖဲြ႔ေတာ့မယ့္ NLD အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္အေနနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး နဲ႔ ျပည္တြင္းပဋိပကၡခ်ဳပ္ေရးအတြက္ ေျပာဆုိေနေပမယ့္၊ ဘယ္လိုပုံစံနဲ႔ လုပ္ေဆာင္သြားမယ္ ဆုိတာကိုေတာ့ အတိအက် ထုတ္ျပန္ေၾကျငာထားျခင္းေတာ့ မရွိပါဘူး။
ေနျပည္ေတာ္က ျပည္ေထာင္စုေန႔ 
​ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ျပည္ေထာင္စုေန႔အခမ္းအနားကိုေတာ့ သမၼတဦးသိန္းစိန္  သ၀ဏ္လႊာေပးပို႔ခဲ့ၿပီး၊ အဲဒီသ၀ဏ္လႊာအတြင္းမွာေတာ့ - ေရြးေကာက္ပဲြေအာင္ေအာင္ျမင္ျမင္ က်င္းပၿပီး၊ အစိုးရသစ္ကုိ ႏုိင္ငံရဲ႕ အနာဂတ္ကို သိမ္ေမြ႔ညင္သာစြာ လႊဲေျပာင္းေပးဖို႔ စီစဥ္ေနတာ၊ မၾကာေသးခင္က တုိင္းရင္းသား လက္နက္ကို္္င္အဖဲြ႔တခ်ိဳ႕ နဲ႔ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ႏုိင္ခဲ့ၿပီး၊ ျပည္ေထာင္စု အဆင့္ ၿငိမ္းခ်မ္းေရး ညီလာခံက်င္းပႏုိင္ခဲ့တာေတြကို ေဖာ္ျပထားပါတယ္။

ျပည္ေထာင္စုေန႔ ညစာစားပြဲ-သမၼတနဲ႔ ေဒၚစု
ဒါေပမဲ့လည္း ျမန္မာအစိုးရတပ္ေတြနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔တခ်ိဳ႕ဟာ တုိက္ပဲြေတြဆက္လက္ျဖစ္ပြားေနတုန္းပဲျဖစ္ၿပီး၊ တႏုိင္ငံလုံး အပစ္အခတ္ရပ္စဲေရး အဆင့္ ေရာက္ၿပီးလို႔ ေျပာလုိ႔မရေသးပဲျဖစ္ေနပါတယ္။

NLD ပါတီဘက္ကေတာ့ သူတုိ႔အစိုးရလက္ထက္မွာ တႏုိင္ငံလုံး အပစ္အခတ္ ရပ္စဲေရးျဖစ္ေပၚလာေအာင္ လုပ္ေဆာင္သြားမယ္လို႔ ဒီကေန႔ ပါတီဌာနခ်ဳပ္မွာ က်င္းပခဲ့တဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ေျပာၾကားသြားခဲ့ ပါတယ္။

ကုိရန္ႏုိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,



ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမှာ NLD ဦးစီး ကျင်းပ။ (သတင်းဓာတ်ပုံ- Credit to Kyaw Khant-ရှမ်းပြည်နယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာပေါ်လွင်အောင် သက်သေပြတဲ့ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ပင်လုံမြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ နဲ့ အစိုးရသစ်ဖြစ်လာမယ့် NLD ပါတီတို့ကလည်း ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ အဓိကသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ တာဟာ ဒီကနေ့ဆိုရင် ၆၉ နှစ်ရှိ သွားခဲ့ပြီဖြစ် ပါတယ်။ တောင်တန်းပြည်မ ပူးပေါင်းဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့တယ်လို့ NLD ပါတီ လွိုင်လင်ခရိုင် ဘဏ္ဍာရေးမှူး ဦးရဲလှိုင်က ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် ဗဟိုလူငယ်တွေကနေ ဦးစီးကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားပေါ့။ တိုင်းရင်းသားပေါင်းစုံ အကတွေနဲ့ပေါ့။ ပြည်ထောင်စုနေ့မှာ အခမ်းအနားကို ကျောက်တိုင် အလေးပြုတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ ဖတ်တယ်။ ကြေညာစာတမ်း ဖတ်တယ်ပေါ့ဗျာ။ ဦးဟန်သာမြင့်ဖတ်တယ်။ ဦးညီပု ဖတ်တယ်။ ဦးညီပုက ကြေညာစာတမ်း ဖတ်တယ်။ ဦးဟန်သာမြင့်က ဥက္ကဋ္ဌရဲ့ သဝဏ်လွှာဖတ်တယ်ပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပတာဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ် တယ်လို့ သူကပြောပါတယ်။ NLD ပါတီက ပင်လုံမြို့မှာ အခုလို ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးရဲလှိုင်က အခုလို ပြော ပါတယ်။

" အဓိကကတော့ ပင်လုံစာချုပ်ပါ ဖက်ဒရယ် ကိစ္စပေါ့။ ပြည်ထောင်စု ဖက်ဒရယ်ကိစ္စကို ဒါကို ကျနော်တို့ က သက်သေပြချင်တဲ့ သဘောပေါ့နော်။ အဓိက ကတော့ ဒီကိစ္စကို အဓိက ရည်ရွယ်ပါတယ်။"

ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်။
၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အခမ်းအနားတွေကိုလည်း နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း ဒီကနေ့မှာ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ပါတီနာယက ဦးတင်ဦး ဦးဆောင် ကျင်းပခဲ့ပြီး ၊ နိုင်ငံတကာက သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကိုတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ခဲ့ပြီး၊ ၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာအောင် ကြိုးပမ်းဖို့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာအောင် သွေးစည်းညီညွတ်ကြဖို့ တိုက်တွန်း သွားပါတယ်။ ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးဖြစ်မြောက်ဖို့ ၊ ပြည်တွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ၊ ပြည်ထောင်စုစိတ်ဓါတ်တွေ ခိုင်မာ သန်စွမ်းလာအောင် လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ မကြာခင်ကာလမှာ အစိုးရဖွဲ့တော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းပဋိပက္ခချုပ်ရေးအတွက် ပြောဆိုနေပေမယ့်၊ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ကြေငြာထားခြင်းတော့ မရှိပါဘူး။

နေပြည်တော်က ပြည်ထောင်စုနေ့
​နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ သမ္မတဦးသိန်းစိန်  သဝဏ်လွှာပေးပို့ခဲ့ပြီး၊ အဲဒီသဝဏ်လွှာအတွင်းမှာတော့ - ရွေးကောက်ပွဲအောင်အောင်မြင်မြင် ကျင်းပပြီး၊ အစိုးရသစ်ကို နိုင်ငံရဲ့ အနာဂတ်ကို သိမ်မွေ့ညင်သာစွာ လွှဲပြောင်းပေးဖို့ စီစဉ်နေတာ၊ မကြာသေးခင်က တိုင်းရင်းသား လက်နက်ကို််င်အဖွဲ့တချို့ နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ခဲ့ပြီး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခဲ့တာတွေကို ဖော်ပြထားပါတယ်။


ပြည်ထောင်စုနေ့ ညစာစားပွဲ-သမ္မတနဲ့ ဒေါ်စု
ဒါပေမဲ့လည်း မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတုန်းပဲဖြစ်ပြီး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့် ရောက်ပြီးလို့ ပြောလို့မရသေးပဲဖြစ်နေပါတယ်။

NLD ပါတီဘက်ကတော့ သူတို့အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ပါတီဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောကြားသွားခဲ့ ပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment