CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, February 12, 2016
ထိုင္ဝမ္ဘဏ္ အမ်ားစုကို ျမန္မာ စကာတင္ေရြး
ျမန္မာႏိုင္ငံ ဘဏ္လုပ္ငန္းမွာ လုပ္ကိုင္ခြင့္ လိုင္စင္ ခ်မွတ္ေပးဖို႔ ဒုတိယအေက်ာ့ ေရြးခ်ယ္ရာမွာ ထိုင္ဝမ္ႏိုင္ငံက ဘဏ္ ၈ ခု စကာတင္ ေရြးခ်ယ္ခံရတယ္လို႔ သိရပါတယ္။
အခုေလာေလာဆယ္ ဘဏ္ ၁၃ ခုကို စကာတင္ ေရြးခ်ယ္ေနၿပီး အဲဒီအထဲမွာ ထိုင္းဘဏ္ေတြ တခုမွ မပါဝင္ေတာ့ဘူးလို႔ The Nation သတင္းမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံရဲ့ ဘဏ္လုပ္ငန္းမွာ လုပ္ကိုင္ခြင့္ရဖို႔ အိႏၵိယ၊ Mauritius၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္နဲ႔ ဗီယက္နမ္ႏိုင္ငံက ဘဏ္ေတြက ေလွ်ာက္လႊာတင္ခဲ့ၾကတာ ျဖစ္ပါတယ္။
ေလွ်ာက္လႊာ ၁၃ ခုကို စတာတင္ ေရြးခ်ယ္ရာမွာ ထိုင္ဝမ္ဘဏ္ေတြ အမ်ားစု ပါဝင္ေနတာ ျဖစ္ပါတယ္။
အဲဒီအထဲမွာမွ ဘဏ္ ၃ ခုကေန ၅ ခုကို လုပ္ကိုင္ခြင့္လိုင္စင္ ခ်မွတ္ေပးမွာ ျဖစ္ၿပီး မတ္လမကုန္ခင္ေလာက္မွာ ေၾကညာမယ့္ အေနအထား ရွိေနပါတယ္။
အရင္ႏွစ္ေတြတုန္းကလည္း ႏိုင္ငံျခား ဘဏ္ တခ်ဳိ႕ကို လုပ္ကိုင္ခြင့္ လိုင္စင္ ခ်မွတ္ေပးခဲ့ၿပီး အဲဒီအထဲမွာ ၾသစေၾတးလ်၊ တရုတ္၊ ဂ်ပန္၊ မေလးရွား၊ စကၤာပူနဲ႔ ထိုင္းႏိုင္ငံက ဘဏ္ေတြ ရရွိတဲ့အတြက္ ဒီတခ်ီမွာ ေလွ်ာက္ပိုင္ခြင့္ မရွိဘူးလို႔ သိရပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
...................................
မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းမှာ လုပ်ကိုင်ခွင့် လိုင်စင် ချမှတ်ပေးဖို့ ဒုတိယအကျော့ ရွေးချယ်ရာမှာ ထိုင်ဝမ်နိုင်ငံက ဘဏ် ၈ ခု စကာတင် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
အခုလောလောဆယ် ဘဏ် ၁၃ ခုကို စကာတင် ရွေးချယ်နေပြီး အဲဒီအထဲမှာ ထိုင်းဘဏ်တွေ တခုမှ မပါဝင်တော့ဘူးလို့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းမှာ လုပ်ကိုင်ခွင့်ရဖို့ အိန္ဒိယ၊ Mauritius၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံက ဘဏ်တွေက လျှောက်လွှာတင်ခဲ့ကြတာ ဖြစ်ပါတယ်။
လျှောက်လွှာ ၁၃ ခုကို စတာတင် ရွေးချယ်ရာမှာ ထိုင်ဝမ်ဘဏ်တွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာမှ ဘဏ် ၃ ခုကနေ ၅ ခုကို လုပ်ကိုင်ခွင့်လိုင်စင် ချမှတ်ပေးမှာ ဖြစ်ပြီး မတ်လမကုန်ခင်လောက်မှာ ကြေညာမယ့် အနေအထား ရှိနေပါတယ်။
အရင်နှစ်တွေတုန်းကလည်း နိုင်ငံခြား ဘဏ် တချို့ကို လုပ်ကိုင်ခွင့် လိုင်စင် ချမှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံက ဘဏ်တွေ ရရှိတဲ့အတွက် ဒီတချီမှာ လျှောက်ပိုင်ခွင့် မရှိဘူးလို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ထိုင္ဝမ္ဘဏ္ အမ်ားစုကို ျမန္မာ စကာတင္ေရြး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 12, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 12, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment