Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 23, 2016

ဝန္းရံသူႏွစ္ဦး ေဆးကုသခြင့္အာမခံ သာယာဝတီတရားရံုး ပယ္ခ်

သာယာဝတီၿမိဳ႕နယ္ တရားရံုးကို ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/RFA
ပဲခူးတုိင္းေဒသႀကီး သာယာ၀တီအက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသား/ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို ဒီေန႔ သာယာ၀တီၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္ရာ က်န္းမာေရးမေကာင္းတဲ့ ၀န္းရံသူ ၂ ဦးကို ေဆးကုသခြင့္အာမခံ ေလွ်ာက္ထားတာကို ၿမိဳ႕နယ္ တရားသူႀကီးက ပယ္ခ်လိုက္ပါတယ္။

ၿပီးခဲ့တဲ့တပတ္ရံုးခ်ိန္းမွာ အာမခံ ေလ်ွာက္ထားခဲ့တာျဖစ္ၿပီး ေထာင္ေဆးရံုရဲ့ ေဆးစာမပါတာေၾကာင့္ အာမခံကို ပယ္ခ်လိုက္တာျဖစ္တယ္လို႔ ေက်ာင္းသားေတြရဲ့ အမႈကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ေဒၚခင္ခင္ေက်ာ္ က ေျပာပါတယ္။

"အာမခံ ၂ ေယာက္ေလွ်ာက္တာကို ပယ္လိုက္ပါတယ္၊ ေဒၚခင္မာဝင္းနဲ႔ ကိုစန္းလြင္ဦး၊ ဝန္းရံျပည္သူ ၂ ေယာက္ေဆးစာနဲ႔ ေလွ်ာက္တာကို ပယ္လိုက္ တယ္ေပါ့ေနာ္၊ ၿပီးခဲ့တဲ့ ရံုးခ်ိန္းက က်မေလွ်ာက္ထားတာ ပါ၊ ေဆးစာရဲ႕ရက္စြဲက ေနာက္ဆံုးရက္စြဲမဟုတ္ လို႔ဆိုၿပီး ပယ္ခ်လိုက္တာပါ၊ ျပင္ပ သာယာဝတီေဆးရံု က ေဆးစာေတြလည္းပါတယ္၊ ေထာင္တြင္းေဆးစာက က်မတို႔ဒီေန႔မွရတာေလ၊ "

အဲဒီ၀န္းရံသူ ၂ ဦးဟာ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ မ်က္စိ၊ နား နဲ႔ ခါးရိုးကိုက္ခဲတာေတြေၾကာင့္ လက္ရွိ အက်ဥ္းေထာင္ထဲမွာလည္း ေဆးကုသေနရတယ္လို႔ သိရပါတယ္။

အမ်ိဳးသားပညာေရးဥပေဒကိုျပင္ဆင္ေပးဖို႔ သပိတ္ေမွာက္ဆႏၵျပခဲ့တာေၾကာင့္ ေက်ာင္းသား/ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို သာယာ၀တီအက်ဥ္းေထာင္မွာ ဖမ္းဆီးထားရာကေန အာမခံနဲ႔ လြတ္ေျမာက္သူ ၂၃ ဦး ရွိေနၿပီလို႔ သိရပါတယ္။

လက္ရွိ သာယာ၀တီအက်ဥ္းေထာင္မွာ ေက်ာင္းသားေက်ာင္းသူနဲ႔ ၀န္းရံသူ ၄၅ ဦး ဖမ္းဆီးထိန္းသိမ္းခံထားရ ဆဲျဖစ္ၿပီး ေက်ာင္းသားေခါင္းေဆာင္ ကိုေက်ာ္ကိုကိုကိုေတာ့ ရန္ကုန္ၿမိဳ႕ အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္း သိမ္းထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာ ကျန်းမာရေးမကောင်းတဲ့ ၀န်းရံသူ ၂ ဦးကို ဆေးကုသခွင့်အာမခံ လျှောက်ထားတာကို မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ အာမခံ လျှောက်ထားခဲ့တာဖြစ်ပြီး ထောင်ဆေးရုံရဲ့ ဆေးစာမပါတာကြောင့် အာမခံကို ပယ်ချလိုက်တာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော် က ပြောပါတယ်။

"အာမခံ ၂ ယောက်လျှောက်တာကို ပယ်လိုက်ပါတယ်၊ ဒေါ်ခင်မာဝင်းနဲ့ ကိုစန်းလွင်ဦး၊ ဝန်းရံပြည်သူ ၂ ယောက်ဆေးစာနဲ့ လျှောက်တာကို ပယ်လိုက် တယ်ပေါ့နော်၊ ပြီးခဲ့တဲ့ ရုံးချိန်းက ကျမလျှောက်ထားတာ ပါ၊ ဆေးစာရဲ့ရက်စွဲက နောက်ဆုံးရက်စွဲမဟုတ် လို့ဆိုပြီး ပယ်ချလိုက်တာပါ၊ ပြင်ပ သာယာဝတီဆေးရုံ က ဆေးစာတွေလည်းပါတယ်၊ ထောင်တွင်းဆေးစာက ကျမတို့ဒီနေ့မှရတာလေ၊ "

အဲဒီဝန်းရံသူ ၂ ဦးဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိ၊ နား နဲ့ ခါးရိုးကိုက်ခဲတာတွေကြောင့် လက်ရှိ အကျဉ်းထောင်ထဲမှာလည်း ဆေးကုသနေရတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသား/ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားရာကနေ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ဦး ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသားကျောင်းသူနဲ့ ၀န်းရံသူ ၄၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ ဆဲဖြစ်ပြီး ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကိုတော့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment