Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

ထိုင္းအစားကို ျမန္မာ စတုတၳအမ်ားဆုံး ဝယ္ယူ


ျမန္မာႏိုင္ငံဟာ ​ထိုင္းႏိုင္ငံက ​အစားအေသာက္ေတြကို ​စတုတၱအမ်ားဆုံး ​ဝယ္ယူတဲ့ ​ႏိုင္ငံျဖစ္လာတယ္လို႔ ​The ​Nation ​သတင္းမွာ ​ေဖာ္ျပထားပါတယ္။

ထိုင္းႏိုင္ငံက ​အစားအေသာက္ေတြကို ​ဂ်ပန္က ​အမ်ားဆုံး ​ဝယ္ယူၿပီး ​အဲဒီေနာက္ ​အေမရိကန္နဲ႔ ​တရုတ္ႏိုင္ငံတို႔က ​ဝယ္ယူၾကေပမယ့္ ​ျမန္မာႏိုင္ငံဟာ ​ထိုင္းအစားအစာေတြကို ​စတုတၱ ​အမ်ားဆုံး ​ဝယ္ယူတင္သြင္းေနတာ ​ျဖစ္ပါတယ္။

အရင္တစ္ႏွစ္ထဲမွာပဲ ​ျမန္မာႏိုင္ငံက ​ထိုင္း ​အစားအေသာက္ကို ​၂၄% ​တိုးၿပီး ​ဝယ္ယူေနတာ ​ျဖစ္ၿပီး ​ဒီႏွစ္အတြင္း ​ျမန္မာ ​စီးပြားေရးက ​၈% ​တိုးတက္ဖို႔ ​ရွိတာေၾကာင့္ ​ပိုၿပီး ​ေရာင္းခ်ဖို႔ ​ထိုင္းက ​ႀကိဳးစားေနပါတယ္။

ျမန္မာႏိုင္ငံကို ​သြားၿပီး ​ေလ့လာတဲ့အခါမွာ ​ျမန္မာေတြက ​ေခါက္ဆြဲေတြ ​ပါတဲ့ ​အစားအေသာက္ေတြ၊ ​ဆားမ်ားတဲ့ ​အစားအေသာက္ကို ​ႀကိဳက္တာကို ​ေတြ႔ခဲ့ရတယ္လို႔ ​ဆိုပါတယ္။ ​ဒါ့အျပင္ ​အျပဳတ္ထက္ ​အေၾကာ္ကို ​ပိုႀကိဳက္ၿပီး ​ဟင္းထဲမွာ ​အုန္းႏို႔ေတြကို ​အသုံးျပဳတာ ​သိပ္မႀကိဳက္တာကိုလည္း ​ေတြ႔ခဲ့ရပါတယ္။

ျမန္မာႏိုင္ငံဟာ ​ထိုင္းႏိုင္ငံကေန ​သၾကားေတြ၊ ​လီပိုလို ​energy ​အရည္ေတြ၊ ​ဘီယာ၊ ​ဝီစကီ၊ ​မုန္႔ကြ်တ္ေတြ၊ ​ေဆးဖက္ဝင္ ​အစားအေသာက္၊ ​ေကာ္ဖီနဲ႔ ​ဆီအုန္းေတြကို ​အမ်ားဆုံး ​ဝယ္ယူေနၾကတယ္လို႔ ​ဆိုပါတယ္။

ျမန္မာေစ်းကြက္ကို ​ထိုးေဖာက္ႏိုင္ဖို႔ ​ထိုင္း ​အစားအေသာက္ထုတ္တဲ့ ​ကုမၸဏီေတြဟာလည္း ​ျမန္မာကို ​သြားၿပီး ​ျပသ ​ျမည္းစမ္းခိုင္းတာမ်ဳိးေတြ ​ျပဳလုပ္ၿပီး ​ေစ်းကြက္ေလ့လာေနၾကေၾကာင္း ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.......


မြန်မာနိုင်ငံဟာ ​ထိုင်းနိုင်ငံက ​အစားအသောက်တွေကို ​စတုတ္တအများဆုံး ​ဝယ်ယူတဲ့ ​နိုင်ငံဖြစ်လာတယ်လို့ ​The ​Nation ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ​အစားအသောက်တွေကို ​ဂျပန်က ​အများဆုံး ​ဝယ်ယူပြီး ​အဲဒီနောက် ​အမေရိကန်နဲ့ ​တရုတ်နိုင်ငံတို့က ​ဝယ်ယူကြပေမယ့် ​မြန်မာနိုင်ငံဟာ ​ထိုင်းအစားအစာတွေကို ​စတုတ္တ ​အများဆုံး ​ဝယ်ယူတင်သွင်းနေတာ ​ဖြစ်ပါတယ်။

အရင်တစ်နှစ်ထဲမှာပဲ ​မြန်မာနိုင်ငံက ​ထိုင်း ​အစားအသောက်ကို ​၂၄% ​တိုးပြီး ​ဝယ်ယူနေတာ ​ဖြစ်ပြီး ​ဒီနှစ်အတွင်း ​မြန်မာ ​စီးပွားရေးက ​၈% ​တိုးတက်ဖို့ ​ရှိတာကြောင့် ​ပိုပြီး ​ရောင်းချဖို့ ​ထိုင်းက ​ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံကို ​သွားပြီး ​လေ့လာတဲ့အခါမှာ ​မြန်မာတွေက ​ခေါက်ဆွဲတွေ ​ပါတဲ့ ​အစားအသောက်တွေ၊ ​ဆားများတဲ့ ​အစားအသောက်ကို ​ကြိုက်တာကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။ ​ဒါ့အပြင် ​အပြုတ်ထက် ​အကြော်ကို ​ပိုကြိုက်ပြီး ​ဟင်းထဲမှာ ​အုန်းနို့တွေကို ​အသုံးပြုတာ ​သိပ်မကြိုက်တာကိုလည်း ​တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ ​ထိုင်းနိုင်ငံကနေ ​သကြားတွေ၊ ​လီပိုလို ​energy ​အရည်တွေ၊ ​ဘီယာ၊ ​ဝီစကီ၊ ​မုန့်ကျွတ်တွေ၊ ​ဆေးဖက်ဝင် ​အစားအသောက်၊ ​ကော်ဖီနဲ့ ​ဆီအုန်းတွေကို ​အများဆုံး ​ဝယ်ယူနေကြတယ်လို့ ​ဆိုပါတယ်။

မြန်မာစျေးကွက်ကို ​ထိုးဖောက်နိုင်ဖို့ ​ထိုင်း ​အစားအသောက်ထုတ်တဲ့ ​ကုမ္ပဏီတွေဟာလည်း ​မြန်မာကို ​သွားပြီး ​ပြသ ​မြည်းစမ်းခိုင်းတာမျိုးတွေ ​ပြုလုပ်ပြီး ​စျေးကွက်လေ့လာနေကြကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment