Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

အေလွ်ာ္အဖြတ္ ၊ အခ်က္အျပဳတ္ မတတ္တဲ့ အိမ္ရွင္မ တစ္ဦး ေထာင္ ၆ ႏွစ္ ထိ က်ခံရဖြယ္ရွိေန



အမ်ိဳးသမီး တစ္ေယာက္ဟာ သူမရဲ ႔ခင္ပြန္းျဖစ္သူက သူမကို အေလွ်ာ္အဖြတ္ ၊ အခ်က္အျပဳတ္ လံုေလာက္စြာ တတ္ကၽြမ္းမႈ မရွိဘူးလို႔ အခိုင္အမာဆိုခဲ့တာေၾကာင့္ ေထာင္ဒဏ္ ၆ ႏွစ္ခန္႔ က်ခံရဖြယ္ရွိေနပါတယ္။

အသက္ ၄၀ အရြယ္ ထို ဇနီးသည္ဟာ မိသားစုကို ႏွိပ္စက္မႈနဲ႔ ျပစ္ဒဏ္က်ခံခဲ့ရတာ ျဖစ္ပါတယ္။ အသက္ ၄၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ သူမရဲ႕ ခင္ပြန္းကေတာ့ သူဟာ တစ္ကိုယ္ရည္သန္႔ရွင္းမႈ နိမ့္က်တဲ့ အေျခအေနမွာ ေနထိုင္ခဲ့ရတယ္လို႔ အခိုင္အမာ စြပ္စြဲထားပါတယ္။

ထို ဇနီးသည္ရဲ ႔ မိသားစုအေပၚ ႏွိပ္စက္ခဲ့မႈ နဲ႔ ပတ္သက္ၿပီး  ခင္ပြန္းျဖစ္သူက သူ႔အေနနဲ႔ အႏွိပ္စက္ခံခဲ့ရတာ ၂ ႏွစ္ခန္႔ရွိခဲ့ၿပီလို႔ စြပ္စြဲထားပါတယ္။ အိမ္နီးနားခ်င္းေတြရဲ ႔ ထြက္ဆိုခ်က္အရလည္း ဇနီးျဖစ္သူရဲ ႔ အခ်က္အျပဳတ္ မႏိုင္နင္းမႈေၾကာင့္ ခင္ပြန္းျဖစ္သူဟာ အသင့္စား အစားအစာေတြကို ပံုမွန္အားျဖင့္ ၀ယ္စားခဲ့ရတယ္လို႔လည္း သိရပါတယ္။

တရားရံုးထြက္ဆိုခ်က္ေတြအရေတာ့ ဇနီးျဖစ္သူဟာ အီတလီ ႏိုင္ငံ ၊ လာဇီယိုၿမိဳ ႔မွာ ရွိတဲ့ သူတို႔ရဲ ႔ေနအိမ္ကေန ခင္ပြန္းျဖစ္သူကို ႏွင္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဇနီးျဖစ္သူကေတာ့ ျပစ္ဒဏ္ေတြကို ျငင္းဆိုထားၿပီး ဆက္လက္ အမႈရင္ဆိုင္သြားမွာျဖစ္ပါတယ္။


( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

.................................................

အလျှော်အဖွတ် ၊ အချက်အပြုတ် မတတ်တဲ့ အိမ်ရှင်မ တစ်ဦး ထောင် ၆ နှစ် ထိ ကျခံရဖွယ်ရှိနေ

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ ့ခင်ပွန်းဖြစ်သူက သူမကို အလျှော်အဖွတ် ၊ အချက်အပြုတ် လုံလောက်စွာ တတ်ကျွမ်းမှု မရှိဘူးလို့ အခိုင်အမာဆိုခဲ့တာကြောင့် ထောင်ဒဏ် ၆ နှစ်ခန့် ကျခံရဖွယ်ရှိနေပါတယ်။

အသက် ၄၀ အရွယ် ထို ဇနီးသည်ဟာ မိသားစုကို နှိပ်စက်မှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိနေပြီဖြစ်တဲ့ သူမရဲ့ ခင်ပွန်းကတော့ သူဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု နိမ့်ကျတဲ့ အခြေအနေမှာ နေထိုင်ခဲ့ရတယ်လို့ အခိုင်အမာ စွပ်စွဲထားပါတယ်။

ထို ဇနီးသည်ရဲ ့ မိသားစုအပေါ် နှိပ်စက်ခဲ့မှု နဲ့ ပတ်သက်ပြီး  ခင်ပွန်းဖြစ်သူက သူ့အနေနဲ့ အနှိပ်စက်ခံခဲ့ရတာ ၂ နှစ်ခန့်ရှိခဲ့ပြီလို့ စွပ်စွဲထားပါတယ်။ အိမ်နီးနားချင်းတွေရဲ ့ ထွက်ဆိုချက်အရလည်း ဇနီးဖြစ်သူရဲ ့ အချက်အပြုတ် မနိုင်နင်းမှုကြောင့် ခင်ပွန်းဖြစ်သူဟာ အသင့်စား အစားအစာတွေကို ပုံမှန်အားဖြင့် ၀ယ်စားခဲ့ရတယ်လို့လည်း သိရပါတယ်။

တရားရုံးထွက်ဆိုချက်တွေအရတော့ ဇနီးဖြစ်သူဟာ အီတလီ နိုင်ငံ ၊ လာဇီယိုမြို ့မှာ ရှိတဲ့ သူတို့ရဲ ့နေအိမ်ကနေ ခင်ပွန်းဖြစ်သူကို နှင်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဇနီးဖြစ်သူကတော့ ပြစ်ဒဏ်တွေကို ငြင်းဆိုထားပြီး ဆက်လက် အမှုရင်ဆိုင်သွားမှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment