Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 9, 2016

အင်န်အယ်လ်ဒီ အလောင်းအစား လုပ်မလား


အတွေးအမြင်  ဆောင်းပါး
စည်သူအောင်မြင့်


သိပ်မကြာခင် တာဝန်ကနေ အနားယူတော့မယ့် သမ္မတ ဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ပါတယ်။ ဒါဟာ အင်န်အယ်လ်ဒီ ပါတီက အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ပထမဦးဆုံးအကြိမ်အဖြစ် သ၀ဏ်လွှာ ပေးပို့ထားပြီး ထူးခြားချက်အနေနဲ့ ဥပဒေတွေ ပြဌာန်းတာ၊ ပြင်ဆင်တာ၊ ရုပ်သိမ်းတာ စတာတွေကို ဆောင်ရွက်ရာ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ သမ္မတရဲ့ ဒီ သဝဏ် လွှာပေးပို့မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်နိုင်အောင် လွှတ်တော်ထဲမှာ ပုဒ်မ ၅၉(စ) ကို ဖွဲ့စည်းပုံထဲကနေ ခတ္တ ဆိုင်းငံ့ထားရေး လုပ်ကိုင်လာနိုင်တယ် ဆိုတဲ့ သတင်း ထွက်ပေါ်မှုနဲ့ ဆက်စပ်ပြီး ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ ဒီ ဝေဖန် ပြောဆိုမှုတွေ ဖြစ်နိုင်သလား၊ အဲဒီအတိုင်း ဖြစ်ခဲ့ရင် သမ္မတရဲ့ သတိပေးချက် ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အများပြည်သူ ဝေဖန်နေကြတဲ့ ဝေဖန်ချက် ဖြစ်နိုင်ခြေ များပါတယ်။ အင်န်အယ်လ်ဒီ ဘက်က လည်း လက်ရှိ အာဏာအလွှဲအပြောင်းမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားနေသလို၊ သမ္မတ သ၀ဏ်လွှာကလည်း အဲဒါနဲ့ ချိန်ကိုက် ထွက်ပေါ်လာလို့ ပါပဲ။ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားတာက ဒုတိယအကြမ် သက်တန်း အတွက် လွှတ်တော်တွေ ပေါ်ပေါက်လာတာကို ၀မ်းမြောက် ကြိုဆိုတယ် ဆိုတဲ့အကြောင်း၊ သူတို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေ ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြတာ ဖြစ်တဲ့အကြောင်း၊ အဲဒါ ကြောင့်လည်း အခြေခံ အုတ်မြစ်တွေ ချနိုင်ခဲ့ပြီး ဒီကနေ့ လမ်းကြောင်းမှန်ပေါ် ရောက်လာတာ ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုတာဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်တဲ့အကြောင်း၊ အမတ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး၊ နိုင်ငံတော်ရဲ့ ဥပဒေတွေကိုလည်း လေးစား လိုက်နာပါမယ်လို့ ကတိသစ္စာ ပြုထားကြတဲ့အလျောက် ဥပဒေတွေကို အသစ်ပြဌာန်းတာ၊ ပြင်ဆင် တာ၊ ရုပ်သိမ်းတာ ဆောင်ရွက်ရင် ဖွဲ့စည်းပုံပါ ပြဌာန်းချက်နဲ့ ညီညွတ်မှု ရှိစေရေး အလေးထား ဆောင်ရွက်ကြလိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

သမ္မတပြောတာကို တိုက်ရိုက် အဓိပ္ပါယ်ပြန်ရရင် ဖွဲ့စည်းပုံနဲ့ မညီတာတွေ မလုပ်ကြနဲ့လို့ ဆိုလိုပုံရပြီး ဖွဲ့စည်းပုံထဲက ပုဒ်မတစ်ခု ဆိုင်းငံ့တာမျိုး မလုပ်ဖို့ သတိပေးလိုရင်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် မေးခွန်း ရှိလာပါတယ်။ အဲလိုလုပ်ရင် ဘာဖြစ်လာမှာလဲ။

အဖြေတွေရှိပါတယ်။ တပ်မတော် ခေါင်းဆောင်တွေနဲ့ ကြိုတင် သဘောတူညီမှု ရယူပြီး ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လိုက်တယ်ဆိုရင် အားလုံး အဆင်ပြေပါတယ်။ ဘာပြသနာမှ မပေါ်ပါဘူး။ တိုင်းပြည်အတွက် ကောင်းကျိုးတွေ ရလာမှာ ဧကန် မလွဲပါပဲ။

တပ်မတော်က သဘောမတူရင်ရော ဘာဖြစ်လာနိုင်မလဲ။ ပထမ ဖြစ်လာနိုင်ခြေက အဲဒီ ဥပဒေကြမ်းကို သမ္မတက လက်မှတ်ရေးထိုး မပေးတာ ဖြစ်နိုင်ပါတယ်။ သမ္မတ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီမညီ ခုံရုံးမှာ လျောက်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ခုံရုံးက ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုရင် လက်ရှိ အခြေအနေအတိုင်း ဆက်သွားရုံးပါပဲ။ ဒါပေမယ့် ရေရှည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်သွားနိုင်ပါတယ်။

ခုံရုံးက ဖွဲ့စည်းပုံနဲ့ ညီပါတယ်လို့ ဆုံးဖြတ်လိုက်တဲ့တိုင် သမ္မတ က ဒါကို လက်မခံရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တာဝန်လွှဲအပ်ပေးလိုက်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါမှမဟုတ် သမ္မတ ဟာ ခုံရုံး အဆုံးအဖြတ်ကို မခံယူတော့ပဲ ဒီ အဆင့်ကို တိုက်ရိုက် ဆောင်ရွက်လိုက်တာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူ့သက်တန်း ကုန်ဆုံးမယ့် မတ်လ မကုန်မီ အချိန်ထိ သူ့မှာ ဒီလုပ်ပိုင်ခွင့် ရှိနေတယ် ဆိုတာ အထူးသတိပြုဖို့ လိုပါတယ်။

နောက်ဆုံးဖြစ်နိုင်ခြေ တစ်ခုက လွှတ်တော်ကနေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့လိုက်တဲ့အပေါ် သမ္မတ နဲ့ တပ်မတော် ခေါင်းဆောင်တွေ သဘောမကျပေမယ့် အခြေအနေ အကြောင်းကြောင်း ကြောင့် ဘာတုန့်ပြန်မှုမှ မဆောင်ရွက်ပဲ နေလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အားမတန်လို့ မာန်လျော့လိုက်ရတဲ့ အခြေအနေမျိုးပါ။ ဒီလို အခြေအနေဟာ နောင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော်နောင် နှစ်ပေါင်းများစွာတိုင် လက်တွဲပြီး တိုင်းပြည်ရဲ့ အရေးအရာ ပြသနာတွေကို ပူးပေါင်းဖြေရှင်းရေး အတွက် အများကြီး အနှောင့်အယှက်တော့ ဖြစ်စေမှာပါ။

အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တပ်မတော် ခေါင်းဆောင် တွေနဲ့ ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်တာမျိုးပါ။ တကယ်လို့များ အဲလို သဘောတူညီချက် မရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အတိုင်း အာဏာလွှဲပြောင်းရယူရေး ဆောင်ရွက်သင့်ပါတယ်။ အာဏာလွှဲ ပြောင်းပြီးသွားရင် အင်န်အယ်လ်ဒီ သမ္မတ၊ အဲဒီ သမ္မတ က တင်တဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ့် ဖွဲ့စည်းပုံ ခုံရုံးဥက္ကဌ တွေဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီ အခင်းအကျင်း အောက်မှာ ထပ်ပြီး ကြိုးစားမယ်ဆိုရင် လက်ရှိ အခြေအနေထက် အားသာချက် အများကြီး ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြိုးစားမှုဟာ လောင်းကစား ဆန်မှာကိုတော့ သတိပြုဖို့ လိုပါတယ်။

အင်န်အယ်လ်ဒီဘက်က အဲဒီ ဆောင်ရွက်ချက်၊ စွန့်စားချက်၊ အလောင်းအစား အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပါမယ်။ ဒီလောက်ပါပဲ။ တပ်မတော်ရဲ့ နိုင်ငံရေးထဲ ပါဝင်မှု လျော့သွားမှာ မဟုတ်သလို၊ နိုင်ငံလည်း ဒီမိုကရေစီ နိုင်ငံ ဖြစ်သွားဦးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး အမြန်ရလာမယ်၊ အမြန်ဖွံ့ဖြိုးတိုးတက်လာမယ် မပြောနိုင်သေးပါဘူး။ သူမနိုင် ကိုယ်မနိုင် သရေ ဆိုရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ဆက်ဆံရေး အဖု အထစ် ဖြစ်ပါမယ်။ ရှုံးခဲ့တယ် ဆိုရင် ဒီကနေ့ နှစ်ပေါင်းများစွာ ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားထား သမျှတွေ၊ ပြည်သူတွေ အများကြီး စွန့်လွှတ် အနစ်နာခံထားသမျှတွေ၊ သမိုင်းဝင် အသွင်ကူးပြောင်း ရေး အားလုံး အားလုံး ဆုံးရှုံးကောင်း ဆုံးရှုံသွားနိုင်ပါတယ်။

ကဲ- အလောင်းအစား လုပ်ကြမလား။

- See more at: http://mizzimaburmese.com/article/10991#sthash.hTrTNAdx.U3VIoWex.dpuf
......
“အင်န်အယ္လ္ဒီ အေလာင်းအစား လုပ္မလား”
အေတြးအျမင်  ဆောင်းပါး
စည်သူအောင်ျမင့်


သိပ္မကြာခင် တာဝန္ကေန အနားယူတော့မယ့် သမ္မတ ဦးသိန်းစိန်ဟာ ဖေဖ်ါဝါရီလ ၈ ရက်နေ့ကျပည်ထောင္စု လွှတ်တ္ကောို သဝဏ္လွှာ ပေးပို့ပါတယ်။ ဒါဟာ အင်န်အယ္လ္ဒီ ပါတီက အမတ်တြေ လွှမ်းမိုးထားတဲ့ လွှတ်တ္ကောို ပထမဦးဆုံးအကြိမ်အျဖစ် သ၀ဏ္လွှာ ပေးပို့ထာျးပီး ထူျးခားခ်က်ေအနနဲ့ ဥပေဒေတျြပဌာန်းတာ၊ျပင္ဆင္တာ၊ ရုပ်သိမ်းတာ စတာတြေကို ဆောင်ြရက်ရာ မွာ ဖြဲ့စည်းပုံ အျေခခံဥပေဒနဲ့ အညီ ဆောင်ြရက်ကြဖို့ တိုက္တြန်းထားပါတယ်။ သမ္မတရဲ့ ဒီ သဝဏ် လွှာပေးပို့မွုနဲ့ ပတ်သက်ျပီး ဒေါ်အောင္ဆန်းစုကြည္ကို သမ္မတအျဖစ် တင်ျေမွာက်နိုင်အောင် လွှတ်တ္ထောဲမွာ ပုဒ္မ ၅၉(စ) ကို ဖြဲ့စည်းပုံထဲကေန ခတ္တ ဆိုင်းငံ့ထားရေး လုပ္ကိုင္လာနိုင္တယ် ဆိုတဲ့ သတင်း ထြက်ပေါ်မွုနဲ့ ဆက္စပ်ျပီျးပည်သူတြေက ဝေဖန်ျေပာဆိုနေကြပါတယ်။ ဒီ ဝေဖန်ျေပာဆိုမွုတျြေဖစ်နိုင်သလား၊ အဲဒီအတိုင်ျးဖစ္ခဲ့ရင် သမ္မတရဲ့ သတိပေးခ်က် ဘယ္လို အဓိပ္ပါယ် သက်ရောက်နိုင်သလဲဆိုတာ ဒီကေန့ ဆြေးနြေးတင်ျပသြားပါ့မယ်။

အမ်ာျးပည်သူ ဝေဖန်နေကြတဲ့ ဝေဖန္ခ်က်ျဖစ်နိုင်ျေခ မ်ားပါတယ်။ အင်န်အယ္လ္ဒီ ဘက္က လည်း လက်ရွိ အာဏာအလြွှဲအျေပာင်းမွာကိုပဲ ဒေါ်အောင္ဆန်းစုကြည် သမ္မတျဖစ်ရေျးဖစ်နိုင္တဲ့ နည်းလမ်းတြေနဲ့ ကြိုးစားနေသလို၊ သမ္မတ သ၀ဏ္လွှာကလည်း အဲဒါနဲ့ ခိန္ကိုက် ထြက်ပေါ်လာလို့ ပါပဲ။ သမ္မတရဲ့ သ၀ဏ္လွှာမွာ ဖော်ျပထားတာက ဒုတိယအကြမ် သက္တန်း အတြက် လွှတ်တော်တြေ ပေါ်ပေါက္လာတာကို ၀မ်ျးေမာက် ကြိုဆိုတယ် ဆိုတဲ့အေကြာင်း၊ သူတို့ အစိုးရအဖြဲ့နဲ့ လွှတ်တော်တြေ ဆိုတာဟာ ဖြဲ့စည်းပုံ အျေခခံဥပေဒနဲ့ အညီ ဖြဲ့စည်း ဆောင်ြရက် ခဲ့ကြတျာဖစ္တဲ့အေကြာင်း၊ အဲဒါ ကြောင့်လည်း အျေခခံ အုတ်ျမစ်တြေ ခ်နိုင္ခဲ့ပြီး ဒီကေန့ လမ်းကြောင်းမွန်ပေါ် ရောက္လာတျာဖစ်ကြောင်း၊ တည်ငြိမ်အေးခ်မ်းရေးနဲ့ တရားဥပေဒ စိုးမိုးရေးဟာ ဒီမိုကေရစီ ထြန်းကားရေးနဲ့ တိုင်ျးပည် ဖြံ့ဖြိုးတိုးတက်ရေးအတြက် အေရးပါတဲ့အေကြာင်း၊ျပည်ထောင္စု လွှတ်တော် ဆိုတာဟာ တိုင်ျးပည်ရဲ့ အျမင့်ဆုံး အာဏာပိုင် အဖြဲ့အစည်ျးဖစ္တဲ့အေကြာင်း၊ အမတ်တြေဟာ ဖြဲ့စည်းပုံ အျေခခံဥပေဒကို ထိန်းသိမ်းကာကြယ် စောင့်ရွောက်ျပီး၊ နိုင်ငံတော်ရဲ့ ဥပေဒေတြကိုလည်း လေးစား လိုက္နာပါမယ္လို့ ကတိသစ္ဈာပုထားကြတဲ့အေလ်ာက် ဥပေဒေတြကို အသစ်ျပဌာန်းတာ၊ျပင္ဆင် တာ၊ ရုပ်သိမ်းတာ ဆောင်ြရက်ရင် ဖြဲ့စည်းပုံပျါပဌာန်းခ်က္နဲ့ ညီညြတ္မွု ရွိစေရး အေလးထား ဆောင်ြရက်ကြလိမ့်မယ္လို့ သူမွေ်္လာင့်တဲ့အေကြာင်း ဖော်ျပထားတျာဖစ္ပါတယ်။

သမ္မတျေပာတာကို တိုက်ရိုက် အဓိပ္ပါယ်ျပန်ရရင် ဖြဲ့စည်းပုံနဲ့ မညီတာတြေ မလုပ်ကြနဲ့လို့ ဆိုလိုပုံရပြီး ဖြဲ့စည်းပုံထဲက ပုဒ္မတစ္ခု ဆိုင်းငံ့တာမိုး မလုပ္ဖို့ သတိပေးလိုရင်ျးဖစ်နိုင္ပါတယ်။ ဒီအတြက် မေးခြန်း ရွိလာပါတယ်။ အဲလိုလုပ်ရင် ဘျာဖစ္လာမွာလဲ။

အျေဖေတြရွိပါတယ်။ တပ္မေတာ် ခေါင်းဆောင်တြေနဲ့ ကြိုတင် သေဘာတူညီမွု ရယူပြီး ပုဒ္မ ၅၉(စ) ကို ဆိုင်းငံ့လိုက္တယ္ဆိုရင် အားလုံး အဆင်ျေပပါတယ်။ ဘျာပသနာမွ မေပ်ါပါဘူး။ တိုင်ျးပည်အတြက် ကောင်းကိုးတြေ ရလာမွာ ဧကန် မလြဲပါပဲ။

တပ္မေတ္ကာ သေဘာမတူရင်ရော ဘျာဖစ္လာနိုင္မလဲ။ ပထမျဖစ္လာနိုင်ျေခက အဲဒီ ဥပေဒကြမ်းကို သမ္မတက လက္မွတ်ရေးထိုး မေပးတျာဖစ်နိုင္ပါတယ်။ သမ္မတ ကိုယ္တိုင် ဖြဲ့စည်းပုံ အျေခခံ ဥပေဒနဲ့ ညီမညီ ခုံရုံးမွာ လော်က္ထားတာမိုျးဖစ်နိုင္ပါတယ်။ ခုံရုံးက ဖြဲ့စည်းပုံနဲ့ မညီဘူး ဆိုရင် လက်ရွိ အျေခအေနအတိုင်း ဆက်ြသားရုံးပါပဲ။ ဒါပေမယ့် ရေရွည္မွာ ဒေါ်အောင္ဆန်းစုကြည်၊ အင်န်အယ္လ္ဒီ နဲ့ တပ္မေတာ် ဆက္ဆံရေး အဖုအထစ်တျြေဖစ်ြသားနိုင္ပါတယ်။

ခုံရုံးက ဖြဲ့စည်းပုံနဲ့ ညီပါတယ္လို့ ဆုံျးဖတ္လိုက္တဲ့တိုင် သမ္မတ က ဒါကို လက္မခံရင် ဖြဲ့စည်းပုံ အျေခခံဥပေဒအရ တပ္မေတ္ကာာကြယ်ရေး ဦးစီးခ်ုပ္ကို တာဝန္လွှဲအပ်ပေးလိုက္တာမိုျးဖစ်ကောင်ျးဖစ်နိုင် ပါတယ်။ ဒါမွမဟုတ် သမ္မတ ဟာ ခုံရုံး အဆုံးအျဖတ္ကို မခံယူတော့ပဲ ဒီ အဆင့်ကို တိုက်ရိုက် ဆောင်ြရက္လိုက္တာမိုးလျဲဖစ်ကောင်ျးဖစ်နိုင္ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူ့သက္တန်း ကုန္ဆုံးမယ့် မတ္လ မကုန္မီ အခိန္ထိ သူ့မွာ ဒီလုပ္ပိုင္ခြင့် ရွိနေတယ် ဆိုတာ အထူးသတျိပုဖို့ လိုပါတယ်။

နောက္ဆုံျးဖစ်နိုင်ျေခ တစ္ခုက လွှတ်တော်ကေန ပုဒ္မ ၅၉(စ) ကို ဆိုင်းငံ့လိုက္တဲ့အေပါ် သမ္မတ နဲ့ တပ္မေတာ် ခေါင်းဆောင်တြေ သေဘာမက်ပေမယ့် အျေခအေန အေကြာင်းကြောင်း ကြောင့် ဘာတုန့်ျပန္မွုမွ မေဆာင်ြရက္ပဲ နေလိုက္တာမိုးလည်ျးဖစ်နိုင္ပါတယ်။ အားမတန္လို့ မာန်လော့်လိုက်ရတဲ့ အျေခအေနမိုးပါ။ ဒီလို အျေခအေနဟာ နောင် အင်န်အယ္လ္ဒီ နဲ့ တပ္မေတ်ာနောင် နွစ်ပေါင်းမ်ားစြာတိုင် လက္တျြဲပီး တိုင်ျးပည်ရဲ့ အေရးအရျာပသနာတြေကို ပူးပေါင်ျးေဖရွင်းရေး အတြက် အမ်ားကြီး အေနွာင့်အယွက်တေျာ့ဖစ်စေမွာပါ။

အေကာင်းဆုံးကေတာ့ ဒေါ်အောင္ဆန်းစုကြည် သမ္မတျဖစ်ရေး တပ္မေတာ် ခေါင်းဆောင် တြေနဲ့ ကြိုတင် ညွိနွိုင်ျးပီးမွ ဆောင်ြရက္တာမိုးပါ။ တကယ္လို့မ်ား အဲလို သေဘာတူညီခ်က် မရရင် ဖြဲ့စည်းပုံ အျေခခံဥပေဒပါ အတိုင်း အာဏာလွှျဲေပာင်းရယူရေး ဆောင်ြရက်သင့်ပါတယ်။ အာဏာလွှဲျေပာင်းပြီးသြားရင် အင်န်အယ္လ္ဒီ သမ္မတ၊ အဲဒီ သမ္မတ က တင္တဲ့ မွန္မွန္ကန္ကန် ဆုံျးဖတ်နိုင္မယ့် ဖြဲ့စည်းပုံ ခုံရုံးဥက္ကဌ တြေဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီ အခင်းအက်င်း အောက္မွာ ထပ်ပြီး ကြိုးစားမယ္ဆိုရင် လက်ရွိ အျေခအေနထက် အားသာခ်က် အမ်ားကြီး ရွိနေမျွာဖစ္ပါတယ်။ ဒါပေမယ့် ဒီကြိုးစားမွုဟာ လောင်းကစား ဆန္မွာကိုတော့ သတျိပုဖို့ လိုပါတယ်။

အင်န်အယ္လ္ဒီဘက္က အဲဒီ ဆောင်ြရက္ခ်က်၊ စြန့်စားခ်က်၊ အေလာင်းအစား အနိုင်ရရင် ဒေါ်အောင္ဆန်းစုကြည် သမ္မတျဖစ္ပါမယ်။ ဒီလောက္ပါပဲ။ တပ္မေတ်ာရဲ့ နိုင်ငံရေးထဲ ပါဝင္မွု လော့်သြားမွာ မဟုတ်သလို၊ နိုင်ငံလည်း ဒီမိုကေရစီ နိုင်ငျံဖစ်ြသားဦးမွာ မဟုတ္ပါဘူး။ျငိမ်းခ်မ်းရေး အျမန်ရလာမယ်၊ အျမန္ဖြံျ့ဖိုးတိုးတက္လာမယ် မျေပာနိုင်သေးပါဘူး။ သူမနိုင် ကိုယ္မနိုင် သေရ ဆိုရင် အင်န်အယ္လ္ဒီ နဲ့ တပ္မေတာ် ဆက္ဆံရေး အဖု အထစ်ျဖစ္ပါမယ်။ ရွုံးခဲ့တယ် ဆိုရင် ဒီကေန့ နွစ်ပေါင်းမ်ားစြာ ကြိုးစာျးပီး ရထားတဲ့ အသီးအပြင့်တြေ၊ ဒေါ်အောင္ဆန်းစုကြည် ကြိုးစားထား သမ်ွတြေ၊ျပည်သူတြေ အမ်ားကြီး စြန့်လွှတ် အနစ္နာခံထားသမ်ွတြေ၊ သမိုင်းဝင် အသြင္ကူျးေပာင်း ရေး အားလုံး အားလုံး ဆုံးရှုံးကောင်း ဆုံးရှုံသြားနိုင္ပါတယ်။

ကဲ- အေလာင်းအစား လုပ်ကြမလား။

- See more at: http://mizzimaburmese.com/article/10991#sthash.hTrTNAdx.U3VIoWex.dpuf

No comments:

Post a Comment