Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ေဒၚေအာင္ဆန္းစုၾကည္ကိုလုပ္ၾကံဖို႔ Facebook မွာ ေရးခဲ့သူကို NLD တရားစြဲမည္


Facebook လူမႈေရး စာမ်က္ႏွာမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေရးသားခဲ့သူကို အေရးယူဖို႔ NLD အမ်ိဳးသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္က စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

 ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ေနတယ္လို႔ NLD ဗဟိုအလုပ္အမႈေဆာင္ ဦးဝင္းထိန္က RFA ကို ေျပာပါတယ္။

 ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရးအတြက္ အတားအဆီး ျဖစ္ေနတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၅၉-စ ကို ဆိုင္းငံထားဖို႔ NLD က ႀကိဳးစားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခ်ိန္မွာပဲ "ရဲလြင္ျမင့္" အမည္ရွိလူတေယာက္က Facebook လူမႈေရးစာမ်က္ႏွာမွာ... ပုဒ္မ ၅၉-စ ကို ဆိုင္းငံ့လိုက္ရင္ "သူ႔ကို လက္နက္သာ တပ္ဆင္ေပး၊ ေသေအာင္သတ္ေပးမယ္" ဆုိၿပီး ၿခိမ္းေျခာက္စာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

 ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို ၿခိမ္းေျခာက္မႈေတြ အရင္ကလည္း အမ်ားႀကီး ရွိခဲ့ဖူးတယ္လို႔ ဦးဝင္းထိန္က ေျပာပါတယ္။

 ဒီကိစၥနဲ႔ပတ္သက္ၿပီး အေရးယူသင့္တယ္လို႔ လူမႈေရးစာမ်က္ႏွာေတြမွာ အမ်ားအျပား ေရးသားေနၾကေပမယ့္ အေရးယူေပးဖို႔ တိုင္ၾကားသူ မရွိေသးဘူးလို႔ ရဲတပ္ဖြဲ႔က ေျပာဆုိထားပါတယ္။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA
.......................


Facebook လူမှုရေး စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရေးသားခဲ့သူကို အရေးယူဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စီစဉ်နေတယ်လို့ သိရပါတယ်။

 ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉-စ ကို ဆိုင်းငံထားဖို့ NLD က ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ "ရဲလွင်မြင့်" အမည်ရှိလူတယောက်က Facebook လူမှုရေးစာမျက်နှာမှာ... ပုဒ်မ ၅၉-စ ကို ဆိုင်းငံ့လိုက်ရင် "သူ့ကို လက်နက်သာ တပ်ဆင်ပေး၊ သေအောင်သတ်ပေးမယ်" ဆိုပြီး ခြိမ်းခြောက်စာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ခြိမ်းခြောက်မှုတွေ အရင်ကလည်း အများကြီး ရှိခဲ့ဖူးတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူသင့်တယ်လို့ လူမှုရေးစာမျက်နှာတွေမှာ အများအပြား ရေးသားနေကြပေမယ့် အရေးယူပေးဖို့ တိုင်ကြားသူ မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

No comments:

Post a Comment