Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

၂၀၁၅ တုန္းက Keanu Reeves တင္လိုက္တဲ့ ပို႔စ္


၂၀၁၅ တုန္းက Keanu Reeves တင္လိုက္တဲ့ ပို႔စ္တစ္ခု ရွိတယ္။ ဒီပံုကေလးနဲ႔ တြဲ တက္လာခဲ့တာပါ။ ေရးထားတဲ့ စာကေတာ့ -

"ခင္ဗ်ားတို႔ က်ဳပ္ေနာက္က လူေတြကိုေတြ႕သလား။ အားလံုးဟာ စားဝတ္ေနေရးအတြက္ လႈပ္ရွား ႐ုန္းကန္ေနၾကတာ ပတ္ဝန္းက်င္ကို သတိမထားမိ ၾကဘူး။

ဒီလိုပါပဲေလ... က်ဳပ္တို႔လဲ တစ္ခါတစ္ခါ ခ်မ္းသာစြာ ေနဖို႔ အတြက္ အလုပ္လုပ္ေနၾကတာ ေနာက္ဆံုး အလုပ္ပဲ ျမင္ေတာ့တယ္။ ခ်မ္းသာစြာ ေနဖို႔ကိုေတာ့ ေမ့သြားတတ္ၾကတယ္ မဟုတ္လား။

ဒါ့ေၾကာင့္ ဖုန္းကိုၾကည့္ေနက် မ်က္ႏွာေလးကို တစ္ခါတစ္ခါ ေဘးပတ္ဝန္းက်င္ကို ေျပာင္းၾကည့္ေပးပါ။ သီခ်င္းေတြ နားေထာင္ေနတဲ့ နားၾကပ္ေတြ ကိုလဲ ခၽြတ္လို႔ ကိုယ့္ေဘးက လူေတြကို ဂ႐ုစိုက္ၾကည့္ပါ။

အနီးကလူကို နႈတ္ဆက္ျခင္းနဲ႔ အစပ်ိဳး ၾကည့္ပါ။ နာက်င္ေနတဲ့ လူေတြကို ႏွစ္သိမ့္ေပးျခင္းနဲ႔ လက္တြဲပါ။ အကူအညီလိုအပ္ေနတဲ့သူကို တတ္ႏိုင္တဲ့ ဘက္က ျဖည့္စည္း ေပးၾကည့္ပါ။

ေန႔တိုင္းေန႔တိုင္းဟာ ခင္ဗ်ားတို႔ရဲ႕ ေနာက္ဆံုးေန႔လို႔ ခံယူၿပီးေတာ့ကို ျပည့္ျပည့္ဝဝ ေနၾကည့္ပါ။

က်ဳပ္ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္က စလို႔ စိတ္ဖိစီး ခဲ့ဖူးတယ္။ ဒါေပမယ့္ က်ဳပ္ ဘယ္သူမွ မေျပာခဲ့ဘူးေလ။ က်ဳပ္ ကိုယ့္ဘာသာကိုယ္ မရမက ဒီ စိတ္ဖိစီးမႈကို တြန္းလွန္ ခဲ့ရတယ္။

ေနာက္ဆံုးမွာ က်ဳပ္တစ္ခုကို နားလည္သြားတယ္ဗ်ာ။ က်ဳပ္ ရဲ႕ စိတ္ခ်မ္းသာမႈကို ထိန္းခ်ဳပ္ထားတာ သည္ က်ဳပ္ကိုယ္တိုင္ ျဖစ္ေနတယ္။

ဒီေတာ့ က်ဳပ္ ဆံုးျဖတ္ခ်က္ တစ္ခု ခ်လိုက္ တယ္။ ေန႔တိုင္းဟာ အဖိုးတန္တယ္း ဒီေတာ့ က်ဳပ္ တန္ဖိုး အရွိဆံုး ျဖစ္ေအာင္ ေနမယ္။

မနက္ျဖန္ဆိုတာ မေသခ်ာဘူးေလ။ ဒီေတာ့ ခင္ဗ်ားတို႔လဲ ဒီေန႔မွာပဲ ကိုယ္လဲ ေကာင္းေအာင္ေနသလို ပတ္ဝန္းက်င္ ကိုလဲ တတ္ႏိုင္သေလာက္ ေကာင္းလာေအာင္ အားထုတ္ၾကည့္ၾကပါ။"

- Keanu Reeves

- မွတ္စုၾကမ္း ‪#‎kyawnge‬
‪#‎Credit‬ ‪#‎MyIdol‬

...........................................................................


၂၀၁၅ တုန်းက Keanu Reeves တင်လိုက်တဲ့ ပို့စ်တစ်ခု ရှိတယ်။ ဒီပုံကလေးနဲ့ တွဲ တက်လာခဲ့တာပါ။ ရေးထားတဲ့ စာကတော့ -

"ခင်ဗျားတို့ ကျုပ်နောက်က လူတွေကိုတွေ့သလား။ အားလုံးဟာ စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်နေကြတာ ပတ်ဝန်းကျင်ကို သတိမထားမိ ကြဘူး။

ဒီလိုပါပဲလေ... ကျုပ်တို့လဲ တစ်ခါတစ်ခါ ချမ်းသာစွာ နေဖို့ အတွက် အလုပ်လုပ်နေကြတာ နောက်ဆုံး အလုပ်ပဲ မြင်တော့တယ်။ ချမ်းသာစွာ နေဖို့ကိုတော့ မေ့သွားတတ်ကြတယ် မဟုတ်လား။

ဒါ့ကြောင့် ဖုန်းကိုကြည့်နေကျ မျက်နှာလေးကို တစ်ခါတစ်ခါ ဘေးပတ်ဝန်းကျင်ကို ပြောင်းကြည့်ပေးပါ။ သီချင်းတွေ နားထောင်နေတဲ့ နားကြပ်တွေ ကိုလဲ ချွတ်လို့ ကိုယ့်ဘေးက လူတွေကို ဂရုစိုက်ကြည့်ပါ။

အနီးကလူကို နှုတ်ဆက်ခြင်းနဲ့ အစပျိုး ကြည့်ပါ။ နာကျင်နေတဲ့ လူတွေကို နှစ်သိမ့်ပေးခြင်းနဲ့ လက်တွဲပါ။ အကူအညီလိုအပ်နေတဲ့သူကို တတ်နိုင်တဲ့ ဘက်က ဖြည့်စည်း ပေးကြည့်ပါ။

နေ့တိုင်းနေ့တိုင်းဟာ ခင်ဗျားတို့ရဲ့ နောက်ဆုံးနေ့လို့ ခံယူပြီးတော့ကို ပြည့်ပြည့်ဝဝ နေကြည့်ပါ။

ကျုပ် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စလို့ စိတ်ဖိစီး ခဲ့ဖူးတယ်။ ဒါပေမယ့် ကျုပ် ဘယ်သူမှ မပြောခဲ့ဘူးလေ။ ကျုပ် ကိုယ့်ဘာသာကိုယ် မရမက ဒီ စိတ်ဖိစီးမှုကို တွန်းလှန် ခဲ့ရတယ်။

နောက်ဆုံးမှာ ကျုပ်တစ်ခုကို နားလည်သွားတယ်ဗျာ။ ကျုပ် ရဲ့ စိတ်ချမ်းသာမှုကို ထိန်းချုပ်ထားတာ သည် ကျုပ်ကိုယ်တိုင် ဖြစ်နေတယ်။

ဒီတော့ ကျုပ် ဆုံးဖြတ်ချက် တစ်ခု ချလိုက် တယ်။ နေ့တိုင်းဟာ အဖိုးတန်တယ်း ဒီတော့ ကျုပ် တန်ဖိုး အရှိဆုံး ဖြစ်အောင် နေမယ်။

မနက်ဖြန်ဆိုတာ မသေချာဘူးလေ။ ဒီတော့ ခင်ဗျားတို့လဲ ဒီနေ့မှာပဲ ကိုယ်လဲ ကောင်းအောင်နေသလို ပတ်ဝန်းကျင် ကိုလဲ တတ်နိုင်သလောက် ကောင်းလာအောင် အားထုတ်ကြည့်ကြပါ။"

- Keanu Reeves

- မှတ်စုကြမ်း ‪#‎kyawnge‬
‪#‎Credit‬ ‪#‎MyIdol‬

No comments:

Post a Comment