Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ဦးသိန္းစိန္အစုိးရ လက္ထက္၌ ႏုိင္ငံေတာ္ပုိင္ စက္သုံးဆီဆုိင္မ်ားအား လုပ္ငန္းရွင္မ်ားထံ လႊဲေျပာင္းေပးရာ ဗုိလ္ခ်ဳပ္မွဴးၾကီး(ေဟာင္း)ဦးသန္းေရႊ၏ ေျမးျဖစ္သူ ေနေရႊေသြးေအာင္က ႏွစ္ဆုိင္ရရွိ


ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္အစုိးရ လက္ထက္၌ ႏုိင္ငံေတာ္ပုိင္ စက္သုံးဆီဆုိင္မ်ားအား လုပ္ငန္းရွင္မ်ားထံ လႊဲေျပာင္းေပးရာ ယခင္တပ္မေတာ္ ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးၾကီး(ေဟာင္း) ဦးသန္းေရႊ၏ ေျမးျဖစ္သူ ဦးေနေရႊေသြးေအာင္က လုပ္ကုိင္ခြင့္ ႏွစ္ဆုိင္ရရွိခဲ့သည္ဟု စြမ္းအင္ဝန္ၾကီးဌာန၊ အျမဲတန္းဝန္ဦးေဖသန္းက ႏုိင္ငံပုိင္မီဒီယာမွ ထုက္ျပန္ခဲ့သည္။

ယင္းထုက္ျပန္ခ်က္၌ အစုိးရမွ လုပ္ငန္းရွင္မ်ားထံသုိ႕ စက္သုံးဆီဆုိင္ ၂၆၁ ဆုိင္ လႊဲေျပာင္းေပးခဲ့သည္။ ထုိလုပ္ပုိင္ခြင့္ရရွိေသာ လုပ္ငန္းရွင္မ်ားသည္ အစုိးရအသုိင္းအဝုိင္းႏွင့္ နီးစပ္သူမ်ားသာ ရရွိခဲ့သည္။ SKY NET ႐ုပ္သံလိုင္း ထုတ္လႊင့္သည့္ ေရႊသံလြင္ကုမၸဏီက ၁၃ ဆုိင္၊ အစုိးရထိပ္ပုိင္း ေခါင္းေဆာင္မ်ားႏွင့္ လြန္စြာနီးစပ္ေသာ ဧရာေရႊဝါကုမၸဏီက ၁၃ ဆုိင္၊ ဦးေဇာ္ေဇာ္ပုိင္ဆုိင္ေသာMax Myanmar ကုမၸဏီ၊ ရန္ကုန္ျမိဳ႕ရွိ ခုံးေက်ာ္တံတားမ်ားကုိ ေဆာက္လုပ္ခြင့္ရေသာ ေရႊေတာင္ကုမၸဏီ၊ ဗုိလ္ခ်ဳပ္မွဴးၾကီးေဟာင္း ဦးသန္းေရႊ၏ ေျမး ေနေရႊေသြးေအာင္က ႏွစ္ဆုိင္နွင့္ အျခားေသာ လုပ္ပုိင္ခြင့္ရ ဆုိင္မ်ားသည္လည္း အစုိးရအဖြဲ႕ႏွင့္ နီးစပ္ေသာ လုပ္ငန္းရွင္မ်ားသာ လုပ္ကုိင္ခြင့္ရရွိခဲ့သည္။

အလားတူ ၂၀၁၀ ခုႏွစ္ ႏုိင္ငံေတာ္ပုိင္ စက္သုံးဆီဆုိင္မ်ား လုပ္ငန္းရွင္မ်ားထံ လႊဲေျပာင္းေပရာ၌ အစုိးရႏွင့္ နီးစပ္သူမ်ားသာ လုပ္ကုိင္ခြင့္ရရွိခဲ့ျခင္းေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္ အခ်ဳိ႕က ဦးသိန္းစိန္အစုိးရကုိ ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

သတင္း - ေက်ာ္စုိးဦး
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
...............


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ယခင်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) ဦးသန်းရွှေ၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်က လုပ်ကိုင်ခွင့် နှစ်ဆိုင်ရရှိခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတန်းဝန်ဦးဖေသန်းက နိုင်ငံပိုင်မီဒီယာမှ ထုက်ပြန်ခဲ့သည်။

ယင်းထုက်ပြန်ချက်၌ အစိုးရမှ လုပ်ငန်းရှင်များထံသို့ စက်သုံးဆီဆိုင် ၂၆၁ ဆိုင် လွှဲပြောင်းပေးခဲ့သည်။ ထိုလုပ်ပိုင်ခွင့်ရရှိသော လုပ်ငန်းရှင်များသည် အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများသာ ရရှိခဲ့သည်။ SKY NET ရုပ်သံလိုင်း ထုတ်လွှင့်သည့် ရွှေသံလွင်ကုမ္ပဏီက ၁၃ ဆိုင်၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် လွန်စွာနီးစပ်သော ဧရာရွှေဝါကုမ္ပဏီက ၁၃ ဆိုင်၊ ဦးဇော်ဇော်ပိုင်ဆိုင်သောMax Myanmar ကုမ္ပဏီ၊ ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများကို ဆောက်လုပ်ခွင့်ရသော ရွှေတောင်ကုမ္ပဏီ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က နှစ်ဆိုင်နှင့် အခြားသော လုပ်ပိုင်ခွင့်ရ ဆိုင်များသည်လည်း အစိုးရအဖွဲ့နှင့် နီးစပ်သော လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

အလားတူ ၂၀၁၀ ခုနှစ် နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များ လုပ်ငန်းရှင်များထံ လွှဲပြောင်းပေရာ၌ အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဦးသိန်းစိန်အစိုးရကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း - ကျော်စိုးဦး
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment