Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 23, 2016

ေခါင္းအက်ိတ္ထုပ္ေရာဂါခြဲစိတ္ရန္ မႏၲေလးသုိ႔သြားၿပီ


ေဖေဖာ္ဝါရီ ၂၃

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ့နယ္မွ ေအြ႔ရူထီအမည္ရွိ ဦးေခါင္းထုပ္ႀကီး ေရာဂါေဝဒါနာရွင္သည္ မႏၲေလးတြင္ ခြဲစိတ္ေဆးကုသမႈခံယူရန္ ပလက္ဝမွယေန႔စတင္ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။

ေအြ႔ရူထီ၏ေရာဂါႏွင့္ပတ္သက္၍ ၿပီးခ့ဲသည့္လက အင္တာနက္စာမ်က္ႏွာေပၚတြင္ ျပန္႔ႏွံ႔ခ့ဲၿပီး ဝမ္းတူဝမ္းပရဟိတအဖြဲ႔ႏွင့္ ဆက္သြယ္မိျခင္းျဖစ္ၿပီး ယခုအခါ မႏၲေလးေဆးရုံသုိ႔ေဆးကုသမႈခံယူရန္ လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ဝမ္းတူးဝမ္းအဖြဲ႔က ကုိဝမ္းနဲ႔ဆက္သြယ္ထားတယ္။ မႏၲေလးေဆးရုံမွာ ျပၿပီး ဘယ္လုိလုပ္ျဖစ္မယ္ဆုိတာ သိရမယ္။ ပုံမွန္အဆင့္အထိ မခြဲစိတ္ႏုိင္ရင္ေတာင္ ပလပ္စတစ္ဆာဂ်ာရီေလာက္ အနည္းဆုံးလုပ္ႏုိင္မယ္လုိ႔ေမ်ာ္လင့္တယ္" ဟု ေအြ႔ရူထီ၏ဓါတ္ပုံရုိက္ယူၿပီး Social Media ေပၚကနဦးတင္ေပးသူ ဦးေအာင္ရွိန္းမွ ခူမီးမီဒီယာသုိ႔ေျပာသည္။

ေအြ႔ရူထီသည္ အသက္ ၁၉ႏွစ္ရွိၿပီျဖစ္ၿပီး ေမြးရာပါေရာဂါဟု သိရွိရသည္။ ေငြေၾကးအခက္ေၾကာင့္ ယခင္က ခြဲစိတ္ရန္ အိပ္မက္မမက္ျဖစ္ခ့ဲေသာ္လည္း Social Mediaႏွင့္ ေစတနာရွင္တုိ႔ ၏ေက်းဇူးေၾကာင့္သာ ယခုက့ဲသုိ႔ အခြင့္အလမ္းရရွိျခင္း ျဖစ္ေၾကာင္းသိရသည္။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup

..............................


ဖေဖော်ဝါရီ ၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အွေ့ရူထီအမည်ရှိ ဦးခေါင်းထုပ်ကြီး ရောဂါဝေဒါနာရှင်သည် မန္တလေးတွင် ခွဲစိတ်ဆေးကုသမှုခံယူရန် ပလက်ဝမှယနေ့စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အွေ့ရူထီ၏ရောဂါနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက အင်တာနက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ဝမ်းတူဝမ်းပရဟိတအဖွဲ့နှင့် ဆက်သွယ်မိခြင်းဖြစ်ပြီး ယခုအခါ မန္တလေးဆေးရုံသို့ဆေးကုသမှုခံယူရန် လာကြခြင်းဖြစ်ကြောင်း သိရသည်။

"ဝမ်းတူးဝမ်းအဖွဲ့က ကိုဝမ်းနဲ့ဆက်သွယ်ထားတယ်။ မန္တလေးဆေးရုံမှာ ပြပြီး ဘယ်လိုလုပ်ဖြစ်မယ်ဆိုတာ သိရမယ်။ ပုံမှန်အဆင့်အထိ မခွဲစိတ်နိုင်ရင်တောင် ပလပ်စတစ်ဆာဂျာရီလောက် အနည်းဆုံးလုပ်နိုင်မယ်လို့မျော်လင့်တယ်" ဟု အွေ့ရူထီ၏ဓါတ်ပုံရိုက်ယူပြီး Social Media ပေါ်ကနဦးတင်ပေးသူ ဦးအောင်ရှိန်းမှ ခူမီးမီဒီယာသို့ပြောသည်။

အွေ့ရူထီသည် အသက် ၁၉နှစ်ရှိပြီဖြစ်ပြီး မွေးရာပါရောဂါဟု သိရှိရသည်။ ငွေကြေးအခက်ကြောင့် ယခင်က ခွဲစိတ်ရန် အိပ်မက်မမက်ဖြစ်ခဲ့သော်လည်း Social Mediaနှင့် စေတနာရှင်တို့ ၏ကျေးဇူးကြောင့်သာ ယခုကဲ့သို့ အခွင့်အလမ်းရရှိခြင်း ဖြစ်ကြောင်းသိရသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup

No comments:

Post a Comment