Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 23, 2016

ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ေက်ာက္စာ) ၏ Memory of the World အသိအမွတ္ျပဳလႊာကုိ ယူနက္စကုိက ေပးပုိ႔

ျမေစတီ ေက်ာက္စာအား ျမင္ေတြ႔ရစဥ္( ဓာတ္ပံု--ယဥ္ေက်းမႈ ဝန္ႀကီးဌာန)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃ ရက္ (ဆင္ဟြာ)

    အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ အဘူဒါဘီၿမိဳ႕တြင္ ၂၀၁၅-ခုႏွစ္၊ ေအာက္တိုဘာလ( ၄ ) ရက္မွ ေအာက္တိုဘာလ ( ၆ ) ရက္ေန႔အထိ က်င္းပေသာ ကမၻာ့မွတ္တမ္း အေမြအႏွစ္ အစီအစဥ္၊ အျပည္ျပည္ဆိုင္ရာ အႀကံေပး ေကာ္မတီ၏ (၁၂) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ ၂၀၁၅-ခုႏွစ္အတြက္ ကမၻာ့မွတ္တမ္း အေမြအႏွစ္ ေလွ်ာက္ထားမႈေပါင္း (၈၈) ခု အနက္မွ ျမန္မာနိုင္ငံ မွ တင္သြင္းေသာ ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ ေက်ာက္စာ) ကို ယူနက္စကို ကမၻာ့ မွတ္တမ္း အေမြအႏွစ္ စာရင္းတြင္ ထည့္သြင္း သတ္မွတ္ အတည္ျပဳခဲ့ေၾကာင္း ယဥ္ေက်းမႈဝန္ႀကီးဌာနမွ  သတင္း ထုတ္ျပန္သည္။

ယခုအခါ Memory of the World အစီအစဥ္မွ ေပးအပ္ေသာ ယူနက္စကုိ ညႊန္ၾကားေရးမွဴးခ်ဳပ္မွ လက္မွတ္ ေရးထုိးထားသည္႔ ပုဂံၿမဳိ႕ရွိ ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ေက်ာက္စာ) (Myazedi Quadrilingual stone inscription) ကုိ Memory of the World စာရင္းသုိ႔ ထည္႔သြင္းခဲ႔ေၾကာင္း ယူနက္စကုိ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္၊ ဆက္သြယ္ေရးႏွင့္ သတင္းဌာနမွ ျမန္မာႏုိင္ငံ ေရွးေဟာင္း သုေတသနႏွင္႔ အမ်ဳိးသား ျပတုိက္ ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္၊ ထံသုိ႔ အသိအမွတ္ ျပဳလႊာကုိ ေပးပုိ႔ခဲ႔ၿပီး ျဖစ္ေၾကာင္း သိရသည္။

ယူနက္စကို၏ ကမၻာ့မွတ္တမ္း အေမြအႏွစ္ အစီအစဥ္ကို ၁၉၉၂ ခုႏွစ္တြင္ စတင္ ဖြဲ႕စည္းခဲ့ၿပီး ယခုအခ်ိန္အထိ ကမၻာတစ္ဝန္းမွ မွတ္တမ္း အေမြ အႏွစ္ေပါင္း (၃၄၈) ခုကို ကမၻာ့မွတ္တမ္း အေမြအႏွစ္ အျဖစ္ သတ္မွတ္ ခဲ့ၿပီး ျဖစ္ပါသည္။

ဘာသာေလးမ်ိဳးျဖင့္ ေရးထိုးထားေသာ ျမေစတီ ေက်ာက္စာ (ရာဇကုမာရ္ ေက်ာက္စာ) အား၂၀၁၄-ခုႏွစ္၊ မတ္လ (၂၈) ရက္ေန႔ တြင္ ကမၻာ့ မွတ္တမ္း အေမြအႏွစ္အျဖစ္ သတ္မွတ္နိုင္ေရး အတြက္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ေရွးေဟာင္း သုေတသနႏွင္႔ အမ်ဳိးသား ျပတုိက္ ဦးစီးဌာနက အဆိုျပဳ ပုံစံမ်ား ေရးသား၍ ယူနက္စကိုသို႔ တင္သြင္း ခဲ့ပါသည္။ 

(Xinhua)
http://www.xinhuamyanmar.com

.......................................


မြစေတီ ကျောက်စာအား မြင်တွေ့ရစဉ်( ဓာတ်ပုံ--ယဉ်ကျေးမှု ဝန်ကြီးဌာန)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

    အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ အောက်တိုဘာလ ( ၆ ) ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၅-ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် လျှောက်ထားမှုပေါင်း (၈၈) ခု အနက်မှ မြန်မာနိုင်ငံ မှ တင်သွင်းသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကို ယူနက်စကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြုခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ  သတင်း ထုတ်ပြန်သည်။

ယခုအခါ Memory of the World အစီအစဉ်မှ ပေးအပ်သော ယူနက်စကို ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ် ရေးထိုးထားသည့် ပုဂံမြို့ရှိ မြစေတီ ကျောက်စာ (ရာဇကုမာရ်ကျောက်စာ) (Myazedi Quadrilingual stone inscription) ကို Memory of the World စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးနှင့် သတင်းဌာနမှ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ထံသို့ အသိအမှတ် ပြုလွှာကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းမှ မှတ်တမ်း အမွေ အနှစ်ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ် ခဲ့ပြီး ဖြစ်ပါသည်။

ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) အား၂၀၁၄-ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ တွင် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက အဆိုပြု ပုံစံများ ရေးသား၍ ယူနက်စကိုသို့ တင်သွင်း ခဲ့ပါသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment