Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 12, 2016

မရမ္းကုန္းၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္တစ္စီးတိမ္းေမွာက္ ခရီးသည္တစ္ဦး ေသဆုံး၊ ၁၅ ဦး ဒဏ္ရာရ


ရန္ကုန္ ေဖေဖာ္ဝါရီ ၁၁

ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္း ၿမိဳ႕နယ္ (၈)ရပ္ကြက္ ကမၻာေအး ဘုရားလမ္းေပၚတြင္ ေဖေဖာ္ဝါရီ ၁ဝ ရက္ ညေန ၆ နာရီခန္႔က ခရီးသည္ တင္ယာဥ္တစ္စီး တိမ္းေမွာက္၍ ယာဥ္ေပၚတြင္လိုက္ပါစီးနင္းသူ ခရီး သည္တစ္ဦး ေသဆုံးခဲ့ၿပီး ၁၅ ဦး ဒဏ္ရာရရွိမႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ အဆိုပါလမ္းအတိုင္း အေနာက္မွအေရွ႕သို႔ ယာဥ္ေမာင္း ေနစိုး(စုံစမ္းဆဲ) ေမာင္းႏွင္လာသည့္ (၉၆) ယာဥ္လိုင္းမွ ယာဥ္အမွတ္ 6A/--- ဒိုင္နာယာဥ္သည္ နဝေဒး မွတ္တိုင္အနီးအေရာက္ အရွိန္လြန္ ကာ ယာဘက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာေသာ အျဖဴေရာင္ လိုက္ထရပ္ ကိုယ္ပ္ိုင္ယာဥ္အား ဝင္ေရာက္တိုက္မိသျဖင့္ ခရီးသည္ တင္ယာဥ္မွာ ဝဲဘက္သို႔ တိမ္းေမွာက္ သြားရာ ေရွ႕မ်က္ႏွာခ်င္းဆိုင္မွ ေကြ႕ရန္ရပ္ထားေသာ ဟြန္ဒါဖစ္ ခဲေရာင္ယာဥ္အား ထပ္မံတိုက္မိခဲ့သည္။

ထိုျဖစ္ပြားမႈေၾကာင့္ ယာဥ္သံုးစီး ပ်က္စီးခဲ့ၿပီး ခရီးသည္တင္ယာဥ္ေပၚပါ အမ်ိဳးသမီးတစ္ဦး ရရွိဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ခရီးသည္ ၁၅ ဦးတို႔တြင္ ဒဏ္ရာ အသီးသီးရရွိခဲ့သျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား၊ လူမႈေရးအသင္း အဖြဲ႕မ်ား၏အကူအညီတို႔ျဖင့္ ရန္ကုန္ ေဆး႐ုံႀကီးႏွင့္ ေျမာက္ဥကၠလာပ ေဆး႐ုံႀကီးတို႔တြင္ အတြင္း၊ အျပင္ လူနာမ်ားအျဖစ္ တက္ေရာက္ကုသ လ်က္ရွိသည္။

အဆိုပါျဖစ္စဥ္မွ ယာဥ္ေမာင္း ေနစိုး(စုံစမ္းဆဲ)သည္ အခင္းျဖစ္ပြား ရာအရပ္၌ ယာဥ္ကို ထားရွိကာ ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ဥပေဒအရ အေရးယူေဆာင္ရြက္ ႏိုင္ရန္အတြက္ သက္ဆိုင္ရာမွ စုံစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ေဇာ္ႀကီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

.....................................


ရန်ကုန် ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် (၈)ရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၆ နာရီခန့်က ခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းသူ ခရီး သည်တစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း နေစိုး(စုံစမ်းဆဲ) မောင်းနှင်လာသည့် (၉၆) ယာဉ်လိုင်းမှ ယာဉ်အမှတ် 6A/--- ဒိုင်နာယာဉ်သည် နဝဒေး မှတ်တိုင်အနီးအရောက် အရှိန်လွန် ကာ ယာဘက်ယာဉ်ကြောမှ မောင်းနှင်လာသော အဖြူရောင် လိုက်ထရပ် ကိုယ်ပ်ိုင်ယာဉ်အား ဝင်ရောက်တိုက်မိသဖြင့် ခရီးသည် တင်ယာဉ်မှာ ဝဲဘက်သို့ တိမ်းမှောက် သွားရာ ရှေ့မျက်နှာချင်းဆိုင်မှ ကွေ့ရန်ရပ်ထားသော ဟွန်ဒါဖစ် ခဲရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့သည်။

ထိုဖြစ်ပွားမှုကြောင့် ယာဉ်သုံးစီး ပျက်စီးခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ခရီးသည် ၁၅ ဦးတို့တွင် ဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၏အကူအညီတို့ဖြင့် ရန်ကုန် ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတို့တွင် အတွင်း၊ အပြင် လူနာများအဖြစ် တက်ရောက်ကုသ လျက်ရှိသည်။

အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်း နေစိုး(စုံစမ်းဆဲ)သည် အခင်းဖြစ်ပွား ရာအရပ်၌ ယာဉ်ကို ထားရှိကာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇော်ကြီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment